Wednesday, December 5, 2012

ကျောက်ဖြူ မဒေးကျွန်း တရုတ် စီမံကိန်းတွင် အသက် ၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် တရုတ်မှ ပြုလုပ်နေသော ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း၌ အသက် (၇) နှစ် အမျိုးသမီးငယ် တစ်ဦး လွန်ခဲ့သော နှစ်ရက်က  မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။
ဗမာချေ (ခေါ်) ကတုံးအား ရဲက ကျောက်ဖြူသို့ ခေါ်ယူလာစဉ် (ဓါတ်ပုံ- Coral Arakan)
အသတ်ခံရသူ အမျိုးသမီးငယ်မှာ ကျောက်ဖြူမြို့နယ် မီးကျောင်းရေသောက် ကျေးရွာမှ ဦးချမ်းမောင်၏ သမီး အသက် ၇ နှစ် အရွယ် စုမြစိုးစံ (ခေါ်) မေကြီးဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့နယ် အရေးအခင်းတွင် ပါဝင်ပတ်သက်မှု မရှိသူများကို ရဲသားများ လိုက်လံ ဖမ်းဆီးနေ


ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့၊ မြောက်ဦးမြို့နယ် ပန်းမြောင်းကျေးရွာ အရေးအခင်းတွင် ပါဝင်သူများကို သာမကပဲ ပါဝင်ပတ်သက်မှုမရှိသူများပါ ရခိုင်ပြည်နယ် ဒု-ပြည်နယ်မှူးမှ နာမည်စရင်းများကိုပေးပြီး ရဲ ကွပ်ကဲရေးမှူးနှင့် ရွာဥက္ကဌကို ဖမ်းဆီးကာပို့ခိုင်းနေကြောင်း သိရသည်။

အဂတိလိုက်စားမှု အများဆုံးနိုင်ငံစာရင်းထဲမှာ မြန်မာပါရှိ



2012-12-05
၂ဝ၁၂ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံရဲ့ အဂတိလိုက်စားမှု အခြေအနေကို လေ့လာရာမှာ မြန်မာ နိုင်ငံဟာ အဆိုးဝါးဆုံးနိုင်ငံထဲမှာ ပါရှိနေတာတွေ့ရပါတယ်။ နိုင်ငံတွေရဲ့ ပွင့်လင်းမြင်သာမှုနဲ့ အဂတိလိုက်စားမှု အခြေအနေ ကို လေ့လာတဲ့အဖွဲ့Transparency International ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာဖြစ်ပါတယ်။

ဆီတွဲ မီးလောင်မှုကြောင့် ဒဏ်ရာရခဲ့ သူများကို အရေပြား အစားထိုး ခွဲစိတ်မှု ပြုလုပ်ပေးသွားမည်


စစ်ကိုင်း ဆီတွဲ မီးလောင်မှုကြောင့် ဒဏ်ရာ ရရှိခဲ့သူများ အနက် ကန့်ဘလူ ဆေးရုံတွင် ကျန်ရှိလူနာ၈ဦး မှ ၅ဦးနှင့် ဆေးရုံမှ ဆင်းသွား သူ၃ဦးတို့ကို ယခုတစ်ပတ်အတွင်း အရေပြားအစားထိုးခွဲစိတ်မှုပြုလုပ်ပေးသွားမည်ဟု ကန်ဘလူ ဆေးရုံ ခွဲစိတ် ဆရာဝန်အောင်ကျော်သန်းက ပြောသည်။ ကန်ဘလူ ဆေးရုံတွင် မီးလောင်ဒဏ်ရာရလူနာ၈ဦးအနက် ၃ဦးမှာ စိုးရိမ်ဖွယ် အခြေအနေရှိနေဆဲဖြစ်ကြောင်း၎င်း ကပြောသည်။
ဆီတွဲ မီးလောင်မှုကြောင့် ဒဏ်ရာရခဲ့ သူများကို အရေပြား အစားထိုး ခွဲစိတ်မှု ပြုလုပ်ပေးသွားမည်

လက်ပံတောင်းတောင် ဒေသခံ သံဃာ တော်များ၏ သဘောထား ထုတ်ပြန်ချက်


၁။အမျိုးဘာသာ သာသနာကို ငြိမ်းချမ်းစွာဖြင့် ကာကွယ် စောင့်ရှောက် နေသော သံဃာတော် များနှင့် ပြည်သူလူထုကို မီးလောင် စေတတ်သော ဓာတုဗေဒ ပစ္စည်းများ ကိုအသုံးပြုလျက် အကွက်ကျကျ ကြိုတင်ပြင်ဆင်ပြီး ဥပဒေမဲ့ လူမဆန်စွာအကြမ်းဖက်ဖြိုခွဲ ဖျက်ဆီးခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။
 လက်ပံတောင်းတောင် ဒေသခံ သံဃာ တော်များ၏ သဘောထား ထုတ်ပြန်ချက်

ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များ ရွာသာကြီးတွင် ယာဉ်မှတ်ပုံတင်များ လုပ်ဆောင်ပေးမည်


ယခင်က ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ မြင်သာရုံးတွင် ယာဉ်မှတ်ပုံ
တင်ခြင်း လုပ်ငန်း လုပ်ဆောင်ပေးနေသည့် ခရီးသည် တင် ယာဉ်နှင့် ကုန်တင်ယာဉ်များကို ဒီဇင်ဘာ ၃ ရက်နေ့မှစပြီး အဆိုပါ ဦးစီးဌာန ရွာသာကြီးတွင် စတင် ပြုလုပ်ပေးနေပြီဖြစ်ကြောင်း ယင်းဦးစီး ဌာန၊ နေပြည်တော် ရုံးချုပ်၏ သတင်းပေးပို့ချက် အရသိရသည်။ အငှားယာဉ်ကြီးများ ဖြစ်သော ခရီးသည်တင်(ဘတ်စ်)နှင့် ကုန်တင်ယာဉ် (ထရပ်)များ ကို ကနဦး မှတ်ပုံတင်ခြင်း လုပ်ငန်းဖြစ်သော နံပါတ်ပေးခြင်း၊ ယာဉ်စစ်ဆေးခြင်းနှင့် ယာဉ်မှတ်ပုံတင်စာအုပ် သက်သေခံ လက်မှတ်များ ထုတ်ပေးခြင်း များကို ယခု လဆန်းမှစ၍ စတင် လုပ်ဆောင်ပေးနေပြီဖြစ်ကြောင်း သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။ 

လေးနှစ် အရွယ် ကလေးငယ် ဆင်နင်း၍ သေဆုံး


ပဲခူးရိုးမ အနီး တိုက်ကြီး မြို့နယ် ရွှေမြိုင်သာယာ ကျေးရွာတွင် ဒီဇင်ဘာ ၂ ရက်နေ့ ည ၁၀ နာရီ အချိန် ခန့်က ဆင်ရိုင်း တစ်ကောင် ဝင်ရောက် နှောက်ယှက်မှု ကြောင့် ၄ နှစ် အရွယ် ကလေး တစ်ဦး ဆင်းနင်း၍ သေဆုံး သွားကြောင်း ယင်း ဒေသခံ များက ပြောကြားသည်။
သေဆုံးသူ မောင်ပိုးချစ်၏ ခြံဝိုင်း အတွင်းသို့ ဆင်းရိုင်း ဝင်လာစဉ် ဖခင် ဦးမြင့်ကျော်ဦး က ပြန်လည် ထွက်သွားရန် ဒန်အိုးများ တီး၍ ခြောက်လှန့် နေစဉ် လေးနှစ် အရွယ် မောင်ပိုးချစ်သည် ကြောက်လန့်ပြီး အိမ်ထဲမှ ထွက်ပြေးစဉ် နေအိမ် အရှေ့ ၁၀ ပေ အကွာတွင် ဆင်နင်း ခံရသော ကြောင့် ဦခေါင်း ကွဲကြေ ဒဏ်ရာဖြင့် သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ အဆိုပါ ဆင်မှာ ဟိုင်းဆင်ဟု ယူဆ ရပြီး အရပ်၁၂ ပေခန့်မြင့်ကာ ည ၈ နာရီခွဲ အချိန် ခန့် ကပင် ရွာထဲသို့ ဝင်ရောက် နှောက်ယှက်ကာ ည ၁၀ နာရီ အချိန်ခန့်တွင် မောင်းပိုးချစ်တို့ ခြံဝန်း ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
၎င်းဖြစ်စဉ်ကို တိုက်ကြီး ရဲတပ်ဖွဲ့ စခန်း မှ ( ပ ) ၁၄ / ၁၂ ဖြင့် အမှုဖွင့် စုံစမ်းလျက် ရှိကြောင်း ရဲတပ်ကြပ် တစ်ဦးက The Voice Weekly ၏ မေးမြန်မှုကို ပြန်လည် ဖြေကြားသည်။ ၄င်းကျေးရွာတွင် လူနေ အိမ်ခြေ ၁၅ လုံး အောက်သာ ရှိပြီး တိုက်ကြီး မြို့နယ် ရဲတပ်ဖွဲ့ စခန်းနှင့် ၁၂ မိုင်ခန့် ကွာဝေးကြောင်း၊ ၄င်းနှင့် နီးစပ်သည့် ရွာများ တွင်လည်း မကြာခဏ တောဆင် ရိုင်းများ ဝင်ရောက် နှောက်ယှက်မှု ရှိကြောင်း အဆိုပါ ရဲတပ်ကြပ်မှ ထပ်မံ ပြောကြားသည်။

အလေးချိန်ပေါင် ၁၀ဝ၀ ရှိတဲ့ ရှားမှရှားတူနာငါး

အလေးချိန်ပေါင် ၁၀ဝ၀ ရှိတဲ့ ရှားမှရှားတူနာငါး
ဘယ်ငါးဖမ်း သမားမဆို ငါး ကြီးကြီး ဖမ်းမိရင် လက်ခမောင်း ခတ် ပြီး ပျော်ကြတာ ချည်းပါပဲ။ ဒါပေမဲ့ မက်တာဝါ ၃၀ နှစ်ရဲ့ အပျော်က တခြား ငါးဖမ်း သမားတွေ ထက် အဆ ထောင်ပေါင်းမက ပိုခဲ့တယ်လို့ ဆိုရမှာ ပါ။

မိုဘိုင်းဖုန်းများ နောက်နှစ် ပထမ လေးလပတ် အတွင်း ဈေးချမည်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိ ချထား ပေးနေသော မို ဘိုင်းဖုန်းများ ဈေးနှုန်းကို လျှော့ချပေးမည် ဖြစ်ပြီး လာမည့် ၂၀၁၃ ခုနှစ် ပထမ လေးလပတ် အတွင်း ဈေးနှုန်းများကို လျှော့ချပေးမည် ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မိုဘိုင်းဖုန်းများကိုဈေးနှုန်းလျှော့ချရာတွင် နောက်နှစ်ဧပြီလ မတိုင်မီ လျှော့ချသွားမည်ဖြစ်ပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ တစ်လ လတွင် လျှော့ချပေးသွားမည်ဖြစ်သည်ဟု သိရပြီး လျှော့ချမည့်ဈေးနှုန်းမှာ ၁၅၀çဝ၀ဝ အောက်တွင်သာ ရှိမည်ဖြစ်ပြီး ထို့ထက်လည်း ပိုမိုဈေးကျသွား နိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။

အင်ဒို နီးရှားတွင် မီးတောင် တစ်လုံး ပေါက်ကွဲ သဖြင့် သတိ ပေးချက်များ ထုတ်ပြန်ခဲ့


အင်ဒိုနီးရှား နိုင်ငံ North Sulawesi မြို့မှ Lokon မီးတောင် သည် နိုဝင်ဘာလ ၂၈ ရက်
နေ့က ပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ ပြာခိုးများသည် အထက် ၃.၅ ကီလိုမီတာအထိ လွင့် ထွက်သွားကြောင်းသိရသည်။
 အင်ဒိုနီးရှားတွင် မီးတောင်တစ်လုံး ပေါက်ကွဲသဖြင့် သတိပေးချက်များ ထုတ်ပြန်ခဲ့

ရိုဟင်ဂျာဟု တောင်းဆိုမှုများကြောင့် ပေါက်တောမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီ ရှိ၊ မရှိ စစ်ဆေးခြင်း နှောင့်နှေးနေ


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီ ရှိ၊ မရှိ စစ်ဆေးခဲ့ရာတွင် ရိုဟင်ဂျာဟု တောင်းဆိုနေမှုများကြောင့် စစ်ဆေးမှုများ နှောင့်နှေးနေခဲ့ရကြောင်း သတင်းရရှိပါသည်။
စစ်ဆေးရာတွင် အသက် ၁၈ နှစ် ပြည့်သူ ဘင်္ဂါလီများ၏ ဘိုးဘွားများ၊ အဖေအမေများ၏ မွေးရာဇာတိ၊ လုပ်ကိုင်ခဲ့သော အလုပ်အကိုင်၊ သေဆုံးခဲ့သောနေရာ အစရှိသည်များကို မေးမြန်းခြင်းသာဖြစ်ပြီး ယင်းမေးမြန်းချက်များကို လ၀ကအဖွဲ့မှ မှတ်တမ်းတင် ရေးသားခြင်းမျိုးဖြစ်ကြောင်းလည်း သိရသည်။ သို့ရာတွင် ဘင်္ဂါလီများသည် ၈၂ ဥပဒေအတိုင်း မျိုးဆက်သုံးဆက်အထိကို စစ်ဆေးမည်ဖြစ်သဖြင့် လက်မှတ်မထိုးဘဲ ရိုဟင်ဂျာဟုသာ လက်မှတ်ရေးထိုးပေးရန်နှင့် မှတ်တမ်းတင်ပေးရန် တောင်းဆိုမှုများရှိခဲ့ကြောင်းလည်း သိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့မှစပြီး နမ္မတီး-တနိုင်းလမ်းတွင် အစိုးရတပ်များနှင့် ကေအိုင်အေအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ


thn-5-12-12-1
နှောင်းမှီလယ်ကွင်းတွင် ဒဏ်ရာရသော ကလေးငယ်တစ်ဦးအား မြစ်ကြီးနားဆေးရုံတွင် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်
ကချင်ပြည်နယ်အတွင်း နမ္မတီး-တနိုင်းလမ်းတွင် နိုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ ဒီဇင်ဘာလ ၃ ရက်နေ့အထိ တပ်မတော်နှင့် KIA အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရပြီး ဒီဇင်ဘာလ ၃ ရက် နံနက်က ကြက်ဥတောင်အနီး နောင်းမှီလယ်ကွင်းတွင် စပါးရိတ်နေသော လယ်သမားမိသားစု အပစ်ခံရကာ ၁၂ နှစ် အရွယ် ကလေးငယ်တစ်ဦး ညာဘက် တံတောင်ဆစ်တွင် ကျည်ဆံထိမှန်ပြီး မြစ်ကြီးနားဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိပါသည်။

 လှည်းတန်းခုံးကျော်တံတားအား ၂၀၁၃ ခုနှစ် ဧပြီလကုန်၌ အပြီးသတ်ဆောက်လုပ်နိုင်ရန် ဆောင်ရွက်မည်ဟု သိရ


56
လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရေးလုပ်ငန်းအား ဒီဇင်ဘာလ ၁ ရက်နေ့ကတွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် တည်ဆောက်နေသည့် လှည်းတန်းခုံးကျော်တံတားအား လာမည့် ၂၀၁၃ ခုနှစ် ဧပြီလကုန်တွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော လှည်းတန်းခုံးကျော်တံတားနှင့် ပတ်သက်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် တံတားအား တာဝန်ယူတည်ဆောက်နေသည့် ရွှေတောင်ကုမ္ပဏီမှ အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးခင်မောင်ဦးက ပြောကြားခဲ့ပါသည်။

 ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဒေသခံလူထုနှင့်တွေ့ဆုံကာ လက်ပံတောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လုပ်ငန်းစတင်


ဒီဇင်ဘာလ ၅ရက်နေ့တွင် ဒေသခံလူထုနှင့်တွေ့ဆုံကာ လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်၏ လုပ်ငန်းစတင်ခဲ့ကြောင်း အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ပုလဲမြို့နယ် မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြော ကြားခဲ့သည်။

 တရုတ်-မြန်မာ ကုန်သွယ်မှုလမ်းတစ်လျှောက် အဖွဲ့ဖြင့် မှောင်ခိုဖမ်းဆီးရာ တစ်နိုင်တစ်ပိုင် ကုန်သည်လေးများသာ အများဆုံးဖမ်းမိ



ha-5-12-3
တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းလာသော ကျန်းမာရေးအာမခံချက်မရှိသည့် စားသောက်ကုန်များကို သိမ်းဆည်းပြီးဖျက်ဆီးစဉ်
တရုတ်-မြန်မာ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် (မူဆယ်ကုန်သွယ်ရေး လမ်းကြောင်း) တွင် တရားမဝင် ကုန်သွယ်မှုများအား Mobile Team ဖွဲ့ကာ စိစစ်ရာ၌ တစ်နိုင်တစ်ပိုင် ကုန်သည်လေးများ အများဆုံးဖမ်းမိကြောင်း သိရသည်။

 WiMax အင်တာနက်လိုင်း၏ ကနဦးတပ်ဆင်ခနှုန်းထားကို ကျပ် ၆၃၀၀၀၀ မှ ကျပ် ၄၅၀၀၀၀ သို့ ဒီဇင်ဘာ ၆ ရက်မှစ၍ လျော့ချ


59
ကနဦးတပ်ဆင်ခကျပ် ၃၆၀၀၀၀ ဖြင့်ရောင်းချစဉ်က ၀ယ်ယူရန် လာရောက်ကြသူများကိုတွေ့ရစဉ်
WiMax အင်တာနက်လိုင်း၏ ကနဦးတပ်ဆင်ခနှုန်းထားကို ယခင် ကျပ် ၆၃၀၀၀၀ မှ ယခု ကျပ် ၄၅၀၀၀၀ သို့ လျော့ချလိုက်ပြီး လစဉ်ကြေးနှုန်းထားနှင့် Plan အလိုက် ဈေးနှုန်းများမှာမူ အပြောင်းအလဲမရှိကြောင်း သတင်းရရှိသည်။

မင်းပြားမြို့မှာ အကြမ်းဖက်မီးရှို့မှုနဲ့ ဆက်စပ်ပြီး စတင်စစ်ဆေးနေ