Tuesday, March 19, 2013

မန်းတွင် စခန်းမှူးတစ်ဦး ကိုယ့်ကိုယ်ကို ဆွဲကြိုးချသတ်သေမှုဖြစ်ပွား

မန်းတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် စခန်းမှူး ရဲအုပ် ထွန်းအောင်ကျော် (၄၀)နှစ်မှာ မိမိနေအိမ်တွင် ယခု လ၁၂၇က်က ဆွဲကြိုးချသေဆုံးခဲ့ ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ယခုလ ၁၂ရက်နေ့မနက် ၁၀နာရီခန့်တွင် ရဲအုပ်ထွန်းအောင် ကျော်မှာ မိမိနေအိမ်တွင် နိုင်လွန် ကြိုးဖြင့် ဆွဲကြိုးချသေဆုံးနေကြောင်း သိရသဖြင့် မြို့နယ်တရားသူကြီး၊ စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် မှုခင်းဆရာဝန်တို့ သွားရောက်စစ်ဆေးရာ မိမိကိုယ် ကိုယ်ကို သက်သေခြင်းသာဖြစ်ပြီး တရားပြင်ပဒဏ်ရာ မတွေ့ရှိရကြောင်း သိရသည်။ အဆိုပါစခန်းမှူး ရဲအုပ် ထွန်းအောင်ကျော်သည် သေဆုံးချိန်တွင် ဇနီးသည် တစ်ဦးနှင့် သူငယ်တန်း တက်ရောက်နေသည့် ကလေး ငယ်တစ်ဦးရှိကြောင်း ဇနီးသည်နှင့် ကလေးမှာဘုန်း ကြီးကျောင်းသို့ ယဉ်ကျေးလိမ္မာ သင်တန်းသွား ရောက်တက်နေစဉ် ယခုလိုဖြစ်ပွားခဲ့ပြီး သေဆုံးသူ တွင် တခြားရောဂါမရှိဘဲ မသေဆုံးမီ ၁၀ရက်ခန့်တွင် ညပိုင်းမအိပ်ခြင်းများရှိကြောင်း သေဆုးံသူ မိသားစုဝင် များက ပြောသည်။ ရဲအုပ်ထွန်းအောင်ကျော်မှာ လူမှုရေးအရှုပ်အရှင်းမရှိခြင်း အောက်လက်ငယ်သားများနှင့် အထက်အရာ ရှိများနှင့် အဆင်ပြေခြင်းများ ရှိကြောင်း မန်းလေးတိုင်းဒေသကြီး တိုင်းရဲမှူး ဦးစိုးငြိမ်းက Popular news ဂျာ နယ်သို့ ပြောသည်။ သူက အောက်လက်ငယ်သားတွေနဲ့လည်း အဆင်ပြေတယ်။ တခြားလူမှုရေးအရှုပ်ရှင်းလည်းမရှိဘူး။ သူဖာသာပဲနေတာ။ တခြား စိတ်ခံစားမှုတစ်ခုခုကြောင့်ပ ဖြစ်မှာပါ ဟု ဦးစိုးငြိမ်းက ပြောသည်။ 

အိမ်သာအတွင်း အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးမှုဖြစ်ပွား


နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊တိုက်အမှတ် (၄၃၁၇)၊ အခန်းအမှတ် (၂၃)တွင် မတ် ၁၇ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်သာအတွင်း အမျိုးသမီးတစ်ဦး မီးလောင်သေဆုံး နေသည်ကိုတွေ့ ရကြောင်းမြန်မာနိင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ မီးလောင် မှုဖြစ်ပွားရာသို့သတင်းအရ နေပြည်တော် အမှတ်(၉)ရဲ စခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သ တင်းနှင့်နည်းပညာ ၀န်ကြီးဌာန၊ ဗဟိုစာတိုက်ကြီးမှ ဦး---၏ဇနီးဖြစ်သူ ဒေါ်----(၃၃)နှစ်အား နေအိမ်တိုက် ခန်း အိမ်သာအတွင်း မီးလောင်ဒဏ်ရာ များဖြင့်သေ ဆုံးနေ သည်ကိုတွေ့ရှိရကြောင်း၊ ခင်ပွန်းဖြစ်သူ ဦး--မှာ ဇနီးသည် မီးလောင်နေသည်ကို ငြှိမ်းသတ်စဉ် ၀ဲ/ယာလက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ပို့ အပ်ခဲ့ ကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ သြစတြေးလျက ဒေါ်လာသန်း ၂၀ ထောက်ပံ့သွားမည်


မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် ၁၉၇၄ မှစ၍ သြစတြေးလျသို့  ပထမဆုံး လာရောက်သော နိုင်ငံ့ အကြီးအကဲ အဖြစ် ရောက်လာခဲ့ပြီးနောက် ကင်ဘာရာတွင် ၀န်ကြီးချုပ် ဂျုလီယာ ဂေးလော့ဒ်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေး အတွက် ကဏ္ဍ ပေါင်းစုံကို ဆွေးနွေးခဲ့သည်။ ကင်ဘာရာတွင် မြန်မာ သံရုံး ပြင်ပနှင့် အဆောက်အအုံ ပြင်ပ၌ လူ့အခွင့်အရေး လှုပ်ရှား တက်ကြွသူများက မြန်မာနှင့် သြစတြေးလျ နှစ်နိုင်ငံ စလုံးသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မျက်ကွယ်ပြုနေကြောင်း ဆန္ဒပြခဲ့ကြသည်။
 theinsein1

မန်းကျုံးဘေးတွင် သင်္ကြန်မဏ္ဍပ်လျှောက်ထားသူ ၁၇၂ခုရှိ


ယခုနှစ် မန်းတွင် သင်္ကြန်မဏ္ဍပ် လျှောက်ထား သူများမှာ ကျုံးဘေး တွင်သာ အများ ဆုံးဖြစ်ပြီး ဌာနဆိုင်ရာ မဏ္ဍပ်များ အပါအ၀င် ၁၇၂ခုရှိကြောင်း သိရသည်။ သင်္ကြန်မဏ္ဍပ် လျှောက်ထား လိုသူများသည် မန်းစည်ပင် အခွန် ဌာနသို့ ယခုလ ၈ ရက်နေ့တွင် နောက်ဆုံးထား လျှောက်ထား စေခဲ့ပြီး လျှောက်ထား လိုသူများမှာ အာမခံကြေး ငါးသိန်း ပေးသွင်း ခဲ့ရပြီး ကျုံးပတ် လည်တွင် တစ်ဖက်လျှင် မဏ္ဍပ် ၁၀ ခုသာ လက်ခံမည် ဖြစ်သောကြောင့် ကျုံးဘေး လျှောက်ထားလို သူများအား မဲနှိက် နေရာချ ထားပေးမည်ဖြစ်ပြီး မဲမပေါက်ပါက အာမခံကြေးငါးသိန်းမှ လေးသိန်းပြန်လည် ပေးမည် ဖြစ်ကြောင်း မြို့ထဲနှင့် အခြားနေရာ လျှောက်ထား လိုသူများသည် အာမခံကြေး ပေးသွင်းရန် မလိုကြောင်း အခွန်ဌာနမှ တာဝန်ရှိုသူ တစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ကို ဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ဆောင်မည်


ထိုင်း-မြန်မာ နယ်စပ်ရှိ ဘုရား သုံးဆူ မြို့ကို လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် လေ့လာ ကွင်းဆင်းမှု စတင် ပြုလုပ် ပြီဟု သိရသည်။ ၁၉၉ဝ ခုနှစ် ကစ၍ အစိုးရ အုပ်ချုပ် မှုသို့ ပြန်လည် ရောက်ရှိ လာခဲ့သည့် အဆိုပါ မြို့မှာ လူဦးရေ ၁ သိန်းကျော် နေထိုင် နေပြီး နှစ် ၂ဝ ကျော်သည် အထိ အစိုးရ အကြီး အကဲတို့ ရောက်ရှိမှု မရှိခဲ့ရာ ၄င်းမြို့ကို ပိုမို တိုးတက် စေလိုသည့် အပြင် ငြိမ်းချမ်းရေးလည်း ရရှိနေ သည့်အတွက် ယခုကဲ့သို့ သက်ဆိုင်ရာ ဝန်ကြီး ဌာန တို့က ဆောင်ရွက် ခြင်း ဖြစ်သည်ဟု လေ့လာ သူအဖြစ် လိုက်ပါ သွားသူ Myanmar Peace Centre မှ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

ရန်ကင်းအိမ်ရာ အပါအဝင် ဝန်ထမ်းအိမ်ရာ ၁၁ ခု အသစ်ပြန်ဆောက်မည်


စင်္ကာပူ နိုင်ငံကို စံန မူနာယူ ဖွံဖြိုး တိုးတက်ရန် လုပ်ဆောင်မည့် ရန်ကုန် မြို့တော်တွင် ရန်ကင်း အိမ်ရာ အပါ အဝင် သက်တမ်းရင့် ဝန်ထမ်း အိမ်ရာ ၁၁ ခုကို ခေတ်နှင့် အညီ အသစ် ပြန်လည် တည်ဆောက်ရန် စီစဉ် လျက်ရှိကြောင်း မြို့ရွာ နှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
အသစ် ပြန်လည် တည်ဆောက်မည့် အိမ်ရာ များတွင် ၅၁ လမ်း အိမ်ရာ၊ လမ်းသစ် အိမ်ရာ၊ ရွှေဂုံ အိမ်ရာ၊ ဦးဝိ စာရ (မင်းမနိုင်) အိမ်ရာ၊ ဝေဠုဝန် အိမ်ရာ၊ ရန်ကင်း မြို့နယ်မှ ဝန်ထမ်း အိမ်ရာ အပါအဝင် စုစုပေါင်း ဝန်ထမ်း အိမ်ရာ ၁၁ ခု ပါဝင်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

မောင်းမကန်ကမ်းခြေ၏ တောင်ဘက် ၆ မိုင်အကွာရှိ ပင်လယ်ကမ်းစပ်တွင် ဒဏ်ရာဖြင့် သေဆုံးနေသော ဝေလငါး အသေတစ်ကောင် သောင်တင်



3.19.1
ကမ်းပနီရွာအနီး ပင်လယ်ကမ်းစပ်ရှိ ဝေလငါးအသေအား လာရောက်ကြည့်ရှုနေသူများကို မတ်လ ၁၈ ရက်နေ့ကတွေ့ရစဉ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန် ကမ်းခြေ၏ တောင်ဘက် ၆ မိုင်ခန့်အကွာ ကမ်းပနီရွာအနီးရှိ ပင်လယ်ကမ်းတွင် မတ်လ ၁၇ ရက် နေ့ နံနက်ပိုင်းက ဝေလငါးအသေ တစ်ကောင် မျောပါလာပြီး ကမ်းစပ်တွင် သောင်တင်နေကြောင်း သတင်းရရှိသည်။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အပါအဝင် ဖွံ့ဖြိုးရေး ကဏ္ဍများတွင် ကုလသမဂ္ဂ အဖွဲ့ခြောက်ဖွဲ့မှ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်


ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အပါအဝင် ဖွဲ့ဖြိုးရေး ကဏ္ဍများတွင် ကုလသမဂ္ဂ အဖွဲ့ခြောက်ဖွဲ့မှ မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ခြောက်ဖွဲ့၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်အရ သိရသည်။

လစာတိုး သတင်းကြောင့် ရွှေနှင့် ဒေါ်လာဈေး မငြိမ်


အစိုးရက လာမည့် ဧပြီလမှစတင်ပြီး အစိုးရ၀န်ထမ်းများအားလုံးကို လစာ ၂၀၀၀၀ ကျပ်တိုးမြှင့်ပေးမည်ဟု တရားဝင် သတင်း ထုတ်ပြန် ပြီးနောက် ပြည်တွင်းစီးပွားရေးဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် အမေရိကန်ဒေါ်လာ ဈေးနှုန်းများ အတက်အကျ မတည်မငြိမ် ဖြစ်နေကြောင်း သိရှိရသည်။

ချောင်းတူးဖော်မှု ဗန်းပြပြီး တရုတ်များ ရွှေဝင်တူး


ရှမ်းပြည် တာချီလိတ်ခရိုင် တာလေမြို့ရှိ တိမ်ကောလာသည့် နမ့်လင်းချောင်းအတွင်း သဲတူးဖော်မှုကို ဗန်းပြပြီး တရုတ်လူမျိုးများ တရားမ၀င် ရွှေတူးဖော်ကြောင်း  ဒေသခံများထံမှ သိရသည်။
မိုင်းလားဒေသ အခြေစိုက် လွိုင်လုံ သတ္တုတူးဖော်ရေး ကုမ္ပဏီက တိမ်ကောလာသည့် နမ့်လင်းချောင်း တူးဖော်ရန် အဆိုပါ တရုတ်လူမျိုးများကို ခေါ်ယူလာခြင်းဖြစ်ပြီး ရက်သတ္တနှစ်ပတ် နေထိုင်ခွင့်ရှိသည့် နိုင်ငံကူး လက်မှတ်ဖြင့် ၀င်ရောက်လာသူများ ဖြစ်ကြောင်း သိရှိရသည်။

အေဂျင်စီ ၁၆၁ ခုဖြင့် ပြည်ပသို့ မြန်မာလုပ်သားများ တရားဝင် တင်ပို့ခွင့်ပြုနေ

ရန်ကုန် (မဇ္ဈိမ)။   ။ မတ်လဆန်းမှစ၍ ပြည်ပနိုင်ငံစုံသို့ မြန်မာလုပ်သားများ တရားဝင် တင်ပို့ခွင့် ပြုနေကြောင်း
ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ သိရသည်။

“ခွင့်မရှိဘဲ ပို့နေတာတွေရှိတော့ အလုပ်သမားပြဿနာ ပေါ်ပေါက်တဲ့အခါ အစိုးရက တရားဝင် အကာအကွယ် မပေးနိုင်ဘဲ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အတွက် အဲဒီလို ထပ်မဖြစ်ရအောင် တရားဝင် ခွင့်ပြုရတာပါ။ ပြည်ပ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ ၁၆၁ ခုကို တရားဝင် လုပ်ကိုင်ခွင့်ပေးထားပါတယ်” ဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

ပုဂံဒေသတွင် ညစာစားပွဲများ ပြုလုပ်ခွင့် စတင်ခွင့်ပြုမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ပုဂံဒေသ ဟိုတယ်လုပ်ငန်းရှင်များနှင့် ပုဂံခရီးသွား လုပ်ငန်းရှင်များအနေဖြင့် ရှေးဟောင်း အဆောက်အအုံများ၏ ပရဝုဏ်နှင့် လွတ်ကင်းသည့် နေရာများတွင် ညစာစားပွဲများ ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံက သိရသည်။

ကျုံးပတ်လည်နှင့် ကန်တော်ကြီးအပြင် လမ်းမကြီးများတွင်ပါ မဏ္ဍပ်များ ခွင့်ပြုမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ယခုနှစ် အတာသင်္ကြန်တွင် မန္တလေးမြို့အနှံ့ စည်ကားစေရန် ကျုံးပတ်လည်နှင့် ကန်တော်ကြီး အပြင် မြို့နယ်အလိုက် လမ်းမကြီးများတွင်လည်း မဏ္ဍပ်များ ဆောက်လုပ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီက ဆိုသည်။

လုပ်ငန်းသစ် စတင်လုပ်ကိုင်မည့်သူများ အတိုးနှုန်း သက်သာစွာ ငွေချေးယူနိုင်

ရန်ကုန် (မဇ္ဈိမ)။   ။ အသေးစားနှင့် အလတ်စား လုပ်ငန်းသမားများ (SMEs) နှင့် လုပ်ငန်းသစ် စတင် လုပ်ကိုင်မည့် သူများအား အတိုးနှုန်း သက်သာစွာဖြင့် ACLENDA မြန်မာ ကုမ္ပဏီက ချေးပေးနေသည်ဟု ကုမ္ပဏီ၏ စီမံခန့်ခွဲမှု ဒါရိုက်တာက ဆိုသည်။

Logo“မြန်မာအသေးစား ငွေရေးကြေးရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီရဲ့ ညွှန်ကြားချက် အတိုင်း ငွေချေးပေးနေတာပါ။ အလွယ်တကူ ငွေချေးလို့ရအောင်မကြာခင် မြို့နယ်တွေမှာ ရုံးခွဲတွေ ဖွင့်ဖို့ စီစဉ်နေပါပြီ” ဟု Mr Kim Bunsocheat က ပြောသည်။

ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးနှင့်အတူ ပြည်တွင်းရွှေဈေး ပြောင်းလဲမှုရှိ

ရန်ကုန် (မဇ္ဈိမ)။   ။ မတ်လ ၁၁ ရက်မှ ၁၆ ရက်အတွင်း ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာ ဈေးနှုန်း တို့နှင့်အတူ ပြည်တွင်း အခေါက်ရွှေဈေးပါ လိုက်ပါပြောင်းလဲမှု ရှိခဲ့ကြောင်း ရွှေကုန်သည်များက ဆိုသည်။

“ဒီတပတ်ထဲမှာ ပြင်ပ ဒေါ်လာပေါက်ဈေးက ၈၇၃ ကျပ်ကနေ ၈၉၁ ကျပ်အထိ တက်လာတယ်။ ငွေဈေး ပြောင်းတိုင်း
ပြည်တွင်းရွှေဈေးပါ လိုက်ပြောင်းခဲ့တယ်။ ဒါကြောင့် ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးတို့က ပြည်တွင်း ရွှေဈေးကို ဦးဆောင်သွားခဲ့ပါတယ်” ဟု မဟာဗန္ဓုလ လမ်းနေ ရွှေ ကုန်သည် ဦးအေး က ပြောသည်။

နိုင်ငံကူးလက်မှတ်အတွက် အကျဉ်းသားဟောင်းများ ထောင်ထွက်လက်မှတ် လိုဦးမည်

ရန်ကုန်(မဇ္ဈိမ)။           ။ နိုင်ငံကူး လက်မှတ် ပြုလုပ်ရာတွင် အစိုးရမှ ဖြေလျှော့မှုများ ပေးလာသော်လည်း ပြစ်ဒဏ် ကျခံဘူးသူ အကျဉ်းသားဟောင်းများ အနေဖြင့် အကျဉ်းထောင် ထွက်လက်မှတ် များ ထည့်သွင်း လျှောက်ထားရန် လိုဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံး ၊ ဌာနခွဲမှူး ၊ ရဲမှူး ကျော်ဇေယျက ပြောသည်။

အဆိုပါ အကျဉ်းသားဟောင်းများ အတွက် ထောင်ထွက် လက်မှတ် လိုအပ်ခြင်းမှာ ကိုယ်ရေး ရာဇ၀င်ကြောင့်
 ဖြစ်ကြောင်း ရဲမှူးကျော်ဇေယျမှ မဇ္ဈိမသို့ ပြောသည်။

အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ ဝေဖန်လိုက်ကြ

လက်ပံတောင်း အစီရင်ခံစာ ထွက်ပေါ် လာခဲ့ပြီးနောက်ပိုင်း ရက်အနည်းငယ်သည် အတိုက်အခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အတွက် ခက်ခဲ၍ အရေးကြီးသော သီတင်းပတ် ဖြစ်သည်ဟု အချို့က ဆိုကြသည်။

မီဒီယာများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ ယခင်က ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံခဲ့သူများ သာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ သည်ပင်လျှင် လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရပ်တည်ချက် အပေါ် ပြင်းထန်စွာ
ဝေဖန်စရာများ ရှိခဲ့သည်။

ရခိုင်အမျိုးသားနေ့ကို ၆ လအတွင်း အပြီးပြတ် သတ်မှတ်မည်

စစ်တွေ (မဇ္ဈိမ)။   ။ ရခိုင်အမျိုးသားနေ့ကို ၆ လအတွင်း ညီလာခံခေါ်ယူ၍ အပြီးပြတ် သတ်မှတ်တော့ မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားနေ့ ရွေးချယ် သတ်မှတ်ရေး ကြိုတင်ပြင်ဆင်မှု ကော်မတီမှ တာဝန်ရှိသူများက ပြောသည်။
Rakhine-National-Day
ရခိုင်တိုင်းရင်းသားတို့ လိုလားတောင့်တနေသော ရခိုင်အမျိုးသားနေကိုလာမည့် ၆ လအတွင်း အပြီးပြတ်သတ်မှတ်သွားမည်။ (ဓါတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ) ရခိုင်အမျိုးသားနေ့ ရွေးချယ်သတ်မှတ်ရေး အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စစ်တွေမြို့၌ကျင်းပစဉ်။

မြန်မာနိုင်ငံမှ အခွင့်အလမ်းများကို Google မျက်စိကျနေ

ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့် နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍမှ အဆင့်မြင့် ထင်ရှားကျော်ကြားသူ တဦးအဖြစ် Google ဥက္ကဋ္ဌ အဲရစ် ချမစ်သည် ယခု သီတင်းပတ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံ သို့ လာရောက်မည် ဖြစ်သည်။

၎င်းသည် နေပြည်တော်တွင် မြန်မာအစိုးရ အဆင့်မြင့် အရာရှိကြီးများနှင့် တွေ့ဆုံကာ မတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ MICT (Myanmar Information and Communication Technology) ဝင်း၌ မိန့်ခွန်းပြောကြားမည်ဟု
မြန်မာ ကွန်ပျူတာအသင်း အတွင်းရေးမှုးချုပ် ဦးဇော်မင်းဦး က ပြောကြားကြောင်း The New York Times က ဖေါ်ပြသည်။

နိုင်ငံကူးလက်မှတ်များ (၁၀) ရက်အတွင်း ထုတ်ပေးနိုင်တော့မည်

ရန်ကုန်(မဇ္ဈိမ)။     ။ နိုင်ငံကူး လက်မှတ်များအား လျှောက်ထားပြီး ၁၀ ရက်အတွင်း ထုတ်ပေးနိုင်ရန် စီစဉ်
ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ ယနေ့ နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေငြာသည်။

ယခင်က ပူးတွဲလျှောက်လွှာ ၁၄ ရွက်ကို ဖြည့်စွက် လျှောက်ထားကာ သတ်မှတ်ကာလ တလခန့်အကြာမှသာ ထုတ်ပေးနိုင်ခဲ့ပြီး ယခုအခါ အဆင့်ဆင့် ဖြေလျော့မှုများ ပြုလုပ်ထားသဖြင့် ၁၀ရက်အတွင်း ထုတ်ပေးနိုင်တော့မည် ဟု မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံး ၊ ဌာနခွဲမှူး ၊ ရဲမှူး ကျော်ဇေယျက မဇ္ဈိမသို့ ပြောသည်။

လစာနောက် ကုန်ဈေးနှုန်းလိုက်မည်ကို ပြည်သူများမလိုလား


အစိုးရ၀န်ထမ်းများအား ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍရေးနှစ်မှစတင်၍လစားတိုးမြှင့်ပေးခြင်းနှင့်အတူ ကုန်ဈေးနှုန်းမြင့်တက် လာမည်ကိုစိုးရိမ်ပူပန်နေကြောင်း ပြည်သူများထံမှ သိရှိရသည်။

"လစာတိုးမြှင့်ပေးတာတော့ ကောင်းပါတယ်။ ဒါပေမယ့် လစာတိုးပြီးကုန်ဈေးနှုန်း လိုက်တက်လာမယ်ဆိုရင်လည်း ဘာမှမထူးပါဘူး။အရင် အတိုင်းပါပဲ။"ဟု အစိုးရ၀န်ထမ်းတစ်ဦးဖြစ်သူ ဒေါ်ဥမ္မာက ပြောသည်။

ဓါတုပစ္စည်းသုံး အသီးအရွက်များ စားသုံးပါက ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်


ဓါတုဗေဒပစ္စည်း အသုံးပြုထားသည့် အသီးအရွက်များအား စားသုံးမိပါကအစာအဆိပ်သင့်ခြင်း ၊ဟော်မုန်းရောဂါနှင့် ကင်ဆာရောဂါများဖြစ်ပွားနိုင်ကြောင်း ဆရာဝန်ကြီးများ၏ ပြောကြားချက်အရ သိရှိရသည်။

အသီးအရွက်တွေမှာက ပိုးသတ်ဆေးတွေမကုန်ဘဲ ကပ်ပါလာနိုင်သေးတယ်လေ၊ ပြီးတော့ရောင်းပန်းလှအောင် ဆိုပြီး ဓါတုဆေးသုံးတဲ့သူတွေလည်း ရှိလာတယ်၊ဘာပဲဖြစ်ဖြစ် ကိုယ်က စားတဲ့ အခါမှာ အထူး ဂရုစိုက်သင့်တယ်ဟု အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ ၀င်းဝင်းမြင့်ကဆိုသည်။

ရဲဝန်ထမ်း(၉)ဦး၏ နမ္မချီမှော်ကိစ္စ ပြည်နယ်ရဲမှ ကိုင်တွယ်မည်


မိုးညှင်းမြို့နယ် နမ္မချီမှော်သို့ တာဝန်အရသွားရောက်ခဲ့သည့် ရဲဝန်ထမ်း(၉)ဦးကို တောတွင်း လက်နက် ကိုင် အဖွဲ့အစည်း တစ်ခုမှ ပြန်လွှတ်ပေးပြီးနောက် မြစ်ကြီးနားရဲစခန်းသို့ လွှဲပြောင်းပေးအပ်လိုက်သည့် ရဲဝန်ထမ်များအမှုကို ပြည်နယ်မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံက သိရသည်။

လိုက်ထရပ်နေရာ မီနီဘတ်စ်နှင့် အစားထိုးလဲလှယ်ရန်စီစဉ်မှု စတင်


မန္တလေးမြို့နှင့်နယ်မြို့များတွင် ခရီသည်ယာဉ်အဖြစ်အသုံးပြုလျက်ရှိသောLight Truck (လိုက်ထရပ်ကား) များမှာ ခရီးသည်များအတွက်လုံခြုံမှုပိုင်းနှင့်ကြံ့ခိုင်ရေးပိုင်းဆိုင်ရာအားနည်းချက်များကြောင့်အဆိုပါယာဉ်အစား mini bus (မီနီဘတ်စ်ကား)များကို ဈေးနှုန်းသက်သာစွာဖြင့်လဲလှယ်ပေးရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းမန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။