Sunday, March 24, 2013

မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်တွင် လူဆယ်ဦးထက် မနည်း တစ်နေရာတည်း၌ မီးလောင်ကျွမ်း သေဆုံးခဲ့သောြ


DSC 0211 copy

မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်တွင် လူဆယ်ဦးထက် မနည်း တစ်နေရာတည်း၌ မီးလောင်ကျွမ်း သေဆုံးခဲ့သော မြင်ကွင်း

မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်တွင် လူဆယ်ဦးထက် မနည်း တစ်နေရာတည်း၌ မီးလောင်ကျွမ်း သေဆုံးခဲ့သော မြင်ကွင်းနှင့်ပတ်သက်၍ ယခုဓါတ်ပုံကိုမတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က မိတ္ထီလာမြို့ ၀န်ဇင်း ရပ်ကွက် ၊ မိတ္ထီလာ-မြင်းခြံလမ်းပိုင်း စည်းခုံကြီး ကန်ဘောင် (ဒေသအခေါ် စည်းခုံကြီး တံတား) နေရာတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်ပါသည်။

ဓာတ်ပုံကို ဖော်ပြခြင်းသည် အခြားသော ရည်ရွယ်ချက်မျိုး မဟုတ်ဘဲ ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်နှင့် စပ်လျဉ်းပြီး လူသား မဆန်သော ပြစ်မှု ကျုးလွန်ခြင်း ဖြစ်၍ ထိုကဲ့သို့ နောက်နောင် ထပ်မံ မဖြစ်ပွားရန် အချိန်မီ ဟန့် တားမှုနှင့် ကာကွယ် တားဆီမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ ဓာတ်ပုံတွင် ပါဝင်သူများမှာ မည်သည့် လူမျိုး ဖြစ်သည်ကို မီးလောင်ကျွမ်းမှုများအရ ခန့်မှန်းရန်ပင် ခက်ခဲပါသည်။

ယမန့်နေ့က အရေးပေါ် အခြေအနေ ကြေညာ၍ ထိန်းသိမ်းခဲ့ရာ ယနေ့တွင် တည်ငြိမ်မှုများ ရှိလာသဖြင့် တရားဥပဒေ အရ အရေးယူ ဖော်ထုတ်နိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။ ဤဓာတ်ပုံကို ဖော်ပြရန် အတွက် အကျိုး၊ အပြစ်အားလုံးကို ဆန်းစစ်ပြီးမှ အယ်ဒီတာအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခု ဖြစ်စဉ်တွင် ဤမျှ ဆိုးဝါးခဲ့ခြင်းသည် လုံခြုံရေး တပ်ဖွဲ့များ၏ အရေးယူ ဆောင်ရွက်မှု နှောင့်နှေးခဲ့ရခြင်းမှာလည်း အကြောင်းတစ်ခု ဖြစ်ပါသည်။

နောက်နောင်တွင် နမူနာ ယူနိုင်ရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် လျင်မြန်သော ဟန့်တား ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်ရန် အပါအ၀င် အားလုံး သိရှိနိုင်ရန်အတွက် ယခု ဓာတ်ပုံကို ဖော်ပြခြင်း ဖြစ်ပါသည်။

လှိုင်သာယာ စက်မှုဇုန်ထိပ်တွင် ခရီးသည်တင် အောက်ဆိုက်ယာဉ်တစ်စီး တိမ်းမှောက်ကာ တစ်ဦးသေဆုံး

လှိုင်သာယာမြို့၊ စက်မှုဇုန်ထိပ်တွင် မတ် ၂၂ ရက် ညပိုင်းက လိုက်ထရပ် ခရီးသည်တင် အောက်ဆိုက် (အပိုဝင်ငွေရှာ) ယာဉ်တစ်စီး တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး သေဆုံးပြီး ယာဉ်ပေါ်ပါခရီးသည် ၁ဝ ဦးကျော်ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ  ရန်ကုန်-ပုသိမ် လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် လှိုင်သာယာ-သီရိမင်္ဂလာဈေး ညပိုင်းအောက်ဆိုက်ပြေးဆွဲသော ခရီးသည်တင် လိုက်ထရပ်ယာဉ်သည် ည ၈ နာရီကျော်ခန့်တွင် ဘုရင့်နောင်တံတားအနီး တပင်ရွှေထီးလမ်းနှင့် ကနောင်မင်းသားကြီးလမ်းဆုံရှိ စက်မှုဇုန်မှတ်တိုင်အရောက် လမ်းဘေး၌ ရပ်ထားသော ခရီးသည်တင် အငှားယာဉ်တစ်စီးကို ဝင်တိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်အပေါ် လိုက်ထရပ်ယာဉ်၏ တိုက်ခြင်းခံရသော အငှားယာဉ် ယာဉ်မောင်းက ''ကျွန်တော့်ကားက လမ်းဘေးမှာ ရပ်ထားတာ။ အဲဒီမှာ လိုက်ထရပ်ကားက သူတို့အချင်းချင်း ကားပြိုင်မောင်းလာတာ ထင်တယ်။ အရှိန်တော်တော် ပြင်းပြင်းနဲ့ ကျွန်တော့်ကားကို ဝင်တိုက်ပြီး သုံးလေးပတ်လောက်လည်ပြီး မှောက်သွားတာ။ ပထမ တစ်ပတ်လည်သွားကတည်းက လူတစ်ယောက်က စင်ထွက်သွားတယ်။ ခရီးသည်ပဲ။ တွယ်စီးလာတာ ထင်တယ်။ ပွဲချင်းပြီး သေသွားတယ်'' ဟု  ပြောသည်။

ယင်းနေရာသည် မကြာခဏ ယာဉ်မတော်တဆမှု ဖြစ်ပွားလေ့ရှိကြောင်းနှင့် ယာဉ်ပြိုင်မောင်းမှုများနှင့် ယာဉ်မောင်းများ၏ မဆင်မခြင် မောင်းနှင်မှုများကြောင့် ယာဉ်တိုက်မှု အများစုဖြစ်နေရကြောင်း မျက်မြင်တို့က  ပြောသည်။

''ပြီးခဲ့တဲ့သုံးရက်ကပဲ ဒီနေရာမှာ ဂါလီတစ်စီးကို ကားတစ်စီးက ဝင်တိုက်သေးတယ်။ အဲတုန်းကတော့ ကျိုးတာပဲ့တာပဲရှိတယ်။ ကားက တအားမောင်းလာပြီး ဖြစ်တာ။ ဒီနားမှာက မကြာခဏ ဖြစ်တယ်'' ဟု  ကွမ်းယာရောင်းချသူတစ်ဦးက ပြောသည်။

တိမ်းမှောက်သွားသော ယာဉ်ပေါ်တွင် ခရီးသည် ၁ဝ ဦးကျော်ခန့် လိုက်ပါလာကြောင်း သိရပြီး ခရီးသည်အားလုံးနီးပါး ဒဏ်ရာရရှိကာ လှိုင်သာယာဆေးရုံနှင့် အင်းစိန်ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

မတ်လ 22 ရက် မှ 28 ရက်အထိ (၇) ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

 စိတ်လှုပ်ရှား မှု့ စိတ်လေမှု့ အတွေးများသော ကာလဖြစ်သည်။ တွေးခေါင်ပူပင်မှု့များနေမည်။ အရာရာ တစ်ကြိမ်တည်း နှင့် မပြီး ဖြစ်တတ်၍ ဂရုစိုက်ပါ။ အကောင်းမထင် အပြစ်တင်မှု့ တွေ ခံရတတ်သည်။ ခရီးယာယီ များမည်။ ဖြေဆိုပြီးသော စာမေးပွဲ များ ၊ အင်တာဗျူး များ မုချအောင်မြင်မည်။ အထင်လွဲ စွပ်စွဲမှု့ ခံရမည်။ ရင်းနှီခင်မင် သူမှ သင့် အားချစ်ခွင့် ပန်လာမည်။ အဆင်ပြေမည်။ အိမ်ထောင်ရှိသူ များ ဖောက်ပြန်မှု့ ဖြစ်မည်။ ဝင်ငွေ ထွက်ငွေ ကြမ်းမည်။ မြေ ၊ စက်၊ကား ရောင်း ဝယ် ဖြစ်မည်။

 

အကျိုးပေးသောနံပါတ် - ၂၊ ၄၊ ၈ ။

အထူးဟော - အတွေးချော်တတ်၍ ဂရုစိုက်ပါ။

ယတြာ - တနင်္ဂနွေ နေ့ မနက်တွင် မြောက်အရပ်ရှိ ဘုရားကို အောင်သပြေ (၁၉) ညွန့် ကပ်လှူပါ။

 

တနင်္လာ

စိတ်လေမည်။ အတွေးများမည်။ ဘာရယ်အလိုမကျ ဖြစ်နေမည်။ စိတ်လိုက်မာန်ပါ ဒေါသမကြီးသင့်ပါ။ ခရီးများများ ထွက်ဖြစ်မည်။ စက် ၊ ယာဉ် ၊မြေ စကားပြောရတတ်သည်။ အချစ်ရေး အဆင်မပြေ လိုက် ပြေလိုက် ဖြစ်မည်။ ထီထိုးလိုက်ပါ။ ပေါက်ကိန်းရှိသည်။ ၂ စ ၄ ပိတ် ထိုးပါ။ ဇဝေဇဝါ ဖြစ်နေသော ပညာရေး နှင့် အလုပ်အတွက် အဆင်ပြေ မည်။ ကြီးသူ ၁ဦး အတွက် ပူပင်ရကိန်းကြုံမည်။ မရောက်ဘူးသော ခရီးဝေးတွေရောက်မည်။ လူယုံမထားသင့်ပါ။ ငွေလိမ်ခံရမည်။ ရစရာငွေ တစ်ချို့ ရမည်။ စပ်တူ စီးပွားရေး မလုပ်သင့်ပါ။

 

အကျိုးပေးဂဏန်း - ၁၊ ၆၊ ၉။

အထူးဟော - ရုတ်တရက် ငွေ ဝင်ကိန်းရှိသည်။

ယတြာ - တနင်္လာနေ့ နံနက်တွင် ငါးတွေကို အစာကျွေးပါ။

 

အင်္ဂါ

စိတ်မအား ၊ လူမအား အလုပ်များနေမည်။ ကတိတစ်ခု အရမ်း မပြုနှင့် ။စိတ်ရှုပ်ရလိမ့်မည်။ မကြာမှီအလုပ်တစ်ခု လွှဲပြောင်းရလိမ့်မည်။ သင်၏ နောက်ချစ်သူ တစ်ဦး သူများနောက်ပါသွားလိမ့်မည်။ သင်ကလည်း နောက်တစ်ယောက် ထပ်တွေ့မည်။ အချစ်ရေးရှုပ်ယှက် ခက်လိမ့်မည်။ အချစ်အတွက်နှင့် သင့်ရဲ့စီးပွားရေး အလုပ်အကိုင်တွေ ဒုက္ခရောက် ပြဿနာ မတက်ပါ။ စက်ပစ္စည်း ရွှေ ၊ လက်ဆောင်ရမည်။ ကျန်းမာရေး အနည်းငယ်ချူချာမည်။ ကြီး သူ တစ်ဦး ချူချာမည်။

အကျိုးပေးဂဏန်း - ၄၊ ၉၊ ၆။

အထူးဟော - ခင်မင်သူတစ်ဦးရဲ့ အထင်လွဲခြင်းခံရမည်။

ယတြာ - ကြာသပတေး နေ့နံ တစ်ဦးကို နှင်းဆီ ၅ ပွင့် လက်ဆောင်ပေးလိုက်ပါ။

 

ဗုဒ္ဒဟူး

စိတ်မြန်ကိုယ်မြန် မလုပ်သင့်ပါ။ ဒေါသကြီးခြင်းနှင့် တဇွတ်ထိုး လုပ်ကိုင်ခြင်းတို့ လုံးဝရှောင်ပါ။ ဤကာလမှာ အထက်ပါ ၂ ချက် မဆင်ခြင်ပါ က ဒုက္ခရောက်တတ်တယ်။ ခရီးယာယီမြင်ပါတယ်။ စီးပွားရေး အောင်မြင်မည်။ ပညာရေးအောင်မြင်မည်။ အချစ်ရေးအောင်မြင်မည်။ ချစ်သူ၏ သရော်ခြင်းခံရမည်။ လက်ဆောင်ရမည်။ ခရီးယာယီ တွေရောက်မည်။ စက်ရွှေ ဝင်မည်။ ဆိုင်ကယ်ကား တစ်ခုခု ဝင်မည်။ ထီထိုးပါ။ ပေါက်မည်။ ၇ ၊ ၀ ပိတ်ထိုးပါ။ အနောက်မြောက်ဒေါင့်ကို ဂရုစိုက်သွားလာပါ။ သင်နှင့် မသင့်ပါ။ ရှယ်ယာမလုပ်ရ။ စာမေးပွဲဖြေဆိုမှုများ မုချအောင်မြင်မည်။

အကျိုးပေးဂဏန်း - ၅၊ ၀၊ ၇။

အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။

ယတြာ - ဘုရားကို မွေးနေ့မှာ ရေလှူပါ။

 

ကြာသပတေး

ပွင့်လင်းတယ်။ပြတ်သား တယ်။ အပြောကြမ်းတယ် ဆိုတာ နေရာတိုင်းမကောင်းပါ။ သင့်အပေါ်အနစ်နာ ခံသူ ၏ စိတ်ဝမ်းကွဲခြင်း ကြုံမည်။ အချစ်ရေးမှာ အချစ်ဟောင်းနှင့် လမ်းခွဲဖြစ်မည်။ ချစ်သူသစ်နှင့် တွဲဖြစ်မည်။ ခရီးယာယီ များမည်။ လူလိမ် ငွေလိမ်ခံရမည်။ ဝင်ငွေ ထွက်ငွေ ကြမ်းမည်။ စက် ၊ မြေ ၊ အိမ် တို့ အပြောင်းအလဲ ဝင်ထွက် မည်။ ရှယ်ယာ မလုပ်သင့်ပါ။ ထီထိုးပါ။ထီပေါက်မည်။ သာသာနာရေးအားပေးမှု့များလာမည်။ ဆွေမျိုးသားချင်း မိဘတို့အတွက် စိတ်ရှုပ်ရတတ်သည်။ ရုတ်တရက် ယာဉ်အန္တရာယ် ရနိုင်၍ ဆင်ခြင်ပြီးမောင်းပါ။ သင့်လုပ်ငန်း မှာ ရှုပ်စရာ ပေါ်မည်။ ရှင်းလို့ရမည်။ အိမ်ထောင်ရေးသာယာပါမည်။

အကျိုးပေးဂဏန်း - ၆၊ ၉၊ ၄။

အထူးဟော - သင်ကံကောင်းလာပါပြီ။

ယတြာ - ကြာသပတေးနေ့တွင် သက်ကြီးရွယ်အို တွေ ၁ဝ ဦးကို မုန့်ဝယ်ကျွေးပါ။

 

သောကြာ

စိတ်မြန်ခြင်း တယူသန်လုပ်ခြင်း တဇွတ်ထိုး လုပ်ကိုင်ခြင်းကြောင့် အမှားမှားအယွင်းယွင်း တွေ ဖြစ်မည်။ ခြေ ၊ လက်တို့ ခိုက်မိမည်။ လူယုံမထားရ။ ငွေ နှင့် ပစ္စည်း အလိမ်ခံရမည်။ ဝမ်းဗိုက် နာခြင်း ၊ အောင့်ခြင်း တို့ဖြစ်မည်။ ဝမ်းပျက်တတ်သည်။ အရှေ့တောင်အရပ် ဂရုစိုက်ပါ။ ခရီးဝေးယာယီ တွေသွားရမည်။ ကျန်းမာရေး အနည်းငယ်ချူချာမည်။ ဆွေမျိုးသားချင်း အတွက် စိတ်ရှုပ်ရမည်။ အချစ်ရေး ကံကောင်းသည်။ အလုပ်အကိုင်နှင့် ပတ်သက်၍ ရှုပ်မည်။ ရှင်းရမည်။ အောင်မြင်မည်။ ငွေစကားပြောရမည်။ အမွေစကားပြောရမည်။ ရစရာငွေတို့ရမည်။ ထီပေါက်မည်။ ထိုးပါ။ ၆ ထိပ် ၆ပိတ်ထိုးပါ။ အလှူပေးရမည်။ အိမ်ဆောက်ရမည်။

အကျိုးပေးဂဏန်း - ၇၊ ၂၊ ၁။

အထူးဟော - ဝမ်းနည်းဝမ်းသာ ကာလဖြစ်သည်။

ယတြာ - မြောက်အရပ်က သက်ကြီးရွယ်အို ကိုသောကြာနေ့ တွင် ကုသိုလ်ပြုပါ။

 

စနေ

ဇဝေဇဝါ မသေမချာ ဖြစ်ရပ်များမှ သေချာရေရာ အဆင်ပြေသော အဆင့်တွေ ရရှိစံစားရမည့် ကာလဖြစ်သည်။ အချစ်ရေး ၊ အလုပ်အကိုင် ၊ ပညာရေး အားလုံးအဆင်ပြေမည်။ အောင်မြင်မည်။ အလုပ်အကိုင် တစ်ခု တည်ထောင်ဖြစ်မည်။ စက် ၊ ရွှေ တို့ဝင်မည်။ လက်ထပ်မင်္ဂလာ မြင်သည်။ ခရီးဝေး ယာယီ အလည်အပတ် တွေသွားရမည်။ စီးပွားရေးဝင်ငွေ ကောင်းမည်။ ကျန်းမာရေး ကောင်းမည်။ ထီပေါက်ကိန်းရှိသည်။ ငွေစုလိုက် ဝင်မည်။ အလှူတန်းတို့ ပြုဖြစ်မည်။ ထီပေါက်ကိန်းရှိသည်။ ငွေစုလိုက်ဝင်မည်။ အလှူအတန်းတို့ ပြုဖြစ်မည်။ မြောက်အရပ်ခရီး ဆင်ခြင်ပါ။ မြောက်အရပ်က ဆေးခန်းကို မကုသသင့်ပါ။ လူမျိုးကွဲ အကျိုးပေးသည်။ လုပ်ငန်းတွဲလုပ်ရမည်။ အောင်မြင်မည်။ အဝေးမိတ်ဆွေ က ကူညီမှု့ ပေးမည်။

 

အကျိုးပေးဂဏန်း - ဝ၊ ၂၊ ၇။

အထူးဟော - သင်ကံကောင်းမည်။

ယတြာ - စနေနေ့ တွင် တောင်အရပ် တွင်ရှိသော သက်ကြီးရွယ်အို ကို ကုသိုလ်ပြုပါ။


၂၀၁၃ MNL အမှတ်ပေးပြိုင်ပွဲ ပြန်လည်စတင်ယှဉ်ပြိုင်

w1-23-3-1

ရန်ကုန်ယူနိုက်တက် အသင်းခေါင်းဆောင် ရာဇာဝင်းသိန်း ဧရာဝတီအသင်းဘက်သို့ ထိုးဖောက်တိုက်စစ်ဆင်နေစဉ်

၂၀၁၃ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆)ကို ပြီးခဲ့သည့် မတ်လ (၂၃)ရက်က ပြန်လည် ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရသည်။

ယင်းပွဲစဉ်တွင် လက်ရှိချန်ပီယံ ရန်ကုန်အသင်း ရှုံးပွဲကြုံတွေ့ခဲ့ပြီး KBZ အသင်းနှင့် ရတနာပုံအသင်းတို့ သရေကျသွားသည်။

အမှတ်ပေးဇယား ထိပ်ဆုံးမှ ရန်ကုန်အသင်းမှာ ဧရာဝတီအသင်းကို ၁-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲသည်။  ဧရာဝတီအသင်းအတွက် ဂိုးများကို နန္ဒလင်းကျော်ချစ်က နှစ်ဂိုး နေလင်းထွန်းက တစ်ဂိုးတို့ သွင်းယူခဲ့ပြီး ဆီဇာက ရန်ကုန် အတွက် ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့သည်။  

KBZ နှင့် ရတနာပုံတို့ပွဲတွင် KBZ အသင်းက အင်ယောင် သွင်းယူသောဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အသစ်ခေါ်ယူထားသည့် ကင်မရွန်း တိုက်စစ်မှူး ဒန်နီရယ်က ရတနာပုံအတွက် ချေပဂိုး ပြန်လည် သွင်းယူခဲ့သည်။

ဇေယျာရွှေမြေအသင်းမှာ ရခိုင်အသင်းကို အိမ်ကွင်း၌ ၆-၃ ဂိုးဖြင့် အနိုင်ယူကာ ရမှတ် ၁၅ မှတ်ဖြင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။ မကွေးနှင့် ဟံသာဝတီတို့ပွဲတွင် ဂိုးမရှိ သရေကျ ခဲ့ကြောင်း သိရသည်။

လာမည့် ဧပြီလတွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားကို ကျပ်နှစ်သောင်းစီ တိုးမြှင့်ပေးရန် ပါရှိသည့် ၂၀၁၃ ခုနှစ် ဘတ်ဂျက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

လာမည့် ဧပြီလတွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားကို ကျပ်နှစ်သောင်းစီ တိုးမြှင့်ပေးရန် ပါရှိသည့် ၂၀၁၃ ခုနှစ် ဘတ်ဂျက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

ဝန်ကြီးဌာနများအနက် စွမ်းအင်ဝန်ကြီးဌာနမှာ သုံးစွဲငွေ အများဆုံးအဖြစ် ကျပ်ဘီလျံ ၃၁၀၀ ကျော် ရရှိခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ အများဆုံးအဖြစ် ကျပ်ဘီလျံ ၂၂၀၀ ကျော် ရရှိခဲ့

Weeklyeleven-1-march24

လွှတ်တော်အစည်းအဝေး ကျင်းပနေသည်ကို လေ့လာနေသော အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပါတီဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)

လာမည့် ဧပြီလတွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားကို ကျပ်နှစ်သောင်းစီတိုးမြှင့်ပေးရန် ပါရှိသည့် ၂၀၁၃ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်း (ဘတ်ဂျက် ဥပဒေကြမ်း) ကို မတ်လ ၂၁ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က "လာမယ့် ဘဏ္ဍာရေးနှစ်မှာတော့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာနှုန်းထားတွေကို ကျပ်နှစ်သောင်းစီ တိုးပေးနိုင်ဖို့အတွက် လျာထားပါတယ်။နောက်ပြီးတော့ အချိုးကျတိုးမြှင့်လာမယ့် ပင်စင်လစာနဲ့ ဆုငွေတွေအတွက်လည်း သာမန်အသုံးစရိတ်မှာ ထည့်သွင်းလျာထားမှု ပြုထားပါတယ်။ လက်ရှိခံစားခွင့်ပြုထားတဲ့ အပိုထောက်ပံ့ကြေး၊ ဒေသစရိတ်တို့ကိုလည်း ပြောင်းလဲမှုမရှိဘဲ ဆက်လက်ထောက်ပံ့ပေးနိုင်ရန် လျာထားပါတယ်။ နိုင်ငံတော်တစ်ရပ်လုံး ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဌာနများအပါအ၀င် အမြဲတမ်း နိုင်ငံ့ဝန်ထမ်းဦးရေ ၁ သန်း ၂ သိန်းခန့်၊ နေ့စားဝန်ထမ်းဦးရေ ၇ သောင်း ၄ ထောင်ခန့်၊ အငြိမ်းစားဝန်ထမ်းဦးရေ ၇ သိန်း ၆ သောင်းခန့်အတွက် ခန့်မှန်းလျာထားငွေကျပ် ၃၈၅ ဒသမ ၆၈၂ ဘီလျံကို သာမန်အသုံးစရိတ် အပိုင်းတွင် တိုးမြှင့်ထည့်သွင်း လျာထားပါတယ်။ အခုလို ၀န်ထမ်းလစာတွေ တိုးမြှင့်ပေးနိုင်ဖို့ လျာထားတာကတော့ ၂၀၁၃ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းအပေါ်တွင် ပြည်ထောင်စုလွှတ်တော်က အချို့စီမံကိန်းများကို ဆိုင်းငံ့ခြင်း၊ လျှော့ချခြင်းများ ပြုလုပ်ခဲ့ပြီး အချို့စီမံကိန်း လုပ်ငန်းတွေကို ထပ်တိုးထည့်သွင်းစေခဲ့ပါတယ်။ အသုံးစရိတ် လျှော့ချမှုနဲ့ တိုးမြှင့်မှုတို့ကို မျှတစေရန် ဆောင်ရွက်ခဲ့ပါတယ်။ တိုးမြင့်လာတဲ့ သာမန်အသုံးစရိတ်တွေကိုလည်း သက်ဆိုင်ရာ ဌာနတွေနဲ့ အသေးစိတ် ပြန်လည်စိစစ်ရေးဆွဲပြီး ရငွေတိုးမြှင့် လျာထားခဲ့ပါတယ်" ဟု ဘတ်ဂျက်ဥပဒေကြမ်းတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ပေးနိုင်ရေး အစီအစဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ထိုသို့ ၀န်ထမ်းများ လစာတိုးမြှင့်ပေးရေး အစီအစဉ်များ ပါဝင်သည့် ဘတ်ဂျက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၅၅ မဲ၊ ကန့်ကွက်မဲမရှိ၊ ကြားနေမဲ နှစ်မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။

ယခုနှစ် ဘတ်ဂျက်ဥပဒေကြမ်း အတည်ပြုရာတွင် "ပညာရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ ကျပ်သန်း ၂၂၂၅၃၃ ဒသမ ၉၉၁ မှ ကျပ်သန်း ၄၁၈၀ ကို ဥပဓိရုပ်မကောင်းသော ကျောင်းပေါင်း ၁၉၄ ကျောင်း ကို ပြင်ဆင်သုံးစွဲရန် ပြင်ဆင်ခဲ့ခြင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ငွေလုံးငွေရင်း သုံးငွေကို ကျပ်သန်း ၁၅၂ ဒသမ ၇၃၀ လျှော့ချနိုင်ခဲ့ခြင်း" အစရှိသည့် ပြင်ဆင်၊ လျှော့ချ၊ ဖြတ်တောက်မှုများ ဆောင်ရွက်နိုင်ခဲ့သည်။

အတည်ပြုခဲ့သည့် ဘတ်ဂျက်ဥပဒေကြမ်းအရ ၀န်ကြီးဌာနများအနက် စွမ်းအင်ဝန်ကြီးဌာနမှာ သုံးစွဲငွေ အများဆုံးအဖြစ် ကျပ်ငွေဘီလျံ ၃၁၆၀ ကျော် ရှိခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယသုံးစွဲငွေ အများဆုံးအဖြစ် ကျပ်ငွေဘီလျံ ၂၂၄၀ ကျော် ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပညာရေးအသုံးစရိတ် ကျပ်ဘီလျံ ၉၀၀ ကျော် ရရှိသဖြင့် ယခင်နှစ်ထက် ကျပ်ဘီလျံ ၂၆၀ ကျော် တိုးမြင့်လာခဲ့ပြီး ပညာရေး အသုံးစရိတ်သည် စုစုပေါင်း အသုံးစရိတ်၏ ၅ ဒသမ ၈၄ ရာခိုင်နှုန်း ရှိသည်။

ကျန်းမာရေး အသုံးစရိတ်သည် ကျပ်ဘီလျံ ၄၉၀ ကျော် ရရှိသဖြင့် ယခင်နှစ်ကထက် ကျပ်ဘီလျံ ၁၃၀ ကျော် တိုးမြင့်လာခဲ့ပြီး ကျန်းမာရေး အသုံးစရိတ်သည် စုစုပေါင်းအသုံးစရိတ်၏ ၃ ဒသမ ၂၁ ရာခိုင်နှုန်း ရှိသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် လိုငွေမှာ ကျပ် ၂၉၂၆၈၉၈ သန်း (ကျပ် ၂၉၂၆ ဒသမ ၈၉၈ ဘီလျံ)ရှိသဖြင့် ယခင်နှစ်ကထက် ဘီလျံ ၁၂၀၀ ကျော် ပိုမိုလာကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက သုံးသပ်ခဲ့သည်။


ဒီနှစ်ထဲမှာ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ တိုးထားတယ်လို့ သိရတယ်။ တိုးပေးလိုက်တာနဲ့ ဒီငွေတွေကို သုံးစွဲမယ့် ဌာနတွေကလည်း စနစ်တကျသုံးစွဲဖို့တော့ လိုမယ်။ ဘာကြောင့်လည်းဆိုတော့ ဒီငွေတွေက အခွန်ထမ်းပြည်သူတွေရဲ့ငွေ ဖြစ်နေလို့ပဲ

ထိုသို့ ပိုမိုလာရသည့် အကြောင်းအရင်းများတွင် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဆိုင်ရာ အသုံးစရိတ်များ၊ အာဆီယံ အလှည့်ကျ သဘာပတိတာဝန် ထမ်းဆောင်ရာတွင် သုံးစွဲရမည့် အသုံးစရိတ်များ၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ အသုံးစရိတ်များ ပါဝင်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက သုံးသပ်ခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ သုံးနှစ်အတွင်း သုံးစွဲခဲ့သော ပမာဏအား တွက်ချက်ကြည့်ပါက ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် တစ်နှစ်ထက်တစ်နှစ် ပို၍တိုးမြှင့် သုံးစွဲလာကြောင်း သိရသည်။

ယင်းကဲ့သို့ ဘတ်ဂျက်ပိုမိုသုံးစွဲမှုများနှင့် ပတ်သက်၍ "ဒီနှစ်ထဲမှာ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာ တိုးထားတယ်လို့ သိရတယ်။ တိုးပေးလိုက်တာနဲ့ ဒီငွေတွေကို သုံးစွဲမယ့် ဌာနတွေကလည်း စနစ်တကျသုံးစွဲဖို့တော့ လိုမယ်။ ဘာကြောင့်လည်းဆိုတော့ ဒီငွေတွေက အခွန်ထမ်းပြည်သူတွေရဲ့ငွေ ဖြစ်နေလို့ပဲ။ ဒီတော့ ဘယ်နေရာတွေမှာ ဘယ်လောက်သုံးတယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြဖို့လိုတယ်။ Check & Balance စနစ်ရှိရမယ်။ တိုးပေးလိုက်တဲ့ ငွေကြေးကို လေလွင့်ဆုံးရှုံးမှု မရှိအောင် အကျိုးရှိရှိ သုံးစွဲသင့်တယ်" ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးနှင်းဦးက ပြောသည်။

"ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာ တိုးသုံးတာ ကောင်းပါတယ်။ တိုးတဲ့ပမာဏကတော့ ကျွန်တော့်အမြင်အရ ပြောရရင် လုံလောက်တဲ့ပမာဏတော့ မဟုတ်သေးဘူး။ သူများနိုင်ငံတွေထက်စာရင် အများကြီး လိုနေဦးမှာပါ။ ဒါနဲ့အတူ တခြားဖွံ့ဖြိုးရေးဆိုင်ရာ အသုံးစရိတ်တွေကလည်း သုံးဖို့လိုနေပါသေးတယ်။ အသုံးစရိတ်တွေ အားလုံးမျှဖို့ကျတော့လည်း အဆင်မပြေနိုင်ဘူး ဖြစ်နေတယ်။ နောက်တစ်ခုက ဒီနှစ်ထက်မှာ စစ်အသုံးစရိတ်ကို နည်းနည်းတိုးထားတာ တွေ့ရတယ်။ ဒီလောက်ခက်ခက်ခဲခဲ ခွဲဝေသုံးစွဲနေရတဲ့ အချိန်မှာ ကာကွယ်ရေးမှာ တိုးလိုက်တာကတော့ သိပ်သဘာဝ မကျလှပါဘူး" ဟု စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ မောင်သံဒိုင် (ဘောဂဗေဒ) ပြောကြားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၏
ရငွေနှင့် သုံးငွေစာရင်းချုပ် (ကျပ်သန်းပေါင်း)
ဝန်ကြီးဌာနများ ရငွေ သုံးငွေ
ပြည်ထဲရေး ၂၁၁၁၀ ဒသမ ၇၈၁ ၂၄၃၉၈၁ ဒသမ ၈၇၇
ကာကွယ်ရေး ၁၂၀၆၁၉ ဒသမ ၂၅၀ ၂၂၄၄၈၃၄ ဒသမ ၄၀၂
နယ်စပ်ရေးရာ ၁၈၇၆၈ ဒသမ ၉၃၃ ၂၆၆၂၂၄ ဒသမ ၅၅၈
နိုင်ငံခြားရေး ၈၀၀ ၅၇၃၂၃ ဒသမ ၉၆၀
ပြန်ကြားရေး ၂၉၁၄၃ ဒသမ ၄၈၉ ၈၂၀၀၂ ဒသမ ၂၁၀
သာသနာရေး ၅၂ ဒသမ ၃၇၀ ၁၁၅၃၉ ဒသမ ၂၀၄
သ/မ ၅၅၇ ဒသမ ၅၈၈ ၄၄၃၉ ဒသမ ၄၇၉
လယ်/ဆည် ၉၅၆၄၄ ဒသမ ၀၀၄ ၄၄၉၃၂၆ ဒသမ ၁၅၃
မွေး/ရေ ၂၆၂၇၀ ဒသမ ၉၀၄ ၂၆၂၈၅ ဒသမ ၄၄၄
ဆက်သွယ်ရေး ၆၂၃၂၀၇ ၅၃၉၁၆၀ ဒသမ ၁၇၅
ပို့ဆောင်ရေး ၇၃၅၂၃ ဒသမ ၉၂၇ ၅၅၃၄၁ ဒသမ ၅၃၇
သစ်တော ၃၈၈၄၈၂ ဒသမ ၆၁၈ ၃၃၄၈၇၂ ဒသမ ၈၃၁
လျှပ်စစ် ၁၃၇၅၈၁၂ ဒသမ ၇၆၅ ၁၈၄၉၁၃၅ ဒသမ ၂၅၅
လ၀က ၁၄၉၉၀ ဒသမ ၆၈၉ ၂၆၈၆၃ ဒသမ ၅၂၈
စွမ်းအင် ၄၃၄၁၁၁၂ ဒသမ ၃၉၈ ၃၁၆၈၆၀၄ ဒသမ ၉၇၇
စက်မှု ၆၂၃၄၈၇ ဒသမ ၈၀၁ ၇၉၈၇၅၃ ဒသမ ၀၃၁
စီးပွားကူးသန်း ၁၈၃၈၅ ဒသမ ၉၉၅ ၂၀၃၅၃ ဒသမ ၈၆၈
အားကစား ၅၃ ဒသမ ၇၂၅ ၁၃၆၈၃၂ ဒသမ ၃၄၂
ပညာရေး ၁၄၀၄၄ ဒသမ ၉၇၇ ၉၀၇၉၇၆ ဒသမ ၆၂၄
ကျန်းမာရေး ၂၂၈၆၄ ဒသမ ၄၂၂ ၄၉၉၃၀၆ ဒသမ ၃၀၃
သတ္တုတွင်း ၃၀၅၄၁၈ ဒသမ ၈၈၈ ၁၆၄၇၂၂ ဒသမ ၃၃၄
ယဉ်ကျေးမှု ၃၂၃၈ ဒသမ ၆၄၅ ၁၂၅၅၃ ဒသမ ၄၂
ဘဏ္ဍာအခွန် ၄၂၁၆၀၈၇ ဒသမ ၇၈၈ ၂၀၄၅၆၁၇ ဒသမ ၄၀၈
စီမံ/စီးပွား ၈၈၆၇ ဒသမ ၅၈၄ ၈၁၃၇၆ ဒသမ ၁၉၅
ဆောက်လုပ်ရေး ၄၄၈၅၅၈ ဒသမ ၁၉၁ ၇၀၄၀၁၁ ဒသမ ၆၃၂
အလုပ်သမား ၅၀ ဒသမ ၆၅၅ ၇၀၆၁ ဒသမ ၄၂၉
ရထား ၂၇၀၁၁၅ ဒသမ ၉၁၈ ၃၂၈၉၅၅ ဒသမ ၃၁၉
လူမှုဝန်ထမ်း ၃၈ ဒသမ ၈၁၀ ၁၀၈၉၈ ဒသမ ၁၈၅
သိပ္ပံ/နည်းပညာ ၂၁၂၂ ဒသမ ၈၃၃ ၁၁၁၂၀၃ ဒသမ ၃၉၇
ဟိုတယ်/ခရီး ၃၁၅၆၁ ဒသမ ၆၂၅ ၈၁၂၇ ဒသမ ၅၂၂

မြန်မာ့ ဖွံ့ဖြိုးရေးအတွက် ဂျပန်က ယန်းသန်း ၁၅ ဘီလီယံကျော် ကူညီ

ရန်ကုန် (မဇ္ဈိမ)။   ။ ဂျပန်အစိုးရက မြန်မာအစိုးရအား ယန်းသန်း ၁၅ ဘီလီယံကျော် ကူညီမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန မှတဆင့် သိရသည်။

ယင်းအတွက် မြန်မာ-ဂျပန် အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို မတ်လ ၂၂ ရက်က
ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောသည်။

"ယန်းသန်း ၁၅. ၈၁၉ ဘီလီယံ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ ၇ ခု လက်မှတ်ရေးထိုးမှုကို မတ်လ ၂၂ ရက်က ပြုလုပ်ခဲ့ပါတယ်။ စာချွန်လွှာတွေမှာ ဂျပန်နိုင်ငံ သံအမတ်ကြီးနဲ့ ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

စာချွန်လွှာများမှာ စိုက်ပျိုးရေးကဏ္ဍ၌ လူသားဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်းများ ခိုင်မာစေရေး လုပ်ငန်းစီမံချက် အတွက် ယန်း ၁,၀၀၈ သန်း၊ ကရင်ပြည်နယ်အတွင်းရှိ လမ်းများ ဖေါက်လုပ်ရေးနှင့် ပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ စက်ကိရိယာများပေးအပ်ရေး စီမံချက်အတွက် ယန်း ၇၅၉ သန်းနှင့် ရာသီဥတု ဘေးအန္တရာယ်ကျရောက်မှု
စောင့်ကြပ်ရေးစနစ် စခန်း ထူထောင်ရေးအတွက် ယန်း ၃,၈၄၂ သန်းအတွက် စာချွန်လွှာများ ပါဝင်သည်။ (မတ်လ ၂၃ ရက်နေ့ ပေါက်ဈေးအရ ဂျပန်ယန်း ၁ = ၉ ကျပ် ဖြစ်သည်။)

ထို့ပြင် မြန်မာနိုင်ငံ တဝှန်းရှိ လေဆိပ်များ အန္တရာယ် ကင်းဝေးစေရေးနှင့် လုံခြုံရေး တိုးတက်မြှင့်တင်ရေး စီမံချက်အတွက် ယန်း ၁,၂၃၃ သန်း၊ ဘီလူးချောင်း ၂ ရေအားလျှပ်စစ် စီမံကိန်း ပြုပြင်ရေးစီမံချက်အတွက် ယန်း ၆,၆၆၉ သန်း၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဆေးရုံများတွင် ဆေးဝါးဆိုင်ရာ ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရေး စီမံချက်အတွက် ယန်း ၁,၁၄၀ သန်းနှင့် ရန်ကုန်မြစ်အတွင်းသွား ပို့ဆောင်ရေးယာဉ်များ အဆင့်မြှင့်တင်ရေး စီမံချက်အတွက် ယန်း ၁,၁၆၈ သန်း အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာများလည်း ပါဝင်သည်။

ထိုအကူအညီများကြောင့် ဆင်းရဲမှု လျှော့ချနိုင်ရေး၊ နိုင်ငံတွင်းရှိ  တိုင်းနှင့် ပြည်နယ်များအကြား အချိုးမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ် ဓါတ်အား တိုးတက်ထုတ်လုပ် ဖြန့်ဖြူးရေးနှင့် ခရီးသွားလာမှု အဆင်ပြေ ချောမွေ့စေရေး စသည့် ကဏ္ဍများအတွက် များစွာ အထောက်အကူ ပြုနိုင်မည်ဟု ဝန်ကြီးဌာနက ဆိုသည်။

ဒုက္ခသည် နေရာချရေးကိစ္စ တောင်ကုတ်တွင် လူ ၃၀၀ ဆန္ဒပြ၊ သုံးဦး အရေးယူခံရ


စစ်တွေ (မဇ္ဈိမ)။   ။ တောင်ကုတ်မြို့တွင် ရခိုင် အရေးအခင်းလွန် နောက်ပိုင်း အစိုးရ၏ ဒုက္ခသည်များ ပြန်လည်
နေရာချထားခြင်း အစီအစဉ်များအပေါ် မကျေနပ်၍ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းက လူ ၃၀၀ ခန့်က လမ်းလျှောက် ဆန္ဒပြရာ ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင်ခဲ့ကြ၍ ဦးဆောင်ပါဝင်သူ သုံးဦးအား ဒေသဆိုင်ရာ အာဏာပိုင်တို့က အရေးယူထားကြောင်း တောင်ကုတ်မြို့ ရခိုင် လူမှုကွန်ယက် တာဝန်ရှိသူများက ပြောသည်။

Rakhine-Toung-Goke

ဒုက္ခသည်များ ပြန်လည်နေရာချထားရေးတွင် နိုင်ငံသားစိစစ်ခြင်းမရှိဘဲ လုံးခြင်းအိမ်များ ချပေးမည့်အပေါ် တောင်ကုတ်မြို့ရှိ ရခိုင်လူမှုကွန်ယက် ဦးဆောင်၍ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ဆန္ဒပြကြစဉ်။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)


မနက် ၉း၄၀ နာရီမှ ၁၀း၁၅ နာရီထိ တောင်ကုတ်မြို့ လမ်းများပေါ်တွင် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြခြင်း
ဖြစ်သည်။

"ယာယီဒုက္ခသည် စခန်းက လူတွေကို အိမ်တွေ ဆောက်လုပ်နေရာချထား ပေးမယ်ဆိုရင် ပထမဆုံး သူတို့တွေကို
နိုင်ငံသား ဟုတ်မဟုတ် စီစစ်ဖို့လိုတယ်။ ဒီလို ဥပဒေနဲ့အညီ မဟုတ်ဘဲ တဖက်သတ် ဆုံးဖြတ်လုပ်ကိုင်နေတာ
ကြောင့် ကျနော်တို့ ဆန္ဒ ဖော်ထုတ်ရခြင်း ဖြစ်တယ်" ဟု ရခိုင်လူမှုကွန်ယက်အဖွဲ့ဝင် ကိုဇေယျကျော် က ဆိုသည်။

ဒုက္ခသည်များအတွက် ဆောက်လုပ်ပေးမည့် အိမ်များမှာ လုံးချင်းအိမ်များဖြစ်ကာ တူရကီနိုင်ငံမှ လှူဒါန်းထားပြီး ပဋိပက္ခဖြစ်ပွားရာ မြို့နယ်များတွင် ဆောက်လုပ်သွားမည်ဟု သိရှိထားရကြောင်း ကွန်ယက် ခေါင်းဆောင်များက ပြောသည်။

ခွင့်ပြုချက်မရဘဲ ဆန္ဒပြသည့်အတွက် ရခိုင် လူမှုကွန်ယက်မှ ခေါင်းဆောင် သုံးဦးဖြစ်သော ဦးစိုးဝင်း၊ ဦးသန်းလွင်စိုး
နှင့် ဦးမင်းထွန်းတို့အား သက်ဆိုင်ရာမှ အရေးယူထားသည်။

"ညနေ ၃ နာရီလောက်မှာ ကျနော်တို့အားလုံး ရုံးကို ရောက်တယ်။ မြို့နယ် ရဲတပ်ဖွဲ့မှူးက ဥပဒေအရ အရေးယူရတာလို့ ပြောတယ်။ ကျနော်တို့ သုံးယောက်ကို အာမခံ နှစ်ယောက်စီနဲ့ ခံဝန်လုပ်ပြီးတော့ ညနေ ၄ နာရီကျော်လောက်မှာ ပြန်လွှတ်ပေးလိုက်တယ်" ဟု ဦးစိုးဝင်း က မဇ္ဈိမကို ပြောသည်။

"ကျနော်တို့က ဥပဒေနဲ့အညီ လုပ်ချင်ခဲ့တာပါ။ ဒါကြောင့်လည်း ခွင့်ပြုချက် ရဖို့အတွက် အဆင့်ဆင့်တင်ပြခဲ့တယ်။ ဒါပေမယ့် သက်ဆိုင်ရာက အားလုံး ပယ်ချခဲ့တယ်။ ကျနော်တို့တွေ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ နောက်ဆုံးမှ ဒီလမ်းကို ရွေးခဲ့တာပါ။ ဥပဒေအရ အရေးယူထားတယ် ဆိုရင်လည်း ဥပဒေအရ ရင်ဆိုင်ရုံပဲပေါ့ဗျာ" ဟု ၎င်းက ဆက်ပြောသည်။

ဆန္ဒပြခွင့်ကို မတ်လ ၁၅ ရက်နေ့တွင် မြို့နယ်ကို တင်ပြခဲ့ရာ မတ်လ ၁၇ ရက်နေ့တွင် မြို့နယ်က ပလပ်ခဲ့သည်။ မတ်လ ၁၈ ရက်နေ့တွင် ပြည်နယ်သို့ အယူခံရာတွင်လည်း မတ်လ ၂၁ ရက်နေ့တွင် ပြည်နယ်ရဲမှူး ကိုယ်စား ဒု-ရဲမှူးကြီး အောင်ကျော်ဦး လက်မှတ်ရေးထိုး၍ ပလပ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မတ်လ ၇ ရက်နေ့မှစ၍ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင် မြို့နယ်များတွင်လည်း ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပခဲ့ရာ ဥပဒေနှင့်အညီ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်အရ ပြုလုပ်ခြင်း မဟုတ်၍ ဆန္ဒပြပွဲများ၌ ဦးဆောင်ပါဝင်သူ အနည်းဆုံး ၆ ဦးကို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးများက အရေးယူထာရှိပြီး ၎င်းတို့အား မခံဖြင့်ပြန် လွှတ်ပေးထားကြောင်း သိရသည်။

စစ်တွေဆန္ဒပြပွဲကို စီစဉ်မှုဖြင့် ယာယီထိန်းသိမ်းခံရရာမှ အာမခံဖြင့် ပြန်လွတ်လာသူ စစ်တွေလူမှုကွန်ယက်
ခေါင်းဆောင် ဒေါ်ညိုအေးက "ဒီနေ့အထိတော့ အာမခံနှင့် လွှတ်ပေးထားတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို အာဏာပိုင်ဘက်က တယောက်မှ နောက်ထပ် ဆက်သွယ်တာမျိုး မရှိသေးဘူး" ဟု ပြောပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်ကုတ်မြို့နယ် အတွင်းရေးမှူး ဦးမင်းအောင် ကလည်း ဆန္ဒဖော်ထုတ်ခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတိုင်းရပိုင်ခွင့်ရှိပြီး အစိုးရအနေနှင့် ပွင့်လင်းမြင်သာမှု မရှိ၍ ယခုလို ဆန္ဒပြမှုများနှင့်ရင်ဆိုင်နေရကြောင်း ပြစ်တင်ဝေဖန်လိုက်သည်။

"ရခိုင်မှာ ဆန္ဒဖော်ထုတ်မှုတွေကို ကြည့်ရင် အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့ အများကြီး သက်ဆိုင်နေတယ်။ သမ္မတ ဦးသိန်းစိန် က နိုင်ငံသားဖြစ်မှု ဥပဒေနဲ့အညီ ဆောင်ရွက်မယ် ပြောတယ်။ လက်တွေ့ ဆောင်ရွက်တဲ့အခါ ပွင့်လင်း
မြင်သာမှု မရှိဘူး။ ဒီကြားထဲ အခု စစ်တွေမှာ လုံးချင်းအိမ် ၅၀၀၀ဆောက်မယ်ဆိုတာကို ဒေသခံ ရခိုင်လူမျိုးတွေဟာ သတင်းအရပဲ သိလာရတယ်။ အစိုးရဆီက ဒီကနေ့ထိ မသိရသေးဘူး။ ဒါဟာ ပွင့်လင်းမြင်သာမှု မရှိတာကို
ပြနေတာ။ ဒီလိုပွင့်လင်းမှုမရှိလို့ ဆန္ဒပြပွဲတွေ ဖြစ်လာရတာပဲ"ဟု ဦးမင်းအောင် က ဆိုသည်။

ဆန္ဒပြခွင့်နှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းအလိုက်၊ တနေရာနှင့်တနေရာ ကျင့်သုံးပုံချင်း မတူကြသလို၊ ခွင့်ပြုချက် ပေးခြင်း မပေးခြင်းမှာလည်း ဥပဒေအပေါ် မူမတည်ဘဲ အာဏာပိုင်များ အပေါ်၌သာ တည်နေသည်ဟု ၎င်းက ဝေဖန်ထောက်ပြသည်။

ထို့အပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် ကလည်း "နိုင်ငံသား ဟုတ် မဟုတ်တောင် ကွဲကွဲပြားပြား မသိဘဲ ဘယ်လို လုပ်နေရာချမလဲဗျာ။ ဒီကိစ္စ ALD က နဂိုကထဲက ပြောပြီးသား။ ဥပဒေနဲ့အညီ အမြန်စီစစ်ပါ။ နိုင်ငံသား ဖြစ်သင့်တဲ့လူ ဖြစ်ရမယ်။ နိုင်ငံသား လက်မှတ် ရှိပြီးသား ဖြစ်ပေမယ့် မှန်မှန်ကန်ကန် ရထားတာ ဟုတ်မဟုတ် စီစစ်ဖို့ လိုမယ်။ တကယ်လို့ မတော်မတရားနည်းနဲ့ နိုင်ငံသားလက်မှတ် ရထားတဲ့သူတွေရှိရင် သူတို့တွေကို နိုင်ငံသား မဟုတ်သူတွေနဲ့အတူ Camp (ဒုက္ခသည်စခန်း) မှာ ထားဖို့
ပြောခဲ့တယ်။ ဒါဟာ ALD ရဲ့ မူပဲ" ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ယမန်နှစ် ဇွန်လမှ စတင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အသက် အိုးအိမ် ဆုံးရှုံးပျက်စီး
ခဲ့ရပြီး အောက်တိုဘာနှင့် နိုဝင်ဘာလများက ကမ္ဘာ့အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) ရုံး မြန်မာနိုင်ငံ တွင် လာဖွင့်မှုအား ဆန့်ကျင်သည့် ဆန္ဒပြမှုများမှာ ရခိုင်ပြည်နယ်မှသည် အခြားမြို့များသို့ ပြန့်နှံ့သွားခဲ့ရပြီးနောက် ယခုဆန္ဒပြမှုများမှာ ရခိုင်ဒေသ၏ တကျော့ပြန် ဆန္ဒပြမှုများ ဖြစ်သည်။

ပိုက်လိုင်း ဆောက်ပြီးသော်လည်း လက်ခွါဒွေဆည်ကို အိန္ဒိယကုမ္ပဏီ လျော်ကြေးမပေး

စစ်တွေ (မဇ္ဈိမ)။   ။ မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက်
နေသော အိန္ဒိယနိုင်ငံ (Punj Lioyd) ကုမ္ပဏီအနေဖြင့် ကျောက်ဖြူမြို့နယ် မဒေးကျွန်း တဖက်ကမ်းရှိ ကပိုင်ချောင်းဒေသ၌ ၎င်းတို့၏ လုပ်ငန်းများ ပြီးဆုံးသွားသော်လည်း လယ်သမား ၁၆၁ ဦးပိုင် လက်ခွါဒွေဆည် ပျက်စီးမှုအတွက် လျော်ကြေးငွေ မပေးသေးကြောင်း ဒေသခံလူမှုအဖွဲ့အစည်းနှင့် လယ်သမားများက မဇ္ဈိမကို ပြောသည်။

လက်ခွါဒွေဆည်မှာ ကျောက်ဖြူမြို့ အရှေ့ဘက် ၉ မိုင်အကွာတွင် တည်ရှိ၍ မြို့ချောင်းတိုက်နယ်၊ ဂြင်ကြီးအုပ်စု၊ ကပိုင်ချောင်းရွာ အနီး လယ်သမား ၁၆၁ ဦးပိုင်၊ လယ်မြေဧက ၇၅၀ ကျော်ရှိ ဆည်ကြီး ဖြစ်သည်။ ၂၀၁၁ ခုနှစ်မှ စ၍ ပိုက်လိုင်း ဖြတ်သန်းတည်ဆောက်မှုကြောင့် ဆည်ထဲသို့ ရေငန်ဝင်ကာ လယ်မြေအားလုံး ပျက်စီးသွားခဲ့၍
နှစ်နှစ်တာကာလ စပါးစိုက်၍ မရတော့ခြင်း ဖြစ်သည်။

"လယ်သမားတွေအနေနဲ့ တာဝန်ရှိသူတွေဆီမှာ လျော်ကြေးပေးဖို့ အကြိမ်ကြိမ် တောင်းခံခဲ့ပေမယ့် ဒီနေ့ထိ တပြားမှ မပေးသေးဘူး။ အခု ဒီဒေသမှာ ပိုက်လိုင်း တည်ဆောက်လို့ ပြီးနေပြီ ဆိုတော့ လယ်သမားတွေအတွက်
မျှော်လင့်ချက် ကင်းမဲ့တဲ့အနေအထားကို ရောက်နေပြီ" ဟု မြို့ချောင်း တိုက်နယ် ဒေသဖွံ့ဖြိုးရေးကော်မတီမှ
ပြောရေး ဆိုခွင့်ရှိသူ ဦးထွန်းကြွယ် က ပြောသည်။

Gas

တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရေနံနှင့်သဘာဝဓာတ်ငွေ ပိုက်လိုင်းများကြောင့် ကျောက်ဖြူမြို့နယ်ရှိ ဧက ၇၅၀ ကျော်ရှိ လက်ခွါဒွေဆည် ရေငန်ဝင်၍ စပါးစိုက်ပျိုး မရတော့ဘဲ ပျက်စီးခဲ့ရပုံ။ (ဓာတ်ပုံ - သိန်းလှိုင်၊ မဇ္ဈိမ)


ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယနိုင်ငံမှ ကုမ္ပဏီကြီးတခုက ဒေသခံတို့၏ နစ်နာချက်များနှင့် ဒေသဖွံ့ဖြိုးရေးကို မျက်ကွယ်ပြုထားသည့်အပေါ်လွန်စွာ စိတ်ပျက်မိကြောင်း ဝေဖန်လိုက်ပြီး ဒေသခံများ၏ လိုလားချက်များကို
ဖြည့်ဆည်းမပေးပါက ဆန္ဒဖော်ထုတ်ပွဲများ အပါအဝင် နည်းလမ်းပေါင်းစုံဖြင့် တောင်းဆိုသွားမည်ဟု ၎င်းက ဆိုသည်။

"ဒီလယ်မြေကို ကျနော်တို့ ငယ်ငယ်လေးက စပြီး တလျှောက်လုံး လုပ်ကိုင်လာခဲ့တာပါ။ ပိုက်လိုင်း ဝင်ဖြတ် သွားတော့မှ ဆည်ဘောင်တွေ ကျိုးပျက်ပြီး ဆည်တခုလုံး ရေငန်တွေ ပြည့်သွားတယ်။ လယ်သမား အားလုံး
နှစ်နှစ်လုံးလုံး စပါးစိုက်လို့ မရခဲ့ဘူး။ စားစရာမရှိတော့ ကိုယ်ပိုင်ကျွဲ၊ နွားတွေကို ရောင်းစားခဲ့ရတယ်" ဟု ကပိုင်ချောင်းရွာမှ အသက် ၈၀ အရွယ် လယ်သမားကြီး ဦးအောင်ကျော်ထွန်း က ပြောသည်။

ဆည်ဘောင်များ ကျိုးပျက်နေခြင်းကိစ္စကို ကျောက်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံ ၂၀၁၁ ခုနှစ်၊ မေလမှ စ၍ ၄ ကြိမ်တိုင်တိုင် တင်ပြခဲ့သော်လည်း အရေးယူဆောင်ရွက်မှု တစုံတရာ မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ကပိုင်ချောင်း ဆရာတော်ကလည်း ၎င်းကိုယ်တိုင် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် လွန်ခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းက တွေ့ဆုံကာ လက်ခွါဒွေကို ပြန်ဆည်ပေးပြီး နစ်နာကြေးနှင့် ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးရန်
မေတ္တာရပ်ခံခဲ့ရာတွင် ကုမ္ပဏီက ဆောင်ရွက်ပေးမည်ဟု ဆိုခဲ့ကြောင်း ဆရာတော်က မိန့်သည်။

"အဲဒီတုန်းက ဦးဇင်းဆီမှာသူတို့ ကတိကဝတ် ပြုခဲ့ကြပေမယ့် အခု ပိုက်လိုင်းပြီးတဲ့အထိ လုပ်မပေးသေးတော့ သူတို့ပေးတဲ့ ကတိအပေါ် သံသယဖြစ်မိတယ်" ဟု အမိန့်ရှိသည်။

ကုမ္ပဏီသည် ယခုနှစ်ဇန်နဝါရီလတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှတဆင့် ဘိလပ်မြေအိတ် ၂၀၀ နှင့် ငွေ ၅ သိန်း ပေးပို့ကာ ရေခေါင်း (ရေထုတ်လှိုဏ်ခေါင်း)တခုကို ရွာသားများ လုပ်အားပေးဖြင့် ဆောက်ခိုင်းစေခဲ့ပြီး လုပ်အားပေး ပျက်ကွက်သူမှာ ငွေငါးထောင် ပေးခဲ့ရကြောင်းလည်း "တကယ်တော့   စေတနာနဲ့ ပေးတာ မဟုတ်ဘူး။ သူတို့ပိုက်လုံး တည်ဆောက်တဲ့နေရာမှာ အထောက်အကူ ပြုဖို့အတွက် ရွာသားတွေရဲ့လုပ်အားကို တဖက်လှည့် ယူလိုက်တာသာ ဖြစ်တယ်။ သူတို့ကြောင့် ပျက်စီးသွားတဲ့ ဆည်ဘောင်တွေကို ပြန်လုပ်ပေးမယ်ဆိုရင် ဆည်တခုလုံးကို သူတို့ငွေကြေးနဲ့ ပြန်ဆည် ပေးရမှာဖြစ်တယ်။ ရွာသားတွေကို ခိုင်းစရာ လုံးဝမလိုဘူး" ဟု ကပိုင်ချောင်း ဆရာတော်က ရှင်းလင်းမိန့်ကြားသည်။

Punj Lioyd ကုမ္ပဏီအနေဖြင့် လက်ခွါဒွေ အနီးပြင်ပရှိ လယ်မြေအချို့အတွက် ပိုင်းလိုင်းဖြတ် နစ်နာကြေး
ပေးခဲ့ရာတွင်လည်း ကျောက်ဖြူမြို့နယ် မြေစာရင်းဌါနမှ ဝန်ထမ်းတချို့က မလျော်သြဇာသုံး၍ လယ်သမား ငါးဦးထံမှ ငွေကျပ် ၄၉ သိန်းကို အဓမ္မ တောင်းယူသွားခဲ့ကြောင်း လျော်ကြေး အဖြတ်ခံရသူ ဒေါ်မကျော်သိန်း က ပြောသည်။

"ကျမတို့ဆီက နစ်နာကြေးငွေတွေကို မော်တော်ဆိပ်မှာ လာပြီး သူတို့ အတင်းအကြပ် တောင်းယူ သွားခဲ့တယ်။ ကျမဆီက ငါးသိန်း ပေးလိုက်ရတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ မြို့နယ်တရားရုံးမှာ ၂၀၁၂ ဇန်နဝါရီလ ၃ ရက်နေ့က ဦးဝေဘစံပါ လေးဦးကို တရားစွဲဆိုခဲ့ပေမယ့် ပလပ်ခံခဲ့ရတယ်။ ဒီတော့ ကျမတို့က ဇူလိုင်လ ၂၅ ရက်နေ့မှာ
ကျောက်ဖြူ ခရိုင်တရားရုံးသို့ အယူခံပေမယ့် ခရိုင် တရားရုံးက ပလပ်ခဲ့ပြန်တယ်။ ကျမတို့ လယ်သမား တွေဘက်က အမှန်တရားဟာ ဘယ်လိုမှ ရှိနေမယ် မထင်တော့ဘူး" ဟု ၎င်းက ရှင်းပြသည်။

ကပိုင်ချောင်းရွာ လက်ခွါဒွေနည်းတူ ပိုက်လိုင်းတလျှောက် ကျောက်ဖြူနှင့် အမ်းမြို့နယ်များတွင် ဆုံးရှုံးနစ်နာ သူများမှာ လျော်ကြေးငွေ လုံးဝမရသေးခြင်း၊ တဝက်တပျက်သာ ရရှိခြင်း၊ မိမိ မြေအတွက် မဆိုင်သူများအား
လျော်ကြေးငွေ ထုတ်ပေးထားကာ ရှင်းလင်းမှုမရှိ ဖြစ်နေကြောင်း ဒေသခံလယ်သမားများ က ဆိုသည်။

ဒေသဖွံ့ဖြိုးရေးကော်မတီနှင့် လယ်သမားများ တွေ့ဆုံသည့် ဖေဖော်ဝါရီလ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ပျက်စီးဆုံးရှုံးသွားသော ဆည်မှ တနှစ်တာကာလ ထွက်ရှိမည့် စပါးတန်ဘိုးကို နစ်နာကြေးအဖြစ် ပေးဆောင်ရန်၊ ပျက်စီးသွားသော လက်ခွါဒွေ ဆည်ဘောင်များ အားလုံးကို ပြည်လည် ဆည်ဖို့ပေးရန်နှင့် ဒီရေတော ပျက်စီးမှုကြောင့် ရေလှိုင်များ ဝင်ရောက် တိုက်ခတ်မှုကို တားဆီးကာကွယ်ပေးရန်၊ စာသင်ကျောင်း၊ ဆေးခန်း၊
သောက်ရေကန်၊ လျှပ်စစ်မီးတို့ကို ဆောင်ရွက်ပေးရန် ကုမ္ပဏီသို့ တောင်းဆိုထားကြောင်းလည်း သိရသည်။

ဒေသခံများ၏ နစ်နာချက်များ ပြန်လည်ဖြည့်ဆည်းရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ ပါဝင်သည့်
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရန် မြို့ချောင်းတိုက်နယ် ဒေသဖွံ့ဖြိုးရေး ကော်မတီကို ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ကပိုင်ချောင်း ကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် အဖွဲ့ဝင် ၂၀ ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Punj Lioyd ကုမ္ပဏီအနေဖြင့် ပိုက်လိုင်းတည်ဆောက်မှု လုပ်ငန်းတခုလုံးကို လာမည့် မေလအတွင်း အပြီးသတ်
တော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရှိသည်။