Thursday, March 21, 2013

မိတ္ထီလာမြို့မှ ပဋိပက္ခများ ထိန်းသိမ်းနိုင်ရန် လုံခြုံရေးအင်အား တိုးမြှင့်ထား

မိတ္ထီလာမြို့မိတ္ထီလာမြို့မှ ပဋိပက္ခများ ထိန်းသိမ်းနိုင်ရန် လုံခြုံရေးအင်အား တိုးမြှင့်ထားတွင် ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ထိန်းသိမ်း နိုင်ရန်  မတ်လ ၂၀ ရက် ညမှစ၍ မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ခုကို ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပြီး နေပြည်တော်နှင့် မန္တလေး တစ်ဝိုက်မှ ရဲ၊ လုံခြုံရေး တပ်ရင်း နှစ်ရင်းဖြင့် မြို့ပေါ်ရှိ လုံခြုံရေး အင်အားကို ထပ်မံဖြည့် တင်းလိုက်ကြောင်း သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။ မတ်လ ၂၀ ရက်တွင် စတင် ဖြစ်ပွားခဲ့သော ရွှေဆိုင်မှ ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့ကြသည့် ပိုင်ရှင် ဦးထွန်းထွန်း၊ ၎င်း၏ဇနီး ဒေါ်မြင့်မြင့်အေးနှင့် ဆိုင်လုပ်သား မင်းအောင်ခေါ် ညီညီတို့အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မများနှင့် အမှုဖွင့် ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း ၎င်းက ပြောသည်။ ထိုပဋိပက္ခကြောင့် သံဃာ တစ်ပါး မီးလောင် ဒဏ်ရာနှင့် ပျံလွန်တော် မူ၍ အမျိုးသား သုံးဦးသေဆုံးကာ ဆေးရုံတွင် ဒဏ်ရာရလူနာ ၂၀ ဦး စာရင်း ရရှိထားကြောင်း ၎င်းက အတည်ပြု ပြောသည်။

လက်ရှိ အချိန်တွင် မိတ္ထီလာမြို့ အခြေအနေမှာ လုံခြုံရေး အခြေအနေ နည်းပါး နေပြီး တာဝန်ရှိ သူများ၏ ပဋိပက္ခ အပေါ် ကိုင်တွယ် ဖြေရှင်းမှု အားနည်း နေကြောင်း ဝေဖန်မှုများ ထွက်ပေါ် နေသည့် အပေါ် ဦးရဲထွဋ်က "ဒီနေ့လည်း အခြေ အနေကို ထိန်းသိမ်းနိုင်ဖို့ ရဲရော၊ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီး ဌာနရော၊ အရပ်ဘက် လူ့အဖွဲ့အစည်း တွေရော၊ နိုင်ငံရေး ပါတီ အဖွဲ့အစည်းက လူတွေရော ၀ိုင်းဝန်း လုပ်ဆောင် နေပါတယ်။ ဒီနေ့ ညနေပိုင်းမှာ အထက်ကို တင်ပြ အတည်ပြုပြီးရင် သတင်းလည်း ထုတ်ပြန်ပါမယ်" ဟု ပြောကြားသည်။ လုံခြုံရေး အင်အား အရေအတွက်ကို လတ်တလောတွင် ၎င်းအနေဖြင့် အတည်ပြု ပြောနိုင်ခြင်း မရှိသေးဘဲ ပဋိပက္ခ ဖြစ်ပွားရာ နေရာရှိ ဒေသခံ များအနေဖြင့် ကောလာဟလ များကို မယုံကြည် ရန်နှင့် မိတ္ထီလာမြို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူများ အနေဖြင့်လည်း ကောလာဟလ များကြောင့် မြို့ပေါ်တက်လာခြင်း၊ လူအုပ် စုဝေးခြင်းများ မပြုလုပ် ကြခြင်းဖြင့် တာဝန်ကျ လုံခြုံရေး များကို ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ပေးရန် ဦးရဲထွဋ်က ပြောကြား ထားသည်။

"သာမန်ဈေးဆိုင်နဲ့ ဈေးဝယ်ဖြစ်တဲ့ကိစ္စ၊ ရဲကလည်း အရေးယူထားပြီးသားကိစ္စကို ကောလာဟလတွေ ဖြန့်ပြီးတော့မှ ပဋိပက္ခကို ကြီးသထက်ကြီးအောင် လုပ်တာကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စလို့ပဲ ထင်ပါတယ်" ဟု ၎င်းက ပြောသည်။ မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခမှာ ယနေ့မွန်းလွဲ ၃ နာရီခွဲအချိန်ထိ ထိန်းသိမ်းနိုင်ခြင်းမရှိသေးဘဲ ထိုမြို့ရှိ အောင်ဇေယျ ရပ်ကွက်ရှိ နေအိမ်များ မီးလောင် လျက်ရှိပြီး မြို့ခံအချို့မှာ အခြားဒေသ များသို့ ရွှေ့ပြောင်းနေကြသူများ ရှိကြောင်း မိတ္ထီလာမြို့ ရောက် 7Day News သတင်းထောက်က သတင်းပေးပို့သည်။ 

မိတ္ထီလာတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း