Monday, February 4, 2013

ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး အဆင့် ၉ သက်ရောက်နေ


မြန်မာနိုင်ငံတွင် အမြင့်ဆုံးအဆင့် ခရမ်းလွန်ရောင်ခြည် အဆင့်ကိုးသို့ ရောက်ရှိနေပြီး သဘာဝ တောတောင် ရေမြေများ ရှိနေခြင်း တို့ကြောင့် ခံသာလျှက်ရှိကြောင်း၊ ယခုအဆင့်ထက် ကျော်လွန်နိုင်မည် မဟုတ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

လက်ရှိ အဆင့်က အဆင့်၉လောက်မှာရှိပါတယ် အဲ့ဒီအဆင့်ရဲ့ အကျိုးသက်ရောက်မှုက အရေပြားလောင်ရုံ အသားအရေခြောက်ရုံ အခြေအနေပါ။ သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး။ ဟု     ဦးထွန်းလွင်ကပြောသည်။

ခရမ်းလွန်ရောင်ခြည် အညွန်းကိန်း တိုင်းထွာချက် အရ အဆင့် သုည မှ ဆယ့်တစ်အထိ ရှိပြီး အပူချိန် အညွှန်းကိန်း အဆင့်အရ တိုင်းတာမှုအရ သုည မှ သုံး အထိသည် အနိမ်ဆုံးအဆင့်၊ လေး မှ ရှစ် အထိသည် အလယ်အလတ်အဆင့်နှင့် ရှစ် မှ ဆယ့်တစ် အထိကို အမြင့်ဆုံးအဆင့် ဟုသတ်မှတ်ထားကြောင်း  သိရသည်။

ခရမ်းလွန်ရောင်ခြည် ထိတွေ့မှု အနိမ့်ဆုံးအဆင့်သည် အရေပြားလောင်ခြင်း အသားအရေ မွဲခြောက်ခြင်း၊ မှဲ့ခြောက်များဖြစ်ပေါ် မည်ဖြစ်ပြီး အမြင့်ဆုံးအဆင့်တွင် အရေပြားကင်ဆာဖြစ်ခြင်း၊ သားသမီးမရနိုင်ခြင်းများနှင့်မျက်စိချို့ယွင်းခြင်း အစရှိသည့်   ရောဂါဝေဒနာများ ကို ခံစားရနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သုံးသပ် ပြောဆိုသည်။

ခရမ်းလွန်ရောင်ခြည်က ဗီတာမင် D ဓါတ်ပါတယ်။ ဗီတာမင် D ဓါတ်ချို့တဲ့လွန်းရင် အများအားဖြင့် ကလေးတွေမှာ အရိုးပျော့ရောဂါ   ဖြစ်တတ်တယ်။ ခရမ်းလွန်ရောင်ခြည် များလွန်းရင်လည်း အရေပြားကင်ဆာဖြစ်နိုင်တယ် လို့ ဒေါက်တာမြင့်ဦး (G.P) ကပြောသည်။

မွေးကင်းစ ကလေးငယ်များတွင် ဖြစ်တတ်သော အသည်းရောင် အသားဝါရောဂါ၊ ခရုသင်းရောဂါ အစရှိသော အရေပြားရောဂါ များကို ကုသရာတွင် ခရမ်းလွန်ရောင်ခြည်ကုထုံးဖြင့် ကုသရကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ခရမ်းလွန်ရောင်ခြည် ကျရောက်ခြင်းမှ ကာကွယ်ရမည့်နည်းလမ်းအချို့မှာ နေရောင်အောက်သို့ သွားမည်ဆိုပါက အပူဒဏ်ကာကွယ်ပေးနိုင်မည့် မျက်မှန် ၊ ဦးထုပ်နှင့် ထီးများကို အသုံးပြုသင့်သည် ဒေါက်တာထွန်းလွင်က အကြံပြုပြောဆိုသည်။

မြန်မာနိုင်ငံသို့ ခရမ်းလွန်ရောင်ခြည်ကျရောက်ရခြင်းမှာ အိုဇုန်းလွှာပေါက်ခြင်း၏ အကျိုးဆက်ကြောင့် ဖြစ်သော်လည်း အဆင့်ခုနှစ်သာရှိပြီး မြန်မာနိုင်ငံမှ ရေမြေ တောတောင် အားသာချက်များကြောင့်လည်း အဆင့် (၉)ထပ် ကျော်လွန်နိုင်မည် မဟုတ်ဟု ၄င်းက ဆက်လက်ပြောသည်။

ကမ္ဘာကြီးမှာတိုးတက်လာသည်နှင့် အမျှစက်ရုံအလုပ်ရုံများ ပေါ်ပေါက်လာပြီး အဆိုပါစက်ရုံများမှ လောင်စာများ စွန့်ပစ်ပစ္စည်းများကို မီးရှို့ရာမှ ထွက်ပေါ်လာသည့် ဓါတ်ငွေ့များသည် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာသောကြောင့် အိုဇုန်းလွှာပေါက်ရခြင်း ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။