Tuesday, December 11, 2012

အစိုးရမှ အချက်(၃)ချက် မလိုက်လျောခြင်းကြောင့် တစ်တိုင်းပြည်လုံးရှိသံဃာများ ဆန္ဒပြမည်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းအားအကြမ်းဖက်ဖြိုခွင်းခဲ့ရာတွင် ဒဏ်ရာရသံဃာများကိုသက်ဆိုင်ရာ တာဝန်ရှိသူများမှ တစ်စုံတစ်ရာလိုက်လျောခြင်းမရှိခြင်းကြောင့် ဒီဇင်ဘာ (၁၂)ရက်နေ့တွင် မြန်မာနိုင်ငံရှိသံဃာများ ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်သည်ဟုကျန်းမာရေးပြုစုစောင့်ရှောက်မှုကော်မတီမှ ဦးဥတ္တမထံမှ သိရှိရသည်။

လက်ပံတောင်းအရေး ဖမ်းဆီးချုပ်နှောင်ထား သူ ၈ ဦးအား ပြန်လွှတ်ပေး

လက်ပံတောင်းတောင်အရေး ငြိမ်းချမ်းစွာဆန္ဒပြ၍ ဖမ်းဆီးခံထားရသူ(၈)ဦးအား ယနေ့ နေ့လည် (၁)နာရီဝန်းကျင်ခန့်တွင် ကိုယ်ပိုင်ခံဝင်အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

 

ဖမ်းဆီးခံထားရသူ(၆)ဦးမှာ ကိုဝေဋ္ဌု၊ ကိုမိုးသွေး၊ ဒေါ်နော်အုန်းလှ၊ ကိုရဲလင်း၊ ကိုမျိုးချစ်၊ ကိုအောင်စိုး၊ ဒေါ်ရှမ်းမနှင့် ကိုညီညီတို့ဖြစ်ကြောင်း သိရသည်။

 

 

"ကျွန်တော်တို့ကို အပြီးလွှတ်တာမဟုတ်သေးပါဘူး။ ကိုယ်ပိုင်ခံဝန်ချက်နဲ့ လွှတ်လိုက်တာပါ။ ကျွန်တော်တို့ကို ချုပ်မထားပဲနဲ့ ဆက်လက်ပြီး တရားရင်ဆိုင်စေတဲ့သဘောပါ။ ကျွန်တော်တို့ကို ပုဒ်မ(၁၈)နဲ့ တရားစွဲတာမဟုတ်ပဲ မဆီလျော်တဲ့ ပုဒ်မ(၅၀၅/ခ)နဲ့ တရားစွဲတာက မဖြစ်သင့်တဲ့ ကိစ္စပါ"ဟု ပြန်လည်လွှတ်မြောက်လာသူ ကိုမိုးသွေးက ပြောသည်။

 

 

ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ(၆)ဦးမှာ နိုဝင်ဘာလ(၂၇)ရက်နေ့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ခြင်းကြောင့် စီတန်းလှည့်လည်ခွင့် ပုဒ်မ(၁၈)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ (၅၀၅/ခ)ဖြင့် နယ်မြေပေါင်းစုံ ရဲစခန်းများမှ တရားလိုပြုလုပ်၍ တရားစွဲဆိုခြင်းဖြစ်ကြောင်း တရားစွဲဆိုခံထားရသူများထံမှ သိရှိ ရသည်။

 

 

"လက်ပံတောင်းတောင်ကိစ္စဖြစ်သွားသလိုမျိုး အကြမ်းဖက်တဲ့ကိစ္စက ဘယ်လိုမှမဖြစ်သင့်ပါဘူး။ ဒီလိုငြိမ်းချမ်းစွာ ဆန္ဒပြတဲ့သူတွေကို ဆွဲလား၊ ရမ်းလား ဖမ်းဆီးတယ်ဆိုတာကလည်း မြင်မကောင်းပါဘူး။ ကျွန်တော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုတွေ အများကြီး လိုအပ်နေပါသေးတယ်"ဟု နိုင်ငံရေးစိတ်ပါဝင်စားသူ ပြည်သူတစ်ဦးက ပြောသည်။

 

 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနှင့် အကြမ်းဖက်ဖြိုခွင်းမှုအပေါ် မကျေနပ်သောကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် အခြားမြို့များတွင်လည်း ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ဒီဇင်ဘာလ(၁၀)ရက်နေ့ မနက်(၁၀)ဝန်းကျင်အချိန်တွင် Generation Wave(GW) မှလူငယ်များ လက်ပံတောင်းတောင်အရေးနှင့်ပတ်သတ်ပြီး မြို့တော်ခန်းမအနီးတွင် တရားဝင် ဆန္ဒဖော်ထုတ်သွားခဲ့ကြသည်။

 

ဆရာကြီးဦးဂိုအင်ကာ အမိမြန်မာပြည်သို့ လာရောက်မည်

ဗုဒ္ဓ၏ဓမ္မဖြင့် ကမ္ဘာနေရာဒေသ အသီးသီးရှိ ဘာသာအယူဝါဒ အမျိုးမျိုးသော ကိုးကွယ် ယုံကြည်ကြသူ အားလုံးတို့အား ငြိမ်းအေးချမ်း သာမှု အစစ်အမှန်ကို လမ်းညွှန်ဆောင်ချဉ်း ပေးနေသည့်၊ ကမ္ဘာ့ငြိမ်းချမ်းရေး ရှေ့ဆောင်တစ်ဦးဖြစ်သော ၀ိပဿနာ နည်းပြ ဆရာကြီး ဦးဂိုအင်ကာသည် အမိမြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၁-ရက်နေ့တွင် ဓမ္မမိတ်ဆွေ(၁၅၀) ခန့်နှင့်အတူ " ၀ိပဿနာရှုမှတ်ပွားများ၍ နှစ်သစ်ကူး ၀တ်ပြု ဆုတောင်းတရားပွဲ " အတွက် ရောက်ရှိမည်ဖြစ်သည်။ ဆရာကြီး၏ ပြည်တော်ပြန် ခရီးစဉ်ကြီးတွင် ဒီဇင်ဘာလ ၂၁ရက်မှ-၃၁ရက်နေ့အထိ ၁၀ရက်ကြာ နေထိုင်ကာ အမိမြန်မာပြည်ကြီး ကျေးဇူးနှင့် ဓမ္မကျေးဇူး ကို ပေးဆပ်သွားမည် ဖြစ်သည်။

ဆရာကြီးဦးဂိုအင်ကာ အမိမြန်မာပြည်သို့ လာရောက်မည်

ဗုဒ္ဓဘာသာလူငယ်များအသင်း (မြန်မာပြည်)

မြန်မာ-ဗီယက်နမ်စီးပွားရေး လုပ်ငန်းရှင်များ နယ်ပယ်လေးခုတွင် ဒေါ်လာ ၅၂၃ သန်းခန့် ရင်းနှီးမြှုပ်နှံမည်

မြန်မာနှင့် ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်များ ကမြန်မာနိုင်ငံရှိ စီးပွားရေး နယ်ပယ်လေးခု တွင် အမေရိကန်ဒေါ်လာ ၅၂၃ သန်းခန့် ပူးတွဲရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်း ဗီယက်နမ်ကုန်သည်များနှင့် စက်မှုလက်မှုမြန်မာ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါက်တာ Yu Tien Loe ကပြောကြားသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ကျင်းပသော မြန်မာနှင့် ဗီယက်နမ် စီးပွားရေး ဖိုရမ်တွင် နှစ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များက လက်မှတ်ရေးထိုး ခဲ့ကြသည်။

စီးပွားရေးနယ်ပယ် လေးခုတွင် အိမ်ရာ စီမံကိန်းကို ပူးပေါင်း ဆောင်ရွက်ရန်အတွက်မြန်မာနိုင်ငံ မှ HOAND ANK GIA UN ကုမ္ပဏီနှင့် BIDV ကုမ္ပဏီတို့က အမေရိကန်ဒေါ်လာသန်း ၃၅၀ ကို ပူးတွဲရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်း၊ သလင်းကျောက်ထုတ်လုပ်ရန် အတွက် SIMCOSONGDA နှင့် BIDV တို့က အမေရိကန်ဒေါ်လာ ၁၈ သန်းခန့်ကို ပူးတွဲရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်း၊ အုတ်စက်ရုံ ဆောက်လုပ်ရန်အတွက် Aunty Pacific Ming ကုမ္ပဏီနှင့် Viet Trust ကုမ္ပဏီတို့က အမေရိကန် ဒေါ်လာ ငါးသန်းကို ပူးတွဲရင်းနှီး မြှုပ်နှံမည်ဖြစ်ကြောင်း၊ သင်္ဘော တည်ဆောက်ရန်နှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေးဆိုင်ရာများ ကိုလုပ်ကိုင်ရန်အတွက် Myin Mo Oo Gener services ကုမ္ပဏီ တို့က အမေရိကန်ဒေါ်လာ ၁၅၀ သန်းကို ပူးတွဲရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် UNFCCI ထံမှ စုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ သည်နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးမှု သတင်း အချက်အလက် ဖလှယ်ရေး ဆိုင်ရာနားလည်မှုစာချွန်လွှာ၊ ရေနံ နှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍပူးပေါင်း ဆောင်ရွက်ရန်အတွက် နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာကို ရေးထိုးခဲ့ကြောင်းနိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြထားသည်။

ကမ္ဘာ့ရွှေဈေး အတက်အကျကြမ်းမူကြောင့် မြန်မာ့ရွှေဈေး တက်ရိပ်မမြင်

တစ်ကျပ်သားလျှင် ကျပ် ရှစ်သိန်းကျော်အထိ စံချိန် တင်ရောက် ရှိခဲ့ဖူးသော

မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေး အတက်အကျ ကြမ်းမူကြောင့် ပြန်လည်ကျဆင်းခဲ့ပြီး ဈေးလှုပ်ခတ်မူများခဲ့ကာ ယခုလပိုင်း အတွင်းတွင်မူ အမြင့်ဈေးဖြစ်ပေါ်ဖွယ်မရှိကြောင်း ရွှေလုပ်ငန်းရှင်များက သုံးသပ်ပြောကြားသည်။ "ကမ္ဘာ့ရွှေဈေးက ဒီနေ့ ကျပ် ၁၇၅၀ လို့ဈေးဖွင့်ရင် ညနေ ၁၇၂၅ ကျပ်လောက် ရောက် သွားတယ်၊ အတက်အကျ အရမ်းကြမ်းနေတယ်။ မြန်မာ့ရွှေဈေးက ကမ္ဘာရွှေဈေးကျရင်လိုက်ကျမယ်၊ တက်ရင် လိုက်တက်မယ်၊ နိုင်ငံတကာအခြေအနေတွေအရတော့ သိပ်တက်လာဖို့ မမြင်ပါဘူး" ဟု ဦးထုံ ရွှေဆိုင် ပိုင်ရှင် ဦးကျော်ဝင်းက ဆိုသည်။ လက်တလောတွင် ပြည်တွင်းရွှေဈေးကွက်၌ တစ်ကျပ်သား ကျပ် ၇၇၀ဝ၀ဝ ဝန်းကျင်ခန့်ဖြင့် လည်ပတ်လျက်ရှိပြီး ကထိန်ရာသီအလှူအတန်းများကြောင့် အရောင်းအဝယ်မှာမူ ပုံမှန်ဖြစ်လျက်ရှိ ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ " ရွှေက လောလောဆယ်တက်ဖို့ မရှိဘူး၊ ကမ္ဘာ့ရွှေဈေးနည်းနည်းကျတော့ လိုက်ကျတဲ့သဘောပဲ" ဟုဝါရင့် ရွှေကုန်သည်တစ်ဦးဖြစ်သူ ဦးရွှေကျည်က သုံးသပ်ပြောကြားသည်။ ဂရိနိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကြောင့် ကမ္ဘာ့ရွှေဈေးကွက်အတွင်း လှုပ်ခတ်မူများဖြစ်ပွားခဲ့ပြီး၊ မြန်မာ့ရွှေဈေးပါ အတက်အကျဖြစ်ပွားခဲ့သည်။ " မြန်မာရွှေဈေးက နိုင်ငံတကာဈေးကိုမမီရင် အထဲကရွှေတွေ အပြင်ထွက်ကုန်မယ်၊ သူတို့ဈေးကျ နေလို့ ဒီကလိုက်မကျရင်လည်း အပြင်ကလှိမ့်ဝင်လာလိမ့်မယ်၊ ဂလိုဘယ်ခေတ်ရောက်လာတဲ့အတွက် ဈေးကွက်စီးဆင်းမှုက အရမ်းမြန်တယ်" ဟု မြန်မာ့စီးပွားရေးလေလာသုံးသပ်သူ ဦးစန်းဝင်းကရှင်းပြသည်။ နိုဝင်ဘာလ ဒုတိယအပတ်အတွင်းက ရွှေဈေးအနည်းငယ်ပြန်လည်မြင့်တက်လာမူကြောင့် ရွှေဆိုင် များတွင် ပြန်လည်ရောင်းချမူများဖြင့် စည်ကားခဲ့သော်လည်း ယခုအခါအရောင်းအဝယ်ပုံမှန်ပြန်ဖြစ်လာ ကြောင်း ရွှေဆိုင်များထံမှ သိရသည်။ "ရွှေဈေးကျတုန်းက ရွှေဝယ်ထားတဲ့သူတွေ ပိုက်ဘောမိခဲ့တယ်၊ နည်းနည်းပြန်တက်လာလို့ ခံသာ သွားတာ" ဟု ဝါရင့်ရွှေကုန်သည် ဦးရွှေကျည်ကဆိုသည်။ စက်တင်ဘာလအလယ်ပိုင်းတွင် ကမ္ဘာရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၀ဝ ကျော်မှ ၁၈၀ဝ ကျော်သို့ တစ်ဟုန်ထိုးမြင့်တက်ခဲ့ပြီး၊ မြန်မာ့ရွှေဈေးမှာလည်း ကျပ်ရှစ်သိန်းကျော်ထိ မြင့်တက်ခဲ့ဖူးသည်။ 

Gusto ကွန်ပျူတာနည်းပညာ သင်တန်းကျောင်းမှ Database Design & Development သင်တန်းများ စတင်ဖွင့်လှစ်

စီးပွားရေးလုပ်ငန်း အဖွဲ့အစည်း များ၏ information လိုအပ်ချက်ပေါ် မူတည်၍

စနစ်ကျသော Database Design နိုင်ရန်နှင့် ထို Database Design ကို SQL Server 2008 ကို အသုံးပြုပြီး ကောင်းမွန်သော Development ကို အကောင်အထည် ဖော်နိုင်ရန"Database Design and Development" သင် တန်းကို Gusto နည်းပညာ သင်တန်းကျောင်းမှ ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။ အဆိုပါ သင်တန်းတွင် အကောင်းဆုံး Database Design တစ်ခု ထွက်ပေါ်လာစေရန် Requirement Analysis ကို ဆွဲထုတ်ခြင်း၊ နောက် Conceptual Design ထွက်လာရန် စဉ်စားခြင်း၊ Logical Design, Physical Design နောက်ဆုံး Physical Design ထွက်ပေါ်လာသည်ထိ စဉ်းစားပုံ အဆင့်ဆင့်တို့ကို လက်တွေ့ Project များ ပြုလုပ် သင်ကြားပေးမည်ဖြစ်သည်။ထို့အပြင် ထွက်ပေါ်လာသည့် Database Design ကို Performance, Data Integrity, Security ပိုင်းတွင် ပိုမို ကောင်းမွန်စေရန် Development လုပ် သင့်သည့် နည်းစနစ်များကို ထပ်မံ သင်ကြားပေးမည်ဖြစ်သည်။ Development လုပ်သည့်အခါ Advanced SQL Statements များအပြင် အစွမ်း ထက်မြက်သည့် Stored Procedure, Trigger များနှင့် လေ့လာသင်ကြား ပေးမည်ဖြစ်သည်။ နိုင်ငံရပ်ခြားတွင် Computer ပညာဖြင့် ကျောင်းတက်မည့်သူများ၊ ပြည်တွင်းပြည်ပတွင် Software Developer, Database Developer, System Analyst လုပ်ကိုင်လိုသူများ၊ NGO များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်း များတွင် Database နှင့်သက်ဆိုင် သည့် Information Officer လုပ်နေသူ များတက်ရောက်သင့်သော သင်တန်း တစ်ခုဖြစ်ကြောင်း သိရှိရသည်။ စုံစမ်းမေးမြန်းလိုသည်များ ရှိပါက Gusto ကွန်ပျူတာ နည်းပညာသင် တန်းကျောင်း၊ အမှတ် ၂၆၊ ၁၄ လမ်း (အောက်)၊ လမ်းမတော်။ ဖုန်း ဝ၁-၂၂၄၄၉၆၊ ဝ၉-၇၃၀၃၁၃၀၂ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတင်ရှိနေသောအကြွေးကို..မည်သည့်နိုင်ငံကမှ အလကား မဆပ်ပေးပါ