Thursday, November 8, 2012

နိုဝင်ဘာ ၈ ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ ၁၃၊ အမှတ် ၄၃

နိုဝင်ဘာ ၈ ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ ၁၃၊ အမှတ် ၄၃   ဖတ်ရန်

နိုဝင်ဘာလ (၈)ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ် အတွဲ(၈) အမှတ် (၄၃)

နိုဝင်ဘာလ (၈)ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ် အတွဲ(၈) အမှတ် (၄၃)ဖတ်၇န်

ယခုအပတ်ထုတ် The Hot News Weekly Journal Vol-3, No-115

ယခုအပတ်ထုတ် The Hot News Weekly Journal Vol-3, No-115

နိုဝင်ဘာလ (၈)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၁၆

နိုဝင်ဘာလ (၈)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၁၆

တောင်ကုတ်တွင် NLD ကျေးရွာ ရုံးများ ဆက်လက် ဖွင့်လှစ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ကျေးရွာ အုပ်စုရုံးများကို ဆက်လက် ဖွင့်လှစ်နေသည်ဟု သတင်းရရှိသည်။

ယမန်နေ့ နိုဝင်္ဘာလ ၆ ရက်နေ့က တောင်ကုတ်မြို့မှ ၄ မိုင်ခန့်အကွာတွင် ရှိသည့် မီးချောင်းထိုး ကျေးရွာတွင်လည်း ကျေးရွာရုံးကို ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။

လုပ်အားခေါင်းပုံဖြတ်ခံရသည့် မြန်မာအလုပ်သမား ၂၀ ကျော်ကို ကယ်ထုတ်

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ပုစွန်စက်ရုံတခုမှာ နားရက်မရှိ၊ မနက် ၄ နာရီကနေ ည ၁၀ နာရီကျော်ထိ လုပ်အားခ ခေါင်းပုံဖြတ်ပြီး လှောင်ပိတ် ခိုင်းစေခံနေရတဲ့ မြန်မာအလုပ်သမား ၂၂ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့က   ဒီနေ့မနက် သွားရောက် ကယ်ထုတ် နိုင်ခဲ့ပါတယ်။

လုံခြုံရေး အကြောင်းပြ၍ အင်တာနက်၊ ဖုန်းစသည့် ဆက်သွယ်မှု များကို ကြားဖြတ် ဖမ်းယူနိုင် ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက်

တိုင်းပြည် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး (သို့) ရပ်ရွာ အေးချမ်း သာယာရေး ကို ထိခိုက် စေနိုင်သော သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး စနစ်များ ကို အစိုးရ က ကြားဖြတ် ဖမ်းယူခြင်း နှင့် ဝင်ရောက် စစ်ဆေး ကြည့်ရှု နိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသော ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ပါရှိသည်။

 ညအချိန်တွင် ကားပြိုင်မောင်းနေသူများနှင့် တုတ်၊ ဓားစသည့် လက်နက်ပုန်းများ သယ်ဆောင်ပြီး သွားလာနေသည့်ယာဉ်များကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စီမံချက်ဖြင့်စစ်ဆေးအရေးယူမှုစတင်



နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် အလံပြဘုရားလမ်း ကျောက်တိုင်ကားမှတ်တိုင်အနီးတွင် ယာဉ်ပိတ်ဆို့စစ်ဆေးနေစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ညအချိန်တွင် ကားပြိုင်မောင်းနေသူများနှင့်တုတ်၊ ဓားစသည့် လက်နက်ပုန်းများ သယ်ဆောင်ပြီး သွားလာနေသော ယာဉ်များကို ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် အထူးစီမံချက်ချမှတ်ကာ စတင်အရေးယူနေပြီဖြစ်ကြောင်း  ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မောင်တောမြောက်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်သားများ တိုက်ခိုက်ခံရ


မောင်တော မြောက်ပိုင်း ဗန္ဓုလကျေးရွာတွင် လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင် နေသော GEတပ်မှ တပ်ဖွဲ့ဝင်များနှင့် လုပ်သားများသည် ၆-၁၁-၂၀၁၂ နေ့နေလည်ပိုင်း လောက်တွင် အမည်မသိ တပ်ဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟု မောင်တောမြို့ ခံ တစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။ အဆိုပါ အမည်မသိ တပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး တကက အဆင့်ရှိသူ တစ်ဦးနှင့် အရပ်သား(၂)ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့သည်ဟု သိရသည်။ 

 ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့် ၊မဖြစ်ခွင့်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ကျေးရွာငါးရွာတွင် စတင်စစ်ဆေး

မြန်မာနိုင်ငံသား ဖြစ်ခွင့်၊ မဖြစ်ခွင့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း ပထမဆုံးအနေဖြင့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ ကျေးရွာငါးရွာတွင် နိုဝင်ဘာလ ၆ ရက်မှ စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အဖွဲ့ဝင် ၁၈ ဦးပါဝင်ကြောင်း၊ ထိုအဖွဲ့ဝင်များတွင် လ၀က၊ နစက၊ စစ်တပ်၊ ရဲ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး အစရှိသူတို့အပြင် ရခိုင်ကိုယ် စားလှယ်နှင့် ဘင်္ဂါလီကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း သိရသည်။

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်မည့်နေရာမှာ ရွှေတိဂုံဘုရားလမ်းအနီး ဖြစ်လာနိုင်ဟု သိရ


ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့်တံတား တည်ဆောက်မည့်နေရာမှာ ရွှေတိဂုံဘုရားလမ်းအနီး ဖြစ်လာနိုင်သည်ဟု ရန်ကုန်မြို့တော်စည်ပင်မှ အတွင်းရေးမှူး ဦးကျော်စိုးက နိုဝင်ဘာလ ၅ ရက်နေ့က ပြောကြားခဲ့ပါသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်မည်


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ နိုဝင်ဘာလ ၅ ရက်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

 တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံးသူများအား ပြန်လည်ဖြေဆိုစေမည့် အစီအစဉ်လတ်တလော မရှိသေး


တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသူများအား ပြန်လည်ဖြေဆိုစေမည့်အစီအစဉ် လောလောဆယ် မရှိသေးကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးအေးကြူက နိုဝင်ဘာလ ၅ ရက် နေ့တွင် အမျိုးသားလွှတ်တော်၌ ပြော ကြားခဲ့သည်။

 မြန်မာနိုင်ငံရှိ ရေအားလျပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော်ဖြင့် တည်ဆောက် သောက်ရေခပ်(၂)စီမံကိန်းအပါအ၀င် စီမံကိန်း ၇ ခုအတွက် ချေးငွေရရှိထားပြီးဖြစ်ကြောင်း ထုတ်ပြန်



thn-7-11-6
မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်း ၁၄ ခုအား တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁၁ သန်းကျော်ဖြင့် ဦးစားပေးတည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲ အိုးဘားမား အနိုင်ရ


၂၀၁၂ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ FOX News သတင်း ဌာန၏ နောက်ဆုံး ထွက်ပေါ်လာသော ရလာဒ်များအရ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ၂၇၅ မဲရရှိထားပြီး အနိုင်ရရှိကာ ပြန်လည် ရွေးကောက်ခံရပြီဖြစ်သည်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ အိုးဘားမား  အနိုင်ရ
မစ်ရွမ်းနေက ၂၀၃ နေရာ ရရှိထားကြောင်း သိရသည်။ ဘားရက်အိုဘားမားက ပြည်နယ် ၂၃ ပြည်နယ်တွင် အနိုင်ရရှိထားပြီး၊ မစ်ရွမ်းနေက ပြည်နယ် ၂၃ တွင် အနိုင်ရရှိထားသည်။ ကျန်ပြည်နယ်များမှ ရလာဒ်များကို ဆက်လက်ရေတွက်နေဆဲဖြစ်ကြောင်းသိရသည်။  

ကွတ်ခိုင်၌ မှောင်ခို ပစ္စည်း တင်ယာဉ်များ ဖမ်းဆီး


ဗန်ကား ၇စီး Express Car ၂စီး ပေါ်မှ အခွန် မဆောင် ထားသည့် ပစ္စည်းများ နိုဝင်ဘာ ၇ ရက်နေ့တွင် ကွတ်ခိုင်၌ ဖမ်းဆီးမိခဲ့ကြောင်း နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာနခေါင်းဆောင်သော မှောင်ခိုတားဆီးရေးရွေ့လျားအဖွဲ့က ယနေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။
ကွတ်ခိုင်၌ မှောင်ခို ပစ္စည်း တင်ယာဉ်များ ဖမ်းဆီး
စီမံချက်စတင်သည့် နိုဝင်ဘာ ၁ရက်နေ့မှ ၇ ရက်နေ့အထိ မူဆယ်အပါအ၀င် ကွတ်ခိုင်၌ ကား ၁၄စီး မှအခွန်မဆောင်ထားသည့်ပစ္စည်းများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားဝင်အခွန်ဆောင်နိုင်၇န်အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။

မြန်မာဝမ်ပေါင် ကုမ္ပဏီ ၀န်ထမ်း ၁၂၀ ကျော် ညလုံးပေါက် ဆန္ဒဖော်ထုတ်


မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ တူးဖော်ရေး လုပ်ငန်း စီမံကိန်းနယ်မြေ အတွင်း ပြောင်းရွှေ့ကျေးရွာလေး ရွာမှ မြန်မာ ၀မ်ပေါင် ကုမ္ပဏီ ၀န်ထမ်း ၁၂၀ ကျော်သည် နိုဝင်ဘာ ၂ ရက်မှစ၍ လုပ်အားခလစာ အပြည့်အ၀ရရှိရေးအတွက် တောင်းဆိုခဲ့ရာ မပြေလည်သဖြင့် နိုဝင်ဘာ ၆ ရက် ညက ညလုံးပေါက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

လစ်လပ်နေသော ပြည်ထောင်စု ဒုဝန်ကြီး သုံးနေရာ ခန့်အပ်ရန်ရှိ


လစ်လပ်လျက်ရှိသော အစိုးရအဖွဲ့ဝင် ဒုဝန်ကြီးနေရာ သုံးနေရာ အတွက် ယခု ကျင်းပနေသော လွှတ်တော်အစည်းအဝေး မပြီးဆုံးခင် ခန့်အပ်ရန် အစီအစဉ်ရှိကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကပြောသည်။
“သုံးနေရာရှိတယ်။ ၀န်ကြီးတစ်ဦးတည်းရှိတော့ ၀န်ကြီးနိုင်ငံခြားသွားတဲ့အခါ လွှတ်တော်မှာ အမေးအဖြေလုပ်ဖို့ ထပ်ခန့်ဖို့ရှိတယ်” ဟု ၀န်ကြီး ဦးအောင်မင်းက ပြောသည်။ မကြာသေးမီက ပြောင်းလဲဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့ဝန်ကြီးဌာနများအနက် ဒုဝန်ကြီး နေရာလစ်လပ်နေသည့် ၀န်ကြီး ဌာနသုံးခုမှာ သတ္တုတွင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ဖြစ်သည်။
လစ်လပ်လျက်ရှိသော ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုဝန်ကြီးနေရာအတွက် ဒေါက်တာအောင်မြတ်ကျော်နှင့် ဦးခင်ဇော် (Tour Mandalay) တို့မှာ ထင်ကြေးပေးခံနေရကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုနေကြသည်။

ရွှေဈေးနည်းနည်းပြန်ကျ


ရွှေဈေးနှုန်းများ ကျဆင်း လာသလို ဖြတ်စနှင့် အပိုင်းဈေးကွက် ၀ယ်လို အားများပါ ကျဆင်းလာကြောင်း ရွှေလုပ်ငန်းရှင်များ ကပြောသည်။ ကမ္ဘာ့ရွှေဈေးနှုန်းများသည် တစ်အောင်စလျှင် ၁၇၇၀ ဒေါ်လာဝန်းကျင်မှ ၁၇၅၀ ဒေါ်လာအောက်ထိ ကျဆင်းသွားခြင်းကြောင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၈၈၀၀၀ ကျပ်ဝန်းကျင် ရှိနေခဲ့သော ပြည်တွင်းနှုန်းများမှာလည်း ၇၈၂၅၀၀ ကျပ်ထိ ကျဆင်းခဲ့သည်။ ထိုသို့ ရွှေဈေးနှုန်းများ ကျဆင်းသော်လည်း ပြည်တွင်းရွှေဈေးကွက်တွင် အထည်ဈေးကွက် ၀ယ်လိုအားကောင်းပြီး အပိုင်းဈေးကွက်နှင့် ဖြတ်စဈေးကွက်တွင် ၀ယ်လိုအားကျဆင်းနေကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။

ကန့်သတ်နယ်မြေ ရပ်နားယာဉ်များ တစ်နာရီ ၂၀၀ကျပ် နှုန်းစည်ပင် စတင် ကောက်ခံ

ကန့်သတ်နယ်မြေ ရပ်နားယာဉ်များ တစ်နာရီ ၂၀၀ကျပ် နှုန်းစည်ပင် စတင် ကောက်ခံ
ယခင်ယာဉ် ရပ်နားခ တစ်နေ့ လျှင် ကျပ် ၂၀၀ ကောက်ခံ နေရာမှ ယနေ့ နိုဝင်ဘာ ( ၇ ) ရက်နေ့ မှ စတင်၍ ဆူးလေ၀န်းကျင်ယာဉ် ရပ်နား ကန့် သတ် နယ်မြေဇုံ အတွင်း ရပ်သည့် ယာဉ်များကို ရန်ကုန်မြို့ တော်စည်ပင်မှ တစ်နာရီလျှင် ၂၀၀ ကျပ်နှုန်း စတင်ကောက် ခံ ကြောင်း သိရသည်။ ယာဉ် ရပ်နား ကန့်သတ်နယ်မြေဇုံ အဖြစ် ရန်ကုန်မြို့ အတွင်း ၃၂လမ်း မှ မဟာဗန္ဓလလမ်း အတွင်း သတ်မှတ်ထားကြောင်း သိရသည်။ ယာဉ်ရပ်နားခများကို တစ်နာရီခြား တစ်ခါ လိုက်လံ ကောက်ခံမည်ဟု သိရသည်။ 

ကျိုက်ထီးရိုး တောင်တက်ကားခ လျှော့ချပေးမည်ဟုဆို


ကျိုက်ထီးရိုး တောင်တက် ကားခကို လျှော့ချပေးရန် အစီအစဉ် ရှိကြောင်း တောင် တက်ကား အသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်တိုးက နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြောကြားသည်။ "ဈေးလျှော့ချပေးဖို့ အစီအစဉ် ရှိတယ်၊ အခုကော်မတီမှာ ဒီကိစ္စကို အကြီးအကျယ် ဆွေးနွေးနေကြ တယ်၊ ဘုရားဖူးတွေကိုလည်း ဝန် ဆောင်မှု ကောင်းကောင်းပေးနိုင်ဖို့ ကြိုးစားနေတဲ့ အခိုက်အတန့်လေး မှာတော့ ခဏစောင့်ပေးပါ"ဟု ၄င်းကဆိုသည်။ ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ် အသင်းတွင် ကား ၁၄၃ စီးရှိပြီး စည်းကမ်းဥပဒေနှင့် အညီ ခရီးသွားပြည်သူများ လုံခြုံ စိတ်ချရစေရန် ကြိုးပမ်းလျက်ရှိ ကြောင်း တောင်တက်ကားအသင်း ဥက္ကဋ္ဌ ဦးဝီးတင်က ပြောသည်။

အသက်၁၂အရွယ် မိန်းကလေးငယ် တစ်ဦးအား ပြည့်တန်ဆာအဖြစ် ခိုင်းစေသူများအား အရေးယူ


တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအား
ပြည့်တန်ဆာ အဖြစ် ခိုင်းစေခဲ့သူ သုံးဦးကို ပုဒ်မ ၃၇၂ ဖြင့် အရေးယူထားကြောင်း တာမွေမြို့နယ်ရဲစခန်းမှ ရဲအုပ် စိုးလွင်က ပြောကြားသည်။ "အရေးယူတာကတော့ ကလေးကိုခိုင်းစေခဲ့သူ ကလေးရဲ့အဘွား၊ ပွဲစားရယ်၊ ချိတ်ဆက်ပေးတဲ့ တစ်ယောက်ရယ် သုံးယောက်ပါ၊ ခေါ်အိပ်တဲ့ အမျိုးသားကတော့ ဘာမှမလုပ်ခဲ့တဲ့အတွက် အပြစ်မရှိပါဘူး၊ ပုဒ်မ ၃၇၂ က ထောင်ဒဏ် ၁၀ နှစ် အထိချမှတ်နိုင်ပါတယ်"ဟု ၄င်းက Venus News Weekly သို့ ပြောသည်။

ကမာရွတ်မြို့နယ် စံရိပ်ငြိမ်မှတ်တိုင်အနီး ညအချိန် အကြမ်းဖက်သူ ရှစ်ဦးအား အမှုဖွင့်


ကမာရွတ်မြို့နယ် စံရိပ်ငြိမ် ကားမှတ်တိုင်အနီး နိုဝင်ဘာ ၁ ရက်၊ ည ၁ နာရီတွင်
အကြမ်းဖက်ခဲ့သူ ရှစ်ဦးအား ပုဒ်မ ခုနစ်ဖြင့် အမှုဖွင့်ထားကြောင်း ကမာရွတ် မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ "စွပ်စွဲခံရသူ ရှစ်ဦးကို ပထမ သတင်းပေးချက်အမှတ် ၄၇၃/ ၂၀၁၂ နဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၀၊ ၃၃၈၊ ၃၂၅၊ ၂၉၄၊ ၃၅၄၊ ၅၀၆၊ ၁၁၄ တို့ တပ်ဆင်ထားပါ တယ်၊ စွပ်စွဲခံရသူတွေ ကတော့ရှောင် ပြေးနေတဲ့အတွက် ဆက်လက်စုံစမ်း ရှာဖွေဆဲပါ" ဟု ကမာရွတ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

ဘီလ်စနစ်သာ ဆက်သုံး၍ ခေါ်ဆိုခ လျော့ကျဖွယ်မရှိသေးသည့် VOIP ဖုန်းလိုင်းများ


FTTx စနစ်တွင် ပါဝင်သော VOIP ဖုန်းလိုင်းများအတွက် ငွေပေးသွင်းရာ၌ ကြိုတင်ငွေပေးကဒ်စနစ် အဖြစ်သို့ ပြောင်းဦးမည် မဟုတ်ဘဲ၊ ဘီလ်စနစ်ဖြင့်သာ ပေးချေရဦးမည်ဖြစ်ကြောင်း Elite Tech ကုမ္ပဏီက သိရသည်။


အဆိုပါ VOIP (Voice Over Internet Protocol)  ဖုန်းလိုင်းမှာ ပြည်တွင်း ပြည်ပ ခေါ်ဆိုနိုင်ခြင်း၊ Video Call၊ Fax Service၊ Caller ID စသည့် ဝန်ဆောင်မှုများ ရရှိမည် ဖြစ်သည်။

လက်နက်အပြည့်အစုံပါသည့် ကားတစ်စီးအား သောင်းရင်းမြစ်၌ ဖမ်းဆီးမိ


AK မောင်းပြန်ရိုင်ဖယ် အမျိုးအစား (၁၀)လက်နှင့် ကျည်ဆံမျိုးစုံ တစ်သိန်းပါဝင်သည့်  မော်တော်ယာဉ် တစ်စီးအား ထိုင်း- မြန်မာနယ်စပ် မဲဆောက်အနီးရှိ ကုန်းကင်းရွာအနီး၌ ဖမ်းဆီးမိခဲ့ကြောင်း နယ်စပ်အာဏာ ပိုင်များထံက သိရှိရသည်။


" မယ့်ကုန်ကင်းနားမှာ  စနေနေ့ညနေက ဖမ်းမိတာ။သောင်းရစ်မြစ်မှာ တစ်ဖက်ကမ်းကူးဖို့ လုပ်နေတဲ့ သူကို လှမ်းခေါ်လိုက်တော့ ဘာမှန်းမသိဘူး ထွက်ပြေးသွား တယ်။ အဲဒါနဲ့ ကျန်ခဲ့တဲ့ ကားကို မသင်္ကာလို့ စစ်ကြည့် တော့ လက်နက်ခဲယမ်းတွေ့ရတယ်။ ဖမ်းမိတယ်" ဟု ထိုင်းနယ်စပ် ထောက်လှမ်းရေးတစ်ဦးက ပြောသည်။

ဆိုးသွမ်း လူတစ်စုကြောင့် တစ်ကျော့ပြန် ရခိုင်ပဋိပက္ခဖြစ်ရသည်ဟု ပြည်နယ်အစိုးရအဖွဲ့ သုံးသပ်


ဆိုးသွမ်းသော လူတစ်စုကြောင့်သာ တစ်ကျော့ပြန် ရခိုင်ပဋိပက္ခဖြစ်လာရသည်ဟု ပြည်နယ်အစိုးရအဖွဲ့က  သုံးသပ် ပြောကြားလိုက်သည်။


အောက်တိုဘာ၂၁ ရက်နေ့မှစ၍ တစ်ကျော့ပြန် ဖြစ်လာခဲ့သော ရခိုင်ပဋိပက္ခမှာ လူမျိုးရေး ဘာသာရေးကြောင့် မဟုတ်ဘဲ ဆိုးသွပ်သည့်လူတစုကြောင့်သာ ဖြစ်လာခြင်းဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက   ပြောကြားလိုက်ခြင်းဖြစ်သည်။

ဆန်ဈေး ကျလာသော်လည်း အခြား စားသုံးကုန်များ ဈေးတက်နေဆဲ ပူတာအို


ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုမြို့၌ ယခင်လများက ဆန်နို့ဆီတစ်ဘူးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချနေခဲ့ရာမှ နိုဝင်ဘာလမှ စ၍ တစ်ထောင်ဖိုး ဆန်နို့ဆီ(၅)ဘူးနှုန်းသို့ လျော့ချ ရောင်းချလာကြောင်း  ဒေသခံများထံက သိရသည်။


လက်ရှိအချိန်တွင် ကောက်သစ်စပါးများ ပေါ်ချိန်ဖြစ်၍ ဆန်အတွက် ယခင်ကဲ့ စိတ်ပူစရာမလိုသော်လည်း ကျန်စားသုံးကုန်ဈေးနှုန်းများမှာ အလွန်မြင့်တက်လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။

ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းသစ် တခု ပြေးဆွဲမည်

ရန်ကုန် မဇ္ဈိမ ။      ။ ဂိုးလ်ဒင်းမြန်မာ လေကြောင်းလိုင်းက ပုဂ္ဂလိက ပြည်တွင်း လေကြောင်းလိုင်းသစ်တခုအဖြစ် မကြာမီပြေးဆွဲရန် စီစဉ်နေကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှတဆင့် သိရသည်။

မြန်မာ-ဂျာမနီ လေကြောင်းလိုင်းသစ် ပြေးဆွဲမည်

ရန်ကုန် မဇ္ဈိမ ။       ။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့နှင့် ဂျာမနီနိုင်ငံ ဖရန်ဖန့်မြို့Frankfurt သို့ တိုက်ရိုက် ပျံသန်းပြေးဆွဲမှုကို နိုဝင်ဘာလ ၇ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး
 ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

စွမ်းအင်ကဏ္ဍ မဖွံ့ဖြိုးဘဲ မြန်မာပြည် မတိုးတက်နိုင်ဟု နော်ဝေ သံအမတ်ပြော

စံခလပူရီ (မဇ္ဈိမ)။   ။ ပြည်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းအင်ကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍ ဖြစ်သည်ဟု နော်ဝေး အစိုးရမှ သုံးသပ်၍ မြန်မာနိုင်ငံ၏ ၁၉၈၄ ခုနှစ် Electricity Law (လျှပ်စစ်ဥပဒေ) အား ပြန်လည် ရေးဆွဲ ပြင်ဆင်နိုင်ရန် အကူအညီပေးခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေး သံအမတ် မစ္စကတ်ဂျာ ခရစ္စတီနာ နော့ဂတ် Ms. Katja Christina Nordgaard က ပြောဆိုလိုက်သည်။

မူဆလင် ၉၀ ကျော်ပါ လှေတစီး ကော့သောင်းမှ ပင်လယ်ပြင်သို့ ပြန်လွှတ်လိုက်

စံခလပူရီ (မဇ္ဈိမ) ။        ။ မလေးရှားသို့ ဦးတည်သည့် ဘင်္ဂလားဒေ့ရှ်နွယ်ဖွား လှေစီးခရီးသည် ၉၀ ကျော်ကို တင်ဆောင်လာသည့် စက်လှေတစီး အင်္ဂါနေ့တွင် ကော့သောင်းမြို့နယ်အတွင်းသို့ ဆိုက်ကပ်လာရာမှ မြန်မာ
ရေတပ်က ဖမ်းဆီးခဲ့ပြီး ကမ္ဘာ့ရေပိုင်နက်သို့ ပြန်ပို့ကာ လွှတ်ပေးခဲ့ကြောင်း ကော့သောင်းရှိ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာရှိတဦးက ပြောသည်။

သစ်အချောထည်စက်ရုံ အလုပ်သမားတွေရဲ့ ၂ ပတ်ကြာဆန္ဒပြပွဲ



2012-11-07
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်မှာရှိတဲ့ တော်ဝင် သစ်အချောထည်စက်ရုံရှေ့မှာ ၂ ပတ်ကြာ နေ့ရောညပါ ဆန္ဒပြနေတဲ့ အလုပ်သမား (၁၅၀)ကျော်ဟာ သူတို့ တောင်းဆိုချက်တွေကို အလုပ်ရှင်ဘက်က လိုက်လျောပေးမှု မရှိတဲ့ အတွက် ဒီကနေ့ နေ့လည်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသ အလုပ်သမားရုံးရှေ့ကို ပြောင်းရွေ့ဆန္ဒပြခဲ့ကြပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ကျေးရွာ ၅ ခုကို ဒီကနေ့ စတင်စစ်ဆေး



2012-11-06
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းဖို့အတွက် ပထမဆုံးအဆင့် အနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်းက ရိုဟင်ဂျာတွေ နေထိုင်တဲ့ ကျေးရွာ ၅ ရွာကို ဒီကနေ့ စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။