Wednesday, April 17, 2013

မကွေးမြို့ မှာ မီးလောင်မှု ဖြစ်ပွား

ဧပြီ ၁၇ 

မကွေးတိုင်း ဒေသကြီး မကွေးမြို့ အောင်စေတနာ ၁လမ်းနှင့် ၂လမ်းကြားရှိ အမေထွား ပဲဂိုဒေါင် ယနေနေ့လည် ၂း၃၀ ခန့်တွင် မီးလောင်မှုဖြစ်ပွား ခဲ့ပါတယ်။ 

အဆိုပါ မီးလောင်မှု ဖြစ်ပွားစဉ် မကွေး မြို့ပေါ်မှ မီးသတ်ကားများပါမကျန် မင်းဘူး မီးသတ်ကားများ၊ ထောက်ရှာပင်မီးသတ်ကားများ၊ ဆည်မြောင်း ရေဘောင်ဆာကားများ၊ အခြားရေဘောင်ဆာကားများ လာရောက် ငြိမ်းသတ်ခဲ့ရာ ညနေ၃း၃၀အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး သံဃာတော်များ၊ မြို့ခံပြည်သူများ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ ကြတယ်လို့ သိရပါတယ်။ 

အဆိုပါ မီးလောင်မှုကို မည်သို့ စတင်လောင်ကျွမ်းသည်ကို မသိရှိရသေးပါ။ နှစ်ဆန်း ၁ရက်နေ့  ဖြစ်နေသောကြောင့် အလုပ်သမားများမရှိဟု သိရှိရပါသည်။

ညီမွန်

Myanmar News Now 

ပြည်မြို့တွင် လေပြင်းတိုက်၊ အိမ်ခြေ ၂၀ ကျော် ပျက်စီး

ဧပြီ ၁၇ 

မကွေးတိုင်း ဒေသကြီး မကွေးမြို့ အောင်စေတနာ ၁လမ်းနှင့် ၂လမ်းကြားရှိ အမေထွား ပဲဂိုဒေါင် ယနေနေ့လည် ၂း၃၀ ခန့်တွင် မီးလောင်မှုဖြစ်ပွား ခဲ့ပါတယ်။ 

အဆိုပါ မီးလောင်မှု ဖြစ်ပွားစဉ် မကွေး မြို့ပေါ်မှ မီးသတ်ကားများပါမကျန် မင်းဘူး မီးသတ်ကားများ၊ ထောက်ရှာပင်မီးသတ်ကားများ၊ ဆည်မြောင်း ရေဘောင်ဆာကားများ၊ အခြားရေဘောင်ဆာကားများ လာရောက် ငြိမ်းသတ်ခဲ့ရာ ညနေ၃း၃၀အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး သံဃာတော်များ၊ မြို့ခံပြည်သူများ ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ ကြတယ်လို့ သိရပါတယ်။ 

အဆိုပါ မီးလောင်မှုကို မည်သို့ စတင်လောင်ကျွမ်းသည်ကို မသိရှိရသေးပါ။ နှစ်ဆန်း ၁ရက်နေ့  ဖြစ်နေသောကြောင့် အလုပ်သမားများမရှိဟု သိရှိရပါသည်။

ညီမွန်

Myanmar News Now 

ဝိတိုရိယဆေးရုံကို အများပိုင်ဆေးရုံအဖြစ် ပြုလုပ်သွားရန်ရှိ

ဝီတိုရိယဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ အဆိုပါ ဆေးရုံကြီးအား အများပိုင်ဆေးရုံကြီးအဖြစ် ဆောင်ရွက်သွားဖို့ရှိတာ ဖြစ်တယ်လို့

သိရှိရပါတယ်။ ၀ိတိုရိယ ဆေးရုံကြီးကို ၂၀၁၁ ခုနှစ် ဇွန်လပိုင်းက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

 

လက်ရှိမှာ ကုတင် ၁၀၀ ခန့် အထွေထွေရောဂါကု အဆင့်မြင့် ဆေးရုံကြီးဖြစ်ပြီး အချိန်ပြည့် ဆရာဝန်၊ သူနာပြု ကျွမ်းကျင်ပညာရှင်နဲ့ ၀န်ထမ်းအင်အား ၅၀၀ ကျော်နဲ့ ၀န်ဆောင်မှုပေးနေတဲ့ ဆေးရုံကြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ အခုလို ဖွင့်လှစ်ခဲ့တဲ့ကာလ အတွင်းမှာ ပြင်ပလူနာ ခုနစ်သောင်းကျော်နဲ့ အတွင်းလူနာ သုံးထောင့် တစ်ရာ ရှစ်ဆယ့်ငါး ကျော်တို့အပြင် ခွဲစိတ်ကုသမှု အနေနဲ့ နှစ်ထောင်ကျော်ကို ၀န်ဆောင်မှုပေးခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

 

အဆိုပါ ဆေးရုံမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ ၀ိတိုရိယဆေးရုံကြီးကို ကုတင် ၃၀၀ ဆန့် တိုးချဲ့ပြီး ၀န်ထမ်းများ ခန့်ထားခြင်းနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးသွားဖို့ရှိတာ ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး အပါအ၀င် ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်မည်

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး အပါအ၀င် ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် မိုးလေ၀သ တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ဧပြီလ ၁၆ ရက်နေ့ မွန်းတည့်မှ နောက်ငါးရက်(ဧပြီလ ၂၁ ရက်နေ့) အထိ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။
    
ထို့အတူ ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသည့် လေထုမငြိမ်သက်မှုများကြောင့် ဧပြီလ ၁၆ ရက်နေ့ မွန်းတည့်မှ နောက်သုံးရက် (ဧပြီလ ၁၉ ရက်)နေ့အထိ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်သည်ဟု ထုတ်ပြန်ထားသည်။  
    
လက်ရှိကာလသည် မြန်မာနိုင်ငံ၏ မိုးကြိုကာလဖြစ်သော ဧပြီလလယ်ပိုင်းသို့ ရောက်ရှိလာပြီဖြစ်ပြီး ယင်းကာလသည် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းများ၏ သက်ရောက်နိုင်ခြေကို ရခိုင်၊ ဧရာဝတီ စသည့် ကမ်းရိုးတန်းဒေသများတွင် သတိပြုရသည့် ကာလလည်းဖြစ်သည်။

 

အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် ချောင်းသာလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကာ လူ၎ဦးသေဆုံး


w1-16-4-5

 

ဧပြီလ၁၆ရက်နေ့ နံနက်၁နာရီခန့်က ပုသိမ်-ချောင်းသာလမ်း၊ ကျောက်ချောင်းကြီး ကျေးရွာအနီး မိုင်တိုင်အမှတ် ၉တွင် ချောင်းသာကမ်းခြေသို့ အပန်းဖြေသွားသည့် မှန်လုံအမြန်ယာဉ် တစ်စီး အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးထိုးကျ၍ တိမ်းမှောက်မှုဖြစ်ပွားကာ ယာဉ်ပေါ်တွင်လိုက်ပါ လာသည့်ခရီးသည် အမျိုးသမီး ၄ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မှန်လုံအမြန်ယာဉ်သည် တောင်တွင်းကြီးမြို့ ခရီးသည်များအား တင်ဆောင်၍ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးထွက်ခွာလာခဲ့ပြီးနောက် ချောင်းသာကမ်းခြေတွင် အပန်းဖြေသွားရန် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါကားပေါ်တွင် ခရီးသည် ၅၉ ဦးနှင့် ယာဉ်အဖွဲ့ ၄ဦး စုစုပေါင်း ၆၃ဦး လိုက်ပါလာခဲ့ပြီး၊ ယာဉ်မောင်း သန္ဓေတိုး (ဘ)ဦးသန်းမောင် ၊ အသက် ၃၅နှစ်၊စမ်းချောင်းရပ် အောင်လံမြို့နေသူ မောင်းနှင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ညဘက်ဆိုတော့ တိတ်ဆိတ်နေတဲ့ အချိန်  အုန်းခနဲကြားရတယ်၊ အော်သံတွေ ဆူညံနေ တော့ အသံကြားရာကို ထပြီး လာကြည့်ခဲ့တာ၊ ဒီရောက်တော့ ကားကြီးမှောက်နေတယ်၊ လူတွေလည်း ကားထဲမှာပိတ်မိနေတယ်၊ နီးစပ်ရာက လူတွေအပြေးအလွှား ရောက်လာကြတယ်၊ ကားထဲကလူတွေကို ဆွဲထုတ်ကြတယ်၊ ဒဏ်ရာရသူတွေကလည်း များတယ်၊ နောက်ပုသိမ်က လူမှုကူညီရေးအဖွဲ့ တွေရောက်လာတယ်၊ ဒါပေမဲ့ ပိပြီးသေဆုံးသွားတဲ့ အမျိုးသမီးသုံးဦးကတော့ ကားဆွဲထူပြီးမှပဲ ထုတ်လို့ရတော့တယ်"ဟု ယာဉ်တိမ်းမှောက်မှုအား သွားရောက်ကူညီပေးသည့် ဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် လူ၂၅ဦး ပုသိမ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး၊ အုန်းတောရပ်၊ တောင်တွင်းကြီးမြို့တွင် နေသူများဖြစ်သည့် မကူးမ ၃၅နှစ်(ဘ)ဦးမြင့်၊ မသီတာဦး ၂၈နှစ်(ဘ) ဦးလှဝင်း၊ မသီရိ ၃၇နှစ်(ဘ) ဦးခင်မောင်မြင့်၊ မသူဇာမြင့် ၃၂နှစ်(ဘ)ဦးခင်မောင်မြင့်တို့ လေးဦးအနက် သုံးဦးမှာနေရာတွင်ပင် ပွဲခြင်းပြီး သေဆုံးသွားကာ၊ တစ်ဦးမှာ ပုသိမ်ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်။ ကျန်ရှိသည့် ခရီးသည်များနှင့် ဒဏ်ရာအနည်းငယ် ရရှိသူများအား ပုသိမ်မြို့ တိုက်ကြီးကျောင်း ပရိယတိစာသင်တိုက်တွင် နားနေရန် နေရာချထားပေး လျက်ရှိကြောင်း သိရသည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ အရှိန်ပြင်းစွာဖြင့် မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း သန္စေစီုးအား ပုသိမ်မြို့ သဘောင်္ကျဉ်းရဲစခန်းမှ (ပ)၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄(က)ဖြင့် ရဲအုပ် ကြည်လင်းမှ တရားလိုပြုကာ  အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြန်မာ့အရေး ဂျပန်အစိုးရတာဝန်ရှိသူတွေနဲ့ ဒေါ်စုဆွေးနွေး

မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း အစိုးရ အဆင့်မြင့် ခေါင်းဆောင် တွေက မြန်မာ့အရေး အားပေးသွားဖို့ ကတိပြုလိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်နိုင်ငံ အပါအ၀င် နိုင်ငံတကာက ပံ့ပိုးကူညီမှုတွေဟာ ထိရောက်တဲ့ နေရာတွေအတွက် ဖြစ်စေ လိုတဲ့အကြောင်း ပြောဆိုခဲ့တာပါ။ နှစ်ပေါင်း ၃၀ လောက်မှာ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့တော့  ဒေါ်ခင်မျိုးသက် က ပြောပြပေးမှာ ဖြစ်ပါတယ်။
 
ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမိယို ကိရှိဒါ (Fumio Kishida) တို့ဟာ အင်္ဂါနေ့ ညနေမှာ တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံကို ဒီမိုကရေစီရေး အပြောင်းအလဲတွေအတွက် ဂျပန်က ကူညီမယ့်အကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားခဲ့ပါတယ်။
 
"မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ဂျပန်နိုင်ငံက ဆက်ပြီးတော့ ထောက်ခံ ပံ့ပိုးပေးဖို့ ဆန္ဒရှိပါတယ်။"
 
မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ် အရပ်သားအစိုးရ တက်လာချိန်ကစပြီး ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့သလို၊ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်တော် ရွေးကောက်ပွဲမှာ ပါဝင်စေပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာနေပြီမို့ ရှေ့ဆက် အပြောင်းအလဲတွေအတွက် ဂျပန်နိုင်ငံက ကူညီမယ်လို့ ပြောကြားခဲ့တာ ပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံရဲ့ ကမ်းလှမ်းချက် အပါအ၀င် ရလာတဲ့ အခွင့်အရေးတွေကို ချက်ခြင်း အသုံးချနိုင်ရေးဟာ မြန်မာနိုင်ငံအတွက် သိပ်ကို အရေးပါတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
 
"အခွင့်အရေးတွေ အများကြီးရှိသလို၊ ဒီအခွင့်အရေးတွေကို သုံးနိုင်ဖို့ ဆိုတာကလည်း အင်မတန် အရေးကြီးပါတယ်။ အဲ့ဒါမှ အပြောင်းအလဲတွေကလည်း အကောင်းဘက်ကို ပြောင်းလာမှာပါ။"
 
ဒီကနေ့ မနက်ပိုင်းမှာတော့ မြန်မာနိုင်ငံကို ကူညီထောက်ပံ့မှုတွေ ပေးရေး အတွက် ပြင်ဆင်နေတဲ့ ဂျပန်နိုင်ငံရဲ့ လွှတ်တော်ကို ဒေါ်အောင်ဆန်းစုကြည်
ရောက်သွားချိန်မှာ လွှတ်တော်အမတ်တွေဟာ မတ်တပ်ရပ်ပြီး သြဘာပေး ကြိုဆိုခဲ့ကြတာပါ။
 
ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) ကလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အကူအညီတွေ ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
 
"မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစု အသီးသီးကြားမှာ ငြိမ်းချမ်းမှုရအောင် လုပ်ဆောင်နေတာတွေကို ဂျပန်အစိုးရက ကူညီပံ့ပိုး ပေးချင်ပါတယ်။"
 
မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစပြီး ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့တဲ့နောက်ပိုင်း ဂျပန်လုပ်ငန်းရှင်တွေဟာ အလုပ်သမား ပေါများပြီး လုပ်အားခ သက်သာတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့အတွက် စိတ်အားထက်သန် နေကြတာပါ။ နိုင်ငံတကာနဲ့ ချစ်ကြည်ရင်းနှီးမှုတွေရဖို့ ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ လွှတ်တော် ၂ ရပ်စလုံးကို သွားရောက်ခဲ့တယ်လို့ တိုကျိုမြို့က မြန်မာ့အရေး လှုပ်ရှားနေတဲ့ ဦးသန်းရွှေ ကပြောပါတယ်။
 
"ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဂျပန်မှာ လွှတ်တော် ၂ ရပ် ရှိတဲ့အထဲက မနက်ဘက်မှာတော့ အထက်လွှတ်တော် ဥက္ကဋ္ဌနဲ့ သွားတွေ့ပြီးတော့ နေ့ခင်းဘက် မှာ အောက်လွှတ်တော် ဘတ်ဂျက်ကော်မီတီ အစည်းအဝေးရှိတာကို အဲ့ဒီလွှတ်တော်မှာ သွားပြီးတော့ စကားနည်းနည်း ပြောခဲ့တယ်။"
 
အင်္ဂါနေ့ ညနေခင်းမှာ ဂျပန်နိုင်ငံရောက် ကျောင်းသူကျောင်းသားတွေနဲ့ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့အစည်း တချို့က ပုဂ္ဂိုလ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ခဲ့တယ်လို့ တိုကျိုမြို့က ဦးလှဟန် ကပြောပါတယ်။
 
"ဂျပန်မှာ ကျောင်းတက်နေတဲ့ ကျောင်းသူလေးတွေနဲ့ ၃၅ နှစ်အောက် လူငယ်တွေနဲ့ အဲ့ဒါက သပ်သပ်၊ ဒီမိုကရေစီ လှုပ်ရှားတဲ့သူတွေထဲက အဖွဲ့အစည်းကခေါင်းဆောင်
တွေနဲ့ အသက် ၄၀ အထက် လူတွေကို သူတို့ စိစစ်ပြီးတော့ ဖိတ်ပြီးတော့ သူတို့ နားတဲ့အခါမှာ တယောက်ချင်းခေါ်တွေ့ပြီးတော့  ဒေါ်စုက တယောက်ချင်းကို မေးနေ တာ။"
 
ဂျပန်နိုင်ငံကို တပတ်ကြာခရီး သွားရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်အိမ်ရှေ့မင်းသား နာရုဟိတို (Naruhito) နဲ့ တွေ့ဆုံခဲ့သလို၊ ဗုဒ္ဓဟူနေ့မှာ တိုကျိုတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားဖို့ရှိတယ်လို့လည်း ဦးသန်းရွှေက ပြောပါတယ်။
 
"မနက်ဖြန်မှာတော့ ကျနော်တို့ တိုကျို တက္ကသိုလ်မှာ သူက မိန့်ခွန်းပြောကြားဖို့ရှိတယ်ဗျာ။ အဲ့ဒီကျလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရွေးစင်ပေါ့လေ ရွေးချယ် ထားတဲ့ ကျောင်းသားတွေထဲမှာ ကျနော်တို့ မြန်မာနိုင်ငံကနေပြီးတော့ Asylum Seeker ဘ၀နဲ့နေပြီးတော့ scholarship ရပြီးတော့ တက္ကသိုလ်မှာ တက်ခဲ့တဲ့ ဗမာကျောင်းသားတွေပါ ပါပြီးတော့ စကားပြောဖို့ အစီအစဉ်လေးတွေ ရှိပါတယ်။ မနက်ဖြန်မှာပဲ ဂျပန်နိုင်ငံမှာရှိတဲ့ NGO ပေါ့လေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရော၊ အများအားဖြင့်တော့ Human Rights Organization တွေ များပါတယ်။ စစ်အစိုးရ လက်ထက်တုန်းက မြန်မာနိုင်ငံ ဒီမိုကရေစီအတွက်ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ ဂျပန်လူမျိုးတွေနဲ့ ကျနော်တို့ ဗမာတွေ စုပြီးတော့ ဖွဲ့ထားတဲ့ NGO အဖွဲ့တွေ၊ နောက်တခါ Human Rights Watch တို့ Amnesty International တို့ အဲ့ဒီ NGO အဖွဲ့အစည်းတွေနဲ့ မနက်ဖြန်မှာ တွေ့ကြဖို့ရှိပါတယ်။"
 
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို မပြန်ခင်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) နဲ့ သီးခြားတွေ့ဆုံဖို့လည်း ရှိပါတယ်။

Boston ဗုံးပေါက်ကွဲမှု အနက်ရောင်အိတ် ကျောပိုးထားသူအား FBI ရှာဖွေ

Boston မာရသွန်ပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးမကွဲခင်လေးမှာ အလွန်လေးလံတဲ့ အထုပ် သယ်လာတဲ့ လူတဦးကို တွေ့မိတဲ့သူတွေထံကနေ FBI အမေရိကန် ပြည်ထောင်စု ထောက်လှမ်းရေး ဗျူရိုကနေ သတင်းအချက်အလက်တွေ စုဆောင်းရှာဖွေနေပါတယ်။
 
ဗုံးကွဲတဲ့နေရာက ကျောပိုးအိတ်က ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အမဲရောင် နိုင်လွန်စတွေကို စုံစမ်းစစ်ဆေးသူတွေ တွေ့ခဲ့ရပါတယ်။ ဘယ်သူ့လက်ချက်ဆိုတာကို အသေအချာ မပြောနိုင်သေးလို့ ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစားနေရတယ်လို့ FBI က ပြောပါတယ်။ တာဝန်ရှိသူကို ရှာဖွေဖော်ထုတ်နိုင်ဖို့ ကမ္ဘာ့အစွန်အဖျားအထိပါ သွားရောက်ရှာဖွေမယ်လို့ အာဏာပိုင်တွေက ကတိပေးထားပါတယ်။
 
ကနဦး ထောက်လှမ်းရေး အချက်အလက်တွေ မရှိတာကြောင့် ဒီကိစ္စမှာတော့ အယ်လ်ကိုင်းဒါး ဒါမှမဟုတ် နိုင်ငံရပ်ခြား အစိုးရ တရပ်ရပ်က ပါဝင်ပုံတော့ မရှိဘူးလို့ Maryland ပြည်နယ် ဒီမိုကရက်တစ်အမတ် ဒတ်ခ်ျ ရတ်ပါဘာဂါ (Dutch Ruppersberger) က လုံခြုံရေးဆိုင်ရာ အစည်းအဝေးအပြီးမှာ ပြောပါတယ်။
 
တနင်္လာနေ့က စက္ကန့်ပိုင်းအတွင်း ဆက်တိုက် ပေါက်ကွဲတဲ့ ဗုံးနှစ်လုံးကြောင့် မာရသွန် ပန်းဝင်လိုင်းအနီးက လူသုံးဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ၈ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်ပါတယ်။ လူပေါင်း ၁၇၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အတော်များများက ခြေလက်တွေ ဆုံးရှုံးခဲ့ကြပါတယ်။

 

Boston ဗုံးခွဲတိုက်ခိုက်မှု ကမ္ဘာ့ခေါင်းဆောင်တွေ ၀ိုင်းဝန်းရှုတ်ချ

ကမ္ဘာတလွှားက နိုင်ငံ့ခေါင်းဆောင်တွေ အထူးသဖြင့် အရပ်သားကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ နိုင်ငံတွေ က ခေါင်းဆောင်တွေက လူ ၃ ဦးသေဆုံးပြီး၊ လူပေါင်းရာကျော် ထိခိုက်ဒဏ်ရာ ရခဲ့ရတဲ့ အမေရိကန် ပြည်ထောင်စု Boston မြို့က ဖောက်ခွဲမှု နှစ်ခုကို ရှုတ်ချသွားကြပါတယ်။
 
သူ့အဆို အကြမ်းဖက် တိုက်ခိုက်တယ်ဆိုတာကို ပါကစ္စတန် နိုင်ငံခြားရေးရုံးက ရှုတ်ချသွားပြီးတော့၊ ဒီစက်ဆုပ် အထင်သေးစရာ လုပ်ရပ်ကို ပါကစ္စတန် အစိုးရနဲ့ ပြည်သူတွေက ထိတ်လန့် အံ့အားသင့်နေရပါတယ်လို့ ပြောသွားပါတယ်။
 
ပါကစ္စတန်နိုင်ငံဟာ ၂၀၀၇ ခုနှစ်ကတည်းက တာလီဘန် သူပုန်ထမှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပြီးတော့ တာလီဘန်တွေက အများပြည်သူ အလာများတဲ့ နေရာတွေကို တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီးသားပါ။
 
ပါကစ္စတန်က တာလီဘန်တွေက အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်ဖို့ ကြံစည်မှုတွေ ရှိခဲ့ပေမဲ့လည်း၊ ဒီ Boston ဗုံးခွဲမှုကိုတော့ သူတို့ မလုပ်ပါဘူးလို့
ငြင်းဆိုပါတယ်။
 
ပါကစ္စတန်အိမ်နီးချင်း တာလီဘန်တွေ မကြာခဏ တိုက်ခိုက်တာခံရတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာတော့ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) က Boston မြို့ တိုက်ခိုက်မှုကို ရှုတ်ချပြောဆိုပြီးတော့ ဒီဖြစ်ရပ်ဆိုးကြောင့် ၀မ်းနည်းကြေကွဲ မိပါကြောင်း ပြောကြားပါတယ်။
 
အိန္ဒိယ၀န်ကြီးချုပ် မန်မွန်ဟန်ဆင်း (Manmohan Singh) ကလည်း အကြမ်းဖက်မှုကို တွန်းလှန်ရာမှာ အမေရိကန် ပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်လို့ ပြောသွားပါတယ်။ အိန္ဒိယနိုင်ငံ Mumbai မြို့ဟာ ၂၀၀၈ ခုနှစ်တုန်းက အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။

ဒီမိုကရေစီ ခရီးရှည်ကြီးတွင် ရရှိထားသည့် အောင်မြင်မှုများကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုများကို သင်ခန်းစာ ယူရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောကြား


presidentsaynewyear-april17

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့ ဧပြီလ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်မြက်ခင်းပြင်၌ ကျင်းပသည့် ၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော်၌ ပါဝင်ဆင်နွှဲနေစဉ် (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)

ဒီမိုကရေစီ ခရီးရှည်ကြီးတွင် ရရှိထားသည့် အောင်မြင်မှုများကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုများကို သင်ခန်းစာယူကာ အနာဂတ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် ဧပြီ ၁၄ ရက် (သင်္ကြန်အကျနေ့) နံနက် ၇ နာရီက နိုင်ငံတော်သမ္မတက ပြည်သူလူထုသို့ ပြောကြားသော အတာသင်္ကြန် နှစ်သစ်ကူး မိန့်ခွန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။


ဒီမိုကရေစီ တည်ဆောက်ရေး နှစ်နှစ်ကျော်ကြာ ကာလအတွင်း မျှော်မှန်းမထားသည့် အောင်မြင်မှုများကို တက်လှမ်းနိုင်ခဲ့သလို မျှော်လင့်မထားသည့် ၀မ်းနည်းတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်များကိုလည်း ကြုံတွေ့ခဲ့ကြရကြောင်း . . . . .


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "ယခုကဲ့သို့ နှစ်သစ်ကူးကာလမှာ နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ မင်္ဂလာရှိရှိ အစပြုလေ့ရှိတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ရိုးရာဓလေ့ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ယခင်နှစ်က လူမှုရေး အထင်အမြင် လွဲမှားမှု ဖြစ်စဉ်များမှတစ်ဆင့် ပေါ်ပေါက်ခဲ့သည့် စိတ်ဝမ်းကွဲပြားမှုများ၊ ပဋိပက္ခ ဖြစ်မှုများနှင့် မတည်ငြိမ်မှုများကို အတာရေနှင့် ဆေးကြောသန့်စင်ပြီး မင်္ဂလာရှိသည့် ကိစ္စရပ်များ ပျော်ရွှင်ဖွယ် ကိစ္စရပ်များ တည်ငြိမ်အေးချမ်းရေးကို ဦးတည်သည့် ကိစ္စရပ်များနှင့် ပြည့်လွှမ်းနေသည့် မြန်မာနိုင်ငံအဖြစ် မြင်တွေ့လိုကြောင်းလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က "မိမိတို့ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကို ကြည့်မယ်ဆိုရင်လည်း ပိုမိုပွင့်လင်း လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်နေတာ ဖြစ်သည့်အတွက် ရှေ့မှာကြုံတွေ့ရမယ့် အခက်အခဲ အကြပ်အတည်းနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားတဲ့ အခါမှာ အမျိုးသား စည်းလုံးညီညွတ်မှုကို အခြေခံတဲ့ စာနာမှုများ၊ ထိန်းညှိမှုများ၊ ညှိနှိုင်းမှုများနဲ့ ပိုမိုကောင်းမွန်အောင် တည်ဆောက်ရမှာ ဖြစ်ပါတယ်" ဟု ဆက်လက်ပြောသည်။

"ဒီမိုကရေစီ တည်ဆောက်ရေး နှစ်နှစ်ကျော်ကြာ ကာလအတွင်း မျှော်မှန်းမထားသည့် အောင်မြင်မှုများကို တက်လှမ်းနိုင်ခဲ့သလို မျှော်လင့်မထားသည့် ၀မ်းနည်းတုန်လှုပ်ဖွယ်ရာ ကိစ္စရပ်များကိုလည်း ကြုံတွေ့ခဲ့ကြရကြောင်း၊ ဒီမိုကရေစီ ခရီးရှည်ကြီးတွင် ရရှိထားသည့် အောင်မြင်မှုများကို ထိန်းသိမ်းပြီး နစ်နာဆုံးရှုံးမှုများကို သင်ခန်းစာယူကာ အနာဂတ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားဖို့ ပြင်ဆင်ထားရမှာ ဖြစ်သည်" ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ မိန့်ခွန်း နိဂုံးချုပ်တွင် ပြီးခဲ့သည့် နှစ်ဟောင်းက ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများအပေါ် လူမျိုးရေး၊ ဘာသာရေး ပုံဖော်လိုသည့် ပြည်တွင်းပြည်ပမှ အကြမ်းဖက် လုပ်ရပ်များကိုလည်း သင်္ကြန်ကာလအတွင်း သတိထား ကာကွယ်သွားရန် တိုက်တွန်းပြောကြားခဲ့ပြီး နှစ်သစ်ကူး သင်္ကြန်ကာလတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ ရှိကြစေဖို့ ဆုတောင်းပေးခဲ့သည်။

နိုင်ငံတော်သမ္မတသည် ယခုကဲ့သို့ ရေဒီယိုမှတစ်ဆင့် ပြည်သူလူထုသို့ ဇန်န၀ါရီလ ၁ ရက်၊ ဖေဖော်ဝါရီလ ၁ ရက်၊ မတ်လ ၁ ရက်နှင့် မတ်လ ၃၁ ရက်နေ့တို့၌လည်း မိန့်ခွန်းများ ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည် ဖော်နေသည့်အတွက် အမေရိကန် အပါအ၀င် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းခဲ့သည်။

 

နှုတ်မိန့်ဖြင့် ညွှန်ကြားမှုများသည် တရားဥပဒေ စိုးမိုးရေးကို ပျက်ပြားစေကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား


thuraushweman-april17

ဧပြီ ၁၀ ရက်က UMFCCI တွင် ပြုလုပ်သော တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေ ထွက်ပေါ်ရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် စီးပွားရေး လုပ်ငန်းရှင်များက ကြိုဆိုနေကြစဉ်

ယနေ့ခေတ်ကာလနှင့် လျော်ညီမှု မရှိတော့သည့် ဆိုရှယ်လစ်ခေတ်၊ န၀တခေတ်နှင့် နအဖခေတ်များတွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ခေတ်များ၏ အကျိုးစီးပွား ကာကွယ်နိုင်ရေး ရေးဆွဲခဲ့သည့် ဥပဒေများ၊ အမိန့်ညွှန်ကြားချက်များကို ပယ်ဖျက်ရန် လိုအပ်နေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဧပြီ ၁၀ ရက်က ပြောသည်။


တင်းကျပ်လွန်းသည့် ဥပဒေများ ရှိနေသည့်အတွက် ပြည်သူများ လိုက်နာနိုင်စေရန် ဖြေလျှော့ခိုင်းသော်လည်း ပိုမိုတင်းကျပ်သွားစေသည့် ပြင်ဆင်မှုများလည်း ရှိနေကြောင်း သူရဦးရွှေမန်းက ဆိုသည်  .    .    .


အဆိုပါ ဥပဒေများ၊ အမိန့်ကြော်ငြာစာများအပြင် လက်ရှိခေတ်တွင် ကျင့်သုံးနေသည့် ဥပဒေများ အမိန့်ကြော်ငြာစာများမှာ အမှန်တကယ် အသုံးဝင်မှု ရှိနေသော်လည်း ချောင်ထိုးထားပြီး နှုတ်မိန့်ဖြင့် ညွှန်ကြားနေမှုများမှာလည်း တရားဥပဒေ စိုးမိုးရေးအား ပျက်ပြားစေနိုင်သည့် ကိစ္စရပ်များသာဖြစ်ကြောင်း သူရဦးရွှေမန်းက ဆက်လက်ပြောသည်။

"ဆိုရှယ်လစ်ခေတ်၊ န၀တ၊ နအဖခေတ်တွေမှာ အဲ့ဒီခေတ်တွေရဲ့ အကျိုးစီးပွား ကာကွယ်နိုင်ဖို့ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေ ရှိတယ်။ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ကြော်ငြာစာတွေ ရှိတယ်။ ဒါတွေကို ပယ်ဖျက်သင့်တာတွေကို ပယ်ဖျက်ဖို့ စီစဉ်ရမယ်။ မပယ်ဖျက်သင့်ဘဲ ပယ်ဖျက်မိတာမျိုး မဖြစ်အောင်လည်း တတ်သိနားလည်တဲ့ ဥပဒေပညာရှင်တွေ ပါဝင်ဆွေးနွေးဖို့ လိုပါတယ်" ဟု ဆိုသည်။

"၁၈၀၅ ခုနှစ်လောက်က ပြဋ္ဌာန်းခဲ့တဲ့ ကျေးရွာမြို့ပြ ဥပဒေဆိုရင် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကမှ ဖျက်သိမ်းနိုင်တယ်။ ဒီလိုမျိုး ဥပဒေတွေက အများကြီး ရှိနေပါတယ်။ တချို့ ဥပဒေတွေဆိုရင် အင်္ဂလိပ်လို ပြဋ္ဌာန်းထားတယ်။ မြန်မာနိုင်ငံရဲ့ ရုံးသုံးဘာသာစကားက မြန်မာစာလေ။ ပြီးတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို မသိလို့ပါ ငြင်းခွင့် မရှိဘူး။ ဒီလိုမျိုးဖြစ်နေတဲ့ ဥပဒေတွေလည်း အများကြီး ရှိနေပါတယ်" ဟု သူရဦးရွှေမန်းက ဆိုသည်။

ယင်းအပြင် တင်းကျပ်လွန်းသည့် ဥပဒေများ ရှိနေသည့်အတွက် ပြည်သူများ လိုက်နာနိုင်စေရန် ဖြေလျှော့ခိုင်းသော်လည်း ပိုမိုတင်းကျပ်သွားစေသည့် ပြင်ဆင်မှုများလည်း ရှိနေကြောင်း သူရဦးရွှေမန်းက ဆိုသည်။

"တင်းကျပ်လွန်းလို့ ဖြေလျှော့ခိုင်းကာမှ ပိုတင်းကျပ်သွားတာတွေလည်း ရှိတယ်" ဟု သူရဦးရွှေမန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေများအား ပယ်ဖျက်သင့် မသင့် သုံးသပ်မည် ဆိုပါက အခါအားလျော်စွာ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာများကိုပါ ထည့်သွင်းသုံးသပ်ရန် လိုအပ်ကြောင်း တောင်သူလယ်သမား အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကာလကြာရှည်စွာ ပျောက်ကွယ်နေခဲ့သော တရားဥပဒေ စိုးမိုးရေး ပြန်လည်ပေါ်ပေါက်လာရန်အတွက် လက်ရှိ တရားဥပဒေများသည် အများပြည်သူနှင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်ကြောင်းလည်း အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင် ဦးတင်မောင်သန်းက တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပညာပေး ဆွေးနွေးပွဲတွင် တရားဝင် ပြောကြားခဲ့သည်။

လွတ်လပ်ရေးခေတ်မှ စတင်၍ ယနေ့ ပြည်ထောင်စုလွှတ်တော်ခေတ်တွင် ၂၀၁၂ ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့ဖူးသော ဥပဒေ ၁၃၈၂ ခုရှိပြီး လက်ရှိလည်ပတ်နေသည့် ဥပဒေ ၈၃၄ ခု ရှိနေကြောင်း ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးသန်းမောင် (စစ်တွေ)၏ ၂၀၁၂ ခုနှစ် ဧပြီလအထိ ပြုစုထားသည့် မြန်မာနိုင်ငံ၏ ခေတ်အလိုက် ဥပဒေများ စာရင်းချုပ်အရ သိရသည်။

 

မြန်မာနိုင်ငံ၏ ခေတ်အလိုက် ဥပဒေများ စာရင်းချုပ် (၂၀၁၂ ဧပြီလအထိ)

 

ကာလ

ပြဋ္ဌာန်းဥပဒေ

ရုပ်သိမ်းဥပဒေ

လက်ကျန်ဥပဒေ

မူရင်းဥပဒေ

ပြင်ဆင်ချက်ဥပဒေ

၁။

လွတ်လပ်ရေးအကြိုနှင့်ပါလီမန်ခေတ်

   

Myanmar Codes ၁၃ တွဲ

၄၃၅

၂၃၂

၂၀၃

၂၀၃*

 -

၁.၁.၁၉၅၅ မှ ၁.၃.၁၉၆၂ အထိ

၃၃၄

၁၇၁

၁၆၃

၅၄

၁၀၉

၂။

တော်လှန်ရေးကောင်စီခေတ်

၂.၃.၁၉၆၂ မှ၁.၃.၁၉၇၄ အထိ

၁၈၂

၇၉

၁၀၃

၇၃

၃၀

၃။

ပြည်သူ့လွှတ်တော်ခေတ်

၂.၃.၁၉၇၄ မှ ၁၇.၉.၁၉၈၈ အထိ

၁၂၅

၄၂

၈၃

၅၉

၂၄

၎။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေး အစိုးရခေတ်

၁၈.၉.၁၉၈၈ မှ ၁၄.၁၁.၁၉၉၇ အထိ

၁၃၉

၁၈

၁၂၁

၈၂

၃၉

၅။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးအစိုးရခေတ်

၁၅.၁၁.၁၉၉၇ မှ ၃၀.၃.၂၀၁၁အထိ

၁၄၁

၁၃၅

၉၂

၄၃

၆။

ပြည်ထောင်စုလွှတ်တော်ခေတ်

၃၁.၃.၂၀၁၁ မှ

၂၆

 -

၂၆

၁၅

၁၁

စုစုပေါင်း

၁၃၈၂

၅၄၈

၈၃၄

၅၇၈

၂၅၆

* မှတ်ချက်။    ။ အိန္ဒိယ အက်ဥပဒေ ၁၁၇ ခု တည်ဆဲဥပဒေ စာရင်းတွင် ပါဆဲဖြစ်သည်။

 

ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုနှစ် သင်္ကြန်ပွဲတော် အေးချမ်းစွာ ပြီးဆုံး၊ တရားဝင် ထုတ်ပြန်ချက်များအရ မှုခင်းဖြစ်စဉ်နှင့် လူသေဆုံးမှု ယခင်နှစ်ထက် နည်းပါး


Thingyin3-april17

သင်္ကြန်အကြတ်နေ့တွင် လသာမြို့နယ်တွင် ရေပက်ခံကားများ ပိတ်နေသည်ကို တွေ့ရစဉ်

၁၃၇၄ ခုနှစ် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အေးချမ်းစွာ ပြီးဆုံးသွားခဲ့ပြီး တရားဝင်ထုတ်ပြန်ထားသော စာရင်းဇယားများအရ မှုခင်းဖြစ်စဉ်နှင့် လူသေဆုံးမှုမှာလည်း ယခင်နှစ်ကထက် နည်းပါးခဲ့ကြောင်း သိရှိရသည်။

 သင်္ကြန်ပွဲတော်မတိုင်မီက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမြို့နယ်များတွင် ဖြစ်ပေါ်ခဲ့သော ဆူပူလုယက်မှုများ၏ နောက်ဆက်တွဲ ဂယက်များကြောင့် အကြမ်းဖက်မှုများ ပေါ်ပေါက်လာမည့် ကောလာဟလ သတင်းများပေါ်ထွက်ခဲ့သည်။ သို့သော်လည်း လုံခြုံရေးအစီအမံများ တိုးမြှင့်ချထားခဲ့မှုကြောင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ အေးချမ်းတည်ငြိမ်စွာဖြင့် သင်္ကြန်ပွဲတော်အား ဆင်နွှဲနိုင်ခဲ့ကြသည်။

သို့ရာတွင် ယခုနှစ် သင်္ကြန်ပွဲတော်သည် ယခင်နှစ်များကနှင့် နှိုင်းယှဉ်မည် ဆိုပါက စည်းကားမှု လျော့နည်းခဲ့ကြောင်း၊ ကောလာဟလ သတင်းများကြောင့် ရေကစားသူများ နည်းပါးသွားခဲ့သလို ရာသီဥတု ပြင်းထန်မှုကြောင့် ရေကစားမဏ္ဍပ်များတွင် လာရောက် ရေကစားသူ အရေအတွက် လျော့နည်းသွားခဲ့ပြီး ခဏတာ လာရောက်လည်ပတ်သူ များပြားခဲ့ကြောင်း ရေကစားသူများ၏ ပြောကြားချက်အရ သိရပါသည်။


ကောလာဟလတွေ ထွက်နေလို့ လက်မှတ်တွေ ထင်သလောက် ရောင်းမကောင်းဘူး။ လူတွေက စိုးရိမ်ပူပန်နေကြလို့ မဏ္ဍပ်ထိုင်ဖို့ထက် သူများရေကစားတာကို လာကြည့်တဲ့သူက များပါတယ်။ ကန်တော်ကြီး ဘက်မှာလည်း အခါတိုင်းနှစ်တွေလို ရေကစားသူ မများဘူး။ လမ်းလျှောက်ပြီး လာကြည့်တဲ့သူက များတယ် . . . .

ယခင်နှစ်က ရန်ကုန်မြို့တွင် ရေကစားမဏ္ဍပ် အများအပြား ရှိခဲ့ပြီး အများဆုံး လာရောက်ရေကစားခဲ့သည့် ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ် ၁၇ ခုသာ ရှိခဲ့ပြီး ရေကစားသူထက် လမ်းလျှောက်ပြီး ရေပက်ခံထွက်သူသာ များခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ ပြည်လမ်းတွင် ရေကစားမဏ္ဍပ် သုံးခု၊ ကမ္ဘာအေးစေတီလမ်းတွင် ၁၀ ခု၊ ဆရာစံလမ်းတွင် တစ်ခုရှိခဲ့ပြီး စုစုပေါင်း ရေကစားမဏ္ဍပ်ကြီး ၄၀ နီးပါးခန့် ရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်တွင် ရေကစားမဏ္ဍပ်များအတွက် ထုတ်ပြန်သော စည်းကမ်းပိုင်းတွင် တင်းကျပ်မှုများ ရှိခဲ့ပြီး ပေးသွင်းရသည့် စပေါ်ငွေနှင့် ရေဆက်သွယ်ခ နှုန်းထားများ ယခင်နှစ်ကထက် များပြားခဲ့သည်။ သို့သော်လည်း လက်မှတ်ခ ဈေးနှုန်းများမှာမူ ယခင်နှစ်က အတိုင်းသာ ရောင်းချခဲ့ရကြောင်း ရေကစားမဏ္ဍပ်များ ဦးဆောင်လုပ်ကိုင်သူများက ပြောကြားကြပါသည်။

"ကောလာဟလတွေ ထွက်နေလို့ လက်မှတ်တွေ ထင်သလောက် ရောင်းမကောင်းဘူး။ လူတွေက စိုးရိမ်ပူပန်နေကြလို့ မဏ္ဍပ်ထိုင်ဖို့ထက် သူများရေကစားတာကို လာကြည့်တဲ့သူက များပါတယ်။ ကန်တော်ကြီး ဘက်မှာလည်း အခါတိုင်းနှစ်တွေလို ရေကစားသူ မများဘူး။ လမ်းလျှောက်ပြီး လာကြည့်တဲ့သူက များတယ်။ ရာသီဥတုက အရမ်းပူတဲ့အတွက် ရေကစားသူ နည်းသွားတာလည်း ဖြစ်နိုင်သလို ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုကြောင့်လည်း အခုလို ရေကစားသူ နည်းခဲ့တာ ဖြစ်နိုင်ပါတယ်" ဟု ရေကစားမဏ္ဍပ် တစ်ခုအား ဦးဆောင်သူ တစ်ဦးက ပြောပါသည်။

Thingyin-april17

ဧပြီလ ၁၆ ရက်နေ့က ပြည်လမ်းမပေါ်ရှိ မဏ္ဍပ်များမှ ဖျော်ဖြေမှု အစီအစဉ်များကို ကြည့်ရှုနေသူများအား တွေ့ရစဉ်

အနုပညာရှင် အသိုင်းအ၀ိုင်းမှ ဦးဆောင်ပြီး ဖွင့်လှစ်သည့် ရေကစားမဏ္ဍပ် အချို့တွင်သာ ရေကစားသူ များပြားခဲ့ပြီး ကမ္ဘာအေးစေတီလမ်းတွင် ရေကစားမဏ္ဍပ် လက်မှတ်ဈေး အများဆုံးဖြစ်ကြောင်း သိရသည်။

နာမည်ကြီး တေးသံရှင်များဖြင့် ဖျော်ဖြေခဲ့သော ပြည်လမ်းရှိ AGB Bank မဏ္ဍပ်တွင် လာရောက်ကြည့်ရှုသူ ပရိသတ် အများဆုံးရှိခဲ့ကြောင်း သိရပြီး ကျုံးကြီးလမ်းနှင့် ၁၉ လမ်းထောင့်ရှိ Sky Net မဏ္ဍပ်မှာလည်း နာမည်ကြီး အနုပညာရှင်များ လာရောက်ဖျော်ဖြေခဲ့ခြင်းကြောင့် ပရိသတ်များဖြင့် အထူးစည်ကားခဲ့ကြောင်း သိရပါသည်။

"နာမည်ကြီး အဆိုတော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ ရှိတဲ့ မဏ္ဍပ်တွေမှာ လာကြည့်တဲ့ ပရိသတ်တွေနဲ့ လမ်းတွေပိတ်ကုန်တာကြောင့် တစ်နေရာနဲ့ တစ်နေရာ သွားဖို့မလွယ်အောင် လမ်းတွေပိတ်ကုန်တယ်။ ရန်ကုန်မှာ သင်္ကြန်ရက် မဟုတ်ဘဲတောင် လမ်းတွေက ပိတ်နေတာ။ သင်္ကြန်တွင်းမှာတော့ လမ်းတွေ အရမ်းပိတ်တယ်။ အဲဒါကြောင့် အများစုကတော့ အပြင်မထွက်ဘဲ တီဗွီက တိုက်ရိုက်ပြနေတဲ့ သင်္ကြန်ဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်ကြတာ များပါတယ်။ သင်္ကြန်တွင်းမှာ လိုင်းကားက နေရာတိုင်းမရောက်သလို Taxi တွေက အရမ်းဈေးကြီးတော့ အပြင်ထွက်လည်သူ နည်းပါတယ်" ဟု ရန်ကုန်မြို့ခံ တစ်ဦးကလည်း ပြောပြခဲ့သည်။

ယခုကဲ့သို့ သွားလာရေး အခက်အခဲကြောင့် ရေကစားမဏ္ဍပ်များသို့ သွားရောက်လည်ပတ်သူထက် မိမိတို့ နေထိုင်ရာ မြို့နယ်များအတွင်း၌သာ ရေကစားသူ များပြားခဲ့ပြီး ဆင်ခြေဖုံး မြို့နယ်များတွင် ရေကစားသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

သင်္ကြန်အကြိုနှင့် အကျနေ့များတွင် ရေကစားမဏ္ဍပ်များသို့ လာရောက်ရေကစားသူ များပြားခဲ့ခြင်း မရှိသော်လည်း သင်္ကြန်အကြတ်နေ့နှင့် သင်္ကြန်အတက်နေ့များတွင်မူ ကောလာဟလ သတင်းများ မှန်ကန်မှု မရှိခြင်းကြောင့် ရေကစားသူများဖြင့် စည်ကားခဲ့ကြောင်းလည်း ရေပက်ခံထွက်သူများ၏ ပြောကြားချက်အရ သိရပါသည်။ နံနက်ပိုင်းထက် မွန်းလွဲပိုင်းတွင် ရေကစားသူ ပိုမိုများပြားသည်ဟု သိရပြီး Iron Cross တေးဂီတအဖွဲ့ ဖျော်ဖြေသည့် AGB Bank ရေကစားမဏ္ဍပ်နှင့် အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၏ ရေကစားမဏ္ဍပ်ရှိရာ အင်းလျားကန်ပေါင်အနီးရှိ ပြည်လမ်းမတစ်လျှောက်တွင် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ရသည်အထိ လာရောက်ကြည့်ရှုသူ များပြားခဲ့ကြောင်း သိရသည်။

Thingyin2-april17

ဧပြီလ ၁၄ ရက်နေ့က ကန်တော်ကြီး ကန်ပတ်လမ်းသို့ ရေကစားနေသူများအား တွေ့ရစဉ်

ယခုနှစ် သင်္ကြန်တွင် ၈၈ မျိုးဆက်အဖွဲ့နှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်းဖွဲ့စည်းထားသည့် "ဒေါင်းမျိုးဆက်" သံချပ်အဖွဲ့ အပါအ၀င် သံချပ်အဖွဲ့ အများအပြားသည် ရန်ကုန်မြို့တွင်းရှိ ဖျော်ဖြေရေး မဏ္ဍပ်များသို့ လှည့်လည် ဖျော်ဖြေခဲ့ရာ အားပေးသူ ပရိသတ်များဖြင့် စည်ကားခဲ့သည်ကိုလည်း တွေ့ရသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဖွဲ့စည်းထားသည့် "ပေးဆပ်သူများ" သံချပ်အဖွဲ့မှ ဒေါ်သန်းမြင့်အောင်က "ပြည်သူလူထုကိုယ်စား ရင်ဖွင့်နေကြခြင်း ဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပဋိပက္ခ ဖြစ်နေကြသူတွေ အားလုံး ငြိမ်းချမ်းစေချင်ပါတယ်၊၊ တစ်နေ့ကျရင် လူတွေအားလုံး သေကြရမှာပဲ။ မသေခင်မှာ အများအကျိုး လုပ်ကြစေချင်ပါတယ်။ နာရေးကူညီမှု အသင်းက အများရဲ့ ဒုက္ခတွေကို ကူညီသွားမယ့် ပေးဆပ်သူများသာဖြစ်တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သံချပ်အဖွဲ့ကို အခုလို အမည်ပေးခဲ့တာပါ။ ဘယ်လိုအဟန့်အတားတွေ ရှိနေပါစေ အမှန်တရားကို လက်ကိုင်ထားပြီး ရှေ့ဆက်သွားမှာပါ" ဟု ပြောပါသည်။

မိတ္ထီလာနှင့် ပဲခူးတိုင်းအတွင်း ဖြစ်ပွားခဲ့သော ဆူပူလုယက်မှုများကြောင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဆက်လက်မဖြစ်ပွားစေရန် လူမှုရေး အသင်းအဖွဲ့များမှ တီရှပ်များဝေကာ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သလို လုံခြုံရေးတာဝန် ယူထားသော ရဲတပ်ဖွဲ့ဝင်များကလည်း ရန်ကုန်မြို့တွင် အင်အား ၃၀၀၀ ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်ခဲ့သောကြောင့် ယခုနှစ် သင်္ကြန်တွင် မှုခင်းဖြစ်စဉ်များ လျော့ကျသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြပါသည်။

"ဒီနှစ် သင်္ကြန်ကာလမှာ မှုခင်းဖြစ်စဉ်တွေ ပြီးခဲ့တဲ့နှစ်ကထက် လျော့ကျသွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ ခိုက်ရန်ဖြစ်ပွားပြီဆိုရင် အသုံးပြုတဲ့ လက်နက်တွေကို အရင်သိမ်းဆည်းပါတယ်။ သောက်စားပြီးမောင်းတဲ့ ယာဉ်မောင်းတွေကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး အရေးယူခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အားလုံး ၀တ်စုံလက်နက် အပြည့်အစုံနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မူးယစ်ပြီး ခိုက်ရန်မဖြစ်ပွားအောင် အရက်သေစာ ရောင်းချတဲ့ ဆိုင်တွေကိုလည်း ထိရောက်စွာ တားဆီး အရေးယူခဲ့ပါတယ်။ မဏ္ဍပ် အ၀င်အထွက်တွေမှာလည်း ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ မှုခင်းဌာနမှ တာဝန်ရှိသူ ရဲမှူးသက်ထွန်းက ပြောကြားပါသည်။

ယခုနှစ် သင်္ကြန်ပွဲတော်တွင် ဧပြီလ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရရှိသူ ၈၃ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် ယာဉ်တိုက်မှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကြောင်း၊ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ယာဉ်တိုက်မှု ခုနစ်ကြိမ်ဖြစ်ပွားပြီး သေဆုံးသူ ခုနစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၀ ဦး ရှိခဲ့ကြောင်း၊ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင် ယာဉ်တိုက်မှု ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၁ ဦး ရှိခဲ့ကြောင်း၊ အခြားသေမှုသေခင်းများ အနေဖြင့် သေဆုံးသူ ခြောက်ဦး ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ရန်ကုန်မြို့နည်းတူ အခြား နယ်မြို့ကြီးများတွင်လည်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အား အေးချမ်းစွာဖြင့် ပြီးဆုံးခဲ့ကြောင်း သိရပြီး နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် သင်္ကြန်နောက်ဆုံးနေ့က မိုးသက်လေပြင်း တိုက်ခတ်မှုများကြောင့် ရေကစားခြင်း ခေတ္တရပ်ခဲ့ရသည်မှလွဲပြီး ထူးခြားဖြစ်စဉ်များ မဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့၌ ပထမဆုံး ကျင်းပသော မိုင်ဒါကွင်း သင်္ကြန်ပွဲတော်မှာ အထူးတလည် စည်ကားမှု မရှိခဲ့ဘဲ လည်ပတ်သူ အနည်းငယ်သာ ရှိခဲ့ကြောင်း သိရပြီး ကန်တော်ကြီး ကရ၀ိတ် ဥယျဉ်အတွင်း ကျင်းပခဲ့သော သင်္ကြန်ပွဲတော်မှာ ဖျော်ဖြေရေး အစီအစဉ်များကြောင့် စည်ကားမှု ရှိခဲ့သည်ဟု သွားရောက်လည်ပတ်ခဲ့သူများ၏ ပြောကြားချက်များအရ သိရပါသည်။

နေပြည်တော် (ပျဉ်းမနား) တွင် သင်္ကြန်နောက်ဆုံးနေ့ (အတက်နေ့) ညနေပိုင်း၌ မိုးသက်လေပြင်းများ ကျရောက်ခဲ့သော်လည်း သင်္ကြန်ပွဲတော်အား စည်ကားစွာဖြင့် ကျင်းပပြီးစီးသွားခဲ့ကြောင်း အခြားနယ်မြို့ကြီးများတွင်လည်း သင်္ကြန်ပွဲတော်ကို အေးချမ်းစွာဖြင့် ဆင်နွှဲနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်ဟာ (၆၅%)၊ လေဒီဂါဂါက (၃၅%)

တိုမ်းမဂ္ဂဇင်းရဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာကိုလွှမ်းမိုးမှု့အရှိဆုံးပုဂ္ဂိုလ် စာရင်းကို ပရိသတ်တွေ မဲပေးရာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အဆိုတော် လေဒီဂါဂါတို့ဟာ နောက်ဆုံးအဆင့်မှာ မဲပြိုင်နေကြပါတယ်။ မြန်မာစံတော်ချိန် ည၈း၃၀ နာရီမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ (၆၅%)၊ လေဒီဂါဂါက (၃၅%)နဲ့ မဲအသာရနေပါတယ်။
အခုနောက်ဆုံးအဆင့်မရောက်ခင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂူဂယ်တည်ထောင်သူ လယ်ရီပေ့ခ်ျကို မဲအနိုင်ရခဲ့သလို၊ လေဒီဂါဂါကလည်း အမေရိကန် သမ္မတ ဘားရက်အိုဘားမားကို ကျော်လွန်ခဲ့တာပါ။ မြန်မာ အင်တာနက် သုံးစွဲသူတွေကြားမှာ အောက်ပါလင့်ကနေ မဲပေးဖို့ကိုလည်း အချင်းချင်းတိုက်တွန်းနေကြပါတယ်။ DVB TV News

အီရန် နိုင်ငံ အရှေ့တောင်ဘက်မှာ ငလျင်ကြီးတခု လှုပ်ခါလို့ လူ အများ အပြား သေဆုံး

အီရန်နိုင်ငံ အရှေ့တောင်ဘက် ပါကစ္စတန်နယ်ခြား Khash မြို့ အနီးကို ဗဟိုပြုပြီး ပြင်းအား ၇.၈ ရှိတဲ့ မြေငလျင်ကြီးတခု လှုပ်ခါ သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေး ဌာနက ပြောပါတယ်။

နှစ်ပေါင်း ၄၀ အတွင်း အီရန်မှာ အပြင်းထန်ဆုံး လှုပ်ခါခဲ့တဲ့ ငလျင်ဖြစ် ပါတယ်။ အနည်းဆုံး လူ ၄၀ လောက် သေဆုံးသွားတယ်လို့လည်း အီရန် ရုပ်သံက ကြေညာသွားပါတယ်။

ဒါပေမယ့်လည်း သေဆုံးသူ ရာဂဏန်းတောင် ရှိနိုင်တယ်လို့ အီရန် အရာရှိ တဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

မြေငလျင်ကြောင့် အိန္ဒိယ နိုင်ငံ မြို့တော် ဒေလီက အဆောက် အဦးတွေ တောင် လှုပ်ယမ်း သွားတယ်လို့ မျက်မြင်တွေ့ ရှိ သူတွေက ပြောပါတယ်။

BBC Burmese