Thursday, November 21, 2013

လက်ပံတောင်းအရေးလှုပ်ရှားသူ ဒီငြိမ်းလင်းနှင့် မိုဃ်းသွေးအပါဝင် သုံးဦးကို ပုဒ်မ ၁၈ ဖြင့် ထောင်တစ်လချမှတ်

ရန်ကုန်၊ မဇ္ဈိမ။            ။ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု ဖြစ်ပွားပြီးနောက် ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာတန်းစီလှည့်လည် ဆန္ဒဖ်ာထုတ်ခဲ့သော ကိုဒီငြိမ်းလင်း နှင့် ကိုမိုဃ်းသွေးအပါဝင် သုံးဦးကို ကြည့်မြင်တိုင်မြို့နယ် တရားရုံးမှ နိုဝင်ဘာလ ၂၁ရက်တွင် ပုဒ်မ ၁၈ဖြင့် ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့လိုက်ကြောင်း Generation Wave အဖွဲ့က ကိုဘိုဘိုက နိုဝင်ဘာလ ၂၁ရက်တွင် မဇ္ဈိမကို ပြောသည်။

"အခုမနက် ၁၁ နာရီလောက်က အမိန့်ချလိုက်တာပါ။ ငွေဒဏ်မရှိဘူးလို့ပြောပါတယ်။ အခု အင်းစိန်ထောင်ကို ပို့ဖို့ ကားပေါ်တင်နေပါပြီ။ နောက်ထပ်တရားစွဲထားတဲ့ မြို့နယ်တွေလည်း ရှိနေသေးတယ်" ဟု ဆက်လက်ပြောကြားသည်။
၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ရက်တွင် လက်ပံတောင်းတောင်ဒေသ ဝမ်ပေါင်ကုမ္ပဏီရှေ့ရှိ သပိတ်စခန်းများကို အာဏာပိုင်များက ဖြိုခွင်းလိုက်သဖြင့် သံဃာတော်များ ဒဏ်ရာရရှိသဖြင့် ရန်ကုန်မြို့တွင် လမ်းလျှောက်ကာ ဆန္ဒပြကြသည့်အထဲမှ ကိုမိုဃ်းသွေး (GW) ၊ ကိုဒီငြိမ်းလင်း (ကျောင်းသား သမဂ္ဂ) ၊ ကိုစိုးမိုးထွန်း (နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့)၊ မသန္တာ (ဒီမိုကရေစီနှင့် အမျိုးသမီး ကွန်ရက်)၊ ကိုအောင်မျိုးဦး (မတူကွဲပြားရေးနှင့် ငြိမ်းချမ်းရေးပါတီ)နှင့် ကိုမြင့်ကျော်ဦးတို့ကို ထောင်ဒဏ် တစ်လစီ ချမှတ်လိုက်ခြင်းဖြစ်သည်။
ယခုကဲ့သို့ စီရင်ချက်ချခံရသူရှစ်ဦးသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ရက်က ရန်ကုန်မြို့တွင် လက်ပံတောင်းဒေသတွင် သံဃာများအား အကြမ်းဖက်မှုကို ဆန့်ကျင်ကာ ဆန္ဒပြသူများဖြစ်သည်။ ယင်းကိကစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် လူဦးရေ ၅၀၀ခန့်က ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆန္ဒဖော်ထုတ်ခြင်းကြောင့် ၎င်းတို့ခြောက်ဦးကို တရားစွဲဆိုထားသည်မှာ တစ်နှစ်နီးပါရှိပြီဖြစ်သည်ဟု ကိုဒီငြိမ်းလင်းက ဆိုသည်။ ထို့အပြင် အလုံနှင့် စမ်းချောင်းမြို့နယ် တရားရုံးများကလည်း နိုဝင်ဘာလ ၂၂ရက်တွင် ရုံးထုတ်အမိန့်ချရန်ရှိသည်ဟု ကိုဒီငြိမ်းလင်းက သူ၏ ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။