Thursday, January 24, 2013

ဒေါက်တာဆိတ်ဖွား ကို ဖော်ထုတ်ဖို့ လွှတ်တော်မှာ ကော်မရှင် ဖွဲ့စည်းတော့မည်



2013-01-23
ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာ မှာ အဆိုးမြင်ဝေဖန် ရေးသားဖော်ပြနေ တဲ့ ဒေါက်တာ ဆိတ်ဖွားဆိုတဲ့ ကလောင်နာမည်နဲ့ သုံးစွဲသူကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင် ရွက်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို အရေးတကြီး ပြင်ဆင်နေကြပါတယ်။

ဒေသတည်ငြိမ်မှု မရှိ၍ မြစ်ကြီးနားနဲ့ဝိုင်းမော်မှာ လျှပ်စစ်မီးများ ဆက်လက်ပြတ်တောက်မည်။



2013-01-24
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ကစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်တွေမှာ လျှပ်စစ်မီးမရတာ ဒီကနေ့ ဆိုရင် တစ်လပြည့်သွားပြီဖြစ်ပေမယ့် မီးပုံမှန်အတိုင်းပြန်လည်ပေးနိုင်ဖို့ကတော့ အစိုးရနဲ့ ကေအိုင်အေ တို့ နှစ်ဖက်ကြားက တိုက်ပွဲတွေ အပေါ်မှာ မူတည်နေတယ်လို့ အဲဒီဒေသကို လျှပ်စစ်ဖြန့်ဖြူးနေတဲ့ ဘူးဂါးကုမ္ပဏီက အာအက်ဖ်အေကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစတင်