Monday, July 22, 2013

ရခိုင်ဒုက္ခသည် စာရင်းပြန်ကောက်ရန် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို အကူအညီတောင်း

ရခိုင်ပြည်နယ်မှ ဒုက္ခသည် ဦးရေစာရင်းကို ပြန်လည်ကောက်ခံရန် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များနှင့်
နိုင်ငံတကာအဖွဲ့အစည်းများကို အကူညီတောင်းထားသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ဝန်ကြီး ဦးခင်ရီက ဇူလိုင် ၂၁ ရက်တွင် သတင်းထောက်များကို ပြောသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမည်မျှရှိသည်ကို အတိအကျသိရှိရန် "ဆွဲတင်စစ်" စနစ်ဟု လူဝင်မှုကြီးကြပ်ရေး အရာရှိများ ခေါ်ဝေါ်သော မြေပုံဆွဲခြင်း၊ မှတ်တမ်းတင်ခြင်း၊ စစ်ဆေးခြင်း စနစ်ဖြင့် ကောက်ခံလျက်ရှိရာ ဘင်္ဂါလီများ
က အလိုမကျသဖြင့် အစိုးရအရာရှိများကို အုပ်စုလိုက်စုရုံး တောင်းဆိုခြင်း၊ ဆန္ဒပြခြင်း၊ အကျပ်ကိုင်ခြင်းများ လုပ်ကြ
သဖြင့် ယင်းလုပ်ငန်းကို ရပ်ဆိုင်းထားရသည်။

ဝန်ကြီး ဦးခင်ရီက "ကျွန်တော်တို့ ပြောရင် လက်မခံမှာစိုးလို့ အစိုးရအဖွဲ့ မဟုတ်၊ ရခိုင်တိုင်းရင်းသားမဟုတ်တဲ့ မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို စည်းရုံးပေးဖို့ မေတ္တာရပ်ခံထားပါတယ်" ဟု ပြောသည်။

လာမည့် ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ခံ
မည်ဖြစ်ရာ ထိုသို့မကောက်မီ ရခိုင်ပြည်နယ်အတွင်းမှ လူဦးရေစာရင်းကောက်ယူမှု ပြီးပြတ်မည်ဟုလည်း ဝန်ကြီး ဦးခင်ရီက ဆိုသည်။

"လူဦးရေစာရင်းကောက်တာက လူမျိုးရေး၊ စစ်ရေး၊ နိုင်ငံရေးနဲ့မဆိုင်ဘူး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကောက်တာ။ ဒါကို ဘယ်လိုလူမျိုးမှ တားဆီးခွင့်မရှိပါဘူး" ဟု သူက ဆက်ပြောပါသည်။ 

လက်ရှိတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သက္ကေပြင်ကျေးရွာ၌ ဒုက္ခသည် စာရင်းကောက်ခံသည်ကို နှောင့်ယှက်ခဲ့
သူများအဖြစ် သံသယရှိသူ ရှစ်ဦးကို ရဲများ က ဖမ်းဆီးထားပြီး တရားစွဲဆိုရန် ဆောင်ရွက်လျက်ရှိကြောင်း မဇ္ဈိမက သတင်း ဖော်ပြခဲ့ဖူးသည်။

အိန္ဒိယ မြန်မာနယ်စပ်တွင် လက်နက်များ ဖမ်းမိ

အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်နှင့် မြန်မာနယ်စပ် မိုးရေးမြို့အနီး အေကေ ၄၇ ရိုင်ဖယ် နှစ်လက်၊ လက်ပစ်ဗုံးငါးလုံး တင်ဆောင်လာသည့် ဂျစ်ကားတစ်စီးနှင့် အတူ လူငါးဦးကို ဇူလိုင်လ ၁၉ ရက်တွင် ဖမ်းဆီးလိုက်သည်ဟု အိန္ဒိယနိုင်ငံThe Hindu သတင်းစာက ရေးသားသည်။

The Hindu က သတင်းစာ၏ ဇူလိုင် ၂၀ ရက် ဖေါ်ပြမှုတွင် အဆိုပါ မဏိပူပြည်နယ်သား ငါးဦးကို မဏိပူရဲက ဖမ်းဆီးထားသည်ဟု ရေးသားထားသည်။

အိန္ဒိယနိုင်ငံ သတင်းစာများ၏ ရေးသားမှုများတွင် မြန်မာ့မြေပေါ်ရှိ အိန္ဒိယ လက်နက်ကိုင်သူပုန်များ အခြေချလှုပ်ရှား
နေမှု အပေါ်စိုးရိမ်မှုများ မြှင့်မားနေကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Sushilkumar Shinde ကိုကိုးကား၍ အိန္ဒိယ
သတင်းနှင့် ပြန်ကြားရေးဗြူရို ဇူလိုင် ၁၀ ရက်တွင် ရေးသား ဖော်ပြခဲ့သည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် "လက်နက်ကိုင်အုပ်စုများ၏ နယ်စပ်ဖြတ်ကျော် စစ်ရေးလှုပ်ရှားမှု၊ လက်နက်ဖမ်းဆီး
ရရှိမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လက်နက်ရောင်းဝယ်မှု ကိစ္စရပ်များတွင် ကာကွယ်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်
နှစ်နိုင်ငံသဘောတူညီ ထားကြသည်" ဟုလည်း Sangai Express သတင်းစာ ဇူလိုင်လ ၁၀ ရက်က ရေးသားသည်။

ဇူလိုင်လ ၁၆ ရက်ကလည်း မြန်မာနိုင်ငံသို့ သယ်ယူရန်ဟု သံယယရှိသော လက်နက်များကို ထိုင်း၊ မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်တွင် ဖမ်းဆီးရမိသည်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဗုံးခွဲမှု ရန်ကုန်တွင် ကန့်ကွက်ဆန္ဒပြ

ဗုဒ္ဓဘာသာတို့၏ အထွတ်အမြတ်ထားရာဖြစ်သော အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာဗုံးခွဲမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုကို သံဃာနှင့် လူထုအင်အား စုစုပေါင်း ၁၅၀ ခန့်က ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးတွင် ဇူလိုင်လ ၂၁ ရက်က ပြုလုပ်ခဲ့
ကြသည်။

ဗုံးပေါက်ကွဲမှုမှာ ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ဗုံး ၁၃ လုံး အနက် ကိုးလုံး ပေါက်ကွဲခြင်းဖြစ်သည်။ ကမ္ဘာ့ယဉ်ကျေးမှုအထိမ်းအမှတ်နယ်မြေဖြစ်သည့် ဗုဒ္ဓဂယာအား ဗုံးဖောက်ခွဲသည့် အကြမ်းဖက်သမားများကိုလည်း ဆန့်ကျင်သည်ဟု ဆန္ဒပြသူတို့က ဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲသည် တရားဝင်ခွင့်ပြုချက်ရယူပြီးမှ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကာ ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် တရားခံများ
ကို အိန္ဒိယအစိုးရက ထိရောက်စွာ အရေးယူပေးရန်လည်း မြန်မာဘုန်းတော်ကြီးအချို့က ဆန္ဒရှိနေသည်။ 

"အိန္ဒိယအစိုးရကို ဘုန်းဘုန်းတို့ မိန့်ချင်တာက ဖောက်ခွဲတဲ့ အကြမ်းဖက်သမားကို ထိထိရောက်ရောက် အရေးယူပေး
ပါ" ဟု ဒဂုံမြို့သစ်တောင်ပိုင်း တိပိဋိကတ်သုံးပုံ နိကယ်စာသင်တိုက် ဆရာတော် ဦးပညိန္ဒက မဇ္ဈိမကို မိန့်သည်။

ဗုဒ္ဓဂယာသည် ဗုဒ္ဓဘာသာဝင်တို့၏ မပာာမြေဖြစ်ပြီး၊ ဘုရား၏ သမိုင်းနှင့် ယဉ်ကျေးမှုရှိသည့်နေရာဖြစ်သည့်အတွက် ထိထိရောက်ရောက်အရေးယူမှသာ နောင်တွင် ဗုဒ္ဓ၏ယဉ်ကျေးမှုသမိုင်းများကို အကြမ်းဖက်သူများ ပပျောက်သွား
မည်ဖြစ်ကြောင်းလည်း ဆရာတော် ဦးပညိန္ဒိက မိန့်သည်။

ဆန္ဒဖော်ထုတ်ပွဲသည် မည့်သည့်ဘာသာကိုမျှထိခိုက်စေမည့်ပွဲမဟုတ်ဘဲ ဗုဒ္ဓဂယာအားဗုံးဖောက်ခွဲသည့် အကြမ်းဖက်
သမားများကိုသာ ရှုတ်ချဆန္ဒထုတ်ဖော်သည့် ပွဲသာဖြစ်သည်ပုာ ထေရဝါဒ ဓမ္မကွန်ယက်အဖွဲ့၏ ဥပဒေအကြံပေးနှင့် အလုပ်အမှုဆောင် ရှေ့နေဦးအေးပိုင်ကပြောသည်။

"ဒီပွဲပာ အခြားဘယ်ဘာသာကိုမှ ထိခိုက်ရှုတ်ချတဲ့ပွဲ မဟုတ်ပါဘူး။ ဗုဒ္ဓဂယာကို ဗုံးဖောက်ခွဲတဲ့သူတွေကိုဘဲ ရှုတ်ချ
တာပါ။ ဒီပွဲကိုလုပ်ဖို့ သက်ဆိုင်ရာကို တင်ထားတာ ကြာပါပြီ။ အကြောင်းအမျိုးကြောင့် ခွင့်ပြုချက်ရဖို့ နောက်ကျနေ
တော့ ဒီနေမှ လုပ်ဖြစ်တာပါ" ဟု ဆိုသည်။

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံရှိ မဟာချုလာတက္ကသိုလ်မှ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံဃာများ ဦးဆောင်ကာ နိုင်ငံတကာ သံဃာတော်များက ဘန်ကောက်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးရှေ့တွင် ဇူလိုင် ၁၀ ရက်က မေတ္တာပို့သ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲတွင် သံဃာတော်များ၊ သီလရှင်များနှင့် လူထုအပါအဝင် စုစုပေါင်း ၃၀ဝ ခန့်က ပူးပေါင်းပါဝင်ခဲ့ကြသည်။

ယင်းအပြင် ဇူလိုင် ၈ ရက်ကလည်း အိန္ဒိယနိုင်ငံ မာဂဓတက္ကသိုလ် ကျောင်းများ သမဂ္ဂ၊ All India Bhikhu Sangah
နှင့် All India International Buddhist Council တို့က ဦးဆောင်၍ ဒေသခံများနှင့်အတူ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြ
သေးသည်။

ဗုံးပေါက်ကွဲမှုအတွက် သံသယရှိသူ တစ်ဦး၏ ပုံကြမ်းကို ဇူလိုင် ၁၆ ရက်တွင် အိန္ဒိယ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၉ ရက်နေ့ကလည်း သံသယရှိသူ လေးဦးကို ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်။

ထိုင်းငါးဖမ်းစက်လှေတွင် အဓမ္မခိုင်းစေခံနေရသည့် မြန်မာအလုပ်သမား ၁၆ ဦး လွတ်မြောက်

ထိုင်းငါးဖမ်း စက်လှေများတွင် အဓမ္မခိုင်းစေခံနေရသည့် မြန်မာအလုပ်သမား ၁၆ ဦးကို ဇူလိုင် ၂၀ ရက်က ကယ်တင်
လိုက်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(MAT) က ပြောသည်။

ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အထူးထောက်လှမ်းရေး အဖွဲ့၏ အကူအညီဖြင့် ထိုင်းနိုင်ငံ တောင်းပိုင်း၊ ဆူရာတ်
ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် ဆိုက်ကပ်ထားသည့် ငါးဖမ်းစက်လှေ ခြောက်စင်းမှ ညနေ သုံးနာရီက ကယ်တင်နိုင်
ခဲ့ခြင်းဖြစ်ကြောင်း MAT မှ ဒါရိုက်တာ ကိုကျော်သောင်းက ဆိုသည်။

"ရာသီဥတု ဆိုးရွားနေတဲ့အတွက် လှေတွေက ကော့ဖငန်းကျွန်းမှာ ကပ်ထားတုန်း ကျွန်တော်တို့ ကယ်နိုင်ခဲ့တယ်" ဟု ကိုကျော်သောင်းက ပြောသည်။

ယခု ကယ်တင်နိုင်လိုက်သည့် မြန်မာအလုပ်သမားများသည် ပထမတစ်ကြိမ်က ထိုင်းနိုင်ငံရောက် MAT သို့ ယခုနှစ်
မေလက အကူအညီ တောင်းခံခဲ့ဖူးပြီး ရာသီဥတုဆိုးရွား၍ ကမ်းကပ်ထားစဉ် အလုပ်သမားများက ထပ်မံ အကူအညီ
တောင်းသည့်အတွက် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကိုကျော်သောင်းက ပြောသည်။

မြန်မာ အလုပ်သမားများအနေနှင့် ပင်လယ်ပြင်တွင် ရှစ်လမှ ၁၈ လအထိ အဓမ္မခိုင်းစေခံရသည့်အတွက် ယခုကဲ့သို့ အကူအညီ တောင်းခံခဲ့ခြင်းလည်း ဖြစ်သည်။ 

"ပထမ သူတို့ပြောတော့ ပုစွန်ရုံ ပို့ပေးမယ်တဲ့၊ အလုပ်ကောင်းရင် ၅၀ဝ၀၊ စဝင်ဝင်ချင်းဆို ၄၅၀ဝ တဲ့၊ ဒီကို
ရောက်တော့ ပင်လယ်ထဲ ဆင်းရမယ်တဲ့။ ပိုက်ဆံတစ်ပြားမှ မရသေးဘူး။ ပင်လယ်ထဲ ရောက်လာတာလည်း တစ်နှစ်ပြည့်သွားပြီ မပြန်ရဘူး" ဟု ကရင်ပြည်နယ်သား လှေလုပ်သားတစ်ဦးက ပြောပြသည်။

လှေလုပ်သားများသည့် ပွဲစားများ၏ လိမ်လည်မှုကြောင့် ထိုင်းနိုင်ငံသို့ လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ပြီး ကမ်းကပ်
ခွင့် မရဘဲ ပင်လယ်ပြင်တွင် အတင်းအဓမ္မခိုင်း စေခံကြရကာ လုပ်အားခလည်း မရရှိကြကြောင်း လှေလုပ်သားများက
ပြောပြကြသည်။ လှေလုပ်သားများအနေနှင့် မြန်မာနိုင်ငံသို့ ပြန်လိုကြပြီး ပြန်ပို့မည့်ရက်ကို စောင့်မျှော်နေကြောင်း ၎င်းတို့က ပြောသည်။

ရခိုင်ပြည်နယ်သား လှေလုပ်သား တစ်ဦးက "လှေအလုပ်ဆို မလုပ်ဘူးလို့ အရင်ကတည်းက ကျွန်တော်တို့ ပြောပြီး (ပွဲစားနဲ့) လိုက်လာတယ်။ လှေကို ပို့လို့ ကျွန်တော်တို့ ပြန်မယ်ပြောတော့ ရဲတွေနဲ့ ဖမ်းခိုင်းမယ် လုပ်တော့ ကျွန်တော်
တို့ ဘယ်ကိုမှ သွားလို့ မရဘူး။ ကျနော် ခုနစ်လခွဲ ရှိသွားပြီ။ အခုကျွန်တော်တို့ လုပ်အားခတွေ တစ်ပြားမှရဖို့ အခြေအနေ မရှိဘူး" ဟု ပြောသည်။

လွတ်မြောက်လာသည့် လှေလုပ်သားများတွင် ရခိုင်လူမျိုး ကိုးဦးနှင့် မွန်၊ ဗမာ၊ ကရင် ခုနစ်ဦး ပါဝင်ပြီး အသက်
အငယ်ဆုံး နှစ်ဆယ်နှစ်နှင့် အကြီးဆုံး လေးဆယ်နှစ် ဖြစ်ကာ အများစုမှာ အသက် နှစ်ဆယ်ကျော်များ ဖြစ်ကြသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော မင်းကွန်းမြသိန်းတန် စေတီတော်ကြီး မွမ်းမံပြီးစီး၍ ထီးတော်တင် လှူမည်

myatheintanpagoda-july21

မြသိန်းတန် စေတီအား နိုင်ငံခြားသား ခရီးသွားများ လာရောက်ဖူးမြော်နေစဉ်

၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော မင်းကွန်းဒေသရှိ ရှေးဟောင်းသမိုင်းဝင် မြသိန်းတန် စေတီတော်ကြီး မွမ်းမံပြီးစီး၍ ထီးတော်တင်လှူ ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မြသိန်းတန် စေတီတော်ကြီးအား ရွှေထီးတော်အသစ် တင်လှူပွဲကို ဇူလိုင် ၂၄ ရက်နံနက် ၇ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ သံဃာတော်အပါး ၁၀၀၀ ကျော်တို့အား အရုဏ်ဆွမ်းနှင့် စာရေးတံမဲများကို လှူဒါန်းကာ သီလရှင်အပါး ၄၀၀ ကျော်တို့အား လှူဖွယ်ပစ္စည်းများ လှူဒါန်းမည်ဖြစ်ပြီး ၀ါဆိုလပြည့်နေ့မှ ၀ါဆိုလပြည့်ကျော် ၃ ရက်အထိ လေးရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"တိမ်းစောင်းသွားတဲ့ ထီးတော်ကို ဇန်န၀ါရီ ၃၁ ရက်က အောက်ကိုချလိုက်တယ်။ ထီးတော်က ပိဿာချိန် တစ်ရာလောက် လေးတယ်။ အလေးချိန်များတဲ့အတွက် ငလျင်လှုပ်လိုက်တော့ ငှက်ပျောဖူးနာပြီး ကြံ့ခိုင်မှု လျော့နည်းသွားတယ်။ အဲဒါကြောင့် အလေးချိန်ပေါ့တဲ့ ထီးတော်နဲ့ အစားထိုးတင်လှူ ပူဇော်တာဖြစ်တယ်။ အတတ်နိုင်ဆုံး ရှေးမှုမပျက် မွမ်းမံပြီး ထီးတော်မတင်မီကတည်းက စေတီကိုယ်လုံးတော်ရဲ့ ကြံ့ခိုင်မှုကို ငလျင်နောက်ထပ် ဘယ်လောက်လှုပ်ရင် ခံနိုင်မလဲဆိုတာ စမ်းသပ်ပြီး အသစ်ပြန်တင်ဖို့ စီစဉ်တာ ဖြစ်ပါတယ်" ဟု သံဃာ့ဝန်ဆောင် ရွှေစင်တိပိဋကဓရ ဆရာတော်က မိန့်ကြားသည်။

မြသိန်းတန် စေတီတော်ကြီးကို ထီးတော်ပြင်ဆင် မွမ်းမံခြင်းများ ဆောင်ရွက်ခြင်းသည် ယခုအကြိမ် အပါအ၀င် သုံးကြိမ်မြောက်ဖြစ်ပြီး စေတီတော်ကြီး၏ စနစ်တော်မှာ ဖိနပ်အချင်း ၂၁၄ တောင်၊ ဥာဏ်တော်အမြင့် ၃၂ ပေ ရှိကြောင်း၊ သီတာခုနစ်တန်၊ တောင်ရံခုနစ်ထပ်၊ အာလိန်ငါးဆင့်၊ စောင်းတန်းသုံးသွယ်တို့ဖြင့် မြင်းမိုရ်တောင်နှင့် စကြ၀ဠာ တည်ရှိပုံကို ရည်ရွယ်ထားသည်မှာ အံ့ဖွယ်တစ်ခုဖြစ်ကြောင်း သိရသည်။

မြသိန်းတန် စေတီတော်ကြီးကို ကုန်းဘောင်ခေတ် မြန်မာသက္ကရာဇ် ၁၁၆၃ ခုနှစ်တွင် ဘကြီးတော်ဘုရား တည်ထားကိုးကွယ်ခဲ့ပြီး အိမ်ရှေ့စံမင်းသမီး ဆင်ဖြူမယ် ၀တ်ဆင်အပ်သော တစ်သိန်းတန် မြရတနာကို ဌာပနာမှုအစွဲပြု၍ မြသိန်းတန် စေတီတော်မြတ်ကြီးဟု အမည်တွင်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ မြန်မာ့ရေပိုင်နက်အတွင်း တရားမ၀င် ငါးဖမ်းဆီးခြင်းနှင့် လုယက်မှုကျူးလွန်ခြင်းများ ရှိနေ

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ အနေဖြင့် မြန်မာ့ရေပိုင်နက်အတွင်း တရားမ၀င် ၀င်ရောက်ငါးဖမ်းဆီးခြင်းများနှင့် ငါးဖမ်းလှေများ၊ ခရီးသည်လှေများအား လုယက်မှု ကျူးလွန်ခြင်းများ ရှိနေကြောင်း သတင်းရရှိသည်။

"နတ်မြစ်အတွင်းမှာ ဓါးပြတိုက်မှုတွေက နှစ်တိုင်းလိုလို ဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ဘင်္ဂလားဒေ့ရှ်က လူဆိုးအဖွဲ့တွေက တံငါသည်လို ဟန်ဆောင်ပြီး နတ်မြစ်အတွင်းမှာ ငါးဖမ်းနေကြတယ်။ မြန်မာဘက်က ခရီးသည်လှေတွေ၊ ငါးဖမ်းလှေတွေကို ချောင်းပြီးဓါးပြတိုက်တာ ဖြစ်တယ်။ လူကိုတောင် သတ်ခဲ့တာတွေ ရှိတယ်။ နတ်မြစ်အတွင်းမှာ ငါးဖမ်းနေတဲ့ တံငါလှေတွေဟာ အများစုက ဘင်္ဂလားကလှေတွေ ဖြစ်တယ်။ ဘင်္ဂါလီတွေက ရုပ်ချင်းဆင်တူတော့ ခက်ပါတယ်။ နောက်ပြီးနိုင်ငံနယ်နိမိတ်က မြစ်ကြောင်းအတွင်းမှာပဲ ခွဲတယ်ဆိုတော့ ပြစ်မှုကျူးလွန်ပြီး ဟိုဘက်ကူးသွားရင် ဒီကလုံခုံရေး အဖွဲ့တွေ အရေးယူလို့ မရတော့တာ များပါတယ်" ဟု မောင်တောမြို့နယ်၊ ရွက်ညိုတောင်ကျေးရွာသား တစ်ဦးက ပြောကြားသည်။

ယခုနှစ်အတွင်း ငါးဖမ်းရင်းဖြင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ကျော်လွန်ဝင်လာသည့် ဘင်္ဂလားဒေ့ရှ်ရှစ်ဦးနှင့် မြန်မာနိုင်ငံပိုင်နက် နယ်မြေအတွင်းရှိ ကမ်းခြေတွင် သံသယဖြစ်စရာ အမူအရာဖြင့် တွေ့ရှိရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားသုံးဦး စုစုပေါင်း ၁၁ ဦးအား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ . . . . .

မြန်မာနိုင်ငံအတွင်း တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနမဖျက်သိမ်းမီက ဖမ်းဆီးအရေးယူ ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ တရားမ၀င် နယ်စပ်ဖြတ်ကျော် ၀င်ရောက်မှုများအား နှစ်နိုင်ငံပူးပေါင်းတားဆီး ကာကွယ်ရေးအတွက် ဇူလိုင် ၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့၌ ကျင်းပခဲ့သည့် နယ်စပ်လုံခြုံရေး အရာရှိများ အလံတင် ဆွေးနွေးပွဲတွင် မြန်မာဘက်မှ ထည့်သွင်းဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

ယခုနှစ်အတွင်း ငါးဖမ်းရင်းဖြင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ကျော်လွန်ဝင်လာသည့် ဘင်္ဂလားဒေ့ရှ်ရှစ်ဦးနှင့် မြန်မာနိုင်ငံပိုင်နက် နယ်မြေအတွင်းရှိ ကမ်းခြေတွင် သံသယဖြစ်စရာ အမူအရာဖြင့် တွေ့ရှိရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားသုံးဦး စုစုပေါင်း ၁၁ ဦးအား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

မန္တလေးမြို့တွင် ဇူလိုင်လ ၂၁ ရက်နေ့ညက ဆရာတော်ဦးဝီရသူ၏ တရားပွဲ ကျင်းပနေချိန်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူလေးဦး ထိခိုက်ဒဏ်ရာရရှိ


smallbomb-july22

ပေါက်ကွဲမှုဖြစ်စဉ်အား တာဝန်ရှိသူများမှ လာရောက်စစ်ဆေးနေကြစဉ်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားရှိ သဟပုညကာရီဘုံ ဆွမ်းလောင်းအသင်း၏ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တရားပွဲ ကျင်းပခဲ့ရာ ၅ ရက်မြောက်နေ့ဖြစ်သည့် ယနေ့ညတွင် ဆရာတော် ဦးဝီရသူ တရားပွဲကျင်းပနေရာတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူလေးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ဇူလိုင်လ ၂၁ ရက်နေ့ည ၉ နာရီ ၂၀ မိနစ်အချိန်ခန့်က တရားပွဲကျင်းပနေသည့် အနောက်ဘက် ပေ ၅၀ ခန့်အကွာတွင် ရပ်နားထားသည့် ကားတစ်စီးမှ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

"ကားကတော့ နေ့တိုင်းလိုလို ဒီနေရာမှာပဲ အမြဲတမ်း ရပ်နေကျပါ။ ဆရာမက အပြင်ကပြန်လာပြီးတော့ ကားကိုသူရပ်နေကျ နေရာမှာပဲ ရပ်ထားခဲ့ပြီးတော့ ၉ နာရီ ကျော်ကျော်လောက်မှာ တရားပွဲကလည်း မပြီးသေးဘူး။ အခုလို ၀ုန်းကနဲ အသံမည်ပြီးတော့ ပေါက်ကွဲမှု ဖြစ်သွားတာကို သိလိုက်ရတယ်" ဟု ကားရပ်နားထားသည့် ဆရာဝန်၏ မိခင်ဖြစ်သူက ပြောကြားသည်။

ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိခဲ့သူ လေးဦးအား မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း၊ ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့မှ လုံခြုံရေးချ ဆောင်ရွက်နေပြီး တပ်မတော်သားများမှလည်း ဗုံးပေါက်ကွဲမှု ဟုတ်မဟုတ်ကို စစ်ဆေးလျက်ရှိပြီး ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဆလွန်းကားမှာ နောက်ဘီးနှစ်ဘီးနှင့် ရှေ့ယာဘက်ဘီး ပေါက်ကွဲခဲ့ပြီး နောက်ယာဘက် ကားတံခါးမှာလည်း ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"ပေါက်ကွဲမှု ဖြစ်သွားတာက ည ၉ နာရီ ကျော်ကျော်လောက်မှာ ဖြစ်သွားတာပါ။ ဆရာတော် ဦးဝီရသူရဲ့ တရားပွဲမပြီးခင် အခုလို ပေါက်ကွဲသွားတာပါ။ ပေါက်ကွဲမှု မဖြစ်ပွားခင်တွင် ဆိုင်ကယ်တစ်စီးက ကားအောက်ကို အရာဝတ္ထုတစ်ခု လှမ်းပစ်သွားတာကို တွေ့လိုက်ရတယ်" ဟု ယင်းဖြစ်စဉ်အနီးတွင် မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့ရာနှင့် ပတ်သက်၍ ယင်းနယ်မြေပိုင် အမှတ် (၉) ရဲစခန်းမှ ပေါက်ကွဲမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့ ကင်းဆိပ်ကျေးရွာ အုပ်စုတွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ ဆက်တိုက်ဖြစ်ပွား၊ ဓာတ်ခွဲစစ်ဆေးချက်အရ ၀မ်းပျက်ကာလ၀မ်း ရောဂါပိုး မဟုတ်ဟုသိရ

တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ အုပ်စုတွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ တစ်ပတ်အတွင်း ၁၀ ဦးခန့် ဖြစ်ပွားခဲ့ပြီး ဓါတ်ခွဲစမ်းသပ် စစ်ဆေးချက်အရ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားစေသော ကာလ၀မ်းရောဂါပိုး မဟုတ်ကြောင်း တောင်ငူမြို့နယ် ကျေးလက်ကျန်းမာရေး ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ကင်းဆိပ်ကျေးရွာအုပ်စုတွင် ကင်းဆိပ်ကျေးရွာနေ အသက် ၇၇ နှစ်ရှိ ဒေါ်အေးတင်မှ ဇူလိုင် ၁၂ ရက်တွင် ၀မ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၆၊ ၁၇၊ ၁၈၊ ၁၉ ရက်များတွင် ကျေးရွာအုပ်စု အောင်ပန်းစုကျေးရွာ၌ ၀မ်းပျက်ဝမ်းလျှောခြင်းများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ငါးဦးမှာ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပြီး အသက် ၄ နှစ်နှင့် ၅ အရွယ် ကလေးများလည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။

"၀မ်းပျက်ဝမ်းလျှော ဖြစ်တာကတော့ မှန်ပါတယ်။ လေးရက်အတွင်းမှာ ဆက်တိုက်ဖြစ်လာတာကို သံသယရှိလို့ ဓါတ်ခွဲခန်းပို့ပြီး စစ်လိုက်တာ တွေ့တဲ့ပိုးက ၀မ်းပျက်ဝမ်းလျှော ဖြစ်စေတဲ့ ကာလ၀မ်းရောဂါပိုး မဟုတ်ဘူး။ ခရီးသွားရင်း ပါလာတဲ့ ရောဂါပိုး တစ်မျိုးမျိုးလည်း ဖြစ်နိုင်တယ်။ ဒီရွာမှာ ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီး သေတဲ့သူတွေတော့ မရှိသေးပါဘူး" ဟု ကင်းဆိပ်ကျေးရွာအုပ်စု ကျန်းမာရေးဌာနမှ နယ်မြေခံ သားဖွားဆရာမ ဒေါ်နော်စိုဂေမှ ရှင်းပြသည်။

"အဖွားက ရန်ကုန်က သားသမီးတွေဆီ သွားလည်သေးတယ်။ အခုလို ၀မ်းသွားတာတွေ မဖြစ်ခင် အစားစားလို့ မရဘူး။ စားလည်း နည်းနည်းပဲဝင်တယ်။ အဲဒီကနေ တောင်ငူကို ရထားနဲ့ ပြန်လာတာ ရထားပေါ်မှာထဲက ၀မ်းကဒလဟော သွားတော့တာပဲ အခုရွာက ကျန်းမာရေး ဆရာမက ဂရုတစိုက်လာကြည့်ပေးလို့ သက်သာနေပါပြီ" ဟု ၀မ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားသည့် ဒေါ်အေးတင်က ပြောသည်။

တောင်ငူမြို့ ကင်းဆိပ်ကျေးရွာ အုပ်စုတွင် တစ်ပတ်အတွင်း ၀မ်းပျက်ဝမ်းလျှောခြင်းများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ကျေးလက်ကျန်းမာရေး ဌာနခွဲမှ တာဝန်ရှိသူ ဦးသိန်းအောင်နှင့်အဖွဲ့မှ ရေတွင်းရေကန်များတွင် ကာလ၀မ်းရောဂါ ကာကွယ်ဆေး (ကလိုရင်းဆေးအမှုန့်) များ ထည့်ပေးခြင်းကို လုပ်ဆောင်ပေးခဲ့ပြီး၊ ယခုရက်ပိုင်းအတွင်း၌ ကင်းဆိပ်ရွာမှ အသက် ၃၀ ခန့် အမျိုးသားတစ်ဦးနှင့် ဆူးတပ်ရွာမှ ကောက်စိုက်သမတစ်ဦး ၀မ်းပျက်ဝမ်းလျှောခြင်းကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရှိရသည်။