Friday, November 22, 2013

အီလန်မြန်မာ အလုပ်သမားအရေး ပြေလည်မှုမရသေး

အီလန်မြန်မာဆန္ဒပြအလုပ်သမားများကို ရရှိပြီးသားအခြေခံလစာအပေါ် တစ်သောင်းတိုးပေးလိုက်သော် လည်း အလုပ်သမားများက ၎င်းတို့ဆန္ဒပြခဲ့သည့်ရက်များအတွက် ရက်ပျက်ကြေးထပ်မံလိုချင်သည်ဟုဆို သောကြောင့် နိုဝင်ဘာ ၂၁ ရက်ထိ ညှိနှိုင်းမှုအဆင်မပြေဖြစ်နေဆဲဖြစ်သည်။
အလုပ်သမားများ အခြေခံလစာ သုံးသောင်းကျပ် တိုးမြှင့်ရေးအတွက် မြို့နယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တွင် အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့ ညှိနှိုင်းခဲ့ရာ ကုမ္ပဏီဘက်မှတစ် သောင်းကျပ်ဖြင့် ညှိနှိုင်းပေးလိုက်သည်။

သို့သော် အလုပ်သမားများဘက်မှ ဆန္ဒပြခဲ့သည့် ကိုးရက်စာအတွက် တွက်ချက်ပေးမည်ဆိုလျှင် အခြေခံ လစာတစ်သောင်းကျပ်ကို လက်ခံမည်ဟုဆိုပြီး ကုမ္ပဏီဘက်မှမပေးသည့်အတွက် ပြေလည်မှုမရရှိသေး ပေ။
ထို့ကြောင့် အထည်ချုပ်စက်ရုံ အလုပ်သမားများအနေနှင့် အခြေခံ လစာတိုးမြှင့်ရေးအတွက် စီတန်းလှည့် လည်ဆန်္ဒပြခြင်းကို နိုဝင်ဘာနောက်ဆုံး ပတ်တွင် တောင်းဆိုသွားမည်ဖြစ် ကြောင်း စက်ရုံအလုပ်သမား သမဂ္ဂဥက္ကဋ္ဌ ဦးမျိုးမင်းမင်းက ပြောသည်။
အလုပ်ရှင်ဘက်မှ ပြောဆိုထားသည့် အခြေခံလစာမှာ ၅၂,၀၀၀ ဖြစ်ပြီး ထပ်မံ တိုးပေးလိုက်သည့်အတွက် အလုပ်ရှင် အနေနှင့် ၆၂,၀၀၀ ရှိမည်ဖြစ်ပြီး အလုပ် သမားများကမူ ၎င်းတို့အနေနှင့် အခြေခံလစာ ၃၃,၀ ၀၀ သာရရှိသည်ဟုဆိုသည့်အတွက် တစ်သောင်းထပ်ဖြည့်လျှင် ၄၃,၀၀၀ ဖြစ်မည်ဖြစ်သည်။
လက်ရှိအခြေခံလစာမှာ ၃၃,၀၀၀ ကျပ်ရရှိပြီး အချိန်ပိုများထည့်ပေါင်းလျှင်တစ်လ လစာ ၉၀,၀၀၀ ကျပ် ၀န်းကျင်သာရရှိသည့်အတွက် အခြေခံလစာကို ၃၀,၀၀၀ ကျပ်တိုးပေးရန် အလုပ်သမားများက ထပ်မံ တောင်းဆိုခြင်းဖြစ်သည်။
ယင်းလစာတိုးမြှင့်ရန်နှင့် ပတ်သက်ပြီး အောက်တိုဘာလ ၂၃ ရက်တွင် အလုပ်သမားရုံးကို တင်ပြခဲ့ပြီး အောက်တိုဘာလ ၂၄ ရက်တွင် ညှိနှိုင်းခဲ့ကာ အဆင်မပြေခဲ့သည့်အတွက် နိုဝင်ဘာလ ၁၂ ရက်တွင်ဆန္ဒ ဖော်ထုတ်ခဲ့သေးသည်။
ဦးမောင်မောင်ဝင်းက “အလုပ်သမားဘက်က သပိတ်မှောက်တဲ့ကာလကို လစာပေးဖို့ တောင်းဆိုတယ်။ အဖြေက အတိအကျထွက်မလာဘူး။ ညှိနှိုင်းတဲ့ကာလကလည်း သုံးရက်ပြီးသွားပြီဖြစ်တယ်။ အခြေခံလ စာက တခြားစက်ရုံနဲ့ သိပ်မကွာဘူးဆိုတော့ ထပ်တိုးဖို့မဖြစ်နိုင်ဘူး။ သင့်တင့်တယ်လို့မြင်တယ်” ဟုပြော သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။