Monday, December 3, 2012

ဒုရဲအုပ် အယောင်ဆောင်၍ ရခိုင်အမျိုးသမီးငယ် တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်မူ ရန်ကုန်တွင် ဖြစ်ပွား



ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ ရခိုင်အမျိုးသမီးငယ် တစ်ဦးအား တရားလိုနှင့် အမည်မသိသူ တစ်ဦးမှ ဒုရဲအုပ် အယောင်ဆောင်ကာ ဖမ်းဆီးမူ ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အယောင်ဆောင်သူများအား ယခုအချိန်ထိ အရေးယူရန် ပျက်ကွက်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်းတွင် ပင်လယ်ထဲမှ ရေကူးလာသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို ယမန်နေ့ ဖမ်းဆီးမိ


ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်းတွင် ပင်လယ်ထဲမှ ရေကူးလာသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦးကို ယမန်နေ့ ဖမ်းဆီးမိသည်ဟု သတင်း ရရှိသည်။
“ သူတို့ကို ပင်လယ်ထဲက ရေကူးလာပြီး လယ်တဲ တစ်ခုမှာ နားနေစဉ် ရွာသားတွေက ဖမ်းဆီးမိတာ ဖြစ်ပါတယ်။ သူတို့က ရခိုင်စကားလည်း မပြောတတ်ဘူး။ ကုလားစကား တတ်တဲ့ သူတစ်ယောက်က မေးကြည့်တော့ ဘင်္ဂလာနိုင်ငံ တက်ကနက်လို့ ပြောပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဓါးခုတ်ခံရသူ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သေကန်ကျေးရွာမှ ရွာသား အခြေအနေ စိုးရိမ်နေရေ


ဘင်္ဂလီ ရွာသား တချို့၏ ၀ိုင်းဝန်း ဓါးခုတ်ခံရသူ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သေကန်ကျေးရွာမှ  ဦးမောင်သိန်းနု၏ အခြေအနေမှာ စိုးရိမ်နေရသော အခြေအနေတွင် ရှိနေကြောင်း ဆေးရုံကို ကိုယ်တိုင် သွားကြည့်ခဲ့သူ ကိုရာကျော်က ပြောသည်

ဖမ်းဆီးခံထားရသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား ၁၂ ဦးကို မြန်မာက ဘင်္ဂလာဒေခ်ျ့သို့ ယမန်နေ့က တရားဝင် လွှဲပြောင်း ပေးအပ်




ဖမ်းဆီးခံထားရသော ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား ၁၂ ဦးကို မြန်မာက ဘင်္ဂလာဒေခ်ျ့သို့ ယမန်နေ့က တရားဝင် လွှဲပြောင်း ပေးအပ်လိုက်သည်ဟု သိရသည်။
မောင်တောမြို့ ဒေ၀ါနဒီ ခန်းမတွင်ပြု လုပ်ခဲ့သည့် နှစ်ဘက် နယ်ခြားစောင့် တပ်ဖွဲ့၏  ဆွေးနွေးပွဲ အပြီးတွင် ထိုသူများကို ဘင်္ဂလာဘက်သို့ လွဲပြောင်းပေး လိုက်သည်ဟု ဆိုသည်။

ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် CNFက ပြည်ထောင်စုအဆင့် ဆွေးနွေးမည်


ချင်းအမျိုးသားတပ်ဦးမှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှာ ပြည်ထောင်စုအစိုးရနှင့် ဒုတိယအကြိမ် တွေ့ဆုံ၍ ချင်းပြည်နယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို လာမည့် ဒီဇင်ဘာ (၇)ရက် နေနှင့်(၈) ရက်နေ့များတွင် ရန်ကုန်၌   တွေ့ဆုံဆွေးနွေးမည်ဟု ချင်းအမျိုးသားတပ်ဦးမှ သိရသည်။


စစ်တွေမြို့နယ်မှ ဘင်္ဂလီကျုးကျော်နေအိမ်များအား စီစစ်မည်


စစ်တွေမြို့နယ် သဲချောင်း၊ ဒါးပိုင်နှင့်မှန်စီးကျေးရွာ လမ်းတစ်လျောက်ရှိ မိမိတို့ကိုယ်ပိုင်အစီစဉ်ဖြင့် ကျူးကျော်နေထိုင်နေကြသည့် ဘင်္ဂလီ နေအိမ်များအား ဖယ်ရှားပေးရန် သက်ဆိုင်ရာမှ ဒီဇင်ဘာလ(၂)ရက်နေ့က အသိပေးလိုက်ကြောင်း သိရသည်။

ပုဂံတွင် နိုင်ငံခြားသားကားနှင့် ကမ္ဘာလှည့်ခရီးသွားကားတို့ တိုက်မိပြီး နိုင်ငံခြားသားစီးလာသော စက်ဘီးနှင့် ထပ်မံတိုက်မှု ဖြစ်ပွား



ha-3-12-4
ဂျာမန်နိုင်ငံသား မောင်းနှင်သောကား နိုင်ငံခြားသားတစ်ဦးစီးနင်းလာသည့် စက်ဘီးကိုပါ ဆက်၍တိုက်ကာ လမ်းဝဲဘက်သစ်ပင်တစ်ပင်ကို ထပ်မံဝင်တိုက်ခဲ့စဉ်
ပုဂံမြို့ တောင်ဘီကျေးရွာအနီး မင်းမျော်ရာဇာဘုရား မြောက်ဘက်ကားလမ်းတွင် နိုဝင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က နိုင်ငံခြားသားကားနှင့် ကမ္ဘာလှည့်ခရီးသွားကားတို့ တိုက်မိပြီး နိုင်ငံခြားသားတစ်ဦးစီးလာသော စက်ဘီးနှင့် ထပ်မံတိုက်မှု ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းဓာတ်အားခွဲစက်ရုံ အပါအ၀င် ၂၃၀ ကေဗွီအေ ပင်မဓာတ်အားခွဲရုံများ တည်ဆောက်ရေးလုပ်ငန်းများ စတင်



ha-3-12-3
ပုဏ္ဏားကျွန်းဓာတ်အားခွဲစက်ရုံ အပါအ၀င် ၂၃၀ ကေဗွီအေ ပင်မဓာတ်အားခွဲရုံနှစ်ခု၏ တည်ဆောက်ရေးလုပ်ငန်းခွင်ကို တွေ့ရစဉ်


ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းဓာတ်အားခွဲစက်ရုံ အပါအ၀င် ၂၃၀ ကေဗွီအေ ပင်မဓာတ်အားခွဲရုံနှစ်ခု၏ တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

လက်ပံတောင်းတောင် အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ၀န်ကြီးဦးအောင်မင်းတို့နှင့် ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံဆွေးနွေး

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများအား လုံခြုံရေးရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ ၀န်ကြီးဦးအောင်မင်းတို့နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီဇင်ဘာလ ၂ ရက်နေ့တွင် နေပြည်တော်၌ သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ပါဝင်နေပြီး ဖြစ်သည့်အတွက် လုံလောက်သည်ဟု ယူဆသောကြောင့် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် မပါဝင်တော့ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ ရှင်းလင်း


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်နေပြီးဖြစ်သည့်အတွက် လုံလောက်သည်ဟု ယူဆသောကြောင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် မပါဝင်တော့ခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ဒီဇင်ဘာလ ၃ ရက်နေ့က ၄င်းတို့ရုံးခန်း၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။

ဘဝနွံထဲက အကြွေပန်းလေးများ


အချိန်ကား ညသန်းခေါင်ယံ။ ကြယ်များက မှိတ်တုတ် မှိတ်တုတ် လင်းလက် နေသည်မှာ အနက်ရောင် ကတ္တီပါတွင် ရွှေမှုန်ငွေမှုန် များ ပက်ဖျန်း ထားသည့်နှယ် ဖြစ်နေသည်။
ဘဝနွံထဲက အကြွေပန်းလေးများ

ဂျက်လီရဲ့One Foundation အဖွဲ့မှ ရွှေဘို ငလျင် ဒဏ်သင့် ကျောင်း၃ကျောင်းကို ပြုပြင် ပေးမည်

ဂျက်လီရဲ့One Foundation အဖွဲ့မှ ရွှေဘို  ငလျင် ဒဏ်သင့် ကျောင်း၃ကျောင်းကို ပြုပြင် ပေးမည်
မင်းသားဂျက်လီ တည်ထောင် ထားသော One Foundation အဖွဲ့မှ သပိတ်ကျင်း၊ စဥ့်ကူး ၊ ကျောက်မြောင်းမြို့နယ် အတွင်း မှ ရွှေဘို ငလျင် ဒဏ်သင့် ကျောင်း၃ကျောင်း အားရွေးချယ် ၍ပြန်လည်ပြုပြင်ပေးရန် မန္တလေးကောင်စစ် ၀န်ရုံးနှင့် ညှိုနှိုင်းနေကြောင်း သိရသည်။

ငလျင်ဒဏ်သင့် ကျောင်း၃ကျောင်းရွေးချယ်ရာတွင် အထိအခိုက်ပျက်စီးမှုပမာဏ၊ကျောင်းသားဦးရေနှင့်ကျောင်းဧရိယာ တို့ကိုကြည့် ရှု့ရွေးချယ် သွားမည်ဖြစ်ပြီးစာသင်ကျောင်းဆောင်များ အပါအ၀င် ဘက်စုံ အားကစား အဆောက် အအုံများ ပါဝင် ထည့်သွင်း ဆောက်လုပ် လှူဒါန်း သွားမည်ဟုသိရသည်။

နန်းခင်ဇေယျာ၏ ပေးဆပ်မှုနိဒါန်း


နန်းခင်ဇေယျာ၏ ပေးဆပ်မှုနိဒါန်း၂.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် လစဉ်လတိုင်း ပထမပါတ် တနင်္ဂနွေနေ့ သည် နာရေးကူညီမှု အသင်း (ရန်ကုန်)ရှိ လုပ်အားပေး အသင်းသား/သူများ၏ လပါတ် အစည်းအဝေး ကျင်းပသည့် နေ့ရက်ဖြစ်ပေသည်။

လက်ပံတောင်းတောင် အရေး မြင်းခြံတွင် ဆန္ဒထုတ်ဖော်


မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြင်းခြံမြို့တွင် ယနေ့ မွန်းလွဲ တစ်နာရီ ခွဲမှစ၍ သံဃာတော် အပါး ၅၀ခန့်နှင့် လူတစ်ထောင်ခန့် တို့က လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းတွင် သပိတ်စခန်း ဖွင့်ခဲ့သည့် သံဃာတော် များကို ရဲတပ်ဖွဲ့ဝင် များက အကြမ်းဖက် နှိမ်နင်း ခဲ့မှုကို ကန့်ကွက်သည့် အနေဖြင့် ချီတက် ဆန္ဒထုတ်ဖော် လျက် ရှိကြောင်း ယင်း ဆန္ဒ ထုတ်ဖော်ပွဲ တွင် ပါဝင်သူ ကိုကြည်ဝင်း က ပြောကြားသည်။
မြင်းခြံမြို့ ဗိုလ်ချုပ်လမ်းရှိ ဆန္ဒတော်ပြည့် ဘုရားမှ ခရိုင်အထွေထွေ အုပ်ချုပ် ရေးမှူးရုံး၊ ယင်းမှ တဆင့် အမှတ် (၆)လမ်း ကိုဖြတ်၍ ဆန္ဒတော်ပြည့် ဘုရားတွင် ထိုင်သပိတ် ပြုလုပ်မည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။ ဆန္ဒပြ သူများ ထဲတွင် မြင်းခြံခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် များလည်း ပါဝင်သည်။ 

တိုင်ဖွန်းမုန်တိုင်းကြီး BOPHA ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းကို ဝင်ရောက် တိုက်ခတ်မည်


ဒီဇင်ဘာလ ၃ ရက် မြန်မာ စံတော်ချိန် နံနကေ် ဝ၆၃ဝ နာရီတွင် ရရှိသည့် NRL data များအရ ပစိဖိတ် အနောက်မြောက်ပိုင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ အရှေ့ ဘက်တွင် ဖြစ်ပေါ်လျှက် ရှိသော အားအလွန်ကောင်းသည့် စူပါတိုင်ဖွန်း မုန်တိုင်းကြီး BOPHA(26W) သည် Republic of Palau ကျွန်းနိုင်ငံ၊ MELEKEOK မြို့ တောင်ဘက် မိုင် ၇ဝ ခန့်မှ ကပ်၍ ဖြတ်သန်းပြီးနောက် အဆင့်-၃ တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့ အားလျော့ကျ သွားကြောင်း တွေ့ရ ပါသည်။

ငလျင်ဒေသ ပြန်လည် ထူထောင်ရန် ကျပ်ငွေ တစ်ဘီလီယံ သံုးစွဲ


ငလျင် လှုပ်ခတ်မှု ကြောင့် ပျက်စီးမှု များစွာ ကြုံတွေ့ ခဲ့ရသော စစ်ကိုင်း တိုင်း ဒေသ ကြီးတွင် ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများ လုပ်ဆောင် ရန် ပြည်ထောင်စု အစိုးရက စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအား ကျပ်ငွေ တစ်ဘီလီယံ ပေးအပ်မည်ဖြစ်ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေး က ပြောကြားသည်။

တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးများ ပြောင်းလဲ တာဝန် ပေးအပ်


 ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(စ)၊ ပြည်ထောင်စု အစိုးရ အဖွဲ့ ဥပဒေ ပုဒ်မ ၂ဝ၊ ပုဒ်မခွဲ (ခ) နှင့် တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ အဖွဲ့ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ) တို့အရ အောက်ဖော်ပြပါ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးများ အား ယှဉ်တွဲပါ ဝန်ကြီးဌာန များတွင် ပြောင်းလဲ တာဝန် ပေးအပ်လိုက်သည်ကြောင်းသိရသည်။

ဒဏ်ရာရရှိသူ အချို့ ရွာထဲ၌သာ ဆေးကုသ မှုများ ရှိနေသေး


လက်ပံတောင်းတောင် ကြေး နီစီမံကိန်း သပိတ် စခန်းများမှ ဒဏ်ရာ ရရှိသူ အချို့မှာ ရွာထဲ၌သာ ဆေးကုသ မှုများ ရှိနေသေးကြောင်း နာရေး ကူညီမှုအသင်း (ရန်ကုန်) မှ ဦး ကျော်သူက ပြောသည်။
ဒဏ်ရာရရှိသူ အချို့ ရွာထဲ၌သာ ဆေးကုသ မှုများ ရှိနေသေး

အချိန်ခါမဲ့ မိုးကြောင့် ဧရာဝတီနှင့် ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ စပါးခင်းများ ထိခိုက် ခဲ့


အချိန်ခါမဲ့ မိုးကြောင့် ဧရာဝတီနှင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စပါး ခင်းများ ထိခိုက် ပျက်စီးမှု များရှိခဲ့ရာ တောင်သူ လယ်သမားများကို လိုအပ်သည့် ပစ္စည်းများ မြန်မာနိင်ငံတောင်သူ လယ်သမားအသင်းက ဒီဇင်ဘာ၃ရက်နေ့နောက်ဆုံးထား၍အကူအညီနေကြောင်း အသင်း ဥက္ကဌဒေါက်တာ စိုးထွန်းကပြောသည်။
အချိန်ခါမဲ့ မိုးကြောင့် ဧရာဝတီနှင့် ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ စပါးခင်းများ ထိခိုက် ခဲ့

စပါးအခြောက်ခံစက်၊ ကြီး၂လုံး၊ရေစုပ်စက် အလုံး ၁၀၀နှင့်ခြွေလှေ့စက် များကူညီသွားမည်ဟုသိရသည်။ နိဝင်ဘာ၂၉နှင့်၃၀ရက် အချိန်ခါမဲ့မိုးကြောင့်ဧရာဝတီနှင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စပါးခင်း ဧက၁သိန်းကျော်ခန့် စပါး ရေစိုမှု ဒဏ်ခံနေ ရကြောင်းသိရသည်။

အာဆီယံကားမောင်းပြိုင်ပွဲကို မြန်မာတွေ သောင်းသောင်းဖြဖြ အားပေးစေချင်တယ် မေသဉ္ဇာဦး


၂၀၁၂ ခုနှစ်ဟာ မြန်မာနိုင်ငံ အတွက် ထူးခြားတဲ့ နှစ်လို့ ဆိုရမှာပါ။ အဲဒီ ထူးခြားမှုတွေ ထဲက အာဆီယံနဲ့ အန္ဒိယ ချစ်ကြည်ရေး ကား မောင်း ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပြည်သူချစ် အနုပညာရှင်တွေ ပါဝင် လာတာလည်း ထူးခြားမှု တစ်ခုပါ။

ကား မောင်းပြိုင်ပွဲကို အာဆီယံနဲ့ အိန္ဒိယ နိုင်ငံတွေ ထဲမှာ ရှိတဲ့ လမ်းတွေကို ၂ ၂ ရက်ကြာ ဖြတ်သန်း မောင်းနှင်ရမှာ ပါ။ မြန်မာနိုင်ငံ ကိုယ်စားပြု ဒါရိုက်တာ ကိုပေါက်၊ ဝေဠုကျော်၊ မေသဉ္ဇာဦး၊ ဆုပန်ထွာနဲ့ SKYNET ရုပ်သံလိုင်းမှ လေးဦး စုစုပေါင်း ရှစ်ဦးပါဝင်ကြမှာဖြစ်ပါတယ်။

စုံစမ်းရေးကော်မရှင် ပြင်ဆင်ဖွဲ့စည်း၊ ဦးရေနှင့် တာဝန် လျှော့ချလိုက်

နယူးဒေလီ (မဇ္ဈိမ) ။      ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ကို အဖွဲ့ဝင်ဦးရေ ထက်ဝက် ခန့် လျှော့ချကာ ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးမှ ဒီဇင်္ဘာလ ၃ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက် သည်။

လက်ပံတောင်း အကြမ်းဖက်မှုကိစ္စ ဒေလီမြန်မာများ ဆန္ဒပြ

နယူးဒေလီ (မဇ္ဈိမ)။     ။ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက် သပိတ်မှောက်သူများအား အကြမ်းဖက်ဖြိုခွင်းမှုအား ဆန့်ကျင် ရှုတ်ချသောအားဖြင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက စနေနေ့တွင် ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသည်။

အိန္ဒိယ-မြန်မာ-တရုတ် အဝေးပြေး လမ်းမကြီး ဖောက်မည်

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားနှင့် တရုတ်နိုင်ငံ၊ ယူနန်
ပြည်နယ်၊ ကူမင်းမြို့တို့ကို မြန်မာနိုင်ငံမှ ဖြတ်သန်းလျက် အဝေးပြေး ကုန်သွယ်ရေး လမ်းမကြီးအဖြစ် သွယ်တန်းမည် ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် ဖွဲ့စည်း

နေပြည်တော် (မဇ္ဈိမ) ။       ။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်နေသော အခြေအနေများကို အဖြစ်မှန် ပေါ်ပေါက်စေရန်နှင့် ယင်းစီမံကိန်းကို ဆက်လက် လုပ်ကိုင်ရန် သင့်မသင့် လေ့လာအကြံပြုရန်
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးမှ စနေနေ့က ထုတ်ပြန်လိုက်သည်။

ဆန္ဒပြသူများကို မဖမ်းဆီးရန် ၈၈ က တောင်းဆို

ရန်ကုန် (မဇ္ဈိမ) ။       ။ လက်ပံတောင်းတောင် စီမံကိန်း ကန့်ကွက် ဆန္ဒပြသူများကို ဖမ်းဆီးအရေးယူမှု မလုပ်ရန် ၈၈ မျိုးဆက် ကျောင်းသားများက ဒီဇင်ဘာ ၃ ရက်က ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

လက်ပန်းတောင်းတောင်အရေး ဆန္ဒပြသူနှစ်ဦး ထပ်မံဖမ်းဆီးခံရ



2012-12-02
လက်ပန်းတောင်းတောင်အရေးမှာ အစိုးရတာဝန်ရှိသူတွေက ကိုင်တွယ်ဖြေရှင်းခဲ့တာကို မကျေနပ်တဲ့ အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့၊ဗဟန်းမြို့နယ်မှာ စုပေါင်း ဆန္ဒပြခဲ့ရာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ဒုရဲမှူးကြီး ဦးသက်လွင်ကိုယ်တိုင် ဆန္ဒပြခေါင်းဆောင် နှစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

လက်ပန်းတောင်းတောင်အရေး မိုးကုတ်မြို့မှာ သံဃာတွေ သပိတ်မှောက်



2012-12-03
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုံ့ချတဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့ နေ့လည်က မိုးကုတ်မြို့ ဖောင်တော်ဦး ဘုရားရင်ပြင်တော်မှာ ဒေသခံ သံဃာတော်အပါး (၄၀) နီးပါးလောက်က ထိုင်သပိတ်မှောက်ခဲ့ ကြပါတယ်။

လက်ပန်းတောင်းတောင် အင်အားသုံးဖြိုခွင်းမှု ကေအိုင်အို ကန့်ကွက်



2012-12-03
လက်ပန်တောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုကြတဲ့ ရဟန်းသံဃာနဲ့ ဒေသခံပြည်သူတွေအပေါ် အကြမ်းဖက် နှိမ်နှင်းခဲ့တာကို ရှုတ်ချကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ဒီကနေ့ ဒီဇင်ဘာ ၃ ရက်နေ့စွဲနဲ့ ကြေငြာချက် တစ်စောင်ထုတ်ပြန်ပါတယ်။

ဒဏ်ရာပြင်းထန်တဲ့သံဃာတွေ မန္တလေးဆေးရုံကို ပြောင်းရွှေ့ ကုသနေ



2012-12-03
လက်ပန်တောင်းတောင် ကြေနီ စီမံကိန်းကို ဖျက်သိမ်းဖို့ သပိတ်စခန်း ဖွင့် ဆန္ဒပြနေသူတွေကို ဖြိုခွဲခံရမှုမှာ ထိခိုက်ဒဏ်ရာ ရခဲ့ကြတဲ့ သံဃာတော်တွေထဲက ၅ ပါးလောက်ဟာ ဒဏ်ရာအခြေအနေ ဆိုးဝါးနေတယ်လို့ သိရပါတယ်။
Photo : RFA/ Myo Zaw Ko
ဒဏ်ရာရ သံဃာတော်တစ်ပါးအား မုံရွာဆေးရုံမှ မန္တလေးဆေးရုံသို့ ပြောင်းရွှေ့ကုသရန် ဆောင်ရွက်နေစဉ်

ကြေးနီတောင်သပိတ် ဖြိုခွင်းခဲ့တဲ့ကိစ္စ စစ်တွေမှာ တစ်ကိုယ်တော် ဆန္ဒပြ



2012-12-02
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရပ်တန့်ရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေ နဲ့ ဒေသခံတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ရခိုင်ပြည်နယ် အမျိုးသမီး ကွန်ရက်(ယာယီ)အဖွဲ့ ဥက္ကဌ ဒေါ်ညိုအေးက စစ်တွေမြို့မှာ မနေ့နေ့လည်ပိုင်းက တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။