Sunday, April 7, 2013

ဘာသာစော်ကားမှုဆန့်ကျင်တဲ့ ဥပဒေပြဌာန်းဖို့ ဘင်္ဂလားဒေ့ရှ်မှာဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ ထောင်နဲ့ချီရှိတဲ့ မူစလင်ဘာသာရေး စိတ်ဓာတ်ပြင်းထန်သူတွေဟာ အစိုးရကို ဘာသာစော်ကားမှု ဆန့်ကျင်ရေးဥပဒေ ပြဌာန်းပေးဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဥပဒေပြဌာန်းပေးဖို့တောင်းဆို ဆန္ဒပြကြသူတွေဟာ ဟိုက်ဖါဇတ်အီး အစ္စလာမ် (Hifazat-e Islam) အဖွဲ့ဝင်တွေနဲ့ အဲဒီအဖွဲ့အစည်းကို ထောက်ခံသူတွေ ဖြစ်ကြ ပါတယ်။
 
ဘာသာတရားမဲ့ပြီး အစ္စလာမ်ဘာသာအပေါ် စော်ကားသူတွေဆိုပြီး မူစလင် တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲကြတဲ့ ဘလော့ ရေးသားသူတွေကို တုံ့ပြန်ဖို့အတွက် ဥပဒေပြဌာန်းပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။
 
လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကတည်းက အစ္စလာမ်ဘာသာ အပေါ် ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ရေးသားလို့ဆိုပြီး ဘလော့ဂါတွေအပေါ် ဖိအားပေးမှုတွေ ရှိခဲ့တာပါ။ ၁၉၇၁ ခုနှစ် အမျိုးသားလွတ်မြောက်ရေးစစ်ပွဲ အတွင်း စစ်ရာဇ၀တ်မှု ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်သွေးကြွတွေကို သေဒဏ် အပြစ်ပေးဖို့ ဘလော့ဂါတွေက တောင်းဆိုနေကြပါတယ်။
 
အခုသီတင်းပတ် စောစောပိုင်းတုန်းကလည်း ဘလော့ဂါ လေးယောက်ကို ဘာသာရေးယုံကြည်မှု အပေါ် ပျက်ပြားစေအောင် လုပ်ဆောင်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်းကလည်း ဒါကာမြို့မှာ အစ္စလာမ်ဘာသာ ဆန့်ကျင်သူ ဘလော့ဂါတဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

ပခုက္ကူမြို့နယ်၊ မြို့ခင်းသာအုပ်စု တဲကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား၊ နေအိမ် ၂၂ လုံး အပါအ၀င် အိမ်မွေးတိရစ္ဆာန်အချို့ မီးလောင်ဆုံးရှုံး


pakhotkufirewm-april7

မီးလောင်မှုကို ဒေသခံပြည်သူများ ၀ိုင်းဝန်းငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း (ပခုက္ကူ))

ပခုက္ကူမြို့နယ်၊ မြို့ခင်းသာအုပ်စု၊ တဲကုန်းကျေးရွာတွင် ဧပြီလ ၆ ရက်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ နေအိမ် ၂၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၆ ရက်၊ ညနေ ၄ နာရီခွဲ ခန့်တွင် ပခုက္ကူမြို့နယ်၊ မြို့ခင်းသာအုပ်စု တဲကုန်းကျေးရွာရှိ ဦးစိုးသိန်း၏ နေအိမ်ရှိ မီးဖိုမီးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ တဲကုန်းကျေးရွာရှိ နေအိမ် ၂၂ လုံး အပါအ၀င် အိမ်မွေးတိရိစ္ဆာန် အချို့ပါ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

pakhotkufirewm2-april7

မီးကြွင်းမီးကျန်များ လောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း (ပခုက္ကူ))

မီးလောင်ကျွမ်းမှုကို ညနေ ၅ နာရီ ခန့်တွင် အခြားနေအိမ်များသို့ မကူးစက်ရန် ထိန်းသိမ်းနိုင်ခဲ့ပြီး ည ၈ နာရီအထိ မီးကြွင်းမီးကျန်များအား ဆက်လက်ငြိမ်းသတ်နေကြောင်း သတင်းရရှိသည်။

"မီးဖိုမီးက စလောင်တယ်လို့ပဲ သိရသေးတယ်။ ဘယ်လိုဘယ်ပုံ လောင်တယ်ဆိုတာ မသိရသေးဘူး။ မီးလောင်တာက တအားမြန်တော့ ဘာပစ္စည်းမှ သယ်ချိန် မရလိုက်ဘူး၊ လူကိုပဲ မနည်းလွတ်အောင် ပြေးရတယ်။ ရေကလည်း ရှားတယ်။ ရွာပတ်ဝန်းကျင်ကလည်း တအားခြောက်သွေ့နေတော့ မီးကူးတာ မြန်လွန်းသွားတာ။ အနီးနားရွာက လူတွေကူညီကြလို့ အတော်လေး သက်သာသွားတာ။ လူနေအိမ် ၂၂ လုံးအပြင် ဆိတ်တွေရော ပါသွားတယ်။ အချိန်ကလည်း တောထဲသွားချိန်ဆိုတော့ ပစ္စည်းသယ်မဲ့လူက မရှိဘူး။ ဆုံးရှုံးမှုတန်ဖိုး အတော်များတယ်။ မီးဘေးဒုက္ခသည်တွေကတော့ လောလောဆယ် ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာ အိမ်တွေမှာ နေကြရတယ်" ဟု မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးသွားသူ ဒေါ်မြင့်စိန်က ပြောသည်။

pakhotkufirewm3-april7

မီးလောင်မှုကို ဒေသခံပြည်သူများ ၀ိုင်းဝန်းငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-သက်ထိန်ဝင်း (ပခုက္ကူ))

အဆိုပါ မီးလောင်မှုဖြစ်စဉ်သို့ ပခုက္ကူမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၁၀ စီး၊ သန္ဓေမီးသတ် ၁၀ ဦး၊ အရန်မီးသတ် ၅၀ ဦးလာရောက်ငြှိမ်းသတ်ခဲ့ပြီး ဒေသခံပြည်သူများမှလည်း ၀ိုင်းဝန်းကူညီ ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

"မီးလောင်မှုကြောင့် လူနေအိမ်ရော၊ တဲလေးတွေရော အားလုံးပေါင်း ၂၅ လုံး ပါသွားတယ်။ ညနေ ၅ နာရီလောက်မှာတော့ မီးစွယ်ကျိုးသွားပါတယ်။ လမ်းကြောင်း မကောင်းတာရော၊ မြို့နဲ့လှမ်းတာရောကြောင့် မီးငြိမ်းရတာ နည်းနည်းအဆင်မပြေဘူး" မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။

ဧပြီ ၆ ရက် ညပိုင်းက မုံရွာမြို့တွင် ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဧပြီလ ၆ ရက် ညပိုင်းက မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက် ပြည်ထောင်စုလမ်းနှင့် အောင်မင်္ဂလာ ၁ လမ်းထောင့်ရှိ RC သုံးထပ်တိုက်တွင် ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''လျှပ်စစ်မီးဘုတ်ခုံကနေ ဝါယာရှော့ စဖြစ်တာကစပြီး မီးလောင်မှု ဖြစ်တာလို့ သိရတယ်။ ည ၈ နာရီကနေ စပြီးလောင်တာ ၉ နာရီကျော်လောက်မှ မီးကငြိမ်းတယ်။ မြို့သူမြို့သားတွေရယ် အာဏာပိုင်တွေရယ် မီးသတ်တပ်ဖွဲ့ဝင်တွေ ဝိုင်းငြှိမ်းခဲ့ကြတာ။ မီးလောင်မှုဖြစ်စဉ်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေ အနည်းငယ် ထိခိုက်မှုတွေ ရှိတယ်လို့သိရတယ်'' ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုသို့ မီးသတ်ယာဉ် ၉ စီး ရေသယ်ယာဉ် ၂ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ကျပ် ၂၂ သိန်းဝန်းကျင် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သုံးထပ်တိုက် မင်္ဂလာဦး ကုန်စုံဆိုင်မှ ဦးညီညီမောင် ၃၅ နှစ်အား မုံရွာအမှတ် ၁ ရဲစခန်းမှ (ပ) ၂၃၂/၂ဝ၁၃ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲသည့် မီဒီယာဥပဒေအား ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်အပြိုင် လွှတ်တော်သို့ တင်သွင်းခွင့်ရှိကြောင်း ဒုတိယ၀န်ကြီး ဦးရဲထွဋ် ပြောကြား

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲသည့် မီဒီယာ ဥပဒေအား ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်အပြိုင် လွှတ်တော်သို့ တင်သွင်းခွင့်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

ဧပြီလ ၆ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွင် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတို့နှင့် တွေ့ဆုံစဉ် ဒုတိယ၀န်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယ၀န်ကြီး ဦးရဲထွဋ်က "စာနယ်ဇင်းကောင်စီ အနေနဲ့ သူတို့ရေးဆွဲတဲ့ မီဒီယာ ဥပဒေကို မူလကတိအတိုင်း ကျွန်တော်တို့ကို လာပေးလို့ရတယ်။ သူတို့က ကျွန်တော်တို့ကို တင်မလား တင်ရင်တော့ ကျွန်တော်တို့က ရှင်းပြမယ်။ မူလကတိအတိုင်း မဟုတ်ဘဲ ကော်မတီကနေ လွှတ်တော်ကို သွားမယ်ဆိုရင်လည်း ဖွဲ့စည်ပုံ အခြေခံဥပဒေအရ တင်ခွင့်ရှိတာပဲ။ ဒါသူတို့ရဲ့ အခွင့်အရေးပဲ။ အဲဒီနှစ်ခု အပြိုင်ဆိုရင်တော့ ဒါဟာ ဥပဒေကြမ်း ကော်မတီအပေါ်မှာပဲ မူတည်တော့တာပါ။ အဆုံးအဖြတ်ကတော့ လွတ်တော်ရဲ့ အဆုံးအဖြတ်ပါပဲ" ဟု ပြောကြားခဲ့သည်။

ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းသမားများ၏ အခွင့်အရေးများကို အာမခံနိုင်သည့် မီဒီယာ ဥပဒေတစ်ခု ရေးဆွဲပြီး ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် အဖွဲ့ဝင် ၂၉ ဦး ပါဝင်သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် မီဒီယာဥပဒေ တစ်ခုအား ရေးဆွဲနေပြီး လာမည့်လွှတ်တော်သို့ တင်ပြရန် စီစဉ်နေကြောင်း သိရသည်။

"ဒီဥပဒေကြမ်းက ဥပဒေကြမ်း ကော်မတီလက်ထဲကို ရောက်နေပါပြီ။ အချို့လူတွေ ပြောသလို ဒါကြီးက ရပ်သွားတာ မဟုတ်ပါဘူး။ လာမယ့် ပြည်ထောင်စုလွှတ်တော် မကျင်းပခင်မှာ ဥပဒေကြမ်း ကော်မတီ အနေနဲ့ ဒါကိုပြန်စဉ်းစားဖို့ အခွင့်အရေး ရှိပါတယ်။ ဒီဆွေးနွေးပွဲကို တက်တဲ့သူတွေ အနေနဲ့ ဧပြီလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး အကြံပြုချက်တွေ ပေးလို့ရပါတယ်။ ဒီအကြံပြုချက်တွေကို ဥပဒေကြမ်း ကော်မတီကို ပေးပို့သွားမှာပါ" ဟု ဦးရဲထွဋ်က ဆက်လက်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြန်ကြားရေး ၀န်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်း ရေးဆွဲထုတ်ပြန်ခဲ့ပြီး နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ရာ ယင်းဥပဒေမူကြမ်းသည် သတင်းလွတ်လပ်ခွင့်အား သွယ်ဝိုက်ပြီး ထိန်းချုပ်လိုသည့် အချက်အလက်များ ပါဝင်နေသည်ဟုဆိုကာ သတင်းမီဒီယာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေး အဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး ယင်းဥပဒေကြမ်း ရုတ်သိမ်းရေး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အဓိက ထောက်ခံခဲ့သူဖြစ်သည့် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက အဆိုပါ တွေ့ဆုံပွဲတွင် "ကျွန်တော်တို့ အနေနဲ့ ဒီဥပဒေကြမ်းဟာ ဘာပဲပြောပြော ပြီးခဲ့တဲ့ ၆၂ ဥပဒေ ၃၂ ဥပေဒတွေထက်စာရင် အများကြီး လုပ်သာကိုင်သာရှိပြီးတော့ လိုက်နာနိုင်တဲ့ အနေအထား ရှိတဲ့အတွက် ကျွန်တော်တို့ ၀မ်းသာပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဥပဒေကြမ်း ကော်မတီကနေ အဆင့်ဆင့် လွှတ်တော်ကို တင်မယ်။ လွှတ်တော် အဆင့်ဆင့် အတည်ပြုပြီးရင် ပေါ်ပေါက်လာမယ့် ဥပဒေကို တာဝန်သိတဲ့ နိုင်ငံသားတွေ လုပ်ငန်းရှင်တွေ အနေနဲ့ လိုက်နာကျင့်သုံးသွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဒေါက်တာတင်ထွန်းဦးသည် ပြည်မြန်မာ ဂျာနယ်ထုတ်ဝေနေသူဖြစ်ပြီး မြန်မာတိုင်း(မ်) ဂျာနယ်ထုတ်ဝေသည့် Myanmar Consolidated Media (MCM) ကုမ္ပဏီ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းအား ဒေါက်တာတင်ထွန်းဦးနှင့် ဒေါ်ခင်မိုးမိုးတို့က ၂၀၀၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ၀ယ်ယူခဲ့ကြောင်း သိရသည်။

ဒေါက်တာတင်ထွန်းဦးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ် ပုဇွန်တောင်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် သတင်းမီဒီယာသမားများနှင့် ဂျာနယ်လစ်များအား အမှန်တကယ် ကိုယ်စားပြုသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အပါအ၀င် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJA)၊ မြန်မာနိုင်ငံ သတင်းစာ ဆရာများ သမဂ္ဂ (MJU)၊ မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) တို့မှ ကိုယ်စားလှယ်များအား ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။            

"လူထုထံ ဆင်းသက်တဲ့ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး ဖော်ဆောင်ကြပြီဆိုရင် လူထုက ကြည်ဖြူစွာ လက်ခံမှုနဲ့ လူထုက ပြန်လည်ပေးပို့တဲ့ သတင်းစကားတွေကို ရယူရင်ပိုပြီးတော့ တန်ဖိုးရှိမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒီကနေ့ ကျွန်တော်တို့ ဥပဒေတွေ ရေးဆွဲကြပြီဆိုရင် ဥပဒေ စတင်ရေးဆွဲတဲ့ သူတွေကလည်း သဘောထားကြီးကြီးနဲ့ စာနယ်ဇင်းကောင်စီကို ထပ်မံ ကမ်းလှမ်းမယ်ဆိုရင် ပိုမကောင်းဘူးလား ဆိုတာကို အကြံပြုချင်ပါတယ်" ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုပြုံးချိုက ပြောသည်။

NLD ကျန်းမာရေးကွန်ရက် ရန်ပုံငွေ ရှာဖွေပွဲမှ အလှူငွေ ကျပ်သိန်းလေးထောင်နီးပါး ရရှိ

NLD ကျန်းမာရေး ကွန်ရက်၏ ရန်ပုံငွေ ရှာဖွေပွဲကို ဧပြီ ၆ ရက်က ရန်ကုန်မြို့၊ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး အလှူငွေ စုစုပေါင်း ကျပ်သိန်းလေးထောင်ခန့် ရရှိခဲ့သည်။

အဆိုပါပွဲသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ကျန်းမာရေး ကဏ္ဍတွင် ဆောင်ရွက်သင့်သည့် အချက်များနှင့် ပတ်သက်သည်များကို ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ပတ်သက်၍ ဆေးရုံအသစ်များ ဆောက်လုပ်နေခြင်းထက် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး စောင့်ရှောက်မှု ၀န်ထမ်းများကို ဝေးလံခေါင်သီသည့် ဒေသများသို့ သွားရောက်ကာ တာဝန်ထမ်းဆောင်စေနိုင်မည့် အချက်များကို လုပ်ဆောင်ပေးခြင်းက ပိုအရေးကြီးကြောင်းနှင့် လက်ရှိ လိုအပ်နေသည်မှာ အမျိုးသား ကျန်းမာရေး အဆင့်မြှင့်တင်ရန်ဖြစ်ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။

"ကျွန်မ တစ်ချို့ဆေးရုံတွေ တွေ့ဖူးတယ်။ အခွံတွေချည်းပဲ ဖြစ်နေတယ်။ ဆရာဝန်တွေ မရှိတော့ လူနာတွေကလည်း လာမပြချင်ကြတော့ဘူး။ ဆရာဝန်တွေကလည်း နယ်တွေကို မသွားချင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေစရာ အိမ်မရှိလို့။ နေစရာ အိမ်တောင်မှ မရှိဘူးဆိုရင် ဆရာဝန်တွေ လာဖို့ကိုလည်း မျှော်လင့်လို့ မရပါဘူး" ဟု ပြောသည်။

နိုင်ငံရပ်ခြားတွင် နေထိုင်နေသည့် ဆရာဝန်များ အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ယာယီအားဖြင့် ပြန်လာနိုင်ပါက ပြန်လာပြီး ပြည်တွင်း ဆရာဝန်များကို အကူအညီများနှင့် လေ့ကျင့်မှုများ ပေးစေလိုကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်ပေးခြင်းမှာ တိုင်းပြည်အတွက် ကြီးမားသည့် အထောက်အကူ ဖြစ်သွားစေနိုင်ကြောင်း၊ ရန်ကုန်ဆေးရုံကြီးကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း စသည်ဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

"ရန်ကုန်ဆေးရုံကြီးဟာ မြန်မာနိုင်ငံမှာ အကြီးဆုံး ဖြစ်ရုံသာမက အခုအချိန်ထိလည်း အကောင်းဆုံး ဖြစ်နေပါသေးတယ်။ အဲဒီလို တိုင်းပြည်တစ်ပြည်ရဲ့ အကောင်းဆုံး ဆေးရုံဟာ ဘယ်လောက် အဆင့်အတန်း ရှိသလဲဆိုတာကို ကြည့်လိုက်တာနဲ့ အကူအညီတွေ ဘယ်လောက် လိုအပ်နေပြီလဲဆိုတာ သိရပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

ဆင်းရဲသည့် မိသားစုများတွင် တစ်ယောက်ယောက် ကျန်းမာရေး ချို့တဲ့သွားပါက မိသားစု တစ်စုလုံး နာလန်မထူနိုင်အောင် ဖြစ်သွားလေ့ရှိကြောင်း၊ တစ်ခါတစ်ရံတွင် လူနာအား ဆေးဖိုးကို ကိုယ်တိုင်ပေးခိုင်းခြင်းသည် လူ့အသက်ကို အရောင်းအ၀ယ် လုပ်သည်နှင့် တူကြောင်း၊ ထို့ကြောင့် ဆေးဝါးထောက်ပံ့ခြင်းသည်လည်း အလွန်အရေးကြီးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့ကြောင့် NLD ကျန်းမာရေး ကွန်ရက်အနေဖြင့် ပထမဦးဆုံးအနေဖြင့် ဆရာဝန်ကောင်းကောင်း မရှိသည့် ဒေသများသို့ အရည်အချင်းပြည့် ဆရာဝန်များ စေလွှတ်သွားမည်ဖြစ်ကြောင်းနှင့် ဒုတိယအဆင့်အနေဖြင့် ဆေးရုံများတွင် ဆေးဝါး လိုအပ်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အလှူငွေများ အနေဖြင့်  ဦးဇော်ဇော် (Max Myanmar) ၏ ဧရာဝတီ ဖောင်ဒေးရှင်းမှ ကျပ်သိန်း (၅၀၀)၊ ဦးအောင်မိုးကျော် (IBTC) က ကျပ်သိန်း (၅၀၀)၊ အာရှတော်ဝင် ဆေးရုံပိုင်ရှင် ဒေါက်တာမြတ်သူက ကျပ်သိန်း (၁၀၀)၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးက ကျပ် (၁၀) သိန်း စသည်ဖြင့် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။   

NLD အမျိုးသား ကျန်းမာရေး ကွန်ရက်ကို မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး အဆင့်အတန်း တိုးတက်မြင့်မားလာအောင် ကူညီပေးနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဖေဖော်ဝါရီ ၉ ရက်နေ့က ဆေးရုံအုပ်ကြီးဟောင်းများ အပါအ၀င် အဖွဲ့ဝင် ၁၄ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဖွဲ့၏ ရည်မှန်းချက်များအဖြစ် ပြည်သူလူထုအကြား အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တိုးတက်လာစေရေး ကူညီဆောင်ရွက်ရန်၊ ကျန်းမာရေး စောင့်ရှောက်မှု တာဝန်ရှိသူများကို ထိခိုက်ဒဏ်ရာနှင့် အရေးပေါ် အသက်ကယ် သင်တန်းများ ပေးရန်၊ ပြည်တွင်းပြည်ပမှ ပညာရှင်များဖြင့် စဉ်ဆက်မပြတ် ဆေးပညာ သင်ကြားရေး အစီအစဉ်များ ဆောင်ရွက်ရန်ဟူသော အချက်များ ပါဝင်သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲသည့် မီဒီယာဥပဒေအား ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်အပြိုင် လွှတ်တော်သို့ တင်သွင်းခွင့်ရှိကြောင်း ဒုတိယ၀န်ကြီး ဦးရဲထွဋ် ပြောကြား

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲသည့် မီဒီယာ ဥပဒေအား ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့်အပြိုင် လွှတ်တော်သို့ တင်သွင်းခွင့်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

ဧပြီလ ၆ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွင် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းတို့နှင့် တွေ့ဆုံစဉ် ဒုတိယ၀န်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယ၀န်ကြီး ဦးရဲထွဋ်က "စာနယ်ဇင်းကောင်စီ အနေနဲ့ သူတို့ရေးဆွဲတဲ့ မီဒီယာ ဥပဒေကို မူလကတိအတိုင်း ကျွန်တော်တို့ကို လာပေးလို့ရတယ်။ သူတို့က ကျွန်တော်တို့ကို တင်မလား တင်ရင်တော့ ကျွန်တော်တို့က ရှင်းပြမယ်။ မူလကတိအတိုင်း မဟုတ်ဘဲ ကော်မတီကနေ လွှတ်တော်ကို သွားမယ်ဆိုရင်လည်း ဖွဲ့စည်ပုံ အခြေခံဥပဒေအရ တင်ခွင့်ရှိတာပဲ။ ဒါသူတို့ရဲ့ အခွင့်အရေးပဲ။ အဲဒီနှစ်ခု အပြိုင်ဆိုရင်တော့ ဒါဟာ ဥပဒေကြမ်း ကော်မတီအပေါ်မှာပဲ မူတည်တော့တာပါ။ အဆုံးအဖြတ်ကတော့ လွတ်တော်ရဲ့ အဆုံးအဖြတ်ပါပဲ" ဟု ပြောကြားခဲ့သည်။

ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းသမားများ၏ အခွင့်အရေးများကို အာမခံနိုင်သည့် မီဒီယာ ဥပဒေတစ်ခု ရေးဆွဲပြီး ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် အဖွဲ့ဝင် ၂၉ ဦး ပါဝင်သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် မီဒီယာဥပဒေ တစ်ခုအား ရေးဆွဲနေပြီး လာမည့်လွှတ်တော်သို့ တင်ပြရန် စီစဉ်နေကြောင်း သိရသည်။

"ဒီဥပဒေကြမ်းက ဥပဒေကြမ်း ကော်မတီလက်ထဲကို ရောက်နေပါပြီ။ အချို့လူတွေ ပြောသလို ဒါကြီးက ရပ်သွားတာ မဟုတ်ပါဘူး။ လာမယ့် ပြည်ထောင်စုလွှတ်တော် မကျင်းပခင်မှာ ဥပဒေကြမ်း ကော်မတီ အနေနဲ့ ဒါကိုပြန်စဉ်းစားဖို့ အခွင့်အရေး ရှိပါတယ်။ ဒီဆွေးနွေးပွဲကို တက်တဲ့သူတွေ အနေနဲ့ ဧပြီလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး အကြံပြုချက်တွေ ပေးလို့ရပါတယ်။ ဒီအကြံပြုချက်တွေကို ဥပဒေကြမ်း ကော်မတီကို ပေးပို့သွားမှာပါ" ဟု ဦးရဲထွဋ်က ဆက်လက်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့က ပြန်ကြားရေး ၀န်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်း ရေးဆွဲထုတ်ပြန်ခဲ့ပြီး နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ရာ ယင်းဥပဒေမူကြမ်းသည် သတင်းလွတ်လပ်ခွင့်အား သွယ်ဝိုက်ပြီး ထိန်းချုပ်လိုသည့် အချက်အလက်များ ပါဝင်နေသည်ဟုဆိုကာ သတင်းမီဒီယာ အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် နိုင်ငံရေး အဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး ယင်းဥပဒေကြမ်း ရုတ်သိမ်းရေး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းအား အဓိက ထောက်ခံခဲ့သူဖြစ်သည့် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက အဆိုပါ တွေ့ဆုံပွဲတွင် "ကျွန်တော်တို့ အနေနဲ့ ဒီဥပဒေကြမ်းဟာ ဘာပဲပြောပြော ပြီးခဲ့တဲ့ ၆၂ ဥပဒေ ၃၂ ဥပေဒတွေထက်စာရင် အများကြီး လုပ်သာကိုင်သာရှိပြီးတော့ လိုက်နာနိုင်တဲ့ အနေအထား ရှိတဲ့အတွက် ကျွန်တော်တို့ ၀မ်းသာပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဥပဒေကြမ်း ကော်မတီကနေ အဆင့်ဆင့် လွှတ်တော်ကို တင်မယ်။ လွှတ်တော် အဆင့်ဆင့် အတည်ပြုပြီးရင် ပေါ်ပေါက်လာမယ့် ဥပဒေကို တာဝန်သိတဲ့ နိုင်ငံသားတွေ လုပ်ငန်းရှင်တွေ အနေနဲ့ လိုက်နာကျင့်သုံးသွားမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဒေါက်တာတင်ထွန်းဦးသည် ပြည်မြန်မာ ဂျာနယ်ထုတ်ဝေနေသူဖြစ်ပြီး မြန်မာတိုင်း(မ်) ဂျာနယ်ထုတ်ဝေသည့် Myanmar Consolidated Media (MCM) ကုမ္ပဏီ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းအား ဒေါက်တာတင်ထွန်းဦးနှင့် ဒေါ်ခင်မိုးမိုးတို့က ၂၀၀၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ၀ယ်ယူခဲ့ကြောင်း သိရသည်။

ဒေါက်တာတင်ထွန်းဦးသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ် ပုဇွန်တောင်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် သတင်းမီဒီယာသမားများနှင့် ဂျာနယ်လစ်များအား အမှန်တကယ် ကိုယ်စားပြုသည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အပါအ၀င် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJA)၊ မြန်မာနိုင်ငံ သတင်းစာ ဆရာများ သမဂ္ဂ (MJU)၊ မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) တို့မှ ကိုယ်စားလှယ်များအား ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။            

"လူထုထံ ဆင်းသက်တဲ့ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး ဖော်ဆောင်ကြပြီဆိုရင် လူထုက ကြည်ဖြူစွာ လက်ခံမှုနဲ့ လူထုက ပြန်လည်ပေးပို့တဲ့ သတင်းစကားတွေကို ရယူရင်ပိုပြီးတော့ တန်ဖိုးရှိမယ်လို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒီကနေ့ ကျွန်တော်တို့ ဥပဒေတွေ ရေးဆွဲကြပြီဆိုရင် ဥပဒေ စတင်ရေးဆွဲတဲ့ သူတွေကလည်း သဘောထားကြီးကြီးနဲ့ စာနယ်ဇင်းကောင်စီကို ထပ်မံ ကမ်းလှမ်းမယ်ဆိုရင် ပိုမကောင်းဘူးလား ဆိုတာကို အကြံပြုချင်ပါတယ်" ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုပြုံးချိုက ပြောသည်။

ထိုင်းနယ်စပ်တွင် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သော မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး ပြန်လည်တွေ့ရှိ

ထိုင်း-မြန်မာနယ်စပ် ရနောင်းပြည်နယ် အနီးတွင် ဧပြီလ ၆ ရက်နေ့က အမည်မသိ လက်နက်ကိုင်တပ်နှင့် တိုက်ခိုက်မှုကြောင့် မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့သည်ဟု မှားယွင်းစွာ သတင်းပို့မိခဲ့ကြောင်း မြန်မာစစ်တပ်က ထိုင်းစစ်တပ်သို့ ပြန်လည်အကြောင်းကြား လိုက်ကြောင်း သိရသည်။

ဖြစ်ရပ်မှန်မှာ မြန်မာစစ်သားများ ကင်းလှည့်နေချိန်တွင် တောမီးလောင်မှု ဖြစ်ပွားခဲ့ပြီး သစ်ပင်များ မီးလောင်ရာမှ ထွက်ပေါ်လာသည့် အသံများကို ကျန်ရစ်သည့် အဖွဲ့၏ ရေဒီယိုစက်တွင် သေနတ်သံများ အဖြစ် ထင်မှတ်ခဲ့ပြီး တပ်ဖွဲ့ဝင် ၁၃ ဦးမှာလည်း လမ်းပျောက်သွားခဲ့သောကြောင့် တပ်ရင်းသို့ ပြန်လည်သတင်းပို့ခဲ့ရာ ထိုင်းအာဏာပိုင်များထံမှ အကူအညီပေးရန် မြန်မာစစ်တပ်က ဆက်သွယ်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းစစ်တပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

"နားလည်မှုလွဲမှားပြီး သတင်းပို့ခဲ့တာပါလို့ မြန်မာအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ နယ်စပ်မှာ ဘာတိုက်ပွဲမှ မဖြစ်ခဲ့သလို သေဆုံးမှုလည်း မရှိခဲ့ပါဘူးလို့ ပြောပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ပျောက်ဆုံးနေခဲ့သော မြန်မာတပ်ဖွဲ့ဝင် ၁၃ ဦးကို ၎င်းတို့၏ တပ်ဖွဲ့က မြန်မာပိုင် တောနက်အတွင်း ပြန်လည်ရှာတွေ့သွားပြီ ဖြစ်ကြောင်း ထိုင်းနယ်စပ်လုံခြုံရေး တာဝန်ယူထားသည့် အမှတ် ၂၅ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးကြီး Uthit Anantananont က ပြောကြားခဲ့သည်။

ကင်းလှည့်တပ်ဖွဲ့ဝင် ၁၅ ဦး အနက် နှစ်ဦးမှာ ပျောက်ဆုံးနေသူ ၁၃ ဦးကို ပြန်လည်မတွေ့ခင် တပ်ရင်းသို့ ရောက်ရှိလာခဲ့ကြောင်း၊ အခြေအနေအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီဟု ယူဆကြောင်း Uthit က ပြောကြားခဲ့သည်။

မြန်မာတပ်ဖွဲ့ဝင်များ သေဆုံးသည်ဆိုသော သတင်းကြောင့် အဆိုပါ ဒေသသို့ သွားရောက်စုံစမ်းရန် စီစဉ်ထားသည့် အမှတ် (၄) တပ်နယ်မှ တပ်ရင်းမှူး၏ ခရီးစဉ်ကိုလည်း ယခုအခါ ပြန်လည်ဖျက်သိမ်းလိုက်ပြီး ဖြစ်ကြောင်း Uthit က ပြောကြားခဲ့သည်။

သစ်ပင်များ မီးလောင်ရာမှ ထွက်ပေါ်လာသည့် အသံကို ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု မြန်မာကင်းလှည့် တပ်ဖွဲ့ဝင်အချို့က နားလည်မှု လွဲခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Towichukchaikul က မတ်လ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

ယခုဖြစ်စဉ် ဖြစ်ပွားသည့် နေရာသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက ထိုင်းနိုင်ငံသား ၉၂ ဦးကို နယ်မြေခိုးဝင်မှုဖြင့် ဖမ်းဆီးခဲ့သည့် ရနောင်းပြည်နယ် ကရာဘူရီခရိုင်နှင့် မြန်မာနိုင်ငံ ကော့သောင်း နယ်စပ်တွင် ဖြစ်သည်။

ဖမ်းဆီးထားခဲ့သူများ အနက်မှ ၈၈ ဦးကို လွှတ်ပေးခဲ့ပြီး ကျန်လူများကို လက်နက်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတို့ဖြင့် ဖမ်းဆီးထားဆဲ ဖြစ်သည်။

Ref:The Nation

ဗီဇာက မိုဘိုင်းဖုန်းဖြင့်ဝန်ဆောင်မှု မိတ်ဆက်မည်

ကမ္ဘောဇဘဏ်နှင့် ဗီဇာကုမ္ပဏီမှ တာဝန်ရှိသူများအား အခမ်းအနားအပြီး၌ တွေ့ရစဉ်။ မြတ်မေဇင်/မြန်မာတိုင်း(မ်)ကမ္ဘောဇဘဏ်နှင့် ဗီဇာကုမ္ပဏီမှ တာဝန်ရှိသူများအား အခမ်းအနားအပြီး၌ တွေ့ရစဉ်။ မြတ်မေဇင်/မြန်မာတိုင်း(မ်)

ကမ္ဘောဇဘဏ်နှင့် Visa ကုမ္ပဏီတို့ ပူးပေါင်းကာ ဈေးဝယ်စင်တာများ၊ ဟိုတယ်များနှင့် စားသောက်
ဆိုင်များ၌ နိုင်ငံခြားသားများ၊ လာရောက်လည်ပတ်သူများ ငွေပေးချေရာတွင် အဆင်ပြေ လွယ်ကူ
စေရန် Visa ကတ်ဖြင့်ငွေပေး ချေခြင်းကို ဧပြီလမှစတင်ခါ အသုံးပြု သွားနိုင်မည်ဖြစ်ကြောင်းနှင့်
မြန်မာနိုင်ငံတွင် အီလက်ထရောနစ်ငွေပေးချေစနစ် အသစ်တစ်ခုဖြစ်သည့် မိုဘိုင်းဖုန်း ၀န်ဆောင်မှု
အား အကောင်အထည်ဖော်သွားမည် ဖြစ်သည်ဟု ဧပြီလ ၁ ရက် နေ့က ရန်ကုန်မြို့ Strand
Hotel ၌ ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် ကုမ္ပဏီ၏ အရှေ့တောင် အာရှနှင့်
ဩစတေးလျား အာရှ ၏ Group Country Manager, Mr Peter Maher က မြန်မာတိုင်း(မ်)ကို
ပြောသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ အခန်းကဏ္ဍ တိုးတက်ရေးတွင် Visa ကုမ္ပဏီ အနေဖြင့် အရေးကြီး
သော အဆင့်သုံးဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းကပြော
ကြားသည်။

"ပထမဦးဆုံး ခြေလှမ်းအနေနဲ့က နိုင်ငံခြားက၀င်ရောက်လာတဲ့ ခရီးသွား ဧည့်သည်တွေ ပြည်တွင်း
မှာ ဟိုတယ် အခန်းခပေးချေတာကစလို့ ဈေးဝယ်စင်တာနဲ့ စားသောက်ဆိုင်တွေမှာ Visa ကတ်နဲ့
ပေးချေနိုင်ဖို့ပါ။ အခုဆိုရင် ATM စက်တွေမှာ Visa ကတ်ကို အသုံးပြုပြီး ငွေထုတ်ယူလို့ရနေပါပြီ။
ဒုတိယ ခြေလှမ်းကတော့ မြန်မာနိုင်ငံက စီးပွားရေးသမားတွေအတွက်ပါ။ Visa ကတ်ကို အသုံးပြု
ပြီး ကမ္ဘာတစ်ဝန်းက Visa ကတ် ကိုင်ဆောင်သူ သန်းနှစ်ထောင်ကျော်တို့ နဲ့ ချိတ်ဆက်ပြီး
စီးပွားရေးလုပ်ကိုင်နိုင်မယ့် အခွင့်အရေးပါ။ နောက်ဆုံးခြေလှမ်း အနေနဲ့ကတော့ မြန်မာနိုင်ငံမှာရှိတဲ့
ပြည်သူတွေအားလုံး Visa ငွေပေးချေတဲ့ စနစ်ကို အသုံးပြုနိုင်စေဖို့ပါ"ဟု ၎င်းက ပြောကြားသည်။

ကုမ္ပဏီအနေဖြင့် နိုင်ငံပေါင်း ၃၀ ကျော်တွင် Visa ငွေပေးချေမှုစနစ်သစ် ဖြစ်သည့် မိုဘိုင်းဖုန်း
ဝန်ဆောင်မှုကို မိတ်ဆက်ပေးခဲ့ပြီး ဖြစ်သည်။

မြန်မာ နိုင်ငံတွင်လည်း အဆိုပါဝန်ဆောင်မှုအား မိတ်ဆက်သွားရန် စီစဉ်နေသည်ဟု သိရသည်။

"Visa ကတ်ကို ပလတ်စတစ်ကတ်နဲ့ အသုံးပြုတယ်ဆိုတာ စနစ်ဟောင်းတစ်ခုပါ။ ကျွန်တော်တို့
ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းကနေ ငွေပေး ချေမှုဝန်ဆောင်ပေးနိုင်တဲ့ Mobile Phone
Payments စနစ်ကို မိတ်ဆက်သွားမှာပါ။ လက်ကိုင်ဖုန်းမှာ Visa ဆော့ဖ်ဝဲလ်သွင်းထားပြီး
ကလစ်နှိပ် လိုက်ရုံပါပဲ။ ဒီနည်းပညာနဲ့ အာဖရိက နိုင်ငံတွေနဲ့ အရှေ့အာရှနိုင်ငံ အပါအ၀င် နိုင်ငံ
၃၀ ကျော်မှာ အသုံးပြုနေပါပြီ"ဟု ၎င်းကပြောသည်။

ခရီးသွားလုပ်ငန်းတိုးတက်လာသော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားသား ခရီးသွားများ ငွေကြေး
သုံးစွဲမှု ပိုမိုအဆင် ပြေစေရန်အတွက် မြန်မာနိုင်ငံရှိ ATM စက်အလုံး ၁၃၀ တွင် Visa ကတ်များဖြင့်
ငွေကြေးထုတ်ယူနိုင်ပြီဖြစ်သည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်း မန်နေးဂျင်းဒါရိုက်တာ ဦးသန်းချိုက " Visa နဲ့ အတူ ပူးပေါင်းကာ
ခရီးသွားဧည့်သည်တွေနဲ့ ကုန်သည်တွေကို အီလက်ထရွန်းနစ် ငွေပေးချေမှုမှတစ်ဆင့် ပိုမိုကောင်း
မွန်၊ စိတ်ချရသော ငွေပေးချေမှုစနစ်ကို ပေးနိုင်ခြင်းဖြစ်ပါတယ်။ နိုင်ငံ တိုးတက်လာတာနဲ့အမျှ နိုင်ငံ
တကာငွေကြေး ကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ကာ မြန်မာနိုင်ငံ၏ ဘဏ်ဝန်ဆောင်မှု စနစ်နဲ့
ငွေပေးချေမှုစနစ်ဖွံ့ဖြိုးလာသောကြောင့် ရှေ့လျှောက် စီးပွားရေးတိုးတက်လာမှာပါ"ဟု ပြောသည်။

Visa ကုမ္ပဏီအနေဖြင့် အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်အား အကောင်အထည်ဖော်ရာတွင်
အခြေခံအဆောက် အအုံလိုအပ်ချက်များစွာ ရှိနေသောကြောင့် ခက်ခဲနေသေးခြင်းဖြစ်သည်ဟု
လည်း သိရသည်။

"အခက်အခဲတွေကတော့ အများကြီးပဲ။ လျှပ်စစ်၊ ဖုန်းနဲ့ နည်းပညာနဲ့အကျွမ်းတ၀င် ရှိမှုတွေပေါ့"ဟု
Mr Maher က ပြောသည်။

နာမည်ရမဏ္ဍပ်တချို့ ကျုံးအရှေ့ရောက်တဲ့ ၂၀၁၃ သင်္ကြန်

၂၀၁၂ သင်္ကြန်ကာလ ရေပက်ကစားသည့် မန်းသင်္ကြန်မဏ္ဍပ်တစ်ခုကို တွေ့ရစဉ်။ ဖြိုးဝေကျော်/မြန်မာတိုင်း(မ်)၂၀၁၂ သင်္ကြန်ကာလ ရေပက်ကစားသည့် မန်းသင်္ကြန်မဏ္ဍပ်တစ်ခုကို တွေ့ရစဉ်။ ဖြိုးဝေကျော်/မြန်မာတိုင်း(မ်)

နှစ်တိုင်းလိုလို ကျုံးတောင်ဘက်မှာ နေရာယူထားခဲ့တဲ့ လူသိများတဲ့ နာမည်ရ မဏ္ဍပ်အချို့ ဒီနှစ်
သင်္ကြန်မှာတော့ ကျုံး အရှေ့ဘက်မှာ နေရာယူတည်ဆောက် နေကြတာကို တွေ့ရပါတယ်။

ကျုံး တောင်ဘက်မှာနေရာရဖို့ မဲနှိုက်ခဲ့ကြ ပေမယ့် မဲမပေါက်တဲ့အတွက် အရှေ့ဘက်မှာပဲ စီစဉ်ခဲ့
ကြတာလို့ အဲဒီမဏ္ဍပ် တွေကဆိုပါတယ်။

မနှစ်ကအတိုင်း တောင်ဘက်မှာပဲ ဆက်လက်နေရာယူထားတဲ့မဏ္ဍပ်တွေလည်း ရှိပါတယ်။

"ဒီနှစ်တော့ အရှေ့ဘက်ကျုံး ၆၆ လမ်း မှာ ၂၃ လမ်းနဲ့ ၂၄ လမ်းကြားမှာ ကျတယ်။ တောင်ဘက်
မှာ မဲမပေါက်တော့ မဲပေါက်တဲ့အရှေ့ဘက်မှာပဲ လုပ်လိုက်တယ်။ ဒီနှစ်ထူးခြားတာက မဏ္ဍပ်ကို
စောပြီး ဆောက်လုပ်ခွင့်ပေးထားတယ်။ အရင် နှစ်တွေက လုပ်နေကျမဏ္ဍပ်တချို့ အရှေ့ဘက်
ကျုံးကို ရောက်လာတော့ ဒီနှစ် အရှေ့ဘက်မှာလည်း လူစည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

"လက်မှတ်ဈေးကိုတော့ ရက်ပြည့်ကို တစ်ယောက် ကျပ် ၃၀,၀၀၀ လို့ သတ်မှတ်ထားတယ်။ ဧပြီ
၅ ရက် မတိုင်ခင်ဝယ်ရင် ၂၅,၀၀၀ နဲ့ လျှော့ဈေးပေးမှာပါ။ ရေပက်မယ့်လူကို ဆွဲဆောင်တဲ့အနေနဲ့ 
ရက်ပြည့်ကစားတဲ့လူတွေကို G shock နာရီ၊ iPhone 5 နဲ့ iPad mini မဲဖောက်ပေးသွားဖို့ စီစဉ်
ထားတယ်"လို့ ၂၀၁၃ သင်္ကြန်မှာ ကိုးနှစ်မြောက် မဏ္ဍပ်ဆောက်လုပ်မယ့် Domino မဏ္ဍပ်မှ
ကိုခွန်မိုင်က ပြောပါ တယ်။

သူ့ရဲ့မဏ္ဍပ်ကို ရာသီဥတုဒဏ်ခံနိုင်အောင် အသေအချာဆောက်လုပ်သွားမှာဖြစ်ပြီး မဏ္ဍပ်ဒီဇိုင်းကို
ခြောက်ဆင့် ဆောက်လုပ်သွားမယ်လို့လည်း သူက ဆိုပါတယ်။

မဏ္ဍပ်ရဲ့လူအ၀င်အထွက်ကို စိစစ်နိုင်ဖို့အတွက်လည်း Smart Card System ကိုလည်း အသုံးပြု
ထားပါတယ်တဲ့။

ကျုံးအရှေ့ဘက်၊ လမ်း ၂၀ နဲ့ ၂၂ လမ်း ကြားမှာ ပေ ၁၀၀ မဏ္ဍပ်ဆောက်လုပ်သွားမယ့် နွေရတီက
၂၀၁၃ သင်္ကြန်မှာ သူ့ရဲ့ သုံးနှစ်မြောက်မဏ္ဍပ်ကို ဆောက်လုပ်သွားမှာဖြစ်ပါတယ်။

"မဏ္ဍပ်က ဒီနှစ်ကျုံးအရှေ့ဘက်မှာ လုပ်တာဆိုတော့ မနှစ်က ကျုံးတောင်ဘက်မှာ လုပ်တာ
လောက်တော့ လူဝင်ချင်မှဝင်မှာပေါ့နော်။ ဒါပေမဲ့ အရင်နှစ် တွေတုန်းက ကိုယ့်မဏ္ဍပ်ကပေးခဲ့တဲ့ 
ဝန်ဆောင်မှုတွေကို သဘောကျတဲ့လူ တွေကတော့ ကိုယ့်မဏ္ဍပ်မှာ လာပက်ကြမယ်လို့လည်း
မျှော်လင့်ရပါတယ်။ ဒီနှစ် သင်္ကြန်အတွက် ရက်ပြည့်ကစားတဲ့လူအတွက် လက်မှတ်ဖိုးကို ကျပ်
၂၅,၀၀၀ ပဲ သတ်မှတ်ထားပါတယ်။ ဒီနှစ်တော့ မဏ္ဍပ်စင်ဒီဇိုင်းလည်း ပြောင်းထားတယ်။ ရေပန်း
စနစ်တွေလည်း ပိုလုပ်ထားပြီး စပီကာအင်အားကိုလည်း တိုးထားပါတယ်"လို့ နွေရတီမဏ္ဍပ်က
ကိုရဲရင့်ဝေက ဆိုပါတယ်။

ကိုရဲရင့်ဝေက သူ့အနေနဲ့ သင်္ကြန်မှာ ကျုံးလေးဘက်စလုံးကို စည်ကားအောင် မဏ္ဍပ်ဆောက်လုပ်
သူနည်းတဲ့ ကျုံး အနောက်ဘက်နဲ့ မြောက်ဘက်တွေမှာ လည်း နာမည်ကြီးတဲ့၊ ဖျော်ဖြေရေးပါတဲ့
မဏ္ဍပ်တွေကို မျှပြီးနေရာပေးစေချင် တယ်လို့ ဖြည့်စွက်ပြောသွားပါတယ်။

၂၀၁၂ သင်္ကြန်တုန်းက မိမိရဲ့မဏ္ဍပ် နေရာအတိုင်း ဒီနှစ်မှာလည်း မဲပေါက်ခဲ့တာကြောင့် အတော်
လေးအဆင်ပြေသွားတယ်လို့ ဆိုသူကတော့ Maritime က ကိုသူရသန်းထွန်းအောင်ပါ။

"၂၆ လမ်း၊ ၇၇ လမ်းနဲ့ ၇၈ လမ်းကြား မှာပဲ ဒီနှစ်လည်း ပြန်မဲပေါက်ပါတယ်။ ဒီနှစ်က ကျွန်တော်
တို့ရဲ့ ခြောက်နှစ် မြောက်လည်းဖြစ်တဲ့အတွက် လုပ်နေကျထက် ပိုကောင်းအောင်လုပ်ထားပါ
တယ်။ အဆိုတော်လည်း ခေါ်မယ်။ ရေပိုက်ကိုတော့ ရေအားမကောင်းမှာစိုးလို့ အချောင်း ၂၅၀
လောက်ပဲ စီစဉ်ထားတယ်။ နှစ်တိုင်း ကျွန်တော်တို့ မဏ္ဍပ်က လူ ၇၀၀ လောက် အောက်ထစ်
ဝင်ပါတယ်။ ဒီနှစ်တော့ လူတစ်ထောင်ပြည့် အောင်တင်မယ်လို့ ကျွန်တော် စဉ်းစားထားတယ်"လို့
ဒီနှစ်သင်္ကြန်အတွက် သူ့ရဲ့ အစီအစဉ်တွေကို ကိုသူရသန်းထွန်းအောင်က ပြောသွားပါတယ်။

ရေပက်လက်မှတ် ဈေးနှုန်းတွေကတော့ ထုံးစံအတိုင်း တစ်ရက်ချင်း ကစားတာက ရက်ပြည့်ကစား
တာထက်တော့ ဈေးများလေ့ရှိပါတယ်။

မဏ္ဍပ်အများစု အကြိုနေ့ကို အခမဲ့ရေပက်ခွင့်ပေးပြီး အကျနေ့ကို ကျပ် ၁၀,၀၀၀၊ အကြတ်နေ့ ကို
ကျပ် ၁၅,၀၀၀ နဲ့ အတက်နေ့ကို ကျပ် ၂၀,၀၀၀ ဆိုပြီး သတ်မှတ်ထားကြတာကို တွေ့ရပါတယ်။

မဏ္ဍပ်စီစဉ်သူတော်တော်များများကတော့ မနှစ်ကထက် ဒီနှစ် ပိုပြီးအဆင်ပြေအောင်၊ ရေပက်မယ့်
သူတွေကို ဆွဲဆောင် နိုင်အောင်စီစဉ်နေကျပါပဲ။

မနှစ်က အဆင်မပြေဖြစ်ခဲ့တဲ့ အပိုင်းလေးတွေကိုလည်း သင်ခန်းစာယူပြီး ဒီနှစ် အဆင်ပြေအောင်
ဘယ်လိုလုပ်မလဲ တွေးတော ကြံဆရင်းပေါ့။

မနှစ်က သင်္ကြန်နဲ့ပတ်သက်လို့ ကျုံးတစ်ပတ်လုံးကို တစ်လမ်းမောင်းစနစ် အသုံးပြုလိုက်တာ၊ 
မဏ္ဍပ်တစ်ခုကို လုံခြုံရေးဆယ်ယောက်လောက် စီစဉ်ပေးတာတွေက တော်တော်လေးအဆင်ပြေခဲ့
တာကြောင့် ဒီနှစ်လည်း အဲဒီအတိုင်းပဲ ဖြစ်စေချင်တယ်လို့ ကိုခွန်မိုင်က ပြောပါသေးတယ်။

မနှစ်က သင်္ကြန်မှာ တာဝန်ရှိသူတွေက ယာဉ်ကြောနဲ့ လုံခြုံရေးတွေကို အသေအချာ ဆောင်ရွက်
ပေးခဲ့ပေမယ့် သန့်ရှင်းရေးပိုင်းမှာတော့ အားနည်းခဲ့တယ်လို့ မဏ္ဍပ်စီစဉ်သူတစ်ဦးက ပြောပါတယ်။

"မဏ္ဍပ်ဆောက်တဲ့လူတွေကို ရေလာပက်တဲ့လူတွေအတွက် အိမ်သာပါထည့် ဆောက်ပေးရမယ်
လို့ မနှစ်က စည်ပင်က စည်းကမ်းသတ်မှတ်တယ်။ ကျွန်တော်တို့လည်း ကိုယ့်မဏ္ဍပ်မှာ လာကစား
တဲ့ လူတွေအတွက် လုပ်ပေးချင်ပါတယ်။ ဒါပေမဲ့ တစ်ရက်ကို လူ ၇၀၀ လောက် စွန့်ပစ်ထားတဲ့
အညစ်အကြေးကို နေ့တိုင်းလာပြီး စုပ်မပေးဘူး။ အဲလိုဆိုတော့ ကျွန်တော်တို့မှာ လုပ်ရတာ 
အတော်လေး အဆင်မပြေဖြစ်တယ်။ အမှိုက်ဆိုလည်း သင်္ကြန်တစ်တွင်းလုံး ပစ်ထားတဲ့ အမှိုက်ကို
အတက်နေ့မနက်မှ လာသိမ်းပေးတယ်။ ကြားရက်တွေမှာ မဏ္ဍပ်ဘေးမှာ အမှိုက်ပုံကြီးကိုဖြစ်လို့။
အဲဒီဟာတွေတော့ တော်တော်လေး အဆင်မပြေဖြစ်တယ်။ ဖြစ်နိုင်ရင် အဲဒီသန့်ရှင်းရေးကိစ္စလေး
တွေကို သေသေချာချာတာဝန်ယူပေးစေချင်တာပါ"လို့ သူက ဆိုပါတယ်။

သန့်ရှင်းရေးပိုင်းမှာ တာဝန်ရှိသူတွေက ပူးပေါင်းဆောင်ရွက်ပေးမှုမရှိတဲ့ အတွက် တချို့မဏ္ဍပ်တွေ
က အိမ်သာကို စစ်ဆေးသူတွေလာရင် ဖွင့်ပြဖို့သာ ဆောက်လုပ်ထားပြီး ရေပက်သူတွေကတော့ 
မိမိရဲ့ကျန်းမာရေးကိစ္စအတွက် မဏ္ဍပ်အနီးအနားက အိမ်တွေ၊ ဘုန်းကြီး ကျောင်းတွေကိုပဲ အကူ
အညီတောင်းပြီး ဖြေရှင်းခဲ့ရတယ်လို့လည်း ၂၀၁၂ သင်္ကြန် မှာ ၂၆ လမ်းပေါ်က မဏ္ဍပ်မှာ ရေကစား 
သူတစ်ဦးက သူ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

သင်္ကြန်ကာလဆိုတာကလည်း အကောင်းနဲ့အဆိုး၊ အဆင်ပြေမှုနဲ့ အဆင်မပြေမှုတွေနဲ့ အမြဲတမ်း
ရောထွေး ယှဉ်တွဲနေတတ်တဲ့ အရာတစ်ခုပါပဲ။

ဒါပေမဲ့ သင်္ကြန်နားနီးပြီဆိုရင်ပဲ လူတွေရဲ့ စိတ်က အလိုလိုပျော်မြူးတက်ကြွလာတတ်တာပါ။

ဒီနှစ်တော့ ကျုံးပတ်ပတ်လည်မှာ အပြင် မြို့တွင်းမှာပါ စည်ကားမှုရှိအောင် မဏ္ဍပ်တွေကို အာမခံ
ကြေးမလိုဘဲ မြို့တော်စည်ပင်က အခမဲ့ဆောက်လုပ်ခွင့် ပေးထားတယ်လို့သိရပါတယ်။

ဒါ့ပြင် ကန်တော်ကြီးပတ်လမ်းမှာလည်း မဏ္ဍပ်တွေရှိဦးမယ်လို့ ကြားရပါတယ်။

ကျုံးပတ်ပတ်လည်မှာလည်း Alpine မဏ္ဍပ်ရဲ့ ဆယ်နှစ်ပြည့်၊ Domino မဏ္ဍပ်ရဲ့ ကိုးနှစ်ပြည့်၊
Maritime မဏ္ဍပ် က ခြောက်နှစ်ပြည့် စသဖြင့် သက်တမ်းရင့် မဏ္ဍပ်စီစဉ်သူတွေရဲ့ ကိုယ့်ရဲ့
နှစ်ပတ်လည်အတွက် အပြိုင်အဆိုင် ၀န်ဆောင်မှုပေးတာတွေနဲ့အတူ ဒီနှစ် ၂၀၁၃ သင်္ကြန်ကရော
၂၀၁၂ သင်္ကြန် ဘာတွေသာမလဲ၊ ဘာတွေကွာမလဲ စောင့်ကြည့်ကြရအောင်လား။

ထိုင်းလက်နက်ကိုင်နှင့် မြန်မာတပ် ပစ်ခတ်မှု မဖြစ်ခဲ့ဟု ထိုင်းဝန်ကြီး ငြင်းဆို

နယူးဒေလီ (မဇ္ဈိမ)။   ။ ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်းလက်နက်ကိုင်များနှင့် မြန်မာအစိုးရ တပ်များ သောကြာနေ့က တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုလိုက်သည်။ 

နားလည်မှု လွဲမှားခြင်းသာ ဖြစ်သည်ဟု ဝန်ကြီး Surapong Tovichakchaikul ၏ ဖြေရှင်းချက်အား ကိုးကား၍ ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြပါရှိသည်။ 

ယမန်နေ့က သတင်းဌာနအချို့တွင် မြန်မာ့တပ်မတော်မှ အင်အား ၁၃ ဦး ကျဆုံးခဲ့ရပြီး နှစ်ဦး ပျောက်ဆုံးခဲ့သည့် ပစ်ခတ်မှုတခု ကော့သောင်းခရိုင်တွင် ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေး သတင်းရပ်ကွက်အား ကိုးကား၍ ဖော်ပြခဲ့ကြသည်
ကို ဝန်ကြီးက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ 

မြန်မာ့တပ်မှ စစ်သား ၁၃ ဦးမှာ တောထဲတွင် လမ်းပျောက်၍ အခြား ကင်းလှည့်တပ်ဖွဲ့အား စက်မှ အကူအညီတောင်း
စဉ် တောမီးလောင်ကျွမ်းသံများအား အကောက်အယူလွဲကာ တိုက်ပွဲဖြစ်နေသည်ဟု မှတ်ထင်မှားခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးက ဖြေရှင်းသည်။ 

သို့သော် ဘန်ကောက်ပို့စ်ကမူ လက်နက်ကိုင်များနှင့် ကင်းလှည့်တပ်များ ထိုနယ်စပ်ဧရိယာတွင် အပြန်အလှန်ပစ်ခတ်
မှုများ ဖြစ်ခဲ့ကြောင်း ဆက်လက်ရေးသားဆဲဖြစ်ပြီး ပျောက်ဆုံး စစ်သား နှစ်ဦးလည်း ရှာမတွေ့သေးကြောင်း ၎င်းတို့
သတင်းရင်းမြစ်အား ကိုးကား၍ ရေးသားထားသည်။

ကိုရီးယား ကျွန်းစွယ် စစ်ပူနေ၍ မြန်မာများ စိုးရိမ်သော်လည်း အိမ်ပြန်မည် မဟုတ်သေး

စံခလပူရီ (မဇ္ဈိမ)။   ။ တောင်နှင့်မြောက် ကိုးရီးယား အကြား တင်းမာမှုများကြောင့် တောင် ကိုးရီးယားနိုင်ငံရှိ
 မြန်မာနိုင်ငံသားများ လုံခြုံရေးအတွက် စိုးရိမ်မှု ရှိကြသော်လည်း မိခင်နိုင်ငံသို့ ပြန်မည့် အလားအလာကို မတွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။

"အသစ်ရောက်လာတဲ့ မြန်မာတွေက သူတို့ အတွေ့အကြုံ မရှိတဲ့အခါကျတော့လေ စိုးရိမ်မှု ရှိတဲ့ အနေအထားတွေ
 တွေ့ရတယ်။ ကျနော့်ကိုလည်း ဖုန်းဆက်ပြီး မေးကြတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ပြန်ဖို့ အနေအထား မရှိဘူးခင်ဗျ။ တကယ့်ကို စိုးရိမ်ရတဲ့ အနေအထား မတွေ့ရလို့လေ" ဟု ဆိုးလ်မြို့ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ ကိုဇော်မိုးအောင် က ပြောသည်။

မတ်လကုန်ပိုင်းတွင် မြောက်ကိုးရီးယားက အမေရိကန်နှင့် တောင်ကိုးရီးယားကို နျူကလီးယား သုံး၍ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေ၍ စိုးရိမ်မှုများ ဖြစ်ပွားကြခြင်း ဖြစ်သည်။

သို့သော်လည်း တောင်ကိုးရီးယားတွင် နှစ်အတန်ကြာ နေထိုင်သူများနှင့် တောင်ကိုးရီးယား နိုင်ငံသားများတွင် ယင်းခြိမ်းခြောက်မှုအတွက် စိုးရိမ်သည့် လက္ခဏာ မမြင်တွေ့ရဘဲ ပုံမှန်လုပ်ကိုင် သွားလာလျက် ရှိကြောင်း
 တောင်ကိုးရီးယားနိုင်ငံတွင် အနှစ်နှစ်ဆယ်ခန့် နေထိုင်ခဲ့သူ ကိုဇော်မိုးအောင် က ပြောသည်။

"မြောက်ကိုးရီးယားက ဒီလိုခြိမ်းခြောက်နေတာက အခုမှ မဟုတ်တာ။ လွန်ခဲ့တဲ့ လေး ငါး ဆယ်နှစ်ကလည်း အဲဒီလို ခြိမ်းခြောက်ခဲ့ပေမယ့် သူတို့ဘက်က လက်တွေ့ဆန်ဆန် ကိုးရီးယား တနိုင်ငံလုံးကို တုန်လှုပ်ခြောက်ခြားအောင် လုပ်ခဲ့တာ မရှိတဲ့အခါကျတော့ စိတ်ဝင်စားတဲ့ ပုံစံမျိုး ပြတာ မတွေ့ရဘူး" ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ထိုတင်းမာမှုနှင့် ပတ်သက်ပြီး တောင်ကိုးရီးယား အစိုးရက မိမိနိုင်ငံရှိ နိုင်ငံခြား သံတမန်များနှင့် အလုပ်သမားများကို တစုံတရာ ပြောဆိုခြင်း မရှိသေးဘဲ မြန်မာနှင့် ထိုင်း သံရုံးကလည်း စိုးရိမ်ရသည့် အနေအထား ရှိပါက မိမိနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်ခေါ်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်ဟု ဆိုသည်။

ကိုးရီးယားတွင် မြန်မာနိုင်ငံသား အလုပ်သမား ၉,၀၀၀ ကျော်နှင့် ကျောင်းသူ ကျောင်းသား ၂၀၀ ခန့် ရှိကာ ထိုင်းနိုင်ငံသား ၄၅,၀၀၀ ခန့် ရှိသည်ဟု ကိုဇော်မိုးအောင် က ပြောသည်။

မြန်မာအလုပ်သမား အများစုမှာ တောင်ကိုရီးယားနိုင်ငံ မြောက်ပိုင်း Gyeonggi ပြည်နယ်တွင် အလုပ်လုပ်ကိုင်ကြပြီး
 မြောက်ကိုရှးယား နယ်စပ်အနီးတွင် အယောက် ၅၀ ခန့်သာ ရှိသည်ဟု သူက ပြောသည်။

လက်ရှိတွင် တောင်ကိုးရီးယားနိုင်ငံသား ၆၀၀ ခန့် အလုပ်လုပ်ကိုင်နေသည့် နယ်စပ်ရှိ Kaesong စက်မှုဇုန်ကို
 မြောက်ကိုးရီးယားဘက်က လေးရက်တိုင် ပိတ်ထားခဲ့ပြီးနောက် တရာခန့်မှာ ပြန်လာကြသော်လည်း အန္တရာယ်
 ဖြစ်နိုင်သည့် အခြေအနေ မရှိသေးသည့်အတွက် ကျန်ရှိသူများကို ကိုးရီးယား အစိုးရက ပြန်လည်ခေါ်ယူခြင်း မရှိသေးပေ။

ထိုစက်မှုဇုန်သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ သင်္ကေတ တခုဖြစ်ပြီး ၎င်းတွင် မြောက်ကိုးရီးယား နိုင်ငံသား ၅၀,၀၀၀ ကျော် ဝန်ထမ်းအဖြစ် အလုပ်အကိုင်လျက် ရှိသည်။ 

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်ကို တိုက်ခိုက်ဖို့ ပိုင်းဖြတ်ပြီးကြောင်း ပြောဆိုထားသလို အမေရိကန် ဘက်မှလည်း ဗုံးကျဲလေယာဉ်များ ပျံသန်းပြခြင်း၊ စစ်သင်္ဘောများ စေလွှတ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးက
လည်း ပြင်ဆင်မှုများ လုပ်ထားပြီးဖြစ်ကြောင်း ပြောဆိုထားသည်။

နိုင်ငံတော်သို့ အကြံပြုချက်များ ဂျင်မီကာတာ ပြောကြားသလို မြန်မာ့စိတ်ဓါတ်ကို ချီးကျူးစကားဆို

မုန်းတီးရေး စကားများသည် အကြမ်းဖက်မှုအား ဦးတည်စေနိုင်သည်ကို ထောက်ပြရင်း အကြမ်းဖက်မှုတွေ အတွင်းမှာ မိမိအန္တရာယ်ကို မငဲ့ကွက်ဘဲ လူနည်းစုဘာသာခြားများအား ကာကွယ်စောင့်ရှောက်ခဲ့ကြသော မြန်မာလူမျိုးတို့၏ စိတ်ဓါတ်များကို ချီးကျူးပါကြောင်း ရန်ုကုန်မြို့ ပါ့က်ရွိုင်ရယ်လ် ဟော်တယ်ခန်းမတွင် ပရိသတ် ၅၀၀-ခန့်သို့ မိန့်ခွန်းပြောကြားရာတွင် သမ္မတဟောင်း ဂျင်မီကာတာကထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

 

သမ္မတကြီးနှင့်တကွ နိုင်ငံတော်အစိုးရအဖွဲ့ဝင်များ၊ လူမျိုးစုခေါင်းဆောင်များနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ကို မြန်မာနိုင်ငံ၏ သမိုင်းဝင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးကို တက်တက်ကြွကြွ ပါဝင်ဆောင် ရွက်နေမှုအတွက်လည်း မစ္စတာကာတာက ဂုဏ်ပြုပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

 

လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ တရားမျှတမှု၊ ချို့တဲ့အားနည်းသူများ အပေါ် မေတ္တာထားမှု၊ အချင်းချင်း ခွင်လွှတ်ခြင်းများ အားဖြင့်သာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးပန်းတိုင်သို့ အလျင်အမြန်ရောက်နိုင်မည်   ဖြစ်ကြောင်းလည်း အကြံပြု တိုက်တွန်းသွားပါသည်။

 

လူမျိုးစုများနှင့် အစိုးရအကြား အချင်းချင်းယုံကြည်မှုမရှိခြင်းနှင့် ကွဲပြားသောဘာသာဝင်များအကြား ယုံကြည်မှု ကင်းမဲ့နေခြင်မှာ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ကြီးမားသော အဟန့်အတား ဖြစ်စေနိုင်ကြောင်း ပြောကြားရင်း ပဋိပက္ခဖြေရှင်းရာတွင် အပစ်အခတ်ရပ်စဲရေးသာမက တစ်ဖက်နှင့် တစ်ဖက်အပြစ်တင်နေခြင်းကို ရပ်တန့်ပြိး  နိုင်ငံရေး စေ့စပ်ညှိနိုင်းမှုများလည်း ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်သည်ဟု   ပြောကြားခဲ့သေးသည်။

 

ပဋိပက္ခများ နှင့် အကြမ်းဖက်မှုများသည် အပြည်ပြည်ဆိုင်ရာ မျက်နှာစာသို့ရောက်ရှိကာဂုဏ်သတင်းကောင်းများကို ညှိုးမှိန်စေကြောင်းလည်း သတိပေးခဲ့ပါသည်။

 

ဆင်းရဲချမ်းသာအကြား ကွာဟမှုများမှာလည်း တည်ငြိမ်မှုကို အနှောင့်အယှက်ပေးပြီး၊ မကျေနပ်မှုများကို ဖြစ်ပေါ်စေသဖြင့် အခြေခံလူတန်းစားများ စီးပွားတိုးတက်လာစေရန်နှင့် မြေယာပိုင်ဆိုင်မှုများကို အာမခံချက် ပေးရန် လိုကြောင်း အစိုးရကို တိုက်တွန်းရင်း အပြည်ပြည်ဆိုင်ရာမှလည်း စီးပွားရေးကန့်သတ်ချုပ်ခြယ်မှုများ ကို ပယ်ဖျက်ပေးရန်လိုကြောင်း တိုက်တွန်းလိုက်ပါသည်။

 

လာမည့် ရွေးကောက်ပွဲ ( ၂၀၁၅ )အတွက် တရားမျှတ မှန်ကန်သော ရွေးကောက်ပွဲဖြစ်စေရန် ပိုမိုကောင်းမွန်သော ရွေးကောက်ပွဲ နည်းစနစ်တစ်ခု ဖြစ်ထွန်းလာရန် လည်းတိုက်တွန်းပါသည်။

 

မိခင်များ ပညာတတ်ခြင်းဖြင့် ကလေးငယ်များ၏ ကျန်းမာရေး၊ ပညာရေး နှင့် အခြားသော ဖွံ့ဖြိုးတိုး တက်မှုများ ရရှိစေနိုင်သဖြင့် ပညာရေးကိုလည်း မြှင့်တင်သင့်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံတွင် တက္ကသိုလ်နှင့်ကောလိပ် ပေါင်း ၁၆၂ ခုခန့်ရှိသည်ဟု သိရပါကြောင်း၊ တက္ကသိုလ်ကျောင်းသားများ အနေဖြင့် လွတ်လပ်မှုများ ပိုမိုရရှိလာ ပြီး မိမိပညာရေးဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားရင်း နိုင်ငံဇွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်လာနိုင်ပြီ   ဖြစ်ကြောင်းလည်း အကြံပြုသွားပါသည်။ ထို့အတူ ဆက်သွယ်ရေးပိုင်းတွင်လည်း မိုဘိုင်းဖုန်းများကို လူတိုင်း သုံးနိုင်စေရန် အမြန်ဆောင်ရွက်သင့်ကြောင်းလည်း ထည့်သွင်းပြောကြားသွားပါသည်။

 

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြိးက သမ္မတ ဂျင်မီကာတာသည် သူ၏ငယ်ဘဝကပင် အထင်ကြိး လေးစားခဲ့ရသည့် လူစွမ်းကောင်း ဖြစ်ကြောင်းနှင့် နိုင်ငံအား ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် အရေးအပါ ဆုံးမှာ ပါလီမန်လည်းမဟုတ်၊ အစိုးရလည်းမဟုတ် နိုင်ငံသူနိုင်ငံသားများသာဖြစ်ကြောင်း သမ္မတ အိုဘားမား၏ စကားကို ထပ်လောင်းပြောကြားလိုကြောင်း မိတ်ဆက်စကားပြောကြားခဲ့ပါသည်။

 

သမ္မတဟောင်း ဂျင်မီကာတာ၏ မိန်ခွန်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဒု- ဥက္ကဌ ဦးတင်ဦး နှင့်အတူ သံတမန်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ အရပ်ဖက် လူမှု အဖွဲ့အစည်း နှင့် တိုင်းရင်းသား အဖွဲံ့အစည်းများ မှခေါင်းဆောင်များ၊ လူငယ်များနှင့် အခြားဖိတ်ကြားထားသူ စုစုပေါင်း ၅၀၀-ခန့် တက်ရောက်နားထောင် ကြပြီး ညနေ ၇၊၁၅ နာရီတွင် စတင်၍ မိနစ် ၃၀ ကြာဟောပြောခဲ့သည်။