Saturday, January 26, 2013

အရေးပါတဲ့ ကချင် တောင်ကုန်း အစိုးရတပ်တွေသိမ်းပိုက်



2013-01-26
လွန်ခဲ့တဲ့ ရက်တွေ အတွင်း အစိုးရတပ်များက အင်နဲ့ အားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ခါရာဘွန် တောင်ကုန်းကို ဒီကနေ့ လက်လွှတ်ဆုတ်ခွာပေးလိုက်ရကြောင်း KIA စစ်မဟာဗျုဟာ ဌာန အကြီးအကဲ ဗိုလ်မှူးကြီး ဇော်တောင်က RFA ကို ဒီကနေ့ အတည်ပြုပြောကြားပါတယ်။

ကချင်အရေး ပြည်သူတွေကို ငဲ့ညှာပြီးဖြေရှင်းဖို့ ဝါးရှောင် ဆရာတော် တိုက်တွန်း



2013-01-26
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာ သီတလရံသီ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပတဲ့ (ဇန်နဝါရီ ၂၆ ရက်) ပြာသိုလပြည့် အမေနေ့မှာ အခုဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူတွေကို ငဲ့ညာပြီး မေတ္တာနဲ့ ဖြေရှင်းကြဖို့ ဝါးရှောင်ဆရာတော် အရှင်ဝိဇယက တိုက်တွန်းလိုက်ပါတယ်။

ပထမဆုံး PNLO ဆက်ဆံရေးရုံး တောင်ကြီးမြို့မှာ ဖွင့်လှစ်



2013-01-26
လက်ရှိအစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ရဲ့ ပထမဆုံးဆက်ဆံရေးရုံးဖွင့်ပွဲကို တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်က အဲဒီရုံးမှာ ဒီကနေ့မနက် ၈ နာရီက ဖွင့်လှစ်ခဲ့ပါတယ်။
တောင်ကြီးမြို့မှာ ဆက်ဆံရေးရုံးဖွင့်ရတာနဲ့ ပတ်သက်ပြီး PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က RFA ကို အခုလို ပြောပါတယ်။

ဗန်းမော် - မြစ်ကြီးနား ရေကြောင်းလမ်း ဖွင့်ပေးဖို့ ဒေသခံများတင်ပြ



2013-01-26
ကချင်ပြည်နယ်အတွင်း အစိုးရနဲ့ KIO တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဗန်းမော်နဲ့ မြစ်ကြီးနား ကိုသွားတဲ့ ကားလမ်းကြောင်းတွေ ပြတ်တောက်နေတာ ကြာပြီဖြစ်တဲ့ အတွက် ဒေသခံတွေ အနေနဲ့ ရေကြောင်းကနေ တရားဝင်သွားလာခွင့် ရဖို့ ရေကြောင်း ဦးစီးဌာန အပြင် ဒေသဆိုင်ရာ အာဏာပိုင်တွေကို တင်ပြထားတယ်လို့ သိရပါတယ်။

စစ်တွေမှာ သံဃာတစ်ပါးကို လက်နက်တွေနဲ့ ဖမ်းဆီးမိ



2013-01-25
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက ဦးဣန္ဒောဘာသ ဆိုတဲ့ သံဃာတစ်ပါးကို လက်နက်တွေ၊ ကျည်ဆန်တွေနဲ့ မူးယစ်ဆေးဝါးတွေ နဲ့အတူ သက်ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ တယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ ဒိုက်ဦးမြို့မှာ ကျောက်တိုင်ပန္နက်ရိုက်