Friday, November 22, 2013

တယ်လီနောက နှစ်မကုန်မီ ဆက်သွယ်ရေး အော်ပရေတာလုပ်ကိုင်ခွင့်ရမည်ဟု မျှော်လင့်

ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ရွေးချယ်ထားသော ပြည်ပအော် ပရေတာ တစ်ခုဖြစ်သည့် နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောက ယခုနှစ်မကုန်မီ ဆက်သွယ်ရေး အော်ပရေတာလုပ်ကိုင်ခွင့်ရမည်ဟု မျှော်လင့်ကြောင်း တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူMr.Petter Furberge က မဇ္ဈိမကို ပြောသည်။

၎င်းက ယင်းသို့ပြောကြားခြင်းမှာ ဆက်သွယ်ရေးအော်ပရေတာများကို ရွေးချယ်ထားပြီး လုပ်ကိုင်ခွင့် လိုင်စင်ချထားပေးမှုနှင့်ပတ်သက်၍ မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခြင်းဖြစ်သည်။
Mr.Petter က “ကျွန်တော်တို့အော်ပရေတာတွေ လိုင်စင်စလျှောက်ပြီး ရွေးချယ်ခံထားတဲ့အချိန်ကစပြီး ဆက်သွယ်ရေးလုပ်ငန်းနဲ့ သဘောတူထားတာရှိတယ်။ ဆက်သွယ်ရေးဥပဒေထွက်ပြီး ရက်ပေါင်း ၆၀ အတွင်းမှာ လုပ်ကိုင်ခွင့် လိုင်စင်ချပေးမယ်လို့ ဆက်သွယ်ရေးဝန်ကြီးဌာနဘက်က ပြောထားတယ်။ ဆက်သွယ်ရေးလိုင်စင်ချထားပေးဖို့ အချိန်ကြာမြင့်တယ်လို့ ထင်တာက ဆက်သွယ်ရေးဥပဒေ အတည် ပြုတာ ကြာမြင့်သွားလို့ပါ။ မကြာမီ လုပ်ကိုင်ခွင့်လိုင်စင်ရရှိမယ်လို့ မျှော်လင့်ပါတယ်”ဟု မဇ္ဈိမကို ပြော သည်။
ဆက်သွယ်ရေးဥပဒေကို ၂၀၁၃ အောက်တိုဘာ ၈ ရက်က အတည်ပြု ပြဋ္ဌာန်းထားခဲ့ပြီး နည်းဥပဒေကို ဆက်လက်အတည်ပြုနိုင်ရန်အတွက် နိုဝင်ဘာ ၄ ရက်ကစတင်ကာ ၀န်ကြီးဌာန၀က်ဘ်ဆိုဒ်တွင် ဖော်ပြ ထားပြီး ပြည်သူလူထုနှင့် ကွန်ပျူတာပညာရှင်၊ လုပ်ငန်းရှင်များက ဆွေးနွေးနိုင်သည်ဟုလည်း ၀န်ကြီး ဌာနက ပြောကြားထားပြီးဖြစ်သည်။
အော်ပရေတာလုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများအနေဖြင့် လုပ်ကိုင်ခွင့်ရပြီး ရှစ်လခန့်အတွင်း မိုဘိုင်းဖုန်း များ ချထားပေးနိုင်မည်ဟုဆိုသောကြောင့် ပြည်သူများအနေဖြင့် ပြည်ပအော်ပရေတာများ၏ ၀န်ဆောင် မှုများကို လာမည့်နှစ်စတုတ္တလေးလပတ်ခန့်မှသာ အသုံးပြုရနိုင်မည် ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်း ထွန်းအောင်က “ဆက်သွယ်ရေးအော်ပရေတာတွေကိုတော့ အမြန်ဆုံး လုပ်ကိုင်ခွင့်လိုင်စင်ချထားပေး နိုင်ဖို့ ဆောင်ရွက်နေတယ်။ နည်းဥပဒေထွက်လာပြီးမှ ချထားပေးမှာလား၊ မထွက်ခင် ချထားပေးမှာလား ဆိုတာကတော့ ပြောလို့မရသေးဘူး။ ဆက်သွယ်ရေးဥပဒေ ထွက်လာပြီဆိုတော့ အမြန်ဆုံးချထားပေး နိုင်ဖို့ကို ဆွေးနွေးနေပါတယ်”ဟု အောက်တိုဘာလအတွင်းက မဇ္ဈိမကို ဖြေကြားထားသည်။
ပြည်တွင်းတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပြည်တွင်းအော်ပရေတာများဖြင့်သာ ရတနာပုံတယ် လီပို့နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ အများပိုင်အဖြစ် ပြောင်းလဲလုပ်ကိုင်မည်ဖြစ်ကာ ပြည်ပအော် ပရေတာနှစ်ခုဖြစ်သော တယ်လီနောနှင့် အူရီဒူးတို့ကလည်း လုပ်ကိုင်ကြမည်ဖြစ်သည်။
ထို့ပြင် ပြည်တွင်းအော်ပရေတာဖြစ်သော ရတနာပုံတယ်လီပို့ကလည်း အခြားအော်ပရေတာများနှင့် ယှဉ် ပြိုင်လုပ်ကိုင်နိုင်ရန်အတွက် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီအချို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဟုလည်း ရတနာပုံမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးရှိန်းသူအောင်က ပြောကြားထားသည်။
ပြည်ပအော်ပရေတာများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်ရရှိပြီး ရှစ်လအတွင်း မိုဘိုင်းဆင်း မ်ကတ်များ စတင်ရောင်းချနိုင်မည်ဟု တယ်လီနောက ပြောကြားထားပြီး အူရီဒူးက လိုင်စင်ရပြီး ခြောက် လအတွင်း ချထားပေးနိုင်လိမ့်မည်ဟု ဆိုထားသည်။
ပြည်တွင်း၌ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်းအင်အား လေးသန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် မိုဘိုင်းလိုင်းအင်အားငါးသန်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်လည်း မိုဘိုင်းအင်အား ငါးသန်းတိုး ချဲ့ရန် စီစဉ်ထားသည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောကြားထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။