Friday, May 24, 2013

အမျိုးသမီးတဦးအားခေါ်ယူစစ်ဆေးစဉ် မဖွယ်မရာပြုမှုကြောင့် အမ်းရဲစခန်းမှူး တရားစွဲခံရ


အမျိုးသမီးငယ်တစ်ဦးအား ခေါ်ယူစစ်ဆေးစဉ် မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် အမျိုးသမီး မိသားစုမှ အမ်းမြို့နယ်မှ ရဲစခန်းမှူး တစ်ဦးအား တရားစွဲဆိုလိုက်သည်ဟု သတင်း ရရှိသည်။
တရားစွဲခံရသော စခန်းမှူးမှာ အမ်းမြို့နယ် ရူးရဲစခန်းမှ စခန်းမှူး ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
မေလ ၁၂ ရက်နေ့က အမ်းမြို့နယ် ရူးရွာနေ ဦးမှဲ့ထွန်းအောင်၏ သမီး မခင်မာဝင်းအား ရူးရဲစခန်းမှ ရဲတပ်သား မောင်ဘခင်မှ အရပ်ဝတ်ဖြင့် ရဲစခန်းမှူးက ခေါ်နေသည်ဆိုပြီး ရဲစခန်းသို့ ခေါ်ယူသွားသည်ဟု ဆိုသည်။

ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားသူ ကိုထင်ကျော် ထပ်မံ ဖမ်းဆီးခံရ


မေ ၉ ရက်က ရန်ကုန်မြို့တွင်း တကိုယ်တော် ဆန္ဒပြနေသော ကိုထင်ကျော် (ဓာတ်ပုံ – ဧရာဝတီ)
ရန်ကုန်တိုင်း ဒေသကြီး မြောက် ဥက္ကလာပ မြို့နယ် တရားရုံးရှေ့၌ ယနေ့ ဆန္ဒပြနေသော ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ဒီမိုကရေစီ အရေး အဆက်မပြတ် လှုပ်ရှားမှုများအဖွဲ့(MDCF) မှ ကိုထင်ကျော် အပါအ၀င် ၃ ဦးကို အင်းစိန်ထောင်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။

ကချင် ဒုက္ခသည် ကလေးများ ကျောင်းဆက်တက်ရန် ခက်ခဲနေ


ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်စပ် နမ့်ခမ်းမြို့နယ်ရှိ ကချင်စစ်ဘေးရှောင် နေ၀န်းနီ ပလောင်ဒုက္ခသည်စခန်းမှ ကလေးငယ်များသည် စာမေးပွဲအောင်သော်လည်း အတန်းတက်ရန် အခက်အခဲရှိနေကြောင်း သတင်းရရှိသည်။
ဒုက္ခသည်စခန်းတွင် ကျောင်းနေအရွယ်ကလေး ၃၄ ယောက်ရှိပြီး နမ့်ခမ်းမြို့နယ်ရှိ ကျောင်းများ၌ ၂၀၁၂-၂၀၁၃ စာသင်နှစ် တ၀က် တက်ရောက်၍ စာမေးပွဲ ဖြေဆိုခဲ့ကြသူများ ဖြစ်သည်။
ထိုကလေးများသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် နောက်အတန်း တတန်း တက်ရောက်ရန် စာမေးပွဲ အောင်မြင်သော် လည်း ကျောင်းပြောင်း လက်မှတ် မပါရှိသောကြောင့် ကျောင်းမှလက်မခံသေးကြောင်း ပလောင် အမျိုးသမီး အစည်းအရုံးမှ ဒေါ်လွင်မိုခမ်း က ပြောပြသည်။

မြန်မာအပေါ် ပိတ်ဆို့မှု ဆက်ထားဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ဆက်လက် စောင့်ကြည့်ရဦးမယ့် အခြေအနေဖြစ်တာမို့၊ ခုချိန်မှာ အမေရိကန်ရဲ့ ဒဏ်ခတ်မှုတွေ အပြီးပိုင် မရုပ်သိမ်းသင့်သေးဘူးလို့ မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောပါတယ်။ မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖယ်ရှားရေး ထောက်ခံသွားမယ်လို့ အမေရိကန် ထိပ်တန်း လွှတ်တော်အမတ်တစ်ဦးက ပြောဆိုလိုက်တဲ့အပေါ်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေး က တင်ပြထားပါတယ်။
 

မြန်မာနိုင်ငံက စိတ်ကြွဆေးပြား ၄ သန်းခွဲ ဘန်ကောက်မှာဖမ်းမိ

ဓာတုပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်မှာ ထုတ်လုပ်တာဖြစ်လို့ ထိုင်းနိုင်ငံထဲ ၀င်ရောက်မလာအောင် ကာကွယ်တဲ့အနေနဲ့ ထိုင်းနဲ့ မြန်မာ ဂိတ်တွေကို တင်းတင်းကျပ်ကျပ် စိစစ်ရမယ်လို့ ထိုင်းဒုဝန်ကြီးချုပ်က ပြောသွားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ပမာဏအများဆုံး Methamphetamine စိတ်ကြွဆေးပြားတွေ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒုဝန်ကြီးချုပ်က အခုလို ပြောသွားခဲ့တာပါ။ အေပီသတင်းကို အခြေခံပြီး အသေးစိတ်ကိုတော့ မအေးသန္တာကျော် က တင်ပြထားပါတယ်။

ရှားပါးမျိုးနွယ်ဝင် ဧရာဝတီလင်းပိုင် သုံးကောင်ပေါက်ဖွားမှု မိုးဦးကာလ သားပေါက်ရာသီတွင် ပထမဆုံး တွေ့ရှိ


5.24.15
ဧရာဝတီမြစ်ကြောင်းတွင် သွားလာနေသော လင်းပိုင်သားပေါက်တစ်ကောင်နှင့် မိခင်အား တွေ့ရစဉ်။ (ဓာတ်ပုံ -ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအဖွဲ့)            
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ မေလဆန်းပိုင်းက သားပေါက်ကောင်ရေ သုံးကောင် ပေါက်ဖွားခဲ့ကြောင်း သိရပြီး မိုးဦးကျကာလ သားပေါက်ရာသီတွင် ပထမဆုံးအကြိမ် တွေ့ရှိမှတ်တမ်းတင် နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

နေပြည်တော် လယ်ဝေးမြို့နယ်ရှိ စစ်တပ်မှ သိမ်းယူထားသော လယ်ယာမြေများပေါ်တွင် သီးနှံစိုက်ပျိုးရန်အတွက် ထွန်တုံးတိုက်ပွဲ ပြုလုပ်


naypyitawlalwae-may23
နေပြည်တော် လယ်ဝေးမြို့နယ်ရှိ စစ်တပ်မှ သိမ်းယူထားသော လယ်ယာမြေဧက ၅၀၀ ပေါ်တွင် သီးနှံစိုက်ပျိုးမှုများ ပြုလုပ်ရန်အတွက် ၂၀၁၃ ခုနှစ် မေ ၂၂ ရက် နံနက်ပိုင်းတွင် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သည်။
နေပြည်တော် လယ်ဝေးမြို့နယ် သပြေပင်အုပ်စု ညောင်မုတ်ဆိတ်ကျေးရွာ၊ ရွာသစ်ကြီးကျေးရွာ၊ ဂူတောင်ကျေးရွာနှင့် သာယာအေး ကျေးရွာများမှ လယ်ယာမြေများကို စ.က.ခ (၆) တပ်မ အပါအ၀င် (ခ.မ.ရ ၄၁၃ နှင့် ခ.မ.ရ ၄၁၄) မှ တပ်မြေများအဖြစ် ၂၀၀၄ ခုနှစ် ၂၀၀၅ ခုနှစ်များတွင် သိမ်းစည်းခဲ့ကြောင်း သိရသည်။

ပြည် န၀ဒေးတံတားအောက် လူသတ်မှု တစ်လပြည့်သော်လည်း တရားခံဟု စွပ်စွဲခံရသော တပ်မတော်သား သုံးဦးက ငြင်းဆန်၍ အမှုမှာ ပိုမိုရှုပ်ထွေးလာ



5.24.5
အခင်းဖြစ်ပွားခဲ့သည့် ပြည်မြို့ရှိ န၀ဒေးတံတားဝန်းကျင်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုနေ(ပြည်))
ပြီးခဲ့သည့် ဧပြီ ၂၃ ရက် ညက ပြည် န၀ဒေး တံတားအောက် သောင်ပြင်သို့ လာရောက်သည့် သမီးရည်းစား စုံတွဲအား ပစ္စည်းလုယက် တိုက်ခိုက်၍ အမျိုးသားဖြစ်သူ သေဆုံးသွားသည့် လူသတ်မှု ဖြစ်စဉ်မှာ မေ ၂၃ ရက်တွင် တစ်လပြည့်မြောက်ခဲ့ပြီ ဖြစ်သော်လည်း တရားခံဟု စွပ်စွဲခံရသော တပ်မတော်သား သုံးဦးက ငြင်းဆန်၍ အမှုမှာ ပိုမိုရှုပ်ထွေးလာကြောင်း သိရှိရပါသည်။

အင်းလေးကန်အတွင်း ဟိုတယ်များ တိုးချဲ့မှု ထပ်မံပြုလုပ်ပါက အင်းသားများ ကန့်ကွက်မည်


5.24.11
အင်းလေးကန်ရှိ ရွှေအင်းသားဟိုတယ်အား တွေ့ရစဉ်
အင်းလေးကန်အတွင်း ဟိုတယ်များ တိုးချဲ့မှု ထပ်မံပြုလုပ်လာပါက အင်းသားများ ကန့်ကွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အင်းသား စာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြည်သူ့ရင်ပြင်၊ ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရာတွင် တည်ဆောက်ရန် မသင့်လျော်သော သုံးထပ်အမြင့်ရှိ Shopping Mall အား ဆောက်လုပ်ခွင့် ပြုထား


shoppingmall-may22
ပြည်သူ့ရင်ပြင် ၀င်းအတွင်း ကုမ္ပဏီတစ်ခုမှ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်နေစဉ် (ဓာတ်ပုံ-ကျော်ထင်)
ပြည်သူ့ရင်ပြင်၊ ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရာတွင် တည်ဆောက်ရန် မသင့်လျော်သော သုံးထပ်အမြင့်ရှိ Shopping Mall အား ဆောက်လုပ်ခွင့် ပြုထားကြောင်း သတင်းရရှိသည်။
ပြည်သူ့ရင်ပြင် ဧရိယာ တစ်ခုလုံး၏ ရာခိုင်နှုန်း ၆၀ ကျော်အား ကုမ္ပဏီ သုံးခုမှ ရယူကာ စီးပွားဖြစ် လုပ်ကိုင်နေခြင်း ဖြစ်သည်။ အဆိုပါ နေရာသည် ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရာဖြစ်ပြီး ယင်းကဲ့သို့ ဆောက်လုပ်မှုကြောင့် ရွှေတိဂုံဘုရား၏ ကြည်ညိုဖွယ် မြင်ကွင်းကို ထိခိုက်စေကာ မြို့တော်အလှအပမြင်ကွင်း ပိတ်နိုင်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။

ကြည့်မြင်တိုင်မြို့နယ်ရှိ အမှိုက်ပုံးတစ်ခုအတွင်းမှ ပစ္စတို တစ်လက်နှင့် လက်နက်သုံးမျိုး၏ ကျည်ဆန်အတောင့် ၁၀၀ ကျော် တွေ့ရှိ



pistol-may22
သေနတ်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့သော အမှိုက်ပုံးအား တွေ့ရစဉ်
ကြည့်မြင်တိုင်မြို့နယ် ဗိုလ်သူရလမ်းနှင့် ပိတောက်ပင် လမ်းထောင့်ရှိ အမှိုက်ပုံးအတွင်းမှ ပစ္စတိုတစ်လက်နှင့် လက်နက်အမျိုးအစား သုံးခု ကျည်ဆန်အတောင့် ၁၀၀ ကျော် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ယာဉ်ကြောပိတ်မှု လျော့ချရေး အမြန်မြို့ပတ်လမ်းများဖောက်မှု ရန်ကုန်မြို့ပြ စီမံကိန်းတွင်ပါဝင်



5.24.7
ပြည်လမ်းနှင့် ဓမ္မစေတီလမ်းဆုံမီးပွိုင့်မှ ပြည်လမ်း မဟာမြိုင်မှတ်တိုင်အထိ ယာဉ်ကြောပိတ်ဆို့ နေသည်ကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် JICA တို့ ပူးပေါင်း အကောင်အထည်ဖော်မည့် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ လျော့ချနိုင်ရေးအတွက် အမြန်မြို့ပတ်လမ်းများ ဖောက်လုပ်မှုလည်း ပါဝင်မည်ဖြစ်ကြောင်း JICA လေ့လာရေးအဖွဲ့ (ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး စီမံကိန်း) မှ သိရှိရသည်။

ကျောင်းအပ်နှံရေး သီတင်းပတ် လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာအရ မေ ၂၅ရက်မှ ၃၁ ရက်အထိ မြို့နယ်အားလုံးတွင် ဆောင်ရွက်မည်


၂၀၁၃-၁၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာအရ မေ ၂၅ ရက်မှ ၃၁ ရက်အထိ မြို့နယ်အားလုံးတွင် လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကျောင်းသားဦးရေ များပြားသော နာမည်ကြီး ကျောင်းအချို့၌ အဆိုပါ ကျောင်းအပ်နှံရေး သီတင်းပတ်ကာလ မရောက်မီကတည်းကပင် ကြိုတင်ကျောင်းအပ် လက်ခံမှုများ ပြုလုပ်ခဲ့ကြသော်လည်း အဆိုပါ ကျောင်းအပ်နှံရေးကာလ အတွင်းတွင်လည်း ကျောင်းအပ်နှံမှုများကို လက်ခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်မှ ကျွန်းစုမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၀ အား တစ်အုပ်စုကို တစ်နှစ်ဒေါ်လာ၂၇၀၀၀ ထောက်ပံ့မည်



5.24.8
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု တစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ- ဇော်မိုးဦး(မြိတ်))
ကမ္ဘာ့ဘဏ်မှ ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၂၀ အား သုံးနှစ်စီမံကိန်းဖြင့် တစ်နှစ်လျှင် ကျေးရွာအုပ်စု တစ်အုပ်စုစီကို အမေရိကန်ဒေါ်လာ ၂၇၀၀၀ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၁၉၈၈ ခုနှစ် သွေးထွက်သံယိုမှုများဖြင့် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအဖြစ် ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ယနေ့လာရောက်မည်


မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်တွင် သွေးထွက်သံယိုမှုများဖြင့် စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအဖြစ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် မြန်မာနိုင်ငံသို့ ယနေ့(မေ ၂၄ ရက်)တွင် လာရောက်မည် ဖြစ်သည်။
ရှင်ဇိုအာဘေး၏ ခရီးစဉ်သည် သုံးရက်တာ ကြာမြင့်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် တရုတ်၏ လွှမ်းမိုးမှုကို တန်ပြန်ရန်နှင့် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်ထားသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ မြန်မာနိုင်ငံ ခရီးစဉ်သည် မေ ၂၄ ရက် (ယနေ့) တွင် စတင်မည်ဖြစ်သည်။

လေးနိုင်ငံ နယ်စပ်ကုန်သွယ်ရေး အင်တိုက်အားတိုက် လုပ်မည်ဟု အိန္ဒိယ-တရုတ် ဆွေးနွေး

ရန်ကုန် (မဇ္ဈိမ)။      ။ ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနှင့် Li Keqiang တို့သည် အရှေ့မြောက်ဒေသ အခြေခံ အဆောက်အုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများကို မျှော်လင့်လျှက်ရှိသည်။

မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများအတွက်လည်း ကြီးမားသည့် စီးပွားရေးဒေသ တခုအဖြစ် ပါဝင်လာနေကြောင်း ၂၁ ရက်နေ့ထုတ် The telegraph သတင်းစာက ရေးသားသည်။

ဒေါ်လာအတက် မီးအပျက်ကြောင့် ဆန်ဈေးကွက် မာလာ

ရန်ကုန် (မဇ္ဈိမ)။   ။ ပြည်တွင်းဈေးကွက်တွင် ဒေါ်လာဈေးများ တက်နေမှုနှင့် လျှပ်စစ် မီးပျက်မှုများကြောင့် ဆန်စက်အချို့ လည်ပတ်မှု ရပ်ဆိုင်းထားရသဖြင့် ဆန်ဈေးများ ခိုင်လာသည်ဟု ဆန်ကုန်သည်များက ဆိုသည်။

“ဒေါ်လာဈေးက ဆက်တိုက်တက်နေတယ်။ မနေ့က ၉၃၇-၉၄၇ ကျပ်။ ဒီနေ့ဆို ၉၃၇-၉၄၇ ကျပ်အထိ ဖြစ်လာ တယ်။ သင်္ကြန်မတိုင်မီကထက် ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းလောက် တက်လာတယ်။ နယ်စပ်ကုန်သွယ်ရေး ကတဆင့် တင်ပို့ရောင်းချသူတွေအတွက် ဒေါ်လာဈေး တက်လာတာကြောင့် မြန်မာငွေ ပိုရတယ်။ ဒီ အနေအထားက ဆန်ပိုဝယ်ဖြစ်မယ်။ တင်ပို့မှု ပိုနိုင်တယ်။ ဒီအနေအထားကြောင့် ဆန်ဈေးကွက်ထဲမှာ ဝယ်လိုအား လိုက်ပြီး ပစ္စည်း နည်းသွားနိုင်တာကလည်း ဈေးတက်မှုကို ဖြစ်စေပါတယ်” ဟု ဆန်စပါး အဖွဲ့ချုပ်မှ ဦးမျိုးသူရအေး က သုံးသပ်သည်။

ဒေဝူး အင်တာနေရှင်နယ်က တရုတ်သို့ ရခိုင်ဓာတ်ငွေ့ စတင်ရောင်းချတော့မည်

ရခိုင်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို POSCO ကုမ္ပဏီ၏ ကုန်သွယ်ရေး လုပ်ငန်းခွဲ ဖြစ်
သော ဒေဝူး အင်တာနေရှင်နယ်က တရုတ် နိုင်ငံသို့ စတင် တင်ပို့ရောင်းချတော့မည် ဟု ကြာသပတေး နေ့က ပြောကြားလိုက်သည်။

ယင်း သဘာဝဓာတ်ငွေ့များကို မြန်မာ့ကမ်းလွန် သဘာဓာတ်ငွေ့ လုပ်ကွက် နှစ်ခုမှ ဇွန်လမှ စတင် ထုတ်လုပ် မည် ဖြစ်ကြောင်း Korea Herald သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

သမ္မတ ဦးသိန်းစိန်၏ စကားကြောင့် လမ်းလျှောက်ဆန္ဒပြ

ရန်ကုန် (မဇ္ဈိမ)။     ။ သမ္မတ ဦးသိန်စိန်၏ စကားကြောင့် လက်ပံတောင်းအရေး လှုပ်ရှားသူများသည်  မြို့နယ်လေးမြို့နယ်သို့ ယနေ့နေ့လည် ၃ နာရီတွင် လမ်းလျှောက်ဆန္ဒပြသည်။

Protest-at-Thein-Sein-1-ssသမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း ပြောခဲ့သည် ဆိုသော “ဆန္ဒပြသူများသည် ကျပ် ၃,၀၀၀၊ ၅,၀၀၀ ယူ၍ လုပ်ဆောင်နေသည်” ဆိုသည့် စကားအား ရှုံ့ချကြောင်းနှင့် လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန်အတွက် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ယာဉ်လိုင်စင်အတု ဈေးကွက်တဖြည်းဖြည်း ကြီးထွားလာ


ကားဈေးကွက်အတွင်း ကားအသစ်များ တင်သွင်းမှုနှင့်အတူ ရန်ကုန်မြို့တွင်း  ယာဉ်လိုင်စင်အတုပြုလုပ် ပေးသည့်ဈေးကွက်မှာ ကားဝယ်ယူသူအများစုနှင့်ရင်းနှီးလာကြောင်း ကားဈေးကွက်မှ သိရှိရသည်။

တရားမ၀င် လိုင်စင်မဲ့လူစီးယာဉ်များအတွက် စာရွက်စာတမ်းနှင့်ဝှီးတက်အတွက် နှစ်သောင်းခွဲဝန်းကျင်မှ သုံး သောင်းဝန်းကျင်အထိရှိပြီး စစ်ဆေးပါက အစစ်နှင့်ခွဲခြားရ ခက်သည့် ဟိုလိုဂရမ် ၀ှီးတက်အတွက်မူ ဈေးနှုန်း အားဖြင့် နှစ်ဆခန့် ဈေးပိုပေးရကြောင်း အဆိုပါဈေးကွက်အတွင်းက သိရသည်။