Tuesday, December 4, 2012

ဘူးသီးတောင်တွင် ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးသူအား ဖမ်းဆီးအရေးယူ


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ရွာရှိ၊ ပွိုင့်(၁၀၃) ဗုဒ္ဓရုပ်ပွားတော်၏ လက်ဝဲဘက်နှင့် လက်ယာဘက်လက်ချောင်းများကို ဒီဇင်ဘာ ၁ရက်နေ့က ချိုးဖဲ့ဖျက်ဆီးခံခဲ့ရ၍ ဖျက်ဆီးသူများကို ချက်ချင်းဖမ်းဆီးကာ စစ်ဆေးအရေးယူလျက်ရှိကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁ရက်နေ့ ညနေတွင် ရေချမ်းပြင်ကျေးရွာအနီး၊ တောင်ကုန်းတစ်ခုပေါ်၌ တည်ထားကိုးကွယ်နေသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ကင်းတောင်ကျေးရွာအုပ်စုနေ ကုလား လာလူး (ဘ) ဆီဒိက်အာမက်က ရိုက်ပုတ်ဖျက်ဆီးနေသည်ကို တွေ့မြင်ရသည့် ရေချမ်းပြင်ကျေးရွာနေ ကုလား အာမိန်နာခါတူ(ဘ) အဘူတာလေက အရပ်လူကြီးများနှင့် ကျေးရွာ အုပ်ချူပ်ရေးမှူးတို့ထံသို့ သတင်းပေးပို့ခဲ့သဖြင့် ကျေးရွာအုပ်ချူပ်ရေးမှူးက သက်ဆိုင်ရာသို့ သတင်းပေးပို့တိုက်ကြားခဲ့ရာ တရားခံအား ချက်ချင်းလာရောက် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

KIA နယ်မြေ၌ စစ်ဆင်ရေး ပြင်းထန်လာနေ


ဒီဇင်ဘာ လဆန်းမှ စပြီး ကချင်ပြည် လွတ်လပ်ရေး တပ်ဖွဲ့ (KIA) နယ်မြေစခန်းသိမ်း တိုက်ပွဲ အပါဝင် အစိုးရ စစ်ဆင် ရေး လှုပ်ရှားမှုများ တိုးတက်များပြား လာခဲ့သည်ဟု KIA စစ်ရုံးချုပ် အရာရှိ တစ်ဦးက ပြောပါသည်။ 
" ဒီဇင်ဘာ (၂) ရက်နေ့က ကျနော်တို့ တပ်ရင်း (၃) ဖြစ်တဲ့ လော့ပွမ်စခန်းကို အစိုးရတပ်မ (၈၈) လက်အောက်ခံ တပ်တွေ က တိုက်ခိုက် သိမ်းပိုက် လိုက်ပါတယ်။ ပြီးတော့ ကချင်ပြည်နယ် အရှေ့ဖက် ပန်းဝါမှာလည်း တနေ့ကို တိုက်ပွဲတွေ (၉) ကြိမ် အထိ ဖြစ်လာတယ်။ တနိုင်းဖက်မှာလည်း ထိုးစစ် စနေပါတယ်။ ဒီတော့ အစိုးရ တပ်ဖွဲ့က ပိုပြီး လှုပ်ရှားလာနေတာ တွေ့ရပါတယ်" ဟု ဆိုပါသည်။

၁၉ နှစ်အောက် အမျိုးသမီးဘောလုံးအသင်း အာရှခြေစစ်ပွဲအောင်ဖို့ အခြေအနေကောင်း



ဗီယက်နမ်နိုင်ငံ ၊ ဟိုချီမင်းမြို့မှာ ကျင်းပနေတဲ့ အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံး ခြေစစ်ပွဲစဉ်တွေမှာ မြန်မာ အမျိုးသမီး အသင်းဟာ ခြေစစ်ပွဲအောင်ဖို့ အိမ်ရှင် ဗီယက်နမ်၊ ထိုင်ဝမ်၊ အိန္ဒိယ စတဲ့အသင်းတွေနဲ့ အပြိုင်ကြိုးပမ်းလျက် ရှိပါတယ်။ မြန်မာအမျိုးသမီး အသင်းဟာ ပထမပွဲစဉ်မှာ အိမ်ရှင် ဗီယက်နမ်အသင်းကို ၂ – ၁ နဲ့ အကြိတ်အနယ် ကစားပြီး အနိုင်ရရှိခဲ့သလို ထိုင်ဝမ်အသင်းနဲ့လည်း ၁ – ၁ စီ သရေကျထားတာကြောင့် ခြေစစ်ပွဲအောင်ဖို့ အခြေအနေ ကောင်းလျက်ရှိနေပါတယ်။

သုဓမ္မာဇရပ်တန်းနှင့် အအေးဆိုင်များ နောက်ကွယ်တွင် အတွဲများ၏ မဖွယ်မရာစခန်းများ အဖြစ်တည်ရှိနေ


သုဓမ္မာဇရပ်တန်းနှင့် အအေးဆိုင်များ နောက်ကွယ်တွင် အတွဲများ၏ မဖွယ်မရာစခန်းများ အဖြစ်တည်ရှိနေမန္တလေးမြို့၏ အထင်ကရ နေရာများ ထဲတွင် သုဓမ္မာ ဇရပ်တန်း တွေ သည်လည်း ပါဝင် ပေသည်။ သမိုင်းဝင် အမွေ အနှစ်များ ဖြစ်သော ကြောင့် နိုင်ငံတော်မှ ပြုပြင် ထိန်းသိမ်း ခဲ့ကြသည်။

တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးအတွက် အခမဲ့စရိတ်ငြိမ်းသင်တန်း ဖွင့်လှစ်နေ

 တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဒေသခံပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့်လူ့အဖွဲ့အစည်း အခမဲ့သင်တန်း အပတ်စဉ်(၃)နှင့် (၄)တက်ရောက်လိုသူများ အနေဖြင့်  လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလအတွက် (၇) ရက်သားသမီးဟောစာတမ်း


၁ ။နွေ သားသမီးများ အလုပ်အကိုင်များအဆင်ပြေချင်သော်လည်း လူယုံ သစ္စာဖေါက်မှုကြောင့် စိတ်ညစ်ရတတ်သည် ။ အလုပ်ထဲတွင်ငွေများမြုတ်နေလိမ့်မည် ယခုလ အတွင်းစွန့် ၂ စား၂ ရင်းနှီးမြှုတ်နှံမှုမလုပ်ပါနှင့် ။ညီအကို ချင်း မောင်နှမချင်း လင်မယားချင်း စကားများရတတ်သည် ။ကြာသပတေးနံသင့်ပစ္စည်းများဝင်လျှင် လက်မခံပါနှင့် အကြီးအကျယ်စိတ်ညစ်ရမည် ။

သီရိလင်္ကာ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုလ်တုကို တရုတ်နိုင်ငံမှ လွှတ်တင်


သီရိင်္လကာသည် နိုင်ငံ သည် နိုင်ငံ၏ ပထမဆုံး ဂြိလ်တုကို တရုတ်နိုင်ငံ ရှိ အာကာသ စင်တာ တစ်ခုမှ နိုဝင်ဘာ ၂၇ ရက်နေ့တွင် လွှတ်တင် ခဲ့ကြောင်း ဒေသတွင်း ကုမ္ပဏီတစ်ခုက ထုတ်ပြန် ကြေညာခဲ့ သည်။
အဆိုပါဂြိုလ်တုလွှတ်တင်မှုကို သီရိလင်္ကာပုဂ္ဂလိကကုမ္ပဏီ Superme SAT နှင့် တရုပ်အစိုးရပိုင် China Great Wall Industry Corpotation တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။သီရိလင်္ကာ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုလ်တုကို တရုတ်နိုင်ငံမှ လွှတ်တင်

ဆံပင်အစားထိုးစိုက် ကုသခြင်း ပြည်တွင်း၌ ဆောင်ရွက်နိုင်ပြီဖြစ်


ယခင်က ပြည်ပ နိုင်ငံတွေ မှာသာ သွားရောက် ပြုလုပ်လို့ ရတဲ့ ဆံပင် အစားထိုးစိုက် ကုသမှုကို အခုအခါ ပြည်တွင်းမှာပါ ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ နိုဝင်ဘာလ ၂၅ ရက်နေ့က Asia Plaza Hotel မှာ ကျင်းပပြု လုပ်ခဲ့တဲ့ သွားလှလှဆံရှည်ရှည်နုပျိုပါစေ ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအရ သိရပါတယ်။

ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း Graffiti ရေးဆွဲခြင်းကို ပိတ်ပင်


ရန်ကုန်မြို့တော် စီပင်သာယာနယ်နိမိတ်အတွင်း ဆေးရောင်စုံနံရံပန်းချီ(Graffiti)ရေးဆွဲခြင်းကို ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၊ ရန်ကုန်မြို့ အမိန့်အမှတ် (၁/၂၀၁၂) အမိန့်ပြဌာန်းချက်အရ သိရှိရသည်။

ကျိုင်းတုံမြို့အဝင် နောင်နွန်း ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် လက်နက်နှင့် ခဲယမ်းများအား ဖမ်းဆီးရမိ


၂၂.၁၁.၂၀၁၂ ရက်နေ့ (၅း၁၅) နာရီ အချိန် ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားလမ်းရှိ ကျိုင်းတုံမြို့ အဝင်၊နောင်နွန်း ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် တာဝန် ကျသည့် ကျိုင်းတုံ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ကျိုင်းတုံမူးယစ်(အထူး)အဖွဲ့၊ သတင်းရဲ တပ်ဖွဲ့၊ လူကုန်ကူး(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မှ ကျိုင်းတုံသို့ ဒေါန(ခ) စိုင်းထွန်း (၃၈)နှစ် မောင်းနှင်၍ ယာဉ်ပိုင်ရှင် ဒေါ်နန်းမိုလင်(၂၆)နှစ် လိုက်ပါ လာသည့် တက/ယာယီ-၂၂၃/၁၂ လိုက်ထရပ် အနီရောင် ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ရှေ့ခန်း ထိုင်ခုံအောက်နှင့် နောက်ခန်းအတွင်းမှ စနိုက်ပါ တပ်လျက် အမျိုးအစား စိစစ်ဆဲသေနတ်(၆)လက်၊ အမ်- ၇၉(၂)လက်၊ဝင်ချက်စတာပြောင်းချော(၆)လက်၊၉ မမပစ္စတို(၄)လက်၊ ၄င်းကျည်(၁၀ဝ)တောင့်၊အသံတိတ် ကိရိယာ(၂)ခု၊ လက်နက်ဖြုတ်/ တပ်ကိရိယာ(၅)ခု၊ ကျည်ထည့် ကရိယာ(၄)ခု၊ ကော်ဆိုဒ်(၂)ခု၊ စနိုက်ပါ သေနတ်ထည့်သားရေအိတ် (၄)ခု၊ ငွေစက္ကူရောရာကျပ်(၄၃၈၅၀ဝိ/)၊မြန်မာလက်ကိုင်ဖုန်း (၁)လုံး၊ထိုင်း လက်ကိုင်ဖုန်း(၁)လုံးတို့အားသိမ်းဆည်းရမိခဲ့သည်။

ထိုင်းသို့ တရားမ၀င် ၀င်ရောက်၍ စံခလဘူရီ၌ အဖမ်းခံရသူများတွင် ကလေးငယ်များပါဝင်


မြန်မာနိုင်ငံဘုရားသုံးဆူမြို့နယ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့  တရားမ၀င်ဝင်ရောက်သူများ၌ အသက်(၁၈) နှစ်မပြည့် သေးသည့် ကလေးငယ်(၁၈)ဦးပါဝင်၍ ထိုင်းနိုင်ငံမှတာဝန်ရှိသူများက ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

သံဃာတော်များအတွက် မန်းအစ္စလာမ်ဘာသာဝင်များမှ သိန်း(၂၀)လှူဒါန်း


လက်ပံတောင်းတောင်သပိတ်စခန်းများ ဖြိုခွင်းမှုကြောင့် မန္တလေးမြို့သို့ လာရောက်ကုသနေသော သံဃာများအတွက် မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များစုပေါင်း၍ ငွေကျပ်သိန်း(၂၀)လှူဒါန်းခဲ့ ကြောင်း သိရသည်။


သံဃာတော်များအတွက် မန်းအစ္စလာမ်ဘာသာဝင်များမှ သိန်း(၂၀)လှူဒါန်း


လက်ပံတောင်းတောင်သပိတ်စခန်းများ ဖြိုခွင်းမှုကြောင့် မန္တလေးမြို့သို့ လာရောက်ကုသနေသော သံဃာများအတွက် မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များစုပေါင်း၍ ငွေကျပ်သိန်း(၂၀)လှူဒါန်းခဲ့ ကြောင်း သိရသည်။


KIAမှ ဆန်နှင့်ငွေ ဆပ်ကြေးကောက်၍ မိုးညှင်းဒေသခံများအခက်တွေ့


ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင်း နေထိုင်သူများထံမှ တစ်အိမ်ထောင်လျှင် ဆန် (၂)တင်းနှင့် ဆား (၂)ပိသာ KIA(104)ဗျူဟာ တပ်သို့ ပေးဆောင်ရန် စာပို့ထားကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအဖွဲ့ထံက သိရှိရသည်။

KIAမှ ဆန်နှင့်ငွေ ဆပ်ကြေးကောက်၍ မိုးညှင်းဒေသခံများအခက်တွေ့


ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင်း နေထိုင်သူများထံမှ တစ်အိမ်ထောင်လျှင် ဆန် (၂)တင်းနှင့် ဆား (၂)ပိသာ KIA(104)ဗျူဟာ တပ်သို့ ပေးဆောင်ရန် စာပို့ထားကြောင်း မိုးညှင်းမြို့နယ် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးအဖွဲ့ထံက သိရှိရသည်။

မန္တလေးက လမ်းဘေး ကလေးများအတွက် သြစီ ဘုရားကျောင်း၏ စေတနာ

နယူးဒေလီ (မဇ္ဈိမ) ။       ။ မန္တလေးမြို့ရှိ အိမ်ယာမဲ့ လမ်းဘေး ကလေးသူငယ်များအတွက် ဂေဟာ နှစ်ခုကို သြစတြေးလျနိုင်ငံမှ Port Life ခရစ်ယာန် ဘုရားရှိခိုးကျောင်းက လာမည့်နှစ်တွင် ဆောက်လုပ် လှူဒါန်းပေးသွားမည် ဟု သိရသည်။

သီးနှံစိုက်ခင်းကျယ်နှင့် ကစားကွင်း အပါအဝင် ကလေး ၁ဝ ဦးထိ စောင့်ရှောက်ခံ နေနိုင်သည့် ဂေဟာများအတွက် မန္တလေးမြေကွက်များ ဝယ်ယူရန် သြစတြေးလျ ဒေါ်လာ ၈၆,ဝဝဝ (အမေရိကန်ဒေါ်လာ ၉ဝ,ဝ၉၃) ကောက်ခံရရှိ ထားပြီး ဖြစ်သည်။ အဆောက်အဦများ ဆောက်လုပ်ရန် လိုအပ်သည့် သြစတြေးလျဒေါ်လာ ၅ဝ,ဝဝဝ အနက် ၂၈,ဝဝဝ ကောက်ခံရရှိထားပြီးဖြစ်သည်ဟု တရားဟောဆရာ Josh Poyzer အား ကိုးကား၍ မလေးရှားနိုင်ငံထုတ် Bernama သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ထို အခြေအနေမဲ့ ကလေးများအား သူခိုးဂျပိုး၊ သူတောင်းစားနှင့် ပြည့်တန်ဆာများအဖြစ် လမ်းဆိုးရောက်မသွားစေရန် ထိန်းသိမ်းတည့်မတ်ပေးလိုသည့် ရည်ရွယ်ရင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ ဘုရားရှိခိုးကျောင်း အဖွဲ့ဝင် ဦးရေ ၃၅ဝ က နောက်ထပ်လိုအပ်မည့် ငွေပမာဏကို စုဆောင်းရှာဖွေလျက်ရှိပြီး ၂ဝ၁၃ ခုနှစ် မကုန်မီ အဆောက်အဦများ ပြီးစီးနိုင်မည်ဟု သိရှိရသည်။

ဒဏ်ရာရ သံဃာများအတွက် တာမွေတွင် လူလေးဦး ဆန္ဒပြ

နယူးဒေလီ (မဇ္ဈိမ) ။        ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်သည့် သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းခဲ့မှုအား ရှုတ်ချပြီး ဒဏ်ရာရ သံဃာများအား လျစ်လျူရှုမှုအား ကန့်ကွက်သည့် ဆန္ဒပြပွဲတခု ရန်ကုန်တိုင်း၊ တာမွေမြို့တွင် အင်္ဂါနေ့ ညနေ ၄ နာရီခွဲခန့်က ၁၅ မိနစ်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွှေပဟို ဆေးရုံဒေါင့်၊ ဗညာဓလ လမ်းမကြီးပေါ်တွင် ပိုစတာများ ကိုင်ဆောင်ဆန္ဒပြသူ လေးဦးက ကြာသပတေးနေ့ အကြမ်းဖက် ဖြိုခွင်းမှုမှ ထိခိုက်ဒဏ်ရာရ ရဟန်းနှင့် ပြည်သူများအပါ် အာဏာပိုင်များက ဂရုစိုက်မှု မရှိ၍ ဆန္ဒပြရခြင်း
ဖြစ်ကြောင်း သွားရောက် သတင်းရယူနေသည့် မဇ္စျိမ သတင်းထောက်က ပြောသည်။

“ကြေးနီစီမံကိန်းနဲ့ ပါတ်သက်ပြီး ကန့်ကွက်ကြောင်း ဆန္ဒပြတာ၊ သူတို့ဒီ စီမံကိန်းနဲ့ ပါတ်သက်ပြီး သံဃာတွေ အရိုက်ခံရတာ၊ ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့ သံဃာတွေကို ဂရုစိုက်မှု မရှိတာနဲ့ ပါတ်သက်ပြီး ဆန္ဒပြတာဗျ” ဟု ဆိုသည်။

လုံခြုံရေး ရဲအချို့ရောက်လာကာ ဆန္ဒပြပွဲအား အဖမ်းအဆီးမရှိဘဲ ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့ကြောင်း သိရသည်။

လက်ပံတောင်း လျော်ကြေးပြဿနာ အလွန်ရှုတ်ထွေးဟု တရုတ်သံအရာရှိ ပြော

နယူးဒေလီ (မဇ္ဈိမ) ။     ။ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဒေသခံများ၏ လျော်ကြေး
တောင်းဆိုမှုများနှင့် ပတ်သက်၍ အလွန်ရှုတ်ထွေးသော အခြေအနေတရပ်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံ သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုသည်။

မိုးထိမိုးမိ လုပ်သားခေါင်းဆောင်များ ရုံးချိန်းတွင် ပုဒ်မ ထပ်တိုးခံရ

စံခလပူရီ (မဇ္ဈိမ) ။        ။ အဖမ်းခံထားရသည့် မိုးထိမိုးမိ ရွှေလုပ်သားခေါင်းဆောင် လေးဦးကို နိုင်ငံတော် ဆူပူရန် လှုံ့ဆော်မှုဖြင့် တရားစွဲဆိုထားရာမှ အင်္ဂါနေ့ ရုံးချိန်းတွင် အခြား အမှုတမှုဖြင့် ထပ်မံ စွဲဆိုလိုက်ကြောင်း တရားခွင်သို့
ရောက်ရှိခဲ့သူများက ပြောသည်။

ဒဏ်ရာရ သံဃာများ ကုသရေး ရွှေညဝါဆရာတော်၏ ထိုင်းနိုင်ငံ တရားပွဲ ခရီးစဉ်

စံခလပူရီ (မဇ္ဈိမ) ။        ။ လက်ပန်းတောင်း သပိတ်စခန်း ဖြိုခွင်းခံရစဉ်က ဒဏ်ရာ ရရှိခဲ့သော ကိုယ်တော်များ
ဆေးဝါး ကုသနိုင်ရန်အတွက် ထိုင်းနိုင်ငံတွင်း တရားပွဲများ လှည့်လည် ဟောပြောခြင်းဖြင့် ကုသိုလ်ပြုရန် ရွှေညဝါ ဆရာတော် က စီစဉ်ထားသည်။

နိုင်ငံခြားနှင့် မြန်မာ အဆိုတော်များ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဂီတဖျော်ဖြေပွဲ

စံခလပူရီ (မဇ္ဈိမ)။   ။ လူကုန်ကူးမှု အသိပညာပေး နိုင်ရန်အတွက် နိုင်ငံခြားနှင့် မြန်မာ တေးဂီတဝိုင်းများ၏ အခမဲ့ ဂီတဖျော်ဖြေပွဲတခုကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ဒီဇင်္ဘာလ ၁၆ ရက်နေ့တွင် ပြုလုပ်မည်ဟု သိရသည်။ 

UNODC အမှုဆောင် ညွှန်မှူးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ



2012-12-04
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တားဆီးကာကွယ်ရေးရုံး UNODC အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ Yury Fedotov ဟာ ပြီးခဲ့တဲ့ စနေနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာက ဖေါ်ပြပါတယ်။

အစိုးရနဲ့ ကေအိုင်အေ တပ်တွေ တိုက်ပွဲဖြစ်ရာမှာ ရွာသားတစ်ဦးသေဆုံး



2012-12-04
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကနေ တနိုင်းဘက်ကို ရိက္ခာသယ်ယူ ပို့ဆောင်နေတဲ့ အစိုးရတပ်ယာဉ်တန်း ကို ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ရွာအဝင် လီဒို လမ်းမပေါ်မှာ ကေအိုင်အေဘက်က ပစ်ခတ်မှုကြောင့် အစိုးရတပ်က ပြန်လည် ပစ်ခတ်ရာမှာ မူလတန်းကျောင်းသား ၂ယောက်နဲ့ အမျိုးသမီး ၁ ဦး ကျည်ထိမှန်ပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံး ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

စစ်တွေ လူငယ်တွေ့ဆုံပွဲက ရရှိတဲ့ အချက်တွေကို အစိုးရထံ တင်ပြသွားမည်



2012-12-03
ရခိုင်ပြည်နယ် စစ်တွေမြို့ ဝံလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရုံး မှာ ဒီဇင်ဘာလ ၁ ရက်နေ့ ကနေ ၂ ရက်နေ့ အထိ ၂ ရက်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲကနေ အတည်ပြု ရရှိ လာတဲ့ အချက်အလက်တွေကို အစိုးရထံ တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။

ဗဟိုဘဏ် ဥပဒေမူကြမ်း ပုဂ္ဂလိကဘဏ်တွေနဲ့ ဆွေးနွေး



2012-12-03
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်တွေ နဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ရန်ကင်းမြို့နယ်ထဲက မြန်မာနိုင်ငံဘဏ်များအသင်းမှာ မနေ့ကကျင်းပခဲ့ပါတယ်။

လက်ပန်းတောင်းတောင် အရေး ဆန္ဒဖေါ်ထုတ်သူတွေကို ရုံးတင်စစ်ဆေး


လက်ပန်းတောင်းတောင် အရေး ဆန္ဒဖေါ်ထုတ်သူတွေကို ရုံးတင်စစ်ဆေး

2012-12-03
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းဖို့အတွက် ရန်ကုန်မြို့မှာ ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်အဖွဲ့ဝင် ကိုဝေဠု အပါအဝင် ဆန္ဒပြခေါင်းဆောင် (၆)ဦးကို ကျောက်တံတား တရားရုံးနဲ့ ပန်းပဲတန်း တရားရုံးမှာ ဒီဇင်ဘာလ ၃ ရက်နေ့က ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေး ခဲ့ပါတယ်။

လက်ပံတောင်းတော် ဒေသခံသံဃာတော်များ၏ သဘောထားထုတ်ပြန်ချက်


၁။အမျိုးဘာသာ သာသနာကိုငြိမ်းချမ်းစွာဖြင့် ကာကွယ်စောင့်ရှောက်နေသော သံဃာတော်များနှင့်ပြည်သူလူထု ကိုမီးလောင်စေတတ်သော ဓာတုဗေဒပစ္စည်းများ ကိုအသုံးပြုလျက် အကွက်ကျကျ ကြိုတင်ပြင်ဆင်ပြီး ဥပဒေမဲ့ လူမဆန်စွာအကြမ်းဖက်ဖြိုခွဲ ဖျက်ဆီးခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။

၂။ယခုကဲ့သို့မီးလောင်စေတတ်သော ဓာတုဗေဒပစ္စည်းများကို အသုံးပြုလျက်အကွက်ကျကျကြိုတင်ပြ
်ဆင်ပြီး ဥပဒေမဲ့လူမဆန်စွာ အကြမ်းဖက်ဖြိုခွဲ ဖျက်ဆီးခြင်းသည် နိုင်ငံတော်သမ္မတကြီး၏ "ကောင်းသောအစိုးရ သန့်ရှင်းသော အစိုးရ"ဟုကမ္ဘာသိကြွေးကြော်သံနှင့် လုံးဝဆန့်ကျင်နေ၍ အကြမ်းဖက်မှု၌ တာဝန်ရှိသူအားလုံး ကိုဒီမိုကရေစီအစိုးရမှ အပြီးအပိုင်ထုတ်ပယ်၍အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရန်။

၃။အကြမ်းဖက်မှုကိုဆန္ဒပြ ဆန့်ကျင်၍ ဖမ်းဆီခံထားရသူ အားလုံးကို ချွင်းချက်မရှိလွှတ်ပေးရမည်။

၎။ဒဏ်ရာရသူများ၏ ဆေးကုသရေးနှင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် တာဝန်ယူရမည်။

၅။မီးလောင်ဗုံးများသည် နိုင်ငံတကာစစ်ပွဲများတွင် သုံးစွဲမှုကိုပင် ကုလသမဂ္ဂမှကန့်ကွက်ထားသည်ကိုမျက် ကွယ်ပြုကာအကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒပြနေသောရတနာသုံးပါးအဝင် သံဃာတော်များ၏အပေါ်သုံးစွဲ ခြင်းမှာကမ်းကုန်အောင် ယုတ်မာမှုဖြစ်၍နိုင်ငံတော်၏အကြမ်းဖက်ဝါဒ(STATE TERRORISM)ဖြစ်သည်ဟု ခံစားမိသည်။

၆။မြန်မာတစ်နိုင်ငံလုံးရှိရဟန်းရှင်လူ ပြည်သူအားလုံးတောင်းဆိုနေသည့်လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကိုလုံးဝဖျက်သိမ်းပေးရမည်။

၇။အထက်ဖော်ပြပါတောင်းဆိုချက်များကိုလျှင်မြန်စွာဆောင်ရွက်မပေးပါက "ပြည်သူနှင့်သံဃာကြည်ဖြူစွာ လက်တွဲ၍ဆက်လက်ဆောင်ရွက်သင့်သည့် အချိန်၌ ဆက်လက်၍ဆောင်ရွက်သွား မည်"ဖြစ်ပါကြောင်း ကြေငြာ အပ်ပါသည်။

မျိုးချစ်စိတ်ရှိသော ဘာသာသာသနာကိုမြတ်နိုးစိတ် ရှိသောပတ်ဝန်းကျင် ဆိုးကျိုးသက်ရောက်မှုကိုကာကွယ်လို စိတ်ရှိသော ပြည်သူဒီမိုကရေစီ အစိုးရအမှန်ဖြစ်ပါလျှင် ယင်းကိစ္စများကို တာဝန်ယူလုပ်ကိုင်နိုင်စွမ်း ရှိလိမ့်မည် ဟုယုံကြည်၍ မိမိတို့သဘောထားများကို အသိပေးကြေငြာလိုက်ပါသည်။

လက်ပံတောင်တောင်းဒေသခံသံဃာတော်များ

စစ်တွေမြို့မှ အမျိုးသမီး တစ်ဦး လက်ပံတောင်းတောင် အကြမ်းဖက် နှိမ်နင်းမူကို မကျေနပ်၍ တကိုယ်တော် ဆန္ဒပြ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်နေသည့် သံဃာတော်များနှင့် ဒေသခံများကို အာဏာပိုင်များက အကြမ်းဖက် ဖြိုခွင်းခဲ့သည့် အပေါ် ရှုတ်ချ ကန့်ကွက်သည့် အနေဖြင့် စစ်တွေမြို့တွင် အမျိုးသမီး တစ်ဦးက တစ်ကိုယ်တော် ဆန္ဒပြသည်။
တစ်ကိုယ်တော် ဆန္ဒပြသူမှာ စစ်တွေမြို့မှ အမျိုးသမီးအရေး လှုပ်ရှာနေသူတစ်ဦး ဒေါ်ညိုအေး ဖြစ်သည်။ သူမသည် ဆိုင်းဘုတ် တစ်ခုအား ကိုင်ဆောင်ပြီး  ယန့ နေ့လည် ၂ နာရီခွဲမှ ၄ နာရီအထိ စစ်တွေမြို့  လောကာနန္ဒာစေတီမှ လမ်းမကြီးအတိုင်း လမ်းလျှောက် သွားပြီး နာရီစင်ဝိုင်းမှ တစ်ဆင့် မောလိပ် ရပ်ကွက်ကို ဖြတ်ကာ မင်းဘာကြီးလမ်းရှိ ရခိုင်ပြည်နယ် အမျိုးသမီးများကွန်ယက်ရုံးထိ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဝ နှင့် မိုင်းလားနယ်မြေသို့ ဦးအောင်မင်းရောက်ရှိ

မြန်မာအစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့ အထူးဒေသ ၂ ဌာနချုပ် ပန်ဆန်း နှင့် အထူးဒေသ ၄ မိုင်းလားမြို့သို့  လည်ပတ်ရန် ယနေ့နေ့ခင်းပိုင်း၌ ရဟတ်ယာဉ်နှစ်စီးဖြင့် ရောက်ရှိလာကြောင်း တရုတ်နယ်စပ်သတင်းရပ်ကွက် ကပြောသည်။

ဝန်ကြီး ဦးစိုးသိန်း တို့ စင်္ကာပူ လေ့လာရေးသွား


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း နှင့် အဆင့်မြင့် ဝန်ကြီးအချို့၏ စင်္ကာပူ လေ့လာရေးခရီးကို တနင်္လာနေ့တွင် စတင်လိုက်သည်။
ငါးရက်တာ ခရီးစဉ်တွင် ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတဦးလည်းဖြစ်၊ အာရှပစိဖိတ်ဒေသ စီးပွားရေးနှင့်

ရွှေဝါရောင် ဦးဆောင်ကိုယ်တော် ထပ်မံထိန်းသိမ်းခံရ

၂ဝဝ၇ ခုနှစ်၊ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ဦးဆောင်ကိုယ်တော် အရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင် အား စနေနေ့ညက ထပ်မံထိန်းသိမ်းလိုက်ကြောင်း မိခင်ဖြစ်သူ ဒေါ်ရေး က ပြောသည်။
Ashin-Gambia
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ကိုယ်တော် အရှင်ဂမ္ဘီရ (ခ) ကိုညီညီလွင် အားစနေနေ့ညက ထပ်မံထိန်း သိမ်းခံရ

ဆက်သွယ်ရေးဥပဒေကြမ်း အကြံပြုဆွေးနွေးပွဲကျင်းပ ၀န်ကြီးဌာနက လွှမ်းမိုးချုပ်ကိုင်လွန်းနေသော အချက်၊ လွတ်လပ်စွာ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်၊ ပြစ်မှုနှင့်ပြစ်ဒဏ်များတွင် ပါဝင်သောအချက်များနှင့် ပတ်သက်၍ ထည့်သွင်းအကြံပြုခဲ့ကြ

3






ဆက်သွယ်ရေးဥပဒေကြမ်း အကြံပြုဆွေးနွေးပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့က MICTDC  ရှိ Conference Hall တွင် ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဥပဒေရေးရာ တာဝန်ရှိသူများ၊

ဆယ်စုနှစ် နှစ်ခုကျော်အကြာ ပထမဆုံး ဆန္ဒပြသော တရုတ် အလုပ်သမားများကို စင်ကာပူ နှင်ထုတ်


စင်္ကာပူ နိုင်ငံ၌ ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရားမဝင် ဆန္ဒပြမူပြုလုပ်ခဲ့သော တရုတ်နိုင်ငံသား ခရီးသည်ယာဉ် မောင်း သမား ၂၉ ဦးကို နိုင်ငံတွင်းမှ နှင်ထုတ်ခဲ့ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

အန်တီစု၊ ဘင်္ဂါလီနှင့် သန်း ၂၀ ၏ မနက်ဖြန်



ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီ ဆိုတဲ့ စာအုပ်ကို ဖတ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကတော့ မြန်မာပြည်မပါလို့ တွေးခဲ့တာ ရှိပေမယ့် နှေးလွန်းလို့။ အခုတော့ ကမ္ဘာတကယ်ပြားသွားပြီ။ တစ်နေ့ တစ်နေ့ ဂျပန်က သူငယ်ချင်း၊ အမေရိကားက သူငယ်ချင်း၊ မန္တလေးက သူငယ်ချင်းတွေနဲ့ ပြောနေ ဆိုနေ လိုက်တာ၊ လူချင်းလည်း မသိ။ နေရာဌာန အကွာအဝေး ဆိုတာကို အင်တာနက်ကြီးက ချုံ့ချ ပစ်လိုက်တာ ဘေးချင်းကပ်ပဲ ရှိနေ သ

စုံစမ်းစစ်ဆေးရေးကော်မရှင်ပြင်ဆင်ဖွဲ့စည်းခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၉၅ / ၂၀၁၂
၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်
(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်)

စုံစမ်းစစ်ဆေးရေးကော်မရှင် ပြင်ဆင်ဖွဲ့စည်းခြင်း

ကော်မရှင်အသစ်ကို ပြည်သူ့အသံဖြင့် ကူညီမည့် (၈၈)မျိုးဆက်




 
နိုင်ငံတော်မှ ပြင်ဆင်ဖွဲ့စည်းသည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့အသစ်၌ (၈၈)မျိုးဆက်ကျောင်းသားများ ပါဝင်ခြင်း မရှိသော်လည်း ပြည်သူ့အသံဖြင့် ကော်မရှင်အား အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကန်ဒေါ်လာတစ်ထောင်ဝန်းကျင် ဈေးမြင့်လာသည့် ငါးရှဥ့်ဈေးကွက်


ပြည်တွင်းငါးရှဥ့်ဈေးကွက်၌ လပိုင်းအတွင်း တစ်တန်လျှင် ကန်ဒေါ်လာ (၁၀၀၀)ကျော်အထိ ဈေးနူန်းမြင့်တက်လာပြီး အမြင့်ဆုံးဈေးဖြင့် အရောင်းအ၀ယ်ပြုလုပ်နေရကြောင်း ငါးရှဥ့်လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။
 

ဟိုတယ်ဆောက်ရန် အ၀ယ်လိုက်နေသည့် ဖရဲတောင်အိမ်ခြံမြေဈေးကွက်


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဟိုတယ်လုပ်ငန်းများလုပ်ကိုင်ရန် အိမ်၊ ခြံမြေ၀ယ်ယူမှုများကြောင့် အရောင်းအ ၀ယ်ဖြစ်ပေါ်လျှက်ရှိကြောင်း တောင်ကြီး အိမ်ခြံမြေအကျိုးဆောင်များထံက သိရှိရသည်။

ကိုင်းမြေတရားဝင်လုပ်ကိုင်ခွင့်ရရှိရေး ရေကြည်ပဲစိုက်တောင်သူများ ဆန္ဒထုတ်ဖော်


 
 တောရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးစားသောက်ခဲ့သောကိုင်းမြေဧက (၇၅၀)အား တရားဝင်လုပ်ကိုင်ခွင့်ရရှိရန် အတွက်ရေကြည်  မြို့နယ်အတွင်း ကျေးရွာအချို့မှ လယ်သမား(၁၃၀)ခန့်က ဒီဇင်ဘာ(၂)ရက်နေ့နေ့လည်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။