Saturday, April 6, 2013

ဗုံးခွဲ တိုက်ခိုက်မည့် သတင်းကြောင့် အာဏာပိုင်များက ဘူးသီးတောင်တွင် လုံခြုံရေး သတိပေး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ဗုံးခွဲ တိုက်ခိုက်မည်ဆိုသော သတင်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး အာဏာပိုင်များမှလည်း ပြည်သူများကို သတိနှင့် နေထိုင်ကြရန် ပြောကြားထားသည်ဟု သတင်း ရရှိသည်။

ရဟန်းတော် တစ်ပါးကို ကိုယ်ထိ လက်ရောက် စော်ကားခဲ့သူ နှစ်ဦးကို ဘူးသီးတောင် တရားရုံးက ထောင် (၁၀) နှစ်စီ ချမှတ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် တရားထိုင်နေသော ရဟန်း တစ်ပါးအား တိုက်ခိုက်ခဲ့သူ နှစ်ဦးကို ပြစ်မူ ထင်ရှား သဖြင့် မြို့နယ် တရားရုံးက ထောင် (၁၀) နှစ်စီ ချမှတ်လိုက်သည်။

အစ္စလာမ်မစ် Long March တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းသည့် ရိုဟင်ဂျာ ၁၈၀ ဘင်္ဂလာဒေခ်ျ့တွင် ဖမ်းဆီးခံရ

ဒက္ကားမြို့တော်သို့ ချီတက်ကြမည့် ဘင်္ဂလာဒေခ်ျ့မှ အစ္စလာမ်မစ် ဘာသာရေး အဖွဲ့တစ်ခု ဖြစ်သော Hefazate Islam Bangladesh (HIB) အဖွဲ့၏  Long March အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် ကြိုးပမ်းသည့် ရိုဟင်ဂျာ ၁၈၀ ကို ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့က ကော့စ်ဘဇားခရိုင်တွင် ဖမ်းဆီးလိုက်သည်။

အမျိုးသမီးများကြား စီးဝင်လာသည့် ယမကာယဉ်ကျေးမှု

မူးယစ်ရီဝေလာပါက အဖော်ယောက်ျားလေးကို ကုန်းပိုးခိုင်းစေလိုခြင်းနှင့် ငို၍ကောင်းသောကြောင့် ဘီယာနှင့် ဆိုဂျူးအရက်များ သောက်သုံးကြသည်ဟုဆိုသည့် ကိုရီးယားလှိုင်း၏ရိုက်ခတ်မှုသည် မြန်မာမိန်းကလေးငယ်တချို့အတွက် ဖက်ရှင်ကျသည့် လူငယ်သဘာဝတစ်ခု ဖြစ်လာခဲ့ပါပြီ။

ဦးဝင်းတင် ထောင်ဝတ်စုံ ပြန်အပ်ရတော့မလား


သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ၂၀၀၈ ခုနှစ် က အင်းစိန်အကျဉ်းထောင်က လွတ်မြောက်စဉ် ၀တ်ဆင်သွားတဲ့ အပြာ ရောင် ထောင် ၀တ်စုံကို ပြန်လည် အပ်နှံဖို့ မနေ့တုန်းက အင်းစိန် ရဲစခန်းက ပထမဆုံးအကြိမ် တရားဝင် တောင်းခံလိုက်တယ်။

အဓိကရုဏ်း မဖြစ်စေရေး လှုပ်ရှားမှု စတင်


ရန်ကုန်မြို့ရှိ ဘာသာပေါင်းစုံ လူငယ်များ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှု တစ်ရပ်ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ လှည်းတန်း၊ မြေနီကုန်း၊ မင်္ဂလာဈေးနှင့် အခြားလူစည်ကားရာ နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်းဆိုချက်များ မလိုက်လျောက တရုတ်ကုမ္ပဏီကို မဒေးကျွန်းသားများ ဆန္ဒပြမည်


ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရေး အပါအဝင် တောင်းဆိုချက်များကို လိုက်လျောခြင်း မရှိပါက တရုတ် CNPC ရေနံကုမ္ပဏီအား ရခိုင်ပြည်နယ်၊ မဒေးကျွန်း ဒေသခံများက ဧပြီလ ၁၁ ရက်နေ့တွင်ဆန္ဒပြ မည်ဖြစ်ကြောင်း မဒေးကျွန်း ဒေသဖွံ့ရေး အသင်းက ပြောဆိုလိုက်သည်။

ဆန္ဒပြခွင့် ပထမအကြိမ် လျှောက်ထားခြင်းအား ကျောက်ဖြူမြို့နယ်မှ ပယ်ချခဲ့ပြီးသည့်နောက် ဧပြီလ ၅ ရက်နေ့ မနက်က စစ်တွေမြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် အယူခံလွှာတင်ခဲ့ကြောင်း ဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းကြည် က ပြောသည်။

နိုင်ငံခြားသံတမန်တွေ ထွက်ခွာဖို့ မြောက်ကိုရီးယား သတိပေး

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ တိုးလာနေတဲ့အတွက် ပြုံယမ်းမြို့မှာ ရှိနေတဲ့ နိုင်ငံခြားသံရုံးတွေအနေနဲ့  ဘေးလွတ်ရာကို ရွှေ့ဖို့အတွက် စဉ်းစားကြဖို့ မြောက်ကိုရီးယားအစိုးရက တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်အနီးတစ်ဝိုက်ကို ဗဟိုပြု၍ နှစ်ရက်အတွင်း အင်အားအသင့်အတင့်ရှိ ငလျင်သုံးကြိမ်လှုပ်ခတ်


နေပြည်တော် အနီးတစ်ဝိုက်ကို ဗဟိုပြု၍ ဧပြီလ ၃ရက် ညပိုင်းကတစ်ကြိမ်၊ဧပြီ ၄ရက်နေ့ နံနက်တွင်တစ်ကြိမ်၊ ဧပြီ ၄ရက်နေ့ ညပိုင်းတွင်တစ်ကြိမ် စုစုပေါင်း ငလျင်သုံးကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အက်ဖ် ၂၂ တိုက်လေယာဉ်များ တောင်ကိုရီးယားကို အမေရိကန် ထောက်ပံ့


မြောက်ကိုရီးယား၏ စစ်ရေးအရ ခြမ်းခြောက်မှု များကို ဟန့်တား နိုင်စေရန် စစ်ရေး မဟာဗျူဟာ ခြေလှမ်းတစ်ရပ် အနေဖြင့် တောင်ကိုရီးယားနှင့် နှစ်နိုင်ငံ ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပိုမိုတိုးမြှင့် ပြုလုပ် နိုင်ရန် အမေရိကန်သည် မတ်လ ၃၁ ရက်နေ့တွင် အက်ဖ် ၂၂ တိုက်လေယာဉ် များကို တောင်ကိုရီးယား နိုင်ငံ ဂိုင်ယောင်ဂျီ ပြည်နယ် အူဆန်မြို့ရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းသို့ ပေးပို့ခဲ့ကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ ရန်စမှုအား တောင်ကိုရီးယား တုံ့ပြန်ရန်ပြင်ဆင်


မြောက်ကိုရီးယား၏ မည်သည့် ရန်စ ကျူးကျော်မှု ကိုမဆို စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန် သွားရေးအတွက် တောင်ကိုရီးယား သမ္မတက စစ်တပ်အား ညွှန်ကြား ထားကြောင်း သိရသည်။

၄၈ လမ်း ဗလီမီးလောင်မှုတွင် အဓိက တာဝန်ရှိသည့် ဗလီဆရာ နှစ်ဦးအနက် လွတ်မြောက်နေသူ တစ်ဦးအား ဖမ်းဆီးရမိ



balifiringescapedmanhadbeenarrest-april4
၄၈ လမ်းထိပ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကို ဧပြီလ ၃ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်
ဧပြီလ ၂ ရက်က ဖြစ်ပွားခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုတွင် အဓိက တာဝန်ရှိသူဟုဆိုသူ ဗလီဆရာ ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့ နှစ်ဦးအနက် လွတ်မြောက်နေသူ ဦးခင်မောင်အေးအား ဧပြီလ ၃ ရက်က ဖမ်းဆီးရမိပြီး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး စိန်ဝေက Eleven Media Group သို့ ပြောကြားခဲ့သည်။

ဧပြီ ၂၄ ရက် စရောင်းမည့် CDMA 800 MHz ကို 0931 နဲ့စပြီး စုစုပေါင်း နံပါတ် ၁၀ လုံး ပါဝင်မည်