Sunday, December 2, 2012

ရဲများ၏ သြဝါဒခံယူပွဲ မုံရွာဒေသခံများ ရှုတ်ချ


သြဝါဒခံယူရန် ရောက်ရှိလာသည့် မုံရွာရဲများကို ဒေသခံပြည်သူများက ဝိုင်းကြည့်နေစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
စစ်ကိုင်းတိုင်း မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်တွင် မုံရွာရဲတပ်ဖွဲ့များ၏ လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်သည့် သြ၀ါဒခံယူပွဲကို မုံရွာလူထုက ရှုတ်ချခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား ဖြိုခွင်းပြီးနောက် နှစ်ရက်အကြာတွင် ဆန္ဒပြမှု ထပ်မံဖြစ်ပေါ်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများအား ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်တွင် အင်အားသုံး ဖြိုခွင်းခဲ့ပြီးနောက် ၂ ရက် အကြာ၌ ဆန္ဒပြမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြမှုကို ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ဆားလင်းကြီးမြို့နယ် တုံရွာထိပ်၌ ပြုလုပ်ခဲ့ပြီး ဒေသခံလူအင်အား ၅၀၀ ခန့်က ဆားလင်းကြီးမြို့နှင့် ညောင်ပင်ကြီးမြို့နယ်သို့သွားရာ လမ်းဘေးဝဲယာတစ်လျောက်တွင် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း၊ ယင်းဆန္ဒဖော်ထုတ်မှုမှာ ၁ နာရီခန့် ကြာချိန်တွင် လူစုခွဲသွားခဲ့ကြကြောင်း သိရှိရပါသည်။

မြန်မာ-ဗီယက်နမ် ကုန်သွယ်မှု ဒေါ်လာသန်း ၅၀၀ မှန်းထား


  မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ကုန်သွယ်မှု ပမာဏကို ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ သန်း ၅၀၀ ထိ ရောက်ရှိာလာစေရန် နှစ်နိုင်ငံ သမ္မတများက ကတိပြုခဲ့ကြသည်။

မြန်မာ သမ္မတ ဦးသိန်းစိန်နှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ် သမ္မတ မစ္စတာကျုံးသန်စန်းနှင့် ဇနီးတို့သည် နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ တရားဝင် ချစ်ကြည်ရေးခရီး

၂၀၁၂ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ပိတ်ပွဲအခမ်းအနား ကျင်းပ



ha-2-12-8
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ ပိတ်ပွဲအခမ်းအနား


၂၀၁၂ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ တောင်ကြီးမြို့ အဝေယျာမီးပုံးပျံကွင်းတွင် ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကို  နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။

 စွမ်းအင်ဝန်ကြီးဌာနမှ မကွေးမြို့နယ်အတွင်း သိမ်းယူခဲ့သော ယာမြေတစ်ဝက်ကျော်ကို ပြန်လည်ပေးအပ်ရန် ညှိနှိုင်းခဲ့သော်လည်း မူလပိုင်ရှင်တောင်သူများက အပြည့်အ၀ ရယူလိုကြောင်း ပြန်လည်တင်ပြ


မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ပဌနဂိုရ် မြန်မာ့ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရေးလုပ်ငန်း တိုးချဲ့စီမံကိန်းအတွက် မကွေးမြို့နယ် ဘုရားကုန်းကျေးရွာ ပေပင်စမ်းကျေးရွာနှင့် မြစ်သာစည်ကျေးရွာတို့မှ တောင်သူ ၄၁ ဦး၏ ယာမြေ ၁၆၇ ဒသမ ၂၁ ဧက သိမ်းယူထားသည့်အနက် ၁၀၄ ဒသမ ၅ ဧက အား မူလပိုင်ရှင် တောင်သူများထံ ပြန်လည်ပေးအပ်ရန် နိုဝင်ဘာလ ၁၆ ရက်နေ့က ခေါ်ယူညှိနှိုင်းခဲ့သော်လည်း မူလပိုင်ရှင် တောင်သူများက သိမ်းယူခံခဲ့ရသော ယာမြေဧကအားလုံး အပြည့်အ၀ ရယူလိုကြောင်း ပြန်လည်တင်ပြခဲ့သည်ဟု သိရသည်။

မန္တလေးမြို့တွင် တစ်ညတည်း မီးလန့်မှုနှင့် မီးလောင်ကျွမ်းမှုတို့ ဖြစ်ပွား



ha-2-12-7
ရေမြှုပ်နှင့် စပရိန်မွေ့ယာစက်ရုံ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားစဉ်


မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဂ) ရပ်ကွက်၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား ကျန်စစ်သားလမ်းနှင့် ဇော်ဂျီလမ်းကြားရှိ ပေါ်လီမာ ရေမြှုပ်နှင့် စပရိန်မွေ့ယာစက်ရုံတစ်ရုံတွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်က မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှုအများဆုံးဖြစ်ပွားသော အဆင့်မမီ စစ်ကျန် ဘတ်စ်၊ ဘီအမ်၊ ဟိုင်းလပ်၊ ဒိုင်နာယာဉ်များ နေရာတွင် စီးတီးဘတ်များ တင်သွင်းပြီး အမြန်ဆုံးပြေးဆွဲနိုင်ရေး စီစဉ်နေဟုဆို

thn-2-12-12-5

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ဘီအမ်နှင့် ဒိုင်နာကားများ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားသော အဆင့်မမီ စစ်ကျန်ဘတ်စကား၊ ဘီအမ်ကား၊ ဒိုင်နာနှင့် ဟိုင်းလပ်ယာဉ်များနေရာတွင် အဆင့်မီစီးတီးဘတ်စ်များ တင်သွင်းပြီး အမြန်ဆုံး ပြေးဆွဲနိုင်ရေး စီစဉ်နေကြောင်း နို ၀င်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး (ဒုတိယနေ့)တွင် ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားခဲ့သည်။

 သီရိမင်္ဂလာဈေးသို့ လာရောက်သည့်ကားများ၊ ဈေးသည်များကို လူမိုက်အဖွဲ့များက ခြိမ်းခြောက်၍ တရားမ၀င် ငွေကြေးကောက်ခံမှုများရှိနေ




25
နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၃ နာရီအချိန် သီရိမင်္ဂလာဈေးမြင်ကွင်း
လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသို့ လာရောက်သည့်ကားများ၊ ဈေးသည်များအား လူမိုက်အဖွဲ့များက ခြိမ်းခြောက်၍ တရားမ၀င် ငွေကြေးကောက်ခံမှုများကြောင့် အခက်အခဲများနှင့် ကြုံ တွေ့နေရသည်ဟု ကိုယ်တိုင်ကြုံတွေ့နေရသူများက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် အခြေခံလူတန်းစားများ အားထားစီးနင်းနေရသော မြို့ပတ်ရထား ထွက်ချိန်မမှန်ခြင်းများရှိနေ



thn-2-12-12-4
အခြေခံလူတန်းစားအလွှာမှ အဓိကအားထားနေရသော မြို့ပတ်ရထား စီးနင်းမှု မြင်ကွင်းတစ်ခု
ရန်ကုန်မြို့တွင် အခြေခံလူတန်းစားများ အားထားစီးနင်းနေရသော မြို့ပတ်ရထား အချိန်မမှန်ခြင်းများ ရှိနေကြောင်း နိုဝင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး(ဒုတိယနေ့)တွင် ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း မေးမြန်းသော မေးခွန်းအရ သိရှိရသည်။

 ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ၏ ဝင်ခွင့်ရမှတ်မှာ အခြားအသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များ၏ အမှတ်သတ်မှတ်ချက်ထက် အမြင့်ဆုံးနေရာ၌ ရှိနေ



ha-2-12-5
အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) တွင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ဝင်ခွင့်အနိမ့်ဆုံး အမှတ်စာရင်း ကြည့်ရှုနေကြသူများကို တွေ့ရစဉ်


ရန်ကုန်နည်းပညာတက္ကသိုလ် (အဆင့်မြင့်) ၏ အနိမ့်ဆုံးဝင်ခွင့်ပြု ရမှတ်များမှာ အခြားအသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များ၏ အနိမ့်ဆုံး ဝင်ခွင့်ပြုရမှတ်များထက် အမြင့်ဆုံးနေရာ၌ ရှိနေကြောင်း ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ ဝင်ခွင့်စိစစ်ရွေးချယ်မှု အခြေအနေပြဇယားပါ အချက်အလက်များအရ သိရှိရပါသည်။

 အစိုးရမှဥပဒေနှင့်အညီ လုပ်ဆောင်ကြောင်း ကြေညာချက်ပယ်ဖျက်ပြီးနောက် သပိတ်စခန်းများအား နိုင်ငံတကာ အဓိကရုဏ်းနှိမ်နင်းရေး နည်းစနစ်အတိုင်းသာ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခုခံပြောကြားမှု နိုင်ငံပိုင်မီဒီယာများ ဖော်ပြ



ha-2-12-4
မုံရွာဆေးရုံတွင် ဆေးကုသမှုခံယူနေသော သံဃာတော်များ


အစိုးရမှ ဥပဒေနှင့်အညီ လုပ်ဆောင်ကြောင်း ကြေညာချက် ပယ်ဖျက်ပြီးနောက် သပိတ်စခန်းများအား နိုင်ငံတကာ အဓိကရုဏ်းနှိမ်နင်းရေး နည်းစနစ်အတိုင်းသာ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ခုခံပြောကြားမှုကို နိုဝင်ဘာလ ၃၀ ရက် ညသတင်းများအပြီး၌ နိုင်ငံပိုင်မီဒီယာများတွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။

 အမေရိကန်တက္ကသိုလ် ကိုးခုမှ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပညာရေးပူးပေါင်း မြှင့်တင်မည်ဖြစ်ပြီး ရန်ကုန်နှင့်မန္တလေး၌ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်



24
အမေရိကန်တက္ကသိုလ်များဆိုင်ရာ ကိုယ်စားလှယ် IIE ဥက္ကဋ္ဌ Allan လာရောက်၍ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်မည့် ရန်ကုန်တက္ကသိုလ်အား နိုဝင်ဘာလအတွင်းက တွေ့ရစဉ်
မြန်မာ့ပညာရေး အဆင့်အတန်း တိုးတက်မြင့်မားစေရန် အမေရိကန်သမ္မတ ဘာရတ်အိုဘားမား၏ သမိုင်းဝင်ခရီးစဉ်ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံ တက္ကသိုလ်ကိုးခုမှ မြန်မာနိုင်ငံရှိ တက္ကသိုလ်များနှင့် ပညာရေးမြှင့်တင်မှုများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Institute of International Education (IIE) မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း ယင်းဝက်ဆိုက်၌ သတင်းထုတ်ပြန် ဖော်ပြခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၁ ရက်မှ ၃၀ ရက်နေ့အတွင်း အင်အားအနည်းငယ်မှ အင်အားပြင်းထန်အဆင့်ရှိ မြေငလျင် ၁၇ ကြိမ်ဖြစ်ပွား ငလျင်နှင့်ပတ်သက်၍ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသည့်အတွက် ကောလာဟလများကို မယုံကြည်ရန် ထုတ်ပြန်

23

နိုဝင်ဘာလ ၁၁ ရက်နေ့က လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ပျက်ဆီးသွားသော သပိတ်ကျင်းမြို့ရှိ နေအိမ်များ
နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း အပါအ၀င် ဒေသအချို့၌ အင်အားအနည်းငယ်မှ အင်အားပြင်းထန်အဆင့်ရှိ မြေငလျင် ၁၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

လက်ပန်းတောင်းတောင်အရေး မန္တလေးမှာ သံဃာတွေ ဆန္ဒပြ



2012-12-02
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြရာမှာ အကြမ်းဖက် ဖြိုခွင်းတာကနေ လွတ်မြောက်လာကြတဲ့ သံဃာတော်အပါး ၂ဝဝ လောက်ဟာ ဒီကနေ့နေ့လည် ၁နာရီမှာ မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားကြီး အရှေ့မုခ်ကနေ မြို့ကိုတစ်ပတ်ပတ်ပြီး ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြရတာနဲ့ပတ်သက်ပြီး ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးကောမလက RFA ကို အခုလို မိန့်ကြားပါတယ်။

ဦးဂမ္ဘီရ(ခေါ်)ကိုညီညီလွင်ကို ဖမ်းဆီးပြီး အင်းစိန်အကျဉ်းထောင်ပို့



2012-12-02
မနေ့ကညနေပိုင်းမှာ သင်္ဃန်းကျွန်း ရဲစခန်းကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဦးညီညီလွင်(ခေါ်)ဦးဂမ္ဘီရကို သန်လျှင်ရဲစခန်းက ထပ်မံခေါ်ဆောင်သွားပြီး ဒီဇင်ဘာလ ၁ရက်နေ့ ညတွင်းချင်းမှာပဲ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ လက်ပန်းတောင်းမှာ တားဆီးခံရ



2012-12-02
လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်းမှုမှာ ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရတဲ့ သံဃာတော်တွေကို ကူညီပေးဖို့ မုံရွာမြို့ကို ရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့မှာ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့တဲ့နေရာကိုသွားရောက်ရာ လက်ပန်းတောင်းတောင်ခြေမှာရှိတဲ့ ကျော်ရွာအရောက်မှာ အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင်ခံခဲ့ရတယ်လို့ သိရပါတယ်။

မုံရွာရဲတပ်ဖွဲ့ရဲ့သံဃာသြ၀ါဒခံယူပွဲ သံဃာတော်အများစု မကြွရောက်



2012-12-01
စနေနေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သံဃာတော်များရဲ့ သြဝါဒခံယူပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။ မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်း တင်ဝင်းထွန်း ဓမ္မဗိမာန်မှာ မွန်းလွဲ နှစ်နာရီခွဲလောက်က ကျင်းပခဲ့တာဖြစ်ပါတယ်။

ကြေးနီတောင်စီမံကိန်း အင်အားသုံးဖြိုခွင်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့



2012-12-01
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် အတွင်းမှာရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အင်အားသုံး ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်သိရှိနိုင်အောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ဒီဇင်ဘာလ ၁ရက် ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။

ဆန္ဒပြ သံဃာတွေအပေါ် အကြမ်းဖက် ဖြိုခွဲမှုအား မုံရွာရဲတပ်ဖွဲ့ တောင်းပန်



2012-12-01
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်းကို အကြမ်းဖက် ဖြိုခွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဟန်းတော်တွေကို တောင်းပန်တဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့ အစိုးရတာဝန်ရှိသူတွေဟာ သံဃာ့သြဝါဒ ခံယူပွဲတစ်ရပ်ကို ဒီကနေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။