Wednesday, November 7, 2012

နိုဝင်ဘာ ၇ ရက်နေ့ထုတ် Mobile Guide Issue (77)

နိုဝင်ဘာ ၇ ရက်နေ့ထုတ် Mobile Guide Issue (77)  ဖတ်ရန်


ရသေ့တောင်တွင် တုတ်ဓါးလက်နက်များ သိမ်းယူ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက တုတ်ဓါး  လက်နက်များကို သိမ်းယူသည်ဟု သတင်းရရှိသည်။

လက်နက်များ သိမ်းယူနေခြင်းနှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်းသား များ တိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ်  ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးလှမောင်သိန်းက နိရဉ္စရာသို့ ပြော သည်။

မြို.လယ်ခေါင်ဆွဲကြိုးချသေခြင်း

ရန်ကုန်မြို.၊ ပန်းဘဲတန်းမြို.နယ်၊ အမှတ်(၉)ရပ်ကွက်၊ (၃၁)လမ်း အောက်လမ်း၊ အိမ်အမှတ်(၇၅) ပထမထပ်နေ၊ ဦးဗစ်ကီး(ခ)ဦးဝင်းနိုင်ထွန်း၊ အသက်(၄၂)သည် ၂၀၁၂ခုနှစ် နိုဝင်ဘာလ၆ရက် နံနက်၁နာရီ ၃၀မိနစ် အချိန်ခန်.တွင် အိမ်ခန်း အတွင်းရှိ တံခါးပေါက် ဘောင်တန်းအား တီဗွီအင်တနာ ကြိုးဖြင်.ချည်နှောင်ကာ မိမိကိုယ်ကို မိမိဆွဲကြိုးချကာ သတ်သေခဲ.ပါသည်။

ယခင်မသုံးရသည့်စွန်းထင်း၊ ဟောင်းနွမ်း၊ စုပ်ပြဲသည့် အမေရိကန်ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေကြေး အချို့အား လက်ခံရန် ဗဟိုဘဏ်ညွှန်ကြား


နိုင်ငံခြားငွေကြေးဈေးကွက် ယခုထက် ပိုမိုတိုးတက်လာစေရန်အတွက် စွန်းထင်း၊ ဟောင်းနွမ်း၊ အနည်းငယ်စုပ်ပြဲနေသည့် အမေရိကန်ဒေါ်လာအပါအ၀င် နိုင်ငံခြားငွေကြေးအချို့အား လက်ခံရန် ဗဟိုဘဏ်မှ ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရှိရသည်။

  နိုင်ငံသားဖြစ်ခွင့်၊ မဖြစ်ခွင့် များနှင့်ပတ်သက်ပြီး ၁၉၈၂ ဥပဒေအတိုင်း ပထမဆုံးအနေဖြင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ရှိရွာ ၅ ရွာအား နိုဝင်ဘာ ၆ ရက်နေ့မှ စတင်စစ်ဆေးသွားမည်

မြန်မာနိုင်ငံသား ဖြစ်ခွင့် မဖြစ်ခွင့် ကိစ္စရပ်များနှင့် ပတ်သက်ပြိး ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအတိုင်း ပထမဆုံးအနေဖြင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှ ကျေးရွာ ၅ ရွာအား နိုဝင်ဘာလ ၆ ရက်နေ့မှ စတင်ကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်း၌ GSM ဆက်သွယ်မှု လိုင်းများ ယာယီပျက်တောက်မည်


 ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  GSM ,ZTE Network ဧရိယာ (၂၆) မြို့နယ်၌  GSM တယ်လီဖုန်း ဆက်သွယ်မှု လိုင်းများမှာ နိုဝင်ဘာ (၁၇)ရက်နေ့တွင် ဆယ်မိနစ်ခန့် ပျက်တောက်မည်ဖြစ်သည်။

ပြုပြင်ပြောင်းစရာများနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်း


၂၀၁၄ခုနှစ်မှာ  မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ကြတော့မယ်လို့ သိရတယ် ။

၂၀၁၅ ရွေးကောက်ပွဲအမီ ပြီးစီးနိုင်ပါက အလွန်ပင် နိုင်ငံအတွက် အထောက်အကူပြု မယ်လို့ ထင်ပါ တယ်။ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ရရှိဖို့  ပညာရေးဌာနက ဆရာ/မများ စွာပါဝင်ပြီး လူထုထဲကို ထဲထဲ ၀င်ဝင် ရောက်ရှိ ချဉ်းကပ်ခွင့်ရတဲ့ အခွင့်အရေးကြီးမို့ များစွာသော အခွင့်အရေးများလည်း ဖော်ဆောင်ခွင့် ရနိုင်မယ်လို့ ထင်ပါတယ်။ အချက်အလက် (Data) တွေ ရရှိလာတဲ့အခါ အချက်အလက်ဘဏ် (Data bank)က  ကြိုတင်စီစဉ်ပြီး လ.၀.ကက ဆိုင်ရာလုပ်ငန်းတွေနဲ့ အခွန်ဆိုင်ရာကဏ္ဍတွေမှာ အများကြီး အထောက်အကူပြုနိုင်မယ်လို့ ထင်ပါတယ် ။

မြန်မာ-ဩစတြေးလျ ကုန်သွယ် စီးပွား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံနှင့် ဩစတြေးလျ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း
ဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒိန်းမတ် နှင့် နော်ဝေသံရုံး ရန်ကုန်မှာ ဖွင့်လိုက်

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံနှင့် နော်ဝေနိုင်ငံတို့၏ ပူးတွဲသံရုံးတခုကို ရန်ကုန်မြို့တွင်
နိုဝင်ဘာလ ၄ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

ထိုင်း-မြန်မာ ကုန်သွယ်မှုပမာဏ ၂၀၁၅ မှာ သုံးဆ မြှင့်မည်

ရန်ကုန် (မဇ္ဈိမ) ။       ။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှု့ ပမာဏကို ၃ ဆ မြှင့်မည်
ဖြစ်ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Royal Orchid Sheraton ဟိုတယ်၌ ပြုလုပ် သည့် ဆဋ္ဌမအကြိမ် မြန်မာ-ထိုင်း ကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေးမှတဆင့် သိရသည်။

ရှမ်းညီလာခံတွင် ဒု-သမ္မတနှင့် ဝန်ကြီးနှစ်ဦးကို ဖိတ်ကြားမည်

စံခလပူရီ (မဇ္ဈိမ) ။       ။ နိုဝင်ဘာ လကုန်ပိုင်းတွင် ကျင်းပမည့် ရှမ်းတိုင်းရင်းသားများ ညီလာခံသို့ ဒုတိယ သမ္မတ
ဒေါက်တာစိုင်းမောက်ခမ်း အပါအဝင် သမ္မတရုံး ဝန်ကြီးများဖြစ်ကြသည့် ဦးအောင်မင်းနှင့် ဦးစိုးသိန်း တို့လည်း တက်ရောက်ဖွယ် ရှိကြောင်း ဦးဆောင်ကျင်းပသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ် (SNLD) က ထုတ်ဖော်ပြောဆိုလိုက်သည်။

မူးယစ်ရာဇာ နော်ခမ်းကို တရုတ်တရားရုံးမှ သေဒဏ်ချလိုက်ပြီ

မဇ္ဈိမသတင်းဌာန ။      ။ ၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က မဲခေါင်မြစ်ပေါ်ရှိ တရုတ် ကုန်သင်္ဘော
နှစ်စီးပေါ်မှ တရုတ်သင်္ဘောသား ၁၃ ဦးအား သတ်ဖြတ်ခဲ့မှုဖြင့် ရှမ်း မူးယစ်ရာဇာ နော်ခမ်းနှင့် နောက်လိုက် ၃ ဦးကို တရုတ်တရားရုံးတခုမှ အင်္ဂါနေ့က သေဒဏ်ချမှတ်လိုက်ကြောင်း တရုတ်နိုင်ငံ ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြ ပါရှိသည်။