Friday, March 22, 2013

မိတ္ထီလာအရေး ဗီဂျေနမ်ဘီးယား ကြေညာချက်ထုတ်ပြန်


မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အခြားဒေသ များသို့ ဆက်လက် ကူးစက် ပြန့်ပွားမှု မရှိစေရန်နှင့် နောက်ထပ် အသက်ဆုံးရှုံး မှုများ မရှိစေရန် အတွက် အာဏာပိုင် များ၏ ကွင်းဆင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်သကဲ့သို့ ဘာသာရေးနှင့် လူမှု အဖွဲ့အစည်း ခေါင်းဆောင်များ ကလည်း မိမိတို့၏ နောက်လိုက် နောက်ပါများအား ပဋိပက္ခ အကြမ်းဖက်မှုများ အဆုံးသတ်ရန် နှင့် တရား ဥပဒေကို လေးစားလိုက်နာရန် တိုက်တွန်း အားပေးရမည် ဖြစ်ကြောင်း ကုလ အထူးသံတမန် မစ္စတာ ဗီဂျေနမ်ဘီးယား ကဆိုသည်။

Google Inc အမှုဆောင် ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း

Google Inc အမှုဆောင် ဥက္ကဋ္ဌ မစ္စတာ Eric Schmidt နှင့် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ နယ်ပယ်အချို့မှ လူငယ်များနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီက စတင်ပြုလုပ် ခဲ့ပြီးဖြစ်သည်။ ယနေ့ ပြုလုပ်သည့် မစ္စတာ Eric Schmidt နှင့် တွေ့ဆုံပွဲတွင် လူငယ်အချို့ Google နှင့်ပတ်သက်သော မေးခွန်းများ မေးမြန်းခြင်းကို အဓိက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အိုင်စီတီ ဖွံ့ဖြိုးမှုကဏ္ဍနှင့် သက်ဆိုင်သော အကြောင်းအရာ အချို့ကိုလည်း ဆွေးနွေးခဲ့ကြ သည်ဟုသိရသည်။ ယခုကဲ့သို့ Google ၏ ထိပ်တန်း အရာရှိတစ်ဦး မြန်မာနိုင်ငံသို့ မလာရောက်မီ တစ်ရက်အလိုတွင် www.google.com.mm ဟူသော ဒိုမိန်းတစ်ခုကို သုံးစွဲခွင့် ရပြီဖြစ်ပြီး ယခုအချိန်ထိ သုံးစွဲနိုင်ခြင်း မရှိသေးသည့် ၎င်း၏နာမည်ကျော် ၀န်ဆောင်မှု တစ်မျိုးဖြစ်သော Google Play ကို မကြာမီကာလအတွင်း ပြည်တွင်းမှ သုံးစွဲနိုင်ရန် အလားအလာ ရှိနေကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် ကွန်ပျူတာ ပညာရှင် အချို့ထံမှ သိရသည်။ 
Google Inc အမှုဆောင် ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း

မိထ္တီလာမြို့အရေး ရန်ကုန်သို့မကူးစက်ရန် လုံခြုံရေးတိုးမြှင့်

ခရိုင်ရဲစခန်း ရုံးများနှင့် မြို့နယ် ရဲစခန်းများ အသင့် အနေအထား ရှိစေရန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ယနေ့ မနက်ပိုင်းတွင် ပြန်ကြား လိုက်သည်။ ဆူပူမှုများ ရန်ကုန်သို့ ကူးစက် မလာစေရန် အတွက် ဖြစ်ပြီး ရဲကား များဖြင့် နေ့/ညကင်း လှည့်ခိုင်းထားခြင်း၊ ရဲတပ်ဖွဲ့ အင်အား တိုးမြှင့်ထားခြင်း၊ ၁ နာရီ ၁ ကြိမ် နာရီစင်နှင့် တိုက်ရိုက် အစီရင်ခံမှု ပြုလုပ်ခိုင်းမှု များကိုလည်း ထည့်သွင်းဆောင်ရွက် ထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့ရုံး ကဆိုသည်။ 

"မိထ္ထီလာ.ရန်ကုန် ခရီးသွားလိုင်းကားများ ရပ်နားထား"


"မိထ္ထီလာ.ရန်ကုန် ခရီးသွားလိုင်းကားများ ရပ်နားထား"

မိတ္ထီလာ၊ မတ် ၂၂

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ်မှုကြောင့် ပြည်တွင်းသာလာမှု ခရီးသွားယဉ်လိုင်းများရပ်နားထားရကြောင်းသိရသည်။

" စဖြစ်တဲ့နေ့တည်းက ဟိုဘက်ကလည်းကားမထွက်ဘူး၊ ဒီဘက်ကလည်းမထွက်ပါဘူး၊ခုထိရပ်နားထားတယ်၊
ပြန်ထွက်ဖြစ်ဖို့က မိထ္ထီလာ ရဲ့ အခြေအနေပေါ် မူတည်တယ်" ဟု ဗန္ဓုလ သယ်ယူပို့ဆောင်ရေးမှ မန်းနေးဂျင်းဒါရိုက်တာဦးမျိုးမြင့်က ပြောသည်။

ဗန္ဓုလ သယ်ယူပို့ဆောင်ရေးသည် ရန်ကုန် နှင့် မိထ္ထီလာ ခရီးစဉ်ကို တစ်ရက်လျင် တစ်စီး ပုံမှန်ပြေးဆွဲနေခြင်းဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်း မ.ထ.သ အဝေးပြေး(အောင်မင်္ဂလာ) မှတာဝန်ရှိသူတစ်ဦးက " ကျနော်တို့ဆီက မိထ္ထီလာကို တိုက်၇ိုက်ပြေးဆွဲတဲ့ကား မရှိတဲ့အတွက် ခရီးစဉ်တွေ ရပ်နားမှု မရှိပါဘူး၊မန္တလေးကနေ တဆင့် ပို့တာပါ။အဲဒီမှာလည်း ဆိုင်ကယ်ကယ်ရီ နဲ့ သွားတာများပါတယ် "ဟုဆိုသည်။

wy/hh
Popular Myanmar News Journal










"မိထ္ထီလာ.ရန်ကုန် ခရီးသွားလိုင်းကားများ ရပ်နားထား"

မိတ္ထီလာ၊ မတ် ၂၂

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ်မှုကြောင့် ပြည်တွင်းသာလာမှု ခရီးသွားယဉ်လိုင်းများရပ်နားထားရကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ပထမဆုံးလေယာဉ်မောင်းသင်တန်းတွင် သင်တန်းသား၁၀ဦး ပညာသင်ထောက်ပံ့စရိတ်ဖြင့် တက်ရောက်ခွင့်ရရှိမည်

မြန်မာနိုင်ငံ၏ပထမဆုံးလေယာဉ်မောင်းသင်တန်းတွင်  
သင်တန်းသား၁၀ဦး ပညာသင်ထောက်ပံ့စရိတ်ဖြင့် 
တက်ရောက်ခွင့်ရရှိမည်

ရန်ကုန်၊ မတ်  ၂၂။

မြန်မာနိုင်ငံတွင်ပထမဆုံးဖွင့်လှစ်သည့် လေယာဉ်မောင်း
သင်တန်းကျောင်းတွင် အမှန်တကယ်ဆင်းရဲပြီး ပညာ
ထူးချွန် ထက်မြက်သောကျောင်းသား ၁၀ဦးကို ထူး
ဖောင်ဒေးရှင်းမှ ပညာသင်ထောက်ပံ့စရိတ် ပေးအပ်
မည် ဖြစ်ကြောင်းသိရသည်။ 

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အသက် ၁၇ နှစ် မှ 
အသက် ၃၅နှစ်ကြား ရှိသူ များမှာ  မြန်မာနိုင်ငံတွင် ပထမ
ဆုံးဖွင့်လှစ်သည့် လေယာဉ်မောင်းသင်တန်းကျောင်း 
Myanmar Aviation Academy တွင်  လေယာဉ်မောင်း
သင်တန်း တက်ရောက်ရန်လျှောက်ထားနိုင်ကြောင်း ၊ ထိုလျှောက်ထားသူများထဲမှ အရည်အချင်းပြည့်မှီသူ၂၄ဦး 
မှာ သင်တန်းတက်ခွင့် ရရှိမည်ဖြစ်ပြီး၊ ၄င်းတို့ထဲမှ ဥာဏ် ပညာထက်မြက်ပြီး ငွေကြေးအမှန်တကယ်ချို့ တဲ့သူ ၁၀
ဦးကို ထူးဖောင်ဒေးရှင်းမှ ပညာသင်ထောက်ပံ့စရိတ် 
ပေးအပ်မှာ ဖြစ်ကြောင်းသိရသည်။

“ပညာသင် ထောက်ပံ့စ့ရိတ်ကို အမှန်တကယ် ချို့ တဲ့ပြီး ၊ 
တကယ် ဥာဏ်ရည်ထက်မြက်တဲ့ ကလေးတွေကို ရစေ
ချင်ပါတယ်။ ဒါပေမယ့် ဘယ်အတိုင်းအတာကို ဆင်းရဲ
တယ်လို့ သတ်မှတ်ဖို့ကကျတော့ နည်းနည်းအခက်အခဲ 
ဖြစ်နေတယ်။ စီစစ်ဖို့ကို ကျွန်တော်တို့လည်း တိုင်ပင်နေ
ပါတယ်။” ဟု Myanmar Aviation Academy ဥက္ကဌဦး
ကြည်ဝင်းက ပြောကြားသည်။

လေယာဉ်မောင်းသင်တန်း တက်ရောက်လိုသူများမှာ 
သင်တန်းစရိတ် အမေရိကန်ဒေါ်လာ ခြောက်သောင်း
ငါးထောင်(မြန်မာငွေ သိန်း ၅၅၀ကျပ်ခန့်) ပေးသွင်းရ
မည်ဖြစ်ကြောင်း ၊ ပညာသင်စရိတ် ထောက်ပံ့ကြေးရရှိသူ 
၁၀ဦးအတွက် စုစုပေါင်း ကုန်ကျငွေ အမေရိကန် ဒေါ်လာ
ခြောက်သိန်းငါးသောင်းအားထူးဖောင်ဒေးရှင်းမှ ထောက်
ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်း တက်ရောက်လိုသူများသည် လေယာဉ်
သင်တန်း ၀င်ခွင့်ရရှိစေရန်  အင်္ဂလိပ်စာ၊ သချာင်္ နှင့် ရူပဗေဒ 
ဘာသာ ရပ်များကို ဖြေဆိုရမည်ဖြစ်ပြီး ဘာသာရပ တစ်ခုလျှင် 
အနည်းဆုံး အမှတ် ၆၀ ရရှိရမည်ဖြစ်ကြောင်း၊ သင်တန်း 
တက်ရောက်နေစဉ်တွင်အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်များ
ဖြင့် လေယာဉ်မောင်းနှင်ခြင်းကို  လက်တွေ့ နာရီ ၂၀ သင်ကြား
ပြီးပါက တစ်ကိုယ်တော် မောင်းနှင်နိုင်ခြင်း ရှိမရှိ စစ်ဆေးမည်
ဖြစ်ပြီး၊ မမောင်းနိုင်သူများကို သင်တန်းတက်ခွင့် ရပ်ဆိုင်းမည်
ဖြစ်ကြောင်း၊ လေယာဉ်မောင်းနှင်ခြင်း သင်တန်းကို ပုသိမ်မြို့
တွင် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသားများမှာ ကိုယ်ကာယ ကြံ့ခိုင်မှု လိုအပ်ချက် အဖြစ် မျက်မှန်တပ်သူဖြစ်ပါသော်လည်း ကီလိုမီတာ ၄၀ အကွာမှ 
ကားနံပါတ်ကို ဖတ်ပြနိုင်ခြင်း ရှိရမည်ဖြစ်ပြီး ခြေထောက်
အရှည် ၃၉လက်မ ရှိသူဖြစ်ရမည်ဖြစ်ကာ ကိုယ်အလေးချိန် 
၁၈၀မကျော်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် အောင်မြင်ပြီးသူများထဲမှ ပညာသင် ထောက်ပံ့
စားရိတ် ရရှိသူ၁၀ဦးမှာ Air Bagan လေကြောင်းလိုင်းတွင် ၇နှစ် တာဝန်ထမ်းဆောင်ပေးရမည်ဖြစ်ကြောင်း နှင့် မိမိစရိတ်ဖြင့် တတ်သောကျောင်းသားများမှာ ၅နှစ် တာဝန်ထမ်းဆောင်
ရမည်ဖြစ်ကြောင်း သိရသည်။

“၇နှစ်တာဝန် ထမ်းပေးရမယ်ဆိုလို့ ပညာသင်ပေးပြီး ခိုင်း
စားတယ်လို့ တချို့ကလေးတွေက ထင်မှာစိုးပါတယ်။ 
တကယ်တမ်း စဉ်းစားကြည့်ရင် ပညာသင်ပေးရုံတင် 
မကဘူး ဒီကလေးတွေရဲ့ ဘ၀အတွက် အလုပ် ၇ နှစ်စာ 
အာမခံ ရှိတယ်လို့ပြောရမှာပါ။ တာဝန်ထမ်းတဲ့ အချိန်မှာ
လည်း လစာပေးထားမှာပါ။ ပြီးတော့ နိုင်ငံတကာမှာ 
PCLလက်မှတ် ကိုင်ထားပေမယ့် လေယာဉ်မောင်းချိန် 
၁၅၀၀ပြည့်မှ First Officer ရာထူးပေးတာပါ။ ဒီမှာက 
ကိုယ့်သင်တန်းက ကလေးတွေ သင်တန်းက ဆင်းတာနဲ့ အတွေ့အကြုံယူလို့ရအောင် စီစဉ်ပေးထားတာပါ။ ” ဟု 
Myanmar Aviation Academyမှ ဥက္ကဌ ဦးကြည်ဝင်းက ရှင်းလင်းပြောကြားသည်။

ထို့အပြင် သင်တန်းတွင် နာရီ ၄၀၀ စာတွေ့လက်တွေ့မောင်းနှင် ရမှာဖြစ်ကြောင်း၊ သင်တန်းအောင်ပြီးပါက Junior Officerရာ
ထူးဖြင့် တာဝန်ထမ်းဆောင်ရမည်ပြီး လစာ အမေရိကန် ဒေါ်လာ ၁၂၀၀အဖြစ်လည်းကောင်း၊ ၃နှစ်ခန့် အကြာတွင် Senior 
Officer ရာထူးဖြင့် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လစာ အမေရိကန်ဒေါ်လာ ၁၈၀၀ခန့်ရရှိမည် ဖြစ်ကြောင်း ၊ နာရီ ၃၀၀၀ မောင်းနှင်ပြီးပါက Captain တာဝန် ထမ်းဆောင် ရမည် ဖြစ်ကြောင်းသိရသည်။

ဆုဝေ


မြန်မာနိုင်ငံ၏ပထမဆုံးလေယာဉ်မောင်းသင်တန်းတွင်
သင်တန်းသား၁၀ဦး ပညာသင်ထောက်ပံ့စရိတ်ဖြင့်
တက်ရောက်ခွင့်ရရှိမည်

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ထုတ်ပြန်


ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ထုတ်ပြန်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် -

 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)

၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း   ၁၁      ရက်

(၂၀၁၃ ခုနှစ်၊ မတ်လ  ၂၂   ရက်)


အရေးပေါ်အခြေအနေကြေညာခြင်း


၁။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများဖြစ်ပေါ်မှုကြောင့် ပြည်သူများ၏လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်မှစ၍ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့ပါသည်။

၂။ သို့သော်လည်း ဆူပူအကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန် ဆောင်ရွက်ရုံဖြင့် မိတ္ထီလာခရိုင်အတွင်းရှိ  မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်များအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်းမရှိတော့ကြောင်း တွေ့ရှိရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန်လည်ဖော်ဆောင် ပေးနိုင်စေရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ  မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင် မြို့နယ်နှင့် သာစည်မြို့နယ်များအတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာ လိုက်သည်။

၃။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်အရ တာဝန် ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။

၎။  ဤအမိန့်သည် ယနေ့မှစ၍ နောက်အမိန့် တစ်စုံတစ်ရာထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။

၅။  ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။

 
(ပုံ) သိန်းစိန်                   

နိုင်ငံတော်သမ္မတ             

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


Credit : www.president-office.gov.mm

http://www.president-office.gov.mm/briefing-room/news/2013/03/22/id-2903
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ထုတ်ပြန်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် -


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Iown Smart ဟမ်းဆက် ရွှေပြည်တံခွန် ဖြန့်ချီမည်


တရုတ်နိုင်ငံတွင်တပ်ဆင်ထားပြီးသော Iown တံဆိပ် စမတ်ဖုန်းများအား  ၂၀၁၃ ခုနှစ်အတွင်း ပြည်တွင်း ဈေးကွက်၌   ဖြန့်ချီနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေပြည်တံခွန်အများပိုင်ကုမ္ပဏီ လီမီတက်မှ သိရသည်။

ဈေးကွက်ထဲမှာ မကြာခင်တင်ဖို့အတွက် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ တရုတ်ပြည်မှာ တပ်ဆင်တယ်။ Brand နာမည်ကတော့ Iown (ရွှေဇီးကွက်) ဖြစ်ပါတယ်။ ဈေးကွက်ထဲကို ဖြန့်ဖို့အတွက် ဒီနှစ် ထဲမှာ အားလုံးပြီးအောင် လုပ်မယ် ” ဟု ရွှေပြည်တံခွန်အများပိုင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဦးလွင်နိုင်ဦးက ပြောသည်။

ငွေဆောင်မြို့နယ်ခွဲ အစွန်အဖျားမှ ကလေးငယ်များ ပညာရေးအခက်အခဲဖြစ်ပေါ်နေ


ငွေဆောင်မြို့နယ်ခွဲအတွင်းသွားလာရေးခက်ခဲသောဒေသများရှိကျေးရွာများတွင်နေထိုင်သည့်ကလေးငယ်များမှာလာမည့်နှစ် ပညာသင်ကြားရေးအတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

တောတောင်များထဲတွင် သစ်ခုတ်ဝါးခုတ်လုပ်ကိုင်စားသောက်နေသူတို့ စုပေါင်းနေထိုင်သော အိမ်ခြေ(၅၀)ခန့် ရွာငယ်လေး များမှ ကလေးများပညာရေးအတွက် ဆရာ၊ဆရာမများကိုကျေးရွာများမှ စုပေါင်းငှားရမ်းပြီးသင်ကြား နေသော် လည်း လွန်ခဲ့သည့်ပညာသင်နှစ်တွင် ငှားရမ်းခ အပြည့်မပေးချေနိုင်ခဲ့သည့်ဖြစ်စဉ်များရှိခဲ့သဖြင့် လာမည့်ပညာသင်နှစ်တွင် ပညာသင်ကြားရန် အခက်အခဲများဖြစ်ပေါ်နေခြင်းဖြစ်သည်။

ခိုးယူရန်အိမ်တွင်းဝင်စဉ် လူမိရ်ျ ဓားဖြင့်ခုတ် အိမ်ရှင်များ ဒဏ်ရာရ