Tuesday, March 26, 2013

မတ်လ ၂၅ ရက်နေ့ ညပိုင်းက ပဲခူးတိုင်း အနောက်ပိုင်း ကြို့ပင်ကောက်မြို့တွင် လူအုပ်စုဖြင့် နေအိမ်၊ဆိုင်ခန်းများကို ဖျက်ဆီးမှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ကြို့ပင်ကောက်မြို့တွင် မတ်လ ၂၅ ရက်နေ့ ညအချိန်က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်၊ဆိုင်ခန်းများကို လူအုပ်စုဖြင့် ဝိုင်းဝန်း ဖျက်ဆီးမူ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်ရပ်ကြောင့် အစ္စလာမ် ဘာသာဝင်များ၏ နေအိမ် ၁၅ လုံးဝန်းကျင်၊ ဈေးဆိုင်ခန်းအချို့၊ မော်တော်ယာဉ် နှစ်စီးနှင့် ဆိုင်ကယ်သုံးစီး ပျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ ဗလီကျောင်း တစ်ခုမှာလည်း ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ရှိသော အမေရိကန် နိုင်ငံသားများအတွက် အရေးပေါ်သတိပေးချက်တစ်ခုကို အမေရိကန်အစိုးရမှ ထုတ်ပြန်


မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် လတ်တလောဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများအတွက် အရေးပေါ် သတိပေးချက် တစ်ရပ်ကိုအမေရိကန်အစိုးရမှ မတ်လ ၂၅ ရက်နေ့တွင် သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။

မိတ္ထီလာ ဒုက္ခသည်တွေကို ကူဖို့ ကုလသမဂ္ဂ သွား