Friday, November 22, 2013

ဒေါ်လာရှစ်သောင်းမှ လေးသိန်းခွဲတန်ဖိုးရှိ အဆင့်မြင့်အိမ်ရာ တိုက်ခန်းများရောင်းမည်

သန်လျင်မြို့နယ်ရှိ ကြယ်စင်မြို့တော်အဆင့်မြင့်အိမ်ရာတိုက်ခန်းသစ်ပေါင်း ၄၃၃ အခန်းကို နိုဝင်ဘာ ၂၃ မှ စတင် ရောင်းချသွားမည်ဟု Yoma Strategic Holdings က ထုတ်ပြန်ကြေညာသည်။
အဆိုပါ အထူးသီးသန့် အဆင့်မြင့်အိမ်ရာ (ဇုန်ဘီ)ရှိ တိုက်ခန်းအသစ်များကို စင်ကာပူနိုင်ငံ ကြယ်စင် မြို့တော် (Star City) အရောင်းပြခန်း၊ ရန်ကုန်မြို့ သန်လျင်ရှိ အရောင်းပြခန်းနှင့် မန္တလေးမြို့ရှိ Mandalay Hill Resor ဟိုတယ်တို့တွင် ဘိုကင်လက်ခံပြီး ရောင်းချသွားမည်။

ကြယ်စင်မြို့တော်အိမ်ရာတွင် စတုရန်းပေ ၆၄၂ ပေမှသည် ၃,၃၇၄ စတုရန်းပေအထိကျယ်ဝန်းသော အိမ်ခန်းအမျိုးအစား ၂၃ မျိုးကိုရရှိနိုင်ပြီး ဈေးနှုန်းအားဖြင့် အိပ်ခန်းတစ်ခန်းပါ အိမ်ခန်းအတွက် အမေရိ ကန်ဒေါ်လာ ၈၀,၀၀၀မှ စတင်ပြီး အိပ်ခန်းကျယ်လေးခန်းပါ အိမ်ခန်းအတွက် အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ ကျော်အထိ အမျိုးမျိုးရှိပါမည်။
YOMA ၏ အိမ်ခြံမြေလုပ်ငန်းဆိုင်ရာလုပ်ငန်းခွဲ၏ Managing Director ဖြစ်သောMr. Elmar A. Busch က “ဇုန် ဘီမှာရှိတဲ့တိုက်ခန်းတွေကို ၀ယ်ယူနိုင်ဖို့အတွက် ဒီတစ်ကြိမ်ဟာ နောက်ဆုံးအခွင့်အရေးဖြစ်တဲ့ အတွက် အချိန်တိုအတွင်းမှာပဲ ရောင်းချလို့ကုန်သွားမယ်လို့ ထင်ပါတယ်”ဟု ပြောပါသည်။
ကြယ်စင်မြို့တော်အိမ်ရာ (ဇုန်ဘီ) သည် Yoma Strategic မှ ၂၀၁၃ ခုနှစ် ဧပြီလတွင်စတင်ပြီး ၂၀၁၆ ခုနှစ် ပထမလေးလပတ်အတွင်း ပြီးစီးအောင်ဆောက်လုပ်မည်ဟု ရည်မှန်းထားသော အိမ်ရာသစ်တည် ဆောက်မှုအဆင့် ငါးဆင့်ရှိသည့်အနက် ဒုတိယအဆင့်ဖြစ်ပါသည်။
အဆိုပါ ကြယ်စင်မြို့တော်အိမ်ရာတွင် အရောင်းဆိုင်ခန်းများ၊ စားသောက်ဆိုင်များနှင့် ဘဏ်လုပ်ငန်း များမှ မကြာခင်လအနည်းငယ်အတွင်း လုပ်ငန်းများ စတင်လုပ်ကိုင်သွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် f City Mart စူပါမားကတ်မှ လာရောက်ဖွင့်လှစ်သွားမည်ဟု YOMA ၏ တာဝန်ရှိသူများက ပြောသည်။
ကြယ်စင်မြို့တော် အဆင့်မြင့်အိမ်ရာအား သန်လျင်မြို့နယ်ရှိ ဧက ၁၃၅ ကျယ်ဝန်းသည့်နေရာတွင် တည်ဆောက်ထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။