Wednesday, July 24, 2013

ဋ္ဌာနနှစ်ခု လုပ်ပိုင်ခွင့်အငြင်းပွားဖွယ်ကြားမှ အမှိုက်များနှင့်အောင်ဇေယျအိမ်ရာ

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကမ်းနားအလယ်ရပ်ကွက် အောင်ဇေယျအိမ်ရာနှင့် ဈေးပတ်ဝန်းကျင် တွင် ယခုရက်ပိုင်းအတွင်း မုတ်သုံအားကောင်းလာမှုနှင့်အတူ မိုးရွာသွန်းမှုများကြောင့် အမှိုက်ပိတ်ဆို့မှုများ ဖြစ်ပေါ်ကာ ရေဆိုးများဝင်ရောက်ခဲ့ကာ ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေးအတွက်စိုးရိမ်နေရသည်ဟု ဒေသခံတို့က ဆိုသည်။

 အောင်ဇေယျအိမ်ရာမှာ အိုးအိမ်ဦးစီးဌာနပိုင်အဆောက်အဦးဖြစ်ပြီး အိမ်ရာတည်ဆောက်ပုံအရ အောက်ဆုံး ရေကန်မှာ တိုက်၏ မြေအောက်ခန်းတွင် စီစဉ်ထားရှိကြောင်းနှင့် တိုက်ခန်းအောက်ထပ်များမှ နေထိုင်သူများ အနေဖြင့် မြောင်းကိုကျော်၍ ရှေ့နောက် အဖီထိုးကာနေထိုင်မှုများကြောင့် ယခုကဲ့သို့ ရေကြီးရခြင်းဖြစ်သည် ဟု ဒေသခံများထံမှ သိရသည်။

"ရေမြောင်းတွေ ပိတ်နေတော့ မြောင်းထဲက အမှိုက်တွေကို ဖယ်ထုတ်ရာမှာ အခန်းတွေ အရှေ့ကြူးထားတော့ အလုပ်သမားတွေ အိမ်ထဲ ၀င်လုပ်ရတာ ပြဿနာ ရှိတယ်၊ အမှိုက်တွေလည်း အကုန်အစင် ထုတ်မရတော့ ရှိမြဲ အတိုင်း အမှိုက်တွေက ပိတ်နေတယ်" ဟု ကမ်းနားအလယ်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

အဆိုပါအောင်ဇေယျအိမ်ရာတွင် အိုးအိမ်အပိုင်ဖြစ်သောကြောင့် တိကျကြပ်မတ်သည့် စည်းကမ်းချက်များ ချမှတ်ပေးမှုမျိုး မရှိ၍ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်လူကြီးများမှလည်း အဆိုပါကိစ္စကို ကိုယ်တွယ်ရာ၌လည်း အခက်အခဲများရှိနေခြင်းဖြစ်သည်ဟု သိရသည်။

"မြောင်းတွေ ပိတ်ရုံ မဟုတ်ဘူး၊ မိလ္လာစနစ်အရလည်း တိုက်အနောက်ဘက်မှာ ပေါက်ပြဲနေတယ်၊ ဒီအကြောင်း ကိုလည်း အိုးအိမ်ကို စာတင်ပြီးပါပြီ၊ လုံးချင်း တိုက်ခန်းတွေ မပြီးသေးတဲ့ သဘောနဲ့လားတော့ မသိဘူး၊ အိုးအိမ်က အခုချိန်အထိ စည်ပင်ကို လွှဲပြောင်း မပေးသေးပါဘူး၊ အိုးအိမ်ကပဲ ဖြစ်ဖြစ် စည်ပင်ပဲ ဖြစ်ဖြစ် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ပေးစေချင်တယ်" ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ပြောသည်။

ထိုကဲ့သို့ ဖြစ်ပျက်နေသည့်အကြောင်းအရာများကို အုပ်ချုပ်ရေးမှူးထံ စာတင်ထားပြီး အိုးအိမ်ဦးစီးဌာနသို့လည်း စာတင်မည်ဖြစ်ကြောင်းနှင့် ၄င်းတို့ အနေဖြင့် တတ်နိုင်သမျှ ဆောင်ရွက်ပေးသွားမည်ဟု စည်ပင်အမှိုက်ခွန်ရုံးမှ တာဝန်ခံ ဦးကျော်မိုးလှိုင်က ပြောသည်။

အောင်ဇေယျအိမ်ရာအနီး၌ ဈေးတည်ရှိကာ ဈေးရောင်းချသူများအနေဖြင့် ဈေးအပြင်ရှိ တိုက်ခန်းများ တည်ရှိရာလမ်းမများပေါ်သို့ ဈေးထွက်ရောင်းချခြင်းများကြောင့်လည်း အမှိုက်ပိတ်ဆို့မှုများ ဖြစ်ပေါ်ရခြင်း ဖြစ်သည်ဟု သိရသည်။

"ဈေးကလည်း အပြင်ထွက် ရောင်းကြပြီး အမှိုက်တွေကို စည်းကမ်းမဲ့ ပစ်လို့ ဈေးပတ်ဝန်းကျင် မြောင်းက ရေမစီးနိုင်ဘဲ ပိတ်ဆို့ ညစ်ပတ်နေတယ်" ဟု ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောသည်။

အောင်ဇေယျအိမ်ရာနှင့် ဈေးမှာ ၁၉၉၅ ခုနှစ်တွင် အိုးအိမ်ဦးစီးဌာနမှ စတင်တည်ဆောက်ခဲ့ပြီး လက်ရှိတွင် အိုးအိမ်မှပြုပြင်ဆောင်ရွက်ပေးမှုများမှာ အားနည်းမှုများ ရှိကြောင်းနှင့် စည်ပင်သာယာမှလည်း ၄င်းတို့အား လုပ်ပိုင်ခွင့် မပေးထားသည့်အတွက် လုပ်ပိုင်ခွင့်မရှိဟုဆိုကာ အမှိုက်ပုံများတည်ရှိနေခြင်းအပေါ် ရပ်ကွက်နေ ပြည်သူများမှ သုံးသပ်လျက်ရှိသည်

မြန်မာဖက်သို့ ပို့ဆောင် နေသော လက်နက် မှောင်ခိုအဖွဲ့ ထိုင်းဖမ်းမိ

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ မယ်ဟောင်ဆောင် ခရိုင်၊ မယ်ဟောင်ဆောင် မြို့နယ်၌ လက်နက် မှောင်ခိုမှု တစ်ခုကို ပြီးခဲ့သည့်တနင်္လာနေ့ မနက်ပိုင်းမှာ ဖမ်းဆည်း ရမိသည်ဟု ခရိုင် အုပ်ချုပ် ရေးမှူးများက သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြီး ထုတ်ဖေါ် ပြသ ခဲ့ပါသည်။

ထိုင်းတာဝန်ရှိသူများ သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ် ထိုင်းတာဝန်ရှိသူများ သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ် (ဓါတ်ပုံ - အင်တာနက်)

ထိုင်းတာဝန်ရှိသူများ သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ် ထိုင်းတာဝန်ရှိသူများ သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ် (ဓါတ်ပုံ - အင်တာနက်)

ဤလက်နက် မှောင်ခို မှုကို ဇူလိုင်လ ၁၅ နံက်ပိုင်း (၂) နာရီတွင် ထိုင်းအမှတ် ၃၃၆ နယ်ခြား စောင့်တပ်မှ မယ်ဟောင်ဆောင် မြို့ ဗါန်မူတိုက်နယ်ဗါန်းကုမ် မိုင်းဇာဒ်ကျေးရွာရှိ အိမ်အမှတ် ၈၈/၅ အား  ဝင်ရောက် စီးနင်းရာမှ ဖမ်းဆည်းခဲ့ခြင်း ဖြစ်ပါသည်။  ယင်းအမှုတွင် လက်သည်အဖြစ် လက်နက်ခဲယမ်းမီး ကျောက်များ သယ်ဆောင်လာသည့် ထိုင်းရဲ ဝန်ထမ်းဟောင်း တစ်ဦးနှင့် အဖော် တစ်ဦးကို ဖမ်းဆီး ထားသည်ဟု ခရိုင်အမှတ် (၃) ရဲစခန်းမှ ထုတ်ပြန် ကြေငြာခဲ့ပါသည်။

ဖမ်းဆီး ရမိထားသည့် စစ်ပစ္စည်းများမှာ မြေပြင်မှ ဝေဟင်သုံး တစ်ခါပစ် SAM အမြောက်နှင့် (၄) လက်၊AK 47 ကျည်ဆံ ၃၆,၀၀၀ တောင့်၊ M16  ကျည်ဆံ ၃၁,၆၀၀ တောင့်၊ ၇.၂ ကာဗိုင် ကျည်ဆံ ၂၇,၀၀၀ တောင့်ဖြစ်ကြောင်း National News Bureau of Thailand   ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ထိုဖမ်းဆီး ရမှုနှင့် ပတ်သက်၍ မယ်ဟောင်ဆောင် ခရိုင်ဝန်မှ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပြီး ယခုဖမ်းမိသည့် လက်နက်မှောင်ခိုမှု၌ အုပ်စုဖွဲ့ပြီး ရောင်းဝယ်နေကြမည်ဟု ယုံကြည်ကြောင်း ဆိုသော်လည်း အသေးစိတ် ထုတ်ဖေါ်ပြော ဆိုခြင်း မရှိသေးပေ။

မယ်ဟောင်ဆောင် ဒေသသည် တရားမဝင် လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် လူကုန်ကူးမှုများဖြစ်ပွားမှု အများဆုံး ဒေသဟု ဆိုနိုင်ပါသည်။ မကြာခဏ ဖမ်းဆီးရမိပြီး အထူးသဖြင့် ထိုင်းနိုင်ငံသားထက် မြန်မာနိုင်ငံသား များက ပိုပြီး အဖမ်းခံရခဲ့ပါသည်။

ဖမ်းဆီး ရရှိထားသော လက်နက် များသည် မြန်မာနိုင်ငံ ဖက်ခြမ်းရှိ မိုင်းမော့ မြို့နယ်ရှိ လက်နက် ကိုင်သော မြန်မာ အတိုက်အခံ များအား ပေးပို့ရန် ဖြစ်ဖွယ် ရှိသည်ဟု ထိုင်းထောက်လှမ်း ရေးများက ဆိုပါသည်။

ကမ္ဘာ့အဆင့်သင်္ချာပြိုင်ပွဲ မြန်မာကျောင်းသားရှစ်ဦး ရွှေတံဆိပ်ဆုရ

အမေရိကန်နိုင်ငံအခြေစိုက် SASMO Association မှ ကြီးမှုးကျင်းပသော ကမ္ဘာ့အဆင့် သင်္ချာပြိုင်ပွဲတွင် မြန်မာ ကျောင်းသား ရှစ်ဦး ရွှေတံဆိပ်ဆုရရှိခဲ့သည်ဟု ယင်းအစီအစဉ်ကို မြန်မာနိုင်ငံမှ ပူးပေါင်းကျင်းပသော T&H သချာင်္သင်တန်းကျောင်းမှ သိရသည်။

ယင်းအစီအစဉ်ကို မြန်မာနိုင်ငံတွင် SASMO Association နှင့် T&H သင်္ချာသင်တန်းကျောင်းတို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး စာမေးပွဲကို ဧပြီ ၂၃ ရက်တွင် ကျင်းပခြင်းဖြစ်ကာ နိုင်ငံအချို့ရှိ ကျောင်းသားများ ပါဝင် ယှဉ်ပြိုင်သည်။   အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိ လစ်ပိုင်၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ ပါဝင်ယှဉ်ပြိုင်ကြသည်။

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်ရှစ်ဆု၊ ငွေတံဆိပ် ၁၂ ဆုနှင့် ကြေးတံဆိပ် ၁၂ဆု ရရှိခဲ့သည်။ ဆု ရရှိသော ကျောင်းသားများကို ဇူလိုင်၂၂ ရက်တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ဆုချီးမြှင့်ခဲ့သည်။

အဆိုပါ သချာင်္ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား ၁၆၂ ဦး ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ပြိုင်ပွဲမေး ခွန်းအား စင်ကာပူရုံးခွဲမှပေးပို့ပြီး ဒုတိယတန်းမှန၀မတန်းအထိ ကျောင်းသားများ ၀င်ရောက်ယှဉ်ပြိုင်နိုင်သော ကမ္ဘာ့အဆင့် ပြိုင်ပွဲဖြစ်သည်ဟု T&H သချာင်္သင်တန်းကျောင်းမှ အထွေထွေမန်နေဂျာ ဒေါက်တာသက်ဇော်မှ မဇ္ဈိမသို့ ပြောသည်။

သင်္ချာပညာရပ်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Collage of the Redwo- ods တွင် သချာင်္ဘာသာရပ် သင်ကြားပေးသော ဆရာမဒေါ်သဲသဲကျော်ကလည်း "သချာင်္ပညာရပ်ကို တ ချို့ကျောင်းသားတွေက ဒီပညာရပ်က တကယ့် လူမှုဘ၀မှာ အသုံးဝင်မှာလားပေါ့။ တကယ်က အသုံးဝင် ပါတယ်။ ဒီသချာင်္ပညာရပ် အခြေခံကနေ လူမှုပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာပါ" ဟု ပြောသည်။

ရွှေတံဆိပ်ဆုရရှိသော ကျောင်းသားများသည် ထိုင်ဝမ်နိုင်ငံတွင် ကျင်းပမည့် အာရှနိုင်ငံများမှ ရွှေတံဆိပ် ဆုရရှိသော ကျောင်းသားများ နှီးနှောဖလှယ်ပွဲသို့လည်း တက်ရောက်ရမည်ဖြစ်ပြီး ယင်းပွဲကို ဇူလိုင် ၂၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲတွင်လည်း သင်္ချာဘာသာရပ်နှင့် ပတ်သက်ပြီး ထပ်မံ ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

အဆိုပါ ကမ္ဘာ့အဆင့် သချာင်္ပြိုင်ပွဲသို့ တစ်နှစ်လျှင် နိုင်ငံတကာမှကျောင်းသားများ နှစ်သိန်းခန့် ၀င်ရောက် ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံတွင် ကျင်းပနိုင်ရန် SMSM0 Association မှ ခွင့်ပြုချက်ရရန်အတွက် တစ်နှစ်ခွဲခန့် ကြိုးစားခဲ့ရသည်ဟုလည်း ဒေါက်တာသက်ဇော်က ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း KIA တပ်များနှင့် အစိုးရတပ် တိုက်ပွဲဖြစ်နေ

ယနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနည်းပညာ အကြံပေးအဖွဲ့ Technical Advisory Team ရုံး ဖွင့်ပွဲအခမ်းအနားပြုလုပ်နေချိန် ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ (၄)နယ်မြေတွင်မူ အစိုးရတပ်နှင့် KIA တပ်ဖွဲ့များ ယခုသတင်း ရေးသားချိန်ထိ တိုက်ပွဲဖြစ်ပွားနေသည်။


KIA တပ်မဟာ (၄) မုန်းဂိုးဒေသ ပန်ဆိုင်း (ကြူဂုတ်) မြို့ ဖိုင်းကောင်း (Hpai Kawng) တွင် အစိုးရတပ်ဖက်မှ ယနေ့နံနက်မှ စစ်ရေးလှုပ်ရှားလာခြင်းကြောင့် စောင့်ကြည့်နေချိန် မိုင်းဖောက်ပြီးနောက် ယခု နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေသည်ဟု KNG ကချင်သတင်းဌာနမှ ဆက်သွယ်ခဲ့ရာ မအားမလပ် လုံခြုံရေးယူနေရာမှ KIA ပြည်သူ့စစ် (MHH) တပ်ခွဲ (၅) တပ်ရင်းမှူးဇော်ဆိုင်း ယခုလိုပြောသည်။

"ဒီမနက်ကနေ ကျွန်တော်တို့ နေရာမှာ အစိုးရတပ်တွေလှုပ်ရှားလာတာပါ။ အခုညနေဘက်မှာတော့ ကျွန်တော်တို့ဖက် မိုင်းနဲ့ တကြိမ်ပစ်လိုက်တယ်။ အစိုးရတပ်ကအဖွဲ့လိုက် မြင်းတွေနဲ့အင်အား ၃၀ လောက် လာတဲ့ချိန်မှာပစ်လိုက်တာပါ။ သူတို့ဖက်လည်း နေရာယူပြီးပြန်ပစ်လာတယ်။ အခုပစ်နေကြတယ်" ဟုဆိုသည်။

၎င်းအစိုးရတပ်သည် မုန်ဂိုးဘက်မှ မြင်း ၃ ကောင်အပါ အင်အား ၁၀၀ ကျော်ရှိသော ခြေလျင်တပ်ရင်း ခလရ (၁၂၃) မှဖြစ်ပြီး ယခုချိန် KIA ပြည်သူ့စစ် (MHH) တပ်ခွဲ (၅) နှင့်ရင်ဆိုင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။ ယခုချိန် နှစ်ဖက်တပ်ကြား တိုက်ခိုက်နေချိန်ဖြစ်သောကြောင့် နှစ်ဖက်တပ်မှ သေဆုံးမှုရှိမရှိ မသိရသေးကြောင်း ပြောသည်။

ယနေ့ မြစ်ကြီးနားမြို့တွင် အစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးမှု ရလဒ်တခုဖြစ်သည့် နှစ်ဖက် သဘောတူချက် အတိုင်း KIO ၏ အကြံပေးအဖွဲ့ Technical Advisory Team ရုံးကို အစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းလာရောက်ကာ တရားဝင်ဖွင့်လှစ်နေချိန် ရှမ်းပြည်မြောက်ပိုင်းတွင် ယခုလို တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။

အဓမ္မပြုကျင့်သည်ဟု စွပ်စွဲကာ အိမ်ရှင်အဖိုးအိုအား အိမ်အကူက အမှုဖွင့်

အိမ်ရှင်အဖိုးအိုတစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲကာ အိမ်အကူအမျိုးသမီးတစ်ဦးက တိုင်ကြားမှုတစ်ခုကို သင်္ကန်းကျွန်း ရဲစခန်းက ဇူလိုင် ၂၁ ရက်တွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှသတင်း ရရှိသည်။

အဓမ္မပြုကျင့်ခံရသည်ဟု တိုင်တန်းသူမှာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမသည် သင်္ကန်းကျွန်း
မြို့နယ်တွင် အိမ်အကူအဖြစ် အသက်မွေးသူ ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

၎င်းသည် နေအိမ်အပေါ်ထပ်ရှိ ကြမ်းပြင်တွင် ခြင်ထောင်ထောင်၍ ညအိပ်နေစဉ် အိမ်ရှင်ဖြစ်သည့် အသက် ၆၈ နှစ်
အရွယ် အဖိုးအိုက ပြောစရာရှိ၍ဆိုကာ ခြင်ထောင်ထဲသို့ ၀င်ရောက်ခဲ့သည်ဟု ကာယကံရှင်က ရဲကို ထွက်ဆိုထား
သည်။

ထို့နောက် သူမကို အဖိုးအိုက အဓမ္မကျင့်ခဲ့ကြောင်း ထိုအဖြစ်အပျက်သည် ဇူလိုင် ၁၈ ရက် ညသန်းခေါင် အချိန်ခန့်က
ဖြစ်ပွားခဲ့ကြောင်း ရဲကို တိုင်တန်းရာတွင် စွပ်စွဲထွက် ဆိုထားသည်။

သူမထိုသို့ အဓမ္မကျင့်ခံရသဖြင့် နောက်နေ့တွင် တာမွေရှိ အဒေါ်ထံ သွားရောက်ကာ ပြောပြခဲ့ပြီးနောက် နှစ်ရက်
အကြာတွင် ရဲစခန်း၌ လာရောက်တိုင်တန်းခြင်း ဖြစ်သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အဓမ္မပြုကျင့်သူအဖြစ် စွပ်စွဲခံရသူမှာ ဦးရွှေမောင်ဦးဆိုသူဖြစ်ပြီး ရဲကသူ့ကို ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး အမှုအမှတ် (ပ)၃၀၈/၁၃ ဖြင့်လည်း အမှုဖွင့်ထားသည်ဟု ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ စွပ်စွဲခံရသူသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် တရားစွဲခံရနိုင်ချေရှိသည်ဟုလည်း ရဲဌာနက ဆိုသည်။

ဓားဖြင့် အိမ်ပေါ်တက်ကြိမ်းသူကို ပုဒ်မနှစ်ခုဖြင့် တရားစွဲ

တောင်တွင်းကြီးမြို့နယ်ရှိ မြို့မရဲစခန်းမှ လေးမိုင်ခန့်အကွာတွင်ရှိသော လယ်ပြင်သာရွာတွင် ဇူလိုင် ၂၀ ရက်က ဓားကိုင်၍ အိမ်ပေါ်တက်ကြိမ်းသည့် အမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ယင်းဒေသရဲစခန်းမှ သတင်း ထုတ်ပြန်သည်။

အိမ်ရှင် ဦးဘိုဒွေးသည် ယင်းနေ့ညနေပိုင်းက မိသားစုနှင့်အတူရှိနေစဉ် တစ်ရွာတည်းသား အသက် ၂၃ နှစ်အရွယ် ကိုဝင်းလွင်ဌေးက အရက်တိုက်ရန် လာပြောသဖြင့် မတိုက်နိုင်ကြောင်းငြင်းရာမှ ထိုကိစ္စအစ ပြုခဲ့ခြင်းဖြစ်သည်ဟု ရဲကို တရားလိုက စွပ်စွဲတိုင်တန်းထားသည်။

ထိုသို့ပြောသဖြင့် ကိုဝင်းလွင်ဌေးက ခါးကြားတွင် အသင့်ပါလာသော ဓားမြှောင်ကို အပြင်သို့ ထုတ်ပြသဖြင့် ဦးဘိုဒွေး၏ ဇနီးက "ဘာလုပ်တာလဲ" ဟု အော်လိုက်သဖြင့် အိမ်ပေါ်မှ ဆင်းသွားခဲ့ကြောင်းလည်း ရဲကို ထွက်ဆိုထားသည်။

ထို့နောက် ကိုဝင်းလွင်ဌေးက ဒုတိယအကြိမ် အိမ်ခြံဝင်းအတွင်းသို့ ပြန်ဝင်လာပြီး အိမ်အောက်ဆင်းခဲ့ရန်နှင့် သတ်ပစ်မည်ဟု ခြိမ်းခြောက်ကြောင်း ရဲဌာနတွင် ကာယကံရှင် ဦးဘိုဒွေးက ထွက်ဆိုထားသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ရဲစခန်းတွင် ဦးဘိုဒွေးက တရားလို ပြုလုပ်တိုင်တန်းသဖြင့် ရဲများက အမှု အမှတ်(ပ)၁၄၀/၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံရသူ ကိုဝင်းလွင်ဌေးကို ရဲများက ဖမ်းဆီးလိုက်ပြီဟုလည်း သတင်းထုတ်ပြန်ထားသည်။

စွပ်စွဲခံရသူ ကိုဝင်းလွင်ဌေးသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၅၂ ပိုင်နက်ကျူးလွန်မှု နှင့် ပုဒ်မ ၅၀၆ ခြောက်လှန့်မှုတို့ဖြင့် တရားစွဲ ခံရမည်ဟုလည်း ရဲဌာနကဆိုသည်။

အစိုးရပိုင်သင်္ဘောမှ ၀န်ထမ်းတစ်ဦး ခရီးသည်ကို အဓမ္မကျင့်မှုဖြင့် တရားစွဲခံရ

အစိုးရဌာနတစ်ခုဖြစ်သော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် သင်္ဘောတစ်စီးမှ ၀န်ထမ်းတစ်ဦးသည် ခရီးသည် အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲတိုင်တန်းခံထားရကြောင်း ဆိပ်ကမ်း မြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ် သန်းဦးက ဇူလိုင် ၂၁ ရက်က မဇ္ဈိမကိုပြောသည်။

"လောလောဆယ် တရားခံက ရှောင်နေပါတယ်။ ရေကြောင်းပို့ဆောင်ရေးဌာနဘက်ကတော့ တရားခံကို အပ်ပေးမယ်
ပြောတယ်။ သင်္ဘောရဲ့ အခန်းစောင့်ဝန်ထမ်းလို့လည်း သိထားပါတယ်" ဟု စခန်းမှူးက ဆက်ပြောသည်။

လက်ရှိအချိန်တွင်မှု တိုင်တန်းသူများကို စစ်ဆေးမေးမြန်းနေပြီး ကျူးလွန်ခံရသူ မိန်းကလေးငယ်အား ရန်ကုန်ဆေးရုံကြီးတွင် ဆေးစစ်နေပြီး အမှုတည်ဆောက်ပြီးပါက အခင်းဖြစ်ဒေသ၏ အပိုင်ရဲစခန်းဖြစ်သော
ရွှေလောင်းရဲစခန်းသို့ လွဲပြောင်းပေးအပ်သွားမည် ဖြစ်သည်ဟုလည်း သူက ဆက်ရှင်းပြသည်။

အမှုဖြစ်ပွားသည်မှာ ဇူလိုင် ၁၄ ရက် ၁၂ နာရီအချိန်ကဖြစ်ပြီး ကျူးလွန်ခံရသည့် မိန်းကလေးမှာ အသက် ၁၈ နှစ်
အရွယ်သာ ရှိသေးသည်ဟု ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

မိန်းကလေးသည် သူ့နေရပ် လပွတ္တာမြို့နယ်မှ ရန်ကုန်တွင် ကလေးဆေးကုရန် အစိုးရပိုင် ဝေဿန္တရာ သင်္ဘောဖြင့် အခန်းငှားကာ စီးနင်းလိုက်ပါစဉ် ညသို့ ရောက်သောအခါ အမျိုးသားတစ်ဦးက အခန်းတွင်းသို့ ၀င်ကာ အဓမ္မပြုကျင့်ခဲ့
ကြောင်း ရဲကိုထွက်ဆို ထားသည်။

ယခုကိစ္စနှင့် ပတ်သက်၍ စွပ်စွဲတိုင်တန်းခံရသူမှာ ကိုလွင်မောင်ဌေးဆိုသူ သင်္ဘောသား ဖြစ်သည်ဟု ရဲများက ထုတ်ပြန်ထားသည်။

သူ့ကို စွပ်စွဲတိုင်တန်းမှုကို ဆိပ်ကမ်းရဲစခန်းက အမှုအမှတ်(ပ)၁၉၉/၁၃ဖြင့် အမှု ဖွင့်ထားပြီး ၎င်းသည် ပြစ်မှုဆိုင်ရာ
ဥပဒေ ပုဒ်မ ၃၇၆/ ၃၅၄ တို့ဖြင့် တရားစွဲခံရနိုင်ချေ ရှိသည်ဟု ရဲဌာနက ဆိုသည်။

သစ်ပင်ပေါ် ကြက်တက်ဖမ်းရာက ဓာတ်လိုက်သေဆုံး

သစ်ပင်ပေါ်တွင် အိပ်တန်းတက်နေသော ကြက်ကို တက်ဖမ်းရာက ဓာတ်လိုက် သေဆုံးမှုတစ်ခု အင်းစိန်မြို့နယ်တွင် ဇူလိုင် ၂၀ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူသည် အသက် ၃၂ နှစ် အရွယ် သံပန်းသံတံခါးလုပ်သား ကိုကျော်ဇေယျဆိုသူဖြစ်ပြီး သူသည် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်ဟု ရဲများက အတည်ပြုထားသည်။

၎င်းသည် ကြက်တက်ဖမ်းနေစဉ် သူတက်နေသည့် သရက်ကိုင်းက ကျိုး၍ အရှိန်လွန်ပြီး နေအိမ်နှင့် သွယ်ထားသော လျှပ်စစ်ဓာတ်ကြိုးပေါ်သို့ ပြုတ်ကျခဲ့သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။ ထို့နောက် သူ့လည်ပင်းနှင့် ဓာတ်ကြိုး
ထိမိပြီး ဓာတ်လိုက်နေခဲ့သဖြင့် ကြိုးကို ဖြတ်တောက်ပြီး သူ့ကိုအင်းစိန်ဆေးရုံသို့ ပို့ ဆောင်ခဲ့သော်လည်း သေဆုံး
သွားခဲ့သည်ဟု ရဲမှတ်တမ်းများတွင် တွေ့ရသည်။

လက်ရှိတွင် အလောင်းကို အင်းစိန်ဆေးရုံတွင်ပင် ဓာတ်လိုက်မှုကြောင့် သေဆုံးခြင်း ဟုတ်၊မဟုတ် သေချာစေရန် စစ်ဆေးလျှက်ရှိပြီး အင်းစိန်ရဲစခန်းကလည်း သေမှုသေခင်း အမှတ်စဉ် ၄၆/၁၃ ဖြင့် အမှုဖွင့်ထား သည်ဟု တိုင်းရဲ
တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ မီးကြိုးပေါ် တက်အိပ်နေသော ကြက်အားဖမ်းရာမှ သားအဖနှစ်ဦး ဓာတ်လိုက် သေဆုံးခဲ့မှုတစ်ခု ဇွန် ၂၉ ရက် က မရမ်းကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ဖူးသည်။

သတ်မှတ်လုပ်ခလစာမပေးသည့် အလုပ်ရှင်ကို အလုပ်သမားကိုယ်စား အစိုးရအရာရှိက တရားစွဲနိုင်

အသစ်ပြဌာန်းလိုက်သည့် အနည်းဆုံး အခကြေးငွေနည်းဥပဒေအရ အစိုးရက မည်သည့်အလုပ်သမားသည် လုပ်ခလစာ အနည်းဆုံးမည်မျှရသင့်သည်ကို တရားဝင် သတ်မှတ်ထုတ်ပြန်တော့မည်ဖြစ်ရာ ထိုနှုန်းထားအတိုင်း
မပေးသည့် အလုပ်ရှင်ကို အလုပ်သမားကိုယ်စား အစိုးရအရာရှိက တရားစွဲပေးမည်ဟုလည်း ဥပဒေတွင် ထည့်သွင်း
ပြဌာန်းထားသည်။

အနည်းဆုံး အခကြေးငွေနည်းဥပဒေသည် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်ကျော် ဇူလိုင် ၁၂ ရက်က လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်ပြီး ထိုနည်းဥပဒေသည် လွန်ခဲ့သည့်လေးလက အတည်ပြုခဲ့သည့် "အနည်းဆုံးအခကြေး
ငွေဥပဒေ"၏ နောက်ဆက်တွဲဥပဒေဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရသည့် နှစ်နှင့် လွတ်လပ်ရေးရပြီး တစ်နှစ်အကြာတွင် ပြဌာန်းခဲ့သည့် အနည်းဆုံးအခ
ကြေးငွေ ဥပဒေနှစ်ခုရှိခဲ့သော်လည်း ယင်းတို့မှာ ခေတ်မမီတော့သဖြင့် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် ယခုဥပဒေကို ပြန်လည် အသစ်ပြဌာန်းခြင်းဖြစ်သည်။

လက်ရှိတွင် မည်သည့်အလုပ်သမား အမျိုးအစားသည် လုပ်ခလစာမည်မျှရမည်ကိုမူ အစိုးရအနေဖြင့် မသတ်မှတ်နိုင်
သေးပေ။

အဘယ်ကြောင့်ဆိုသော် ယင်းနည်းဥပဒေအရ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရသုံးပွင့်ဆိုင် ကိုယ်စားလှယ်များဖြင့်
နိုင်ငံအဆင့် အမျိုးသားကော်မတီကို ဖွဲ့စည်းရမည်ဖြစ်ပြီး ထိုကော်မတီမှတစ်ဆင့် ပြည်နယ်နှင့် တိုင်းအလိုက်
ကော်မတီများ ထပ်ဆင့်ခွဲ၍ ဖွဲ့ကာ ဒေသအလိုက်၊ အလုပ်အမျိုးအစားအလိုက် လုပ်ခလစာမည်မျှသတ်မှတ်သင့်သည်
ကို လေ့လာကြရဦးမည်ဖြစ်သည်။ 

ထိုသို့လေ့လာရရှိပြီး သတ်မှတ်လိုက်သည့် လုပ်ခလစာနှုန်းထားကို အစိုးရက ထပ်မံအတည်ပြုရဦးမည်။ အတည်ပြု
ထားသည့် နှုန်းထားကို ပြည်သူများသိနိုင်ရန်နှင့် ကန့်ကွက်ရန် ရက် ၆၀ ကြာ သတင်းစာနှင့် နိုင်ငံတော်ပြန်တမ်းမှ
တဆင့် ထုတ်ပြန်ရဦးမည်။ ကန့်ကွက်သူရှိပါက ကွင်းဆင်းစစ်ဆေးကာ လုပ်ခလစာနှုန်းထားကို ပြန်ပြင်ကြရဦးမည်
ဖြစ်သည်။

အစိုးရ ထိုသို့အဆင့်ဆင့် သုံးသပ်စစ်ဆေးကာ ဆုံးဖြတ်လိုက်သည့်နှုန်းထားကို အလုပ်ရှင်ကမပေးပါက ယခုဥပဒေအရ အသစ်တည်ထောင်မည့် ဦးစီးဌာနက အလုပ်ရှင်ကို ရက် ၃၀ အတွင်းပေးရန် တောင်းပေးမည်ဖြစ်ပြီး ရလျှင် အလုပ်သမားကို လွှဲပေးကာ မရလျှင် အစိုးရအရာရှိက တရားစွဲပေးမည် ဖြစ်သည်။

လုပ်သားများဆန္ဒပြတောင်းဆိုမှုအများအပြားကို လိုက်လံကူညီခဲ့ဖူးသည့် အလုပ်သမားအခွင့်အရေး ရှေ့နေ ဦးဌေးက "လက်ရှိ လုပ်ခလစာက နည်းနေတယ်။ ဥပဒေက မသက်ရောက်သေးတဲ့အခါကျတော့ အလုပ်ရှင်တွေက လုပ်ခလစာ
တိုးပေးဖို့ကို အကြောင်းပြချက် တစ်ရပ်အနေနဲ့ ငြင်းဆိုနေကြတာပေါ့။ အလုပ်သမားတွေရဲ့ဆန္ဒကတော့ အနည်းဆုံး
လုပ်ခလစာကို သုံးထောင် (တစ်ရက်လျှင်)ရဖို့ တောင်းဆိုထားပါတယ်။ အလုပ်ရှင်တွေက လုပ်ခလစာကို အချိန်ပို
ကြေးပေးရမှာဖြစ်တဲ့အတွက် အမြဲလျော့ပြထားပါတယ်" ဟု လတ်တလောအခြေအနေကို ရှင်းပြသည်။

နေ့စားဝန်ထမ်းများကိုပေးသည့် လုပ်ခမှာလည်း တစ်ရက်လျှင် ကျပ် ၂၇၀ဝ ထက် လျော့နည်းရန်မသင့်ကြောင်း
ရှေ့နေဦးဌေးက ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် ယင်လပ်ရှင်နာဝပ်ထရာအစိုးရက မည်သည့်ထိုင်းလုပ်သားမဆို တစ်ရက် ရှစ်နာရီကြာ လုပ်ခအတွက် ဘတ်ငွေ ၃၀ဝ (ကျပ် တစ်သောင်းခန့်) မဖြစ် မနေရ ရမည်ဟု ဥပဒေပြဌာန်းထားသည်။

မြန်မာနိုင်ငံတွင်လည်း ယခင်အနည်းဆုံး လုပ်ခလစာဥပဒေနှစ်ခုရှိခဲ့သော်လည်း ခေတ်နှင့်မလျော်ညီသဖြင့် အသက်မဝင်ခဲ့ပေ။

ယခုဥပဒေသစ်တွင် တစ်နှစ်တစ်ကြိမ် ကုန်ဈေးနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ အလုပ်ရှင်က လုပ်ခပေးစွမ်းနိုင်မှု စသည့် စံနှုန်း ကိုးခုပေါ်မူတည်ကာ သုံးသပ်စစ်ဆေးကြပြီး နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် လုပ်ခ လစာနှုန်းထား ပြန်ပြင်ရန် သင့်မသင့် အစိုးရက ဆုံးဖြတ်ကြမည်ဖြစ်သည်။

ခုနစ်နှစ်အတွင်း လိုင်စင်မဲ့ကား အစီး ၆၀ဝ ခန့် ဖမ်းမိ၊ ထိုကားများကို ပြခန်းဖွင့်၍ အရစ်ကျရောင်းမည်ဟုဆို

မြန်မာနိုင်ငံသို့ တရားမဝင်တင်သွင်းသည့် လိုင်စင်မဲ့ကားများကို နယ်စပ်ဂိတ်များမှ စစ်ဆေးခဲ့ရာ ၂၀ဝ၅ ခုနှစ်မှ စတင်ပြီး 
ခုနစ်နှစ်အတွင်း ကားအစီးရေ ၆၀ဝ ခန့် ဖမ်းမိခဲ့ကြောင်း စီးပွားကူးသန်း ဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဇူလိုင် ၂၃ ရက်
က လွှတ်တော်တွင် ပြောကြားခဲ့သည်။

အဆိုပါကားများ၏ ခန့်မှန်းတန်ဖိုး စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၁၈၀ဝ၀ ခန့်ရှိသည်ဟုလည်း ဒုဝန်ကြီးက ဆက်ပြော
သည်။

ထိုတရားမဝင်မော်တော်ယာဉ်များကို ကုမ္ပဏီများနှင့် ဆက်သွယ်ပြီး အရစ်ကျဝယ်ယူနိုင်ရန် အရောင်းပြခန်းများ ဖွင့်လှစ်ပေးမည်ဟုလည်း ဝန်ကြီးက လွှတ်တော်တွင် ကတိပြုခဲ့သေးသည်။

တရားမဝင်တင်သွင်းသည့်ကားများကို နယ်စပ်စစ်ဆေးရေးဂိတ် ခုနစ်ခုမှ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး မရမ်းချောင် ကန့်သတ်
ကုန်ပစ္စည်း စစ်ဆေးရေးစခန်းမှ အများဆုံး ဖမ်းဆီးရရှိခဲ့ပြီး စုစုပေါင်းကားစီးရေ ၂၆၀ ကျော်ပင်ရှိသည်ဟု ဒုဝန်ကြီး
ဒေါက်တာပွင့်ဆန်း က ပြောသည်။

ပြည်တွင်းသို့ ဝင်ရောက်လာသော လိုင်စင်မဲ့ကားများမှာ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာခြင်းကို သိရှိခြင်း ရှိမရှိ နှင့် သိရှိပါက နယ်စပ်ဂိတ်များရှိဝန်ထမ်းများကို မည်သို့ညွှန်ကြားထားသည်ကို သိလိုကြောင်း တနင်္သာရီတိုင်းမှ အထက်လွှတ်တော်အမတ် ဦးတိုးဝင်းကမေးသဖြင့် ဒုဝန်ကြီးက လွှတ်တော်တွင် ယခုလိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်
သည်။

"လိုင်စင်မဲ့ကားများ ဒီလိုဝင်ရောက်လာခြင်းမှာ နယ်စပ်ဂိတ်များတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအဖွဲ့အစည်း
များနှင့် ညှိနှိုင်းခွင့်ပြုခြင်းဖြင့်သာ ဝင်ရောက်လာတယ်လို့ ယူဆပါတယ်" ဟု အထက်လွှတ်တော်အမတ် ဦးတိုးဝင်းက လွှတ်တော်တွင်း၌ ဝေဖန်ခဲ့သေးသည်။

ယခုလက်ရှိအချိန်ထိ တရားဝင်ဖွင့်လှစ်ထားသည့် နယ်စပ်စခန်းအရေအတွက်မှာ ၁၅ ခုသာရှိပြီး တရားမဝင် ဝင်လာနိုင်
သည့် လမ်းကြောင်းမှာ စုစုပေါင်း ၄၀ ရှိသည်ဟု စီးပွားကူးသန်းဒုဝန်ကြီးက အမတ်များကို ပြောကြားခဲ့သည်။

ယင်းအပြင် လုံခြုံရေးအားနည်းမှုကြောင့် လည်းကောင်း၊ ကျေးရွာချင်းဆက်လမ်းများကိုသုံး၍ လည်းကောင်း၊ မြစ်ချောင်း
များတွင် ဖောင်များဖြင့် ဖြတ်သန်းခြင်းကြောင့် လည်းကောင်း တရားမဝင်ကားများ ရောက်ရှိနေခြင်းဖြစ်သည်ဟုလည်း သူက ဆက်ရှင်းပြခဲ့သည်။

လိုင်စင်မဲ့ယာဉ်များ စီးနင်းပါက အရေးယူမည်ဖြစ်ကြောင်း ယခုနှစ် မေလမှစတင်၍ ရုပ်သံလိုင်းများတွင် အသိပေး
ကြေညာခဲ့သည်။

နိုင်ငံရေးအကျဉ်းသား ၆၈ ဦး လွတ်မြောက်

တစ်ကျွန်းကျခံ SSA တပ်ဖွဲ့ဝင် ငါးဦးပါဝင်

အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၇၃ ဦးကို ဇူလိုင်လ ၂၃ ရက်တွင် ပြန်လည်လွှတ်ပေးလိုက်ရာ နိုင်ငံရေး
အကျဉ်းသား ၆၈ ဦး ပါဝင်ပြီး မန္တလေးထောင်တွင် တစ်သက်တစ်ကျွန်းကျခံနေရသည့် ရှမ်းပြည်တပ်မတော်၏ တပ်ဖွဲ့ဝင်ငါးဦးလည်း ပြန်လည်လွတ်မြောက်လာသည်။

မန္တလေး အိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ရှစ်ဦးအနက် တစ်သက်တစ်ကျွန်း ကျခံနေရသည့် ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင် အိုက်မွန်၊ ဟိန်းဇော်၊ လှမြင့်၊ စိုင်းတိ၊ စိုင်းအွန် တို့အပြင် ထောင်ဒဏ် ၄၂ နှစ် ကျခံနေရသည့် စိုင်းအိုက်ညွန့်လည်း ပြန်လည်လွတ်မြောက်လာခဲ့သည်။

ကျန်နှစ်ဦးမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ တပ်သားများဖြစ်သည့် ဇော်ဒွဲနှင့် မောင်ကျော်တို့ဖြစ်သည်။ သူတို့သည်
ထောင်ဒဏ် ခြောက်နှစ်စီ ကျခံနေရသူများဖြစ်သည်။ အဆိုပါ မန္တလေးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၄၄ ဦး ကျန်ရှိနေသေးသည်ဟုလည်း နိုင်ငံရေးအကျဉ်းသား လူမှုကူညီရေးကွန်ရက် တာဝန်ခံ ဦးကိုလေးက ပြောသည်။

အကျဉ်းသား ၇၃ ဦးတွင် ၆၈ ဦးသည် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြပြီး ကျန်ရှနိုင်ငံရေးအကျဉ်းသားများကိုလည်း
ပြန်လည်လွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင် ဦးသက်ဦးက တောင်းဆိုလိုက်သည်။

"အခုလွတ်လာတဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသားမဟုတ်တာတွေ ပါတယ်၊ ကျန်လည်း ကျန်နေသေးတယ်၊ ဖြစ်နိုင်ရင်
အကုန်လုံးကို လွှတ်ပေးစေချင်တာ၊ အင်းစိန်ထောင်မှာဆိုရင် လွတ်လာတဲ့ခြောက်ဦးထဲမှာ နိုင်ငံရေးအကျဉ်းသားက ဦးမရန်နော်ဆိုင်းတစ်ယောက်ပဲပါလာတယ်"ဟု မဇ္ဈိမကိုပြောသည်။

အင်းစိန်ထောင်၏ လွတ်မြောက်မှုတွင် ခြောက်ဦးဖြစ်ပြီး ဦးမရန်နော်ဆိုင်း တစ်ဦးတည်းသာပါဝင်မှုကို ဦးသက်ဦးက
ညွှန်းဆိုပြောခြင်းဖြစ်သည်။ ဦးမရန်နော်ဆိုင်းသည် မတရားသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦး ကျန်ရှိနေသေးသည်ဟု ဦးမရန်နော်ဆိုင်းကဆိုပြီး "ဒီနှစ်ကုန်မှာ
နိုင်ကျဉ်းတွေအကုန်လုံး လွှတ်မယ်ဆိုတဲ့စကားကိုတော့ ယုံကြည်တယ်။ ယုံကြည်ချင်တယ်ပေါ့နော်။ သူတို့ရဲ့စိတ်ထဲကို ကိုယ်ဝင်ကြည့်လို့ မရဘူးလေ" ဟု မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားထောင်မှလည်း လွတ်မြောက်သူ ၁၃ ဦးရှိပြီး ဦးလထော်ဘရန်ရှောင်လည်း ပါဝင်သည်။ 

"အရမ်းဝမ်းသာပါတယ်။ ဒီနှစ်ကုန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုတဲ့အပေါ် မျှော်လင့်ထားပါတယ်" ဟု ဦးလထော်ဘရန်ရှောင်က ပြောသည်။ 

သူသည် မတရားသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။

ကချင်ပြည်နယ်တွင်းရှိ အကျဉ်းထောင်များဖြစ်သော ဗန်းမော်၊ မြစ်ကြီးနား၊ ပူတာအိုစသည့် အကျဉ်းထောင်များမှ စုစုပေါင်း ၂၇ ဦး ပြန်လွတ်မြောက်လာပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးသည့် နှစ်များအတွင်း ယခုကဲ့သို့ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာ
ခွင့်ပေးမှုမှာ ၁၀ ကြိမ်မြောက်ဖြစ်ပြီး ယခုအကြိမ်သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် နိုင်ငံရေးသမားများ အများဆုံး လွတ်မြောက်ပေးခြင်းဖြစ်သော်လည်း ရှမ်းပြည်နယ်တွင်းရှိ ထောင်များမှ လွတ်မြောက်လာသူများမရှိဘဲ ကျန်ရှိနေသူများမှာလည်း ၁၀ဝ ကျော်ခန့် ရှိနေသေးသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရဲအောင်က ဆိုသည်။

နိုင်ကျဉ်းလွတ်မြောက်ရေး

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အား အကြမ်းဖျင်း စာရင်းကောက်ယူမှုဖြင့် တစ်နိုင်ငံလုံးရှိ ထောင် ၂၃ ထောင်မှ မလွတ်သေးသည့် နိုင်ငံရေးအကျဉ်းသား ၂၀ဝ ကျော်ခန့်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ နိုင်ငံရေးအကျဉ်းသား ဟုတ်မဟုတ် ပြန်လည်စိစစ်ရန် စီစဉ်ခဲ့ကြသည်။ ထိုကဲ့သို့ လုပ်ဆောင်မှုများရှိခဲ့သော်လည်း အကျဉ်းထောင်များအတွင်း
သို့ ဝင်ရောက်စစ်ဆေးရန်နှင့် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားတို့ကို စီရင်ချက်ချမှတ်ထားသည့် တရားရုံးချုပ်မှ မှတ်တမ်းတောင်းခြင်းတို့ကို အာဏာပိုင်များထံမှ တောင်းခံရာတွင် နှောင့်နှေးမှုများရှိနေသည်ဟု နိုင်ငံရေး
အကျဉ်းသားများအရေး ဆောင်ရွက်ပေးနေသူများက ပြောသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ၏ စာရင်းများအရ ၂၀၁၃ ခုနှစ် မေလ
အတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၁၈၃ ဦး ရှိနေခဲ့သည်။

မန္တလေးမြို့ ဆရာတော် ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး CCTV ကင်မရာ မှတ်တမ်းအရ မသင်္ကာသူနှစ်ဦးကို စစ်ဆေးလျက်ရှိ

cctv-july24

မန္တလေးမြို့ရှိ ရတနာပုံ ဒိုင်းမွန်းပလာဇာတွင် CCTV ကင်မရာ တပ်ဆင်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)

မန္တလေးမြို့၊ ဇူလိုင် ၂၁ ရက်ညက မဟာအောင်မြေမြို့နယ်၊ ရတနာဘုမိ အနောက်ရပ်ကွက်၊ ၃၆ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် ပြုလုပ်ခဲ့သော သဟပုညကာရီဘုံ ဆွမ်းလောင်းအသင်းမှ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တရားပွဲကျင်းပခဲ့ရာ ငါးရက်မြောက်နေ့ ဆရာတော် ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး CCTV ကင်မရာ မှတ်တမ်းအရ မသင်္ကာသူ နှစ်ဦးအား စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

"ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာ အနီးမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာ မှတ်တမ်းကိုယူပြီး ခရိုင်ရဲမှူး ဦးစီးအဖွဲ့မှ စိစစ်ဆောင်ရွက်ခဲ့ရာ မသင်္ကာသူတွေကို စိစစ်တွေ့ရှိလို့ ဓာတ်ပုံမှတ်တမ်းများ ထုတ်ယူဆောင်ရွက်ခဲ့တယ်" ဟု ရဲမှူးဦးစိုးညိမ်းမှ ပြောကြားသည်။

"ဒီလို ဆောင်ရွက်ခဲ့ရာမှာ ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီမှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနီးမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာ မှတ်တမ်းအရ အခင်းဖြစ် ပတ်ဝန်းကျင်မှာ မသင်္ကာ သံသယဖြစ်ဖွယ် နှစ်ဦးကို ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ်ဆောင်ပြီး စစ်ဆေးနေပါတယ်။ CCTV ကင်မရာမှတ်တမ်းပါ မသင်္ကာသူတွေကိုလည်း တရားခံဖမ်းဆီး ရမိရေးအတွက် ဖော်ထုတ်စိစစ်ဆေးသွားမှာပါ" ဟု ရဲမှူးက ဆက်လက်ပြောကြားသည်။

ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီမှာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနီးမှာ တပ်ဆင်ထားတဲ့ CCTV ကင်မရာ မှတ်တမ်းအရ အခင်းဖြစ် ပတ်ဝန်းကျင်မှာ မသင်္ကာ သံသယဖြစ်ဖွယ် နှစ်ဦးကို ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ်ဆောင်ပြီး စစ်ဆေးနေပါတယ် . . . . .

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အနီးတွင် နေထိုင်သူ တစ်ဦးက "ပေါက်ကွဲမှု မဖြစ်ပွားခင် ည ၉ နာရီ ကျော်ကျော်လောက်မှာ အင်္ကျီမပါ လူတစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ ကားအောက်ကို အရာဝတ္ထုတစ်ခု လှမ်းပစ်သွားတာကို တွေ့လိုက်ရတယ်။ ဆရာတော် ဦးဝီရသူရဲ့ တရားပွဲဆိုတော့ လူများတယ်။ လူများတော့ မထင်မရှားဘဲ တွေ့လိုက်ရတာပါ။ ပေါက်ကွဲမှုက ဆရာတော်ဦး ၀ီရသူရဲ့ တရားပွဲမပြီးခင် ပေါက်ကွဲသွားတာ" ဟု ပြောကြားသည်။

ပေါက်ကွဲမှုကြောင့် ဒေါက်တာတင်မြင့်၏ ၇က/၃၀၂၀ တိုယိုတာ ကိုရိုလာအဖြူရောင် ယာဉ်အနီးမှ ဗြောက်အိုးကွဲသံကဲ့သို့ အသံဖြစ်ပေါ်ခဲ့သည်။ ယာဉ်၏ နောက်ဘီးနှစ်ဘီး၊ ရှေ့ယာဘက်ဘီးတို့ ဘီးပေါက်ခဲ့ပြီး ကားဘော်ဒီ၊ ဆီတိုင်ကီများနှင့် အနီးရှိ လူငါးဦးတို့တွင် လက်လုပ်ဗုံးဟု ယူဆရသော သံကြွပ်စငယ်များ၏ ဒဏ်ရာများ ရရှိခဲ့သည်။

ပေါက်ကွဲမှုဖြစ်စဉ်အား မြို့မရဲစခန်း (မဟာအောင်မြေ) မှ (ပ) ၄၅၉/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၆ အမှုဖြစ်စဉ်သည် အခင်းဖြစ်ရှိလူများ သာမန်/ပြင်းထန်ဒဏ်ရာ ရရှိစေရန်နှင့် လူအများ၏ အသက်အန္တရာယ် ထိခိုက်စေရန် ရည်ရွယ်ပြုလုပ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပြစ်မှုပုဒ်မ ၂၈၆/၃၃၇/၃၃၈/၃၀၇ တို့ ဖွင့်လှစ်ပြီး ခရိုင်ရဲမှူး ဦးစီးအမှုစစ် အဖွဲ့ဖြင့် ဖွဲ့စည်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တရားခံ ဖမ်းမိရေးအတွက် မြို့ဝင်/မြို့ထွက်များတွင် မသင်္ကာသူများကို ပိတ်ဆို့စစ်ဆေးမှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။

SEA-ME-WE 3 ရေအောက်ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုကြောင့် အင်တာနက်လိုင်း အမြန်နှုန်းများ ထက်ဝက်ခန့် ကျဆင်း

၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ရက် ညနေပိုင်း၌ မြန်မာနိုင်ငံနှင့် နိုင်ငံတကာသို့ ချိတ်ဆက်ထားသည့် SEA-ME-WE 3 ရေအောက် ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုကြောင့် အင်တာနက်လိုင်း အမြန်နှုန်းများ ထက်ဝက်ခန့် ကျဆင်းခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

အဆိုပါ SEA-ME-WE 3 ရေအောက်ဖိုက်ဘာဆက်ကြောင်းသည် အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသ၊ အနောက်ဥရောပ နိုင်ငံများအား ချိတ်ဆက်ထားသည့် ရေအောက်ဖိုက်ဘာ ကေဘယ်ကြိုးဖြစ်ပြီး မြန်မာနိုင်ငံသို့ ဖျာပုံမြို့အနီး၌ ၀င်ရောက်ချိတ်ဆက်ထားသော ရေအောက်ဖိုက်ဘာဆက်ကြောင်း ဖြစ်သည်။ ပြည်တွင်းမှ အသုံးပြုနေသည့် အင်တာနက်အမြန်နှုန်း Bandwidth စုစုပေါင်းမှာ 11.5 GB ရှိနေရာမှ ယခု ပြတ်တောက်မှုကြောင့် 5.5 GB နီးပါး ကျဆင်းသွားကြောင်း သိရသည်။

"မနေ့ညနေ ၅ နာရီဝန်းကျင်က အင်တာနက်လိုင်းတွေ ခဏပြတ်သွားတာ ည ၉ နာရီမှာ ဆက်သွယ်မှု ပြန်ရတယ်။ အရင်တုန်းက ကျွန်တော်တို့မှာရှိတဲ့ အင်တာနက် အမြန်နှုန်း စုစုပေါင်းက 11.5GB ကနေ အခု 5.5 GB ဆိုတော့ ထက်ဝက်လောက် ကျသွားတယ်။ ဖြစ်ဖို့များတာက မြန်မာ့ရေပိုင်နက်ထဲမှာ ဖြစ်ဖို့များတယ်။ အခုပြတ်တဲ့နေရာကို ရှာနေတယ်။ ရေထဲမှာ ပြတ်တာဆိုရင် SEA-ME-WE 3 နဲ့ ပတ်သက်တဲ့ လာပြင်တဲ့ သင်္ဘောတွေ ရှိတယ်။ အဲဒီလိုမျိုး ရေထဲမှာ ပြတ်တာဆိုရင် အနည်းဆုံး ရက် ၂၀ လောက်အထိ ကြာနိုင်တယ်လို့ သက်ဆိုင်တဲ့ အင်ဂျင်နီယာချုပ်က ပြောပါတယ်။ အခု လောလောဆယ်တော့ ပြတ်တဲ့နေရာကို ရှာနေပါတယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာနှင့် ချိတ်ဆက်ထားသည့် ဆက်ကြောင်းကြီး သုံးခုဖြစ်သည့် ဂြိုဟ်တုဆက်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းနှင့် SEA-ME-WE 3 ဟူ၍ ဆက်ကြောင်းသုံးခုအနက် SEA-ME-WE 3 မှာ အရေးကြီးသည့် ဆက်ကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

SEA-ME-WE 3 ရေအောက်ကေဘယ်လ် ဆက်ကြောင်းသည် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၇ ရက်၌ ပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး ယင်းကာလ၌ အင်တာနက် ကွန်နက်ရှင် နှေးကွေးမှုမှာ လနှင့်ချီ ကြာမြင့်ခဲ့ပြီး အင်တာနက် အသုံးပြု စီးပွားရေး လုပ်ငန်းများတွင် ထိခိုက်နစ်နာမှု များပြားခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် မတ် ၁၇ ရက်တွင်လည်း ဖျာပုံနှင့် ကျိုက်လတ်ကြားရှိ SEA-ME-WE 3 ပင်လယ်ရေအောက် ကေဘယ်လ်အင်တာနက် ဆက်ကြောင်းနှင့် မြ၀တီရှိ နိုင်ငံတကာ အင်တာနက် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာကေဘယ်လ် ဆက်ကြောင်းအချို့ ပြတ်တောက်သွားသဖြင့် Bandwidth ပမာဏ 3.1GB ကျဆင်းသွားခဲ့သည်။
    
အဆိုပါ အာရှဥရောပ ရေအောက်ကေဘယ် SEA-ME-WE 3 သည် မြန်မာနိုင်ငံ အပါအ၀င် အာရှနှင့် ဥရောပရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်း စုစုပေါင်း ၆၄ ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၃၄ သန်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် ပါဝင်ထားပြီး မြန်မာနိုင်ငံ ဖျာပုံမြို့မှ အကွာအဝေး ၁၁၄၃ ကီလိုမီတာတွင် ရေအောက်ကေဘယ်ဖြင့် ဆက်သွယ်ထားသည့် ဆက်ကြောင်းဖြစ်သည်။

မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက် လမ်းကြောင်းပေါင်း ၄၀ မှ တရားမ၀င် ကားသွင်းမှုများ ပြုလုပ်နေပြီး တရုတ်နှင့် ထိုင်းနယ်စပ်များမှ အများဆုံး ခိုးသွင်းကာ အစိုးရသစ်လက်ထက် ၂၀၀၇ စီးနှင့်အထက် ဖမ်းမိ

မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်ရှိ လမ်းကြောင်းပေါင်း ၄၀ မှ တရားမ၀င် ကားတင်သွင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ဇူလိုင် ၂၃ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဒေါက်တာပွင့်ဆန်း၏ ရှင်းလင်းချက်အရ သိရသည်။

အစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၃ ခုနှစ် ဇွန်လအထိ ပြည်ထဲရေး ၀န်ကြီးဌာန၊ စီးပွား/ကူးသန်း ၀န်ကြီးဌာန၊ ဘဏ္ဍာ/အခွန် ၀န်ကြီးဌာနနှင့် ပြည်နယ်သုံးခု၊ တိုင်းဒေသကြီး တစ်ခုတို့မှ ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ ကားစီးရေမှာ ၂၀၀၇ စီးနှင့် အထက်ရှိကြောင်း သိရသည်။

နယ်စပ်မှ တရားမ၀င် ကားတင်သွင်းရာတွင် ကချင်ပြည်နယ်မှ လမ်းကြောင်းငါးခု၊ ကယားပြည်နယ်မှ လမ်းကြောင်းနှစ်ခု၊ ကရင်ပြည်နယ်မှ လမ်းကြောင်း ၁၇ ခု၊ တနင်္သာရီမှ လမ်းကြောင်းလေးခု၊ ရှမ်းပြည်နယ်မှ လမ်းကြောင်း ၁၂ ခု စုစုပေါင်း လမ်းကြောင်း ၄၀ ရှိကြောင်း သိရသည်။

car2-july24

သောင်ရင်းမြစ် တစ်ဖက်ကမ်း ၁၃ ဂိတ် ကားဝင်းအတွင်း မြန်မာနိုင်ငံဘက်သို့ ရောင်းချမည့် လိုင်စင်မဲ့ကားများအား ဇူလိုင်ပထမပတ် အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)

"တရားမ၀င် လိုင်စင်မဲ့ယာဉ် ၀င်ရောက်နိုင်တဲ့ လမ်းကြောင်းတွေက ၄၀ ရှိပါတယ်။ ပြည်နယ်အတွင်း ခရီးသွားလာမှု အဆင်ပြေဖို့နဲ့ ကားဝယ်ယူ သုံးစွဲရတာ အဆင်ပြေဖို့အတွက် တရားဝင်ကားတွေကို အရစ်ကျငွေ ချေစနစ်နဲ့ ၀ယ်ယူသုံးစွဲနိုင်အောင် ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး အရောင်းပြခန်း ဖွင့်လှစ်ပေးသွားဖို့ စီစဉ်နေပါတယ်" ဟု ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတိုးဝင်း၏ လိုင်စင်မဲ့ကားများ တရားဝင်ဖွင့်လှစ်ထားသည့် နယ်စပ်ဂိတ်များမှသော် လည်းကောင်း၊ တရားမ၀င် နယ်စပ်ဂိတ်များမှသော် လည်းကောင်း ၀င်ရောက်လာခြင်းကို သိရှိခြင်း ရှိ၊ မရှိ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။

တရားမ၀င် လိုင်စင်မဲ့ကားများ ၀င်ရောက်နေမှုအပေါ် လက်ရှိတွင် ပြည်ထဲရေး ၀န်ကြီးဌာန၊ နယ်ခြားစောင့်တပ်၊ ကျေးရွာအုပ်ချုပ်ရေး၊ ပြည်သူ့စစ်တပ်ဖွဲ့များမှ စောင့်ကြည့်စစ်ဆေးသည့်အပြင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး အကောက်ခွန်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ် ထွေ/အုပ်၊ ကုန်သည်များ အသင်းရုံးတို့မှ အဖွဲ့ဝင်အဖြစ် ပါဝင်သည့်  Mobile Team အဖွဲ့ဖြင့်လည်း နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက် တားဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

နယ်စပ်မှတစ်ဆင့် လိုင်စင်မဲ့ကားများ တင်သွင်းရာတွင် စီးပွား/ကူးသန်း ဦးစီးဌာန၏ ဖမ်းဆီးရမိသည့် စာရင်းများအရ ထိုင်းနှင့်တရုတ် နယ်စပ်များမှ ခိုးသွင်းလျက်ရှိကြောင်း သိရသည်။

စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဖမ်းမိသည့် အစီးရေသည် ၅၉၆ စီးအထိရှိပြီး ကျပ် ၁၇ ဒသမ ၈၁၁ ဘီလျံကျော် တန်ဖိုးရှိကြောင်း သိရသည်။

ဆင်းရဲနွမ်းပါး၍ ကျောင်းပြင်ပရောက် ကလေးများအား ရခိုင်လူမှုအဖွဲ့အစည်းများ ကူညီမည်

poor childrensဆင်းရဲနွမ်းပါး၍ကျောင်းမတက်နိုင်သည့် တက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူများအား အတတ်နိုင်ဆုံး ကူညီပေးသွားမည်ဟု ရခိုင်လူမှုအဖွဲ့အစည်းများထံမှ သိရသည်။

ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်ဝင်တန်းကျောင်းသားကျောင်းသူတစ်ချို့မှာ ဆင်းရဲ နွမ်းပါးသဖြင့် ကျောင်းမထားနိုင်သလို ကျူရှင်မတက်နိုင်သည့် ကျောင်းသားကျောင်းသူများအတွက် ပညာရေးကဏ္ဍအား မြင့်တင်ရန် ဝံလက် ဖေါင်ဒေးရှင်းမှစီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။

 " ကလေးတွေက စာမသင်နိုင်တဲ့ ကလေးတွေ ဖြစ်တယ်၊ အဲဒီလို စာသင်ဖို့အတွက် အရမ်းခက်ခဲတယ်ဆိုရင် သူတို့ဟာ ကျောင်းရဲ့ ပြင်ပရောက်သွားတယ်ဆိုတော့ သူတို့ဟာ အမှိုက်လိုဖြစ်သွားတယ်၊ ကျွန်တော်တို့ဆီက သင်ပေးလိုက်တဲ့ ကလေးတွေ ဆယ်တန်းအောင်သွားတာရှိတယ်၊ သူတို့အတွက် ဘဝဖြတ်သန်းမှုတွေမှာ အောင်မြင်မှုတွေ ရသွားတယ်၊ ဒါဟာ အမှိုက်ကနေ ရွှေဖြစ်လိုက်တာဘဲ" ဝံလက် ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးထွန်းမြင့်သိန်း က ပြောသည်။

ဝံလက်ဖောင်ဒေရှင်းမှ ဖွင့်လှစ်သည့် စစ်တွေမြို့ မင်းဂံရပ်ကွက် အတွင်းရှိ " ရောင်ခြည်" အခမဲ့တက္ကသိုလ် ဝင်တန်းပညာသင်ကျောင်း အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ပညာရေးကဏ္ဍ၌ လိုအပ်ချက်များစွာ ရှိနေသေးသလို ကျောင်းသားကျောင်းသူများ၏ ပညာရေး ကဏ္ဍမှာလည်း ကျောင်းပြင်ပသို့ ရောက်ရှိသွားသူများလည်း ရှိနေသည်ဟု သိရသည်။

" ကျွန်တော်တို့ တွေ့ရှိထားတာက ကျောင်းပြင်ပ ပညာရေးအရေးပါတယ်ဆိုတာ ကျောင်းအတွင်းမှာ သင်ကြားနိုင်တဲ့ ရာခိုင်နှုန်းက တော်တော်နည်းပါတယ်၊ လူတစ်ရာမှာ ၆၀ ရာခိုင်နှုန်း လောက်ဘဲ မူလတန်း အဆင့်ကို သင်ကြားနိုင်ပါတယ်၊ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းက မသင်နိုင်ကြဘူး"ဟု ဦးထွန်းမြင့်သိန်းက ဆိုသည်။

ရခိုင်ပြည်နယ်ရှိကျောင်းသားကျောင်းသူအချို့မှာ စရိတ်ကြီးမားသည့် ကျူရှင်လခများ မပေးနိုင်သည့်အတွက် အခမဲ့ပညာသင်ကျောင်းကိုသာ အားထားနေရခြင်းဖြစ်သည်ဟု သိရသည်။

"စစ်တွေမှာ တက္ကသိုလ်ဝင်တန်း အခမဲ့ပညာသင်ကျောင်းတွေ တော်တော်လေးများလာတယ်၊ ဘာလို့လဲ ဆိုတော့ တကယ်ကို လိုအပ်လာတယ်၊ ဆင်းရဲနွမ်းပါးပြီး ကျောင်းပြင်ပကို ရောက်သွားတဲ့ ကလေးတွေအတွက် အခမဲ့ ပညာဒါနကျောင်းတွေက ပိုအရေးပါတယ်"ဟု စစ်တွေမြို့မှကျုရှင်ဆရာတစ်ဦးက ပြောသည်။

စစ်တွေမြို့တွင် တက္ကသိုလ်ဝင်တန်း ကျူရှင်လခနှုန်းထားများမှာ ကျောင်းသားတစ်ဦးလျှင် တစ်လလျှင် ကျပ်နှစ်သောင်းခွဲမှ သုံးသောင်းဝန်းကျင် ရှိနေပြီး အဆင့်မြင့်ဝိုင်းများဆိုလျှင် ထိုထက်များသည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

"ကျွန်တော့်သမီးလေးက ဒီနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျတယ်၊ အပြင်ကျူရှင်ဝိုင်းမှာ ထားတယ်၊ တစ်လကိုတော့ သုံးသောင်း ပေးရတယ်၊ မရှိတဲ့ကြားက ပညာသင်ပေးနေရတာ၊ သားသမီးပညာရေး အတွက်ပေါ့"ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ထို့အပြင် ဘော်ဒါဆောင်များ၌ တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦးလျှင် ကျပ် ၅ သိန်းနှင့် အထက်ရှိသည် ဟု စစ်တွေမြို့ဘော်ဒါဆောင်အသိုင်းအဝိုင်းမှ သိရသည်။

၂၀၁၃ခုနှစ် ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မှာ ၂၁.၇၂ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့် နှစ် နှစ်တာထက် ကျဆင်း သွားသည်။ ၂၀၁၁ ခုနှစ်က ၂၆.၈၁ ရာခိုင်နှုန်းနှင့်၂၀၁၂ ခုနှစ်က ၂၃.၈၈ ရာခိုင်နှုန်း အသီးသီးရှိသည်။

"ဒီကျောင်းပြင်က ပညာရေးဟာလည်း မရှိမဖြစ် လိုအပ်လာပါတယ်၊ နို့မဟုတ်ရင် ဒီ၄၀ ရာခိုင်နှုန်းကျောင်းသား တွေရဲ ပညာရေးဟာ ဘာဖြစ်သွားမလဲ ၊ ဒါကြောင့် ဒီအခမဲ့ ပညာသင်ကျောင်းတွေ ရှိဖို့ဆိုလို့ရှိရင် ပြောခဲ့တဲ့ ၄၀ ရာခိုင်နှုန်း ပညာသင်ကြားနိုင်မှာ မဟုတ်ဘူးဆိုရင်လည်း ကျွန်တော်တို့ အပါအဝင် လူမှုအဖွဲ့အစည်းတွေက တဖြည်းဖြည်းလုပ်လာရင် ဒီကွက်လပ်လေးကို ဖြည့်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ဒါဟာ တကယ်တမ်း အရေးပါတယ်ဆိုတာကိုလည်း ပြောလို့ရပါတယ်"ဟု ဦးထွန်းမြင့်သိန်းက ဆိုသည်။

ဝံလက်ဖေါင်ဒေးရှင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းအပြင် ပညာရေးလုပ်ငန်း ၊ အသက်မွေးဝမ်း ကျောင်းပြုလုပ်ငန်းများအား အကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဇူလိုင်လ ၁၉ရက်နေ့ကလည်း စစ်တွေမြို့ မင်းဂံရပ်ကွက်၌ ဒုတိယအကြိမ် တက္ကသိုလ်ဝင်တန်းအခမဲ့ ပညာသင်ကျောင်းတစ်ခု ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၌ ၂၀၁၃ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုရာတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၂၄၃ ဦးရှိပြီး ယင်းအနက် အတွင်းဖြေဆိုသူမှာ ၁၈၇၇ဦးနှင့် အပြင်မှ ဖြေဆိုသည့် ကျောင်းသားကျောင်းသူ အရေအတွက်မှာ ၁၃၆၆ ဦးရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးရုံးမှ သိရသည်

ပုသိမ်၌ ပုဒ်မ(၁၈)ဖြင့် အရေးယူခံ လူမှုကွန်ယက်ခေါင်းဆောင်(၁၁)ဦး အထိရှိလာ

ဧရာဝတီတိုင်းဒေသကြီး မြို့တော်ပုသိမ်မှာ တိုင်းမြို့တော်ဖြစ်သည်နှင့်အညီ ဆန္ဒထုတ်ဖော်ပွဲများ အများဆုံးပြုလုပ်ရာမြို့ ဖြစ်သည့်အလျှောက် ပုသိမ်မြို့ရှိ ရဲစခန်း(၂)ခု၌ ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်ခံထားရသော လူမှုကွန်ယက်ခေါင်းဆောင်(၁၁)ဦး အထိ ရှိနေပြီဖြစ်သည်ဟု သက်ဆိုင်ရာရဲစခန်းများမှ သိရှိရသည်။

 ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများ တောင်သူလယ်သမားများ၏ နစ်နာဆုံးရှုံးမှုအရေး လိုက်ပါ ဆောင်ရွက်ပေးနေသော လူမှုကွန်ယက်အဖွဲ့အစည်းများမှ ခေါင်းဆောင်အားလုံးနီးပါးကို သက်ဆိုင်ရာ ရဲစခန်းအသီးသီးမှ ပုဒ်မ(၁၈)(က)ဖြင့် အမှုဖွင့်ခံထားရသည်ဟု သိရသည်။

၂၀၁၃ခုနှစ်နှစ်ဆန်းပိုင်းမှစတင်၍ ဒေသခံတို့၏ ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သော မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ဦးနေမျိုးဇင်အပါအ၀င် အမျိုးသားဒီမိုကရေစီကွန်ယက်(NDN)မှ ခေါင်းဆောင်(၇)ဦး၊ လူ့အခွင့်အရေး စောင့် ကြည့် ကာကွယ်ရေးကွန်ယက်(HRWDN)မှ ခေါင်းဆောင်(၂)ဦးနှင့် အခြားလူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင် (၅)ဦးတို့မှာ ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြသဖြင့် သက်ဆိုင်ရာ ရဲစခန်းများမှ ပုဒ်မ(၁၈)(က)ဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။

"ကျွန်တော်ကတော့ နောင်လာနောက်သားတွေအတွက် ဒီလိုမရှိသင့်တဲ့ ဥပဒေပုဒ်မတွေ ပပျောက်သွားအောင် တော်လှန် သွားမှာပါ၊ အမှုဖွင့်ပြီး ဒီပုဒ်မနဲ့ တရားစွဲဆိုခဲ့မယ်ဆိုရင်တော့ ၀ရမ်းပြေးလို့ပဲ သတ်မှတ် သတ်မှတ် ဒီတရားစွဲဆိုမှုကို အသိအမှတ် မပြုသလို ရင်ဆိုင်သွားမှာလည်း မဟုတ်ပါဘူး"ဟု ပုဒ်မ(၁၈)(က)ဖြင့် ပန်းတနော် ရဲစခန်းမှ အမှုဖွင့်ခံ ထားရသူ ဦးနေမျိုးဇင်က ပြောသည်။

မကြာသေးခင် ကာလကပုဒ်မ(၄၀၁)အရ ထောင်ကြွေးကျန်(၆)နှစ်ကျော်ကျခဲ့ပြီး နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် မအူပင်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သော ဗိုလ်ကြီးဟောင် နေမျိုးဇင်မှာ ဇန်န၀ါရီလအတွင်းက သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ခွင့်ပြုချက်မရရှိပဲ ပြုလုပ်ခဲ့သောဝန်ကြီး ဦးဆန်းဆင့် မပြောင်းရွေ.ရေး ပန်းတနော် ဒေသခံများ၏ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့သဖြင့် ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်ခံထားရခြင်းဖြစ်သည်ဟု ပန်းတနော်ရဲစခန်းမှူးက အတည်ပြု ပြောကြားထားသည်။

"အဲ့ဒီအမှုက အခုမှအသစ်ထပ်ဖွင့်တဲ့အမှု မဟုတ်ပါဘူး၊ အဲ့ဒီအချိန်ကတည်းက ဖွင့်ထားတဲ့ အမှုဟောင်းပါ၊ ပုဒ်မ(၁၈)နဲ့ပါ၊ ပုဒ်မ(၁၈)နဲ့ပတ်သက်ပြီးတော့ ဘာမှပြောစရာမရှိပါဘူး" ဟု ပန်းတနော်ရဲစခန်းမှူး ဦးကျော်အေးလှိုင်က ပြောသည်။

အမှုဖွင့်ခံထားရသော လူမှုကွန်ယက်ခေါင်းဆောင်(၁၁)ဦးမှာ ပုသိမ်မြို့တွင်း ယမန်နှစ် ဒီဇင်ဘာလတွင်းက ပြုလုပ်ခဲ့သော လက်ပန်တောင်းတောင်အရေးဆန္ဒထုတ်ဖော်ပွဲ၊ ယခုနှစ်တွင် ပြုလုပ်ခဲ့သော ကချင် ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲ၊ တရားစီ ရင်ရေး မဏ္ဍိုင်တည့်မတ်စေရန်နှင့် ချမ်းမြေ့အေး အဝေပြေးယာဉ်လိုင်းအား ဆန္ဒထုတ်ဖော်ပွဲ၊ မြို့နယ်(၄)ခုမှ မြေသိမ်းခံ တောင်သူလယ်သမားများ၏ သိမ်းဆည်းခံ လယ်မြေများ ပြန်လည် ရရှိရေး ဆန္ဒထုတ်ဖော်ပွဲစသည့် ဆန္ဒထုတ်ဖော်ပွဲများကို ဥိးဆောင်ခဲ့သူများဖြစ်ကြောင်း အမှုဖွင့်ခံထားရသူတို့က ဆိုသည်။

"ဒီမိုကရေစီရဲ.စံနှုန်းကို ဆန္ဒထုတ်ဖော်ပွဲတွေနဲ့ပဲ တိုင်းတာပါတယ်၊ ပြည်သူတွေက သူတို့ရဲ့ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ခွင့်မရဘူးဆိုရင် ရနေတဲ့ ဒီမိုကရေစီကအရေခြုံထားတဲ့ အတုအယောင်ဒီမိုကရေစီပါပဲ၊ အမှုဖွင့်ခံထားရတဲ့ လူမှု ခေါင်းဆောင်တွေကိုလည်း အချိန်မရွေးနောက်ကြောင်းပြန်လှည့်ရင် ထောင်ထဲထည့်ထားမယ်ဆိုတဲ့ သဘောကို ပြည်သူဝန်ထမ်းအမည်ခံထားတဲ့ ရဲတပ်ဖွဲ့က လုပ်ပြနေတာပါ"ဟု ပုသိမ်မြို့ အမှတ်(၂)ရဲစခန်း၌ ပုဒ်မ(၁၈)ဖြင့် အမှုဖွင့် ခံထားရသူ အမျိုးသားဒီမိုကရေစီကွန်ယက်(NDN)မှ ဦးသန်းဝင်းက ပြောသည်။

ပုသိမ်မြို့၌ ပြုလုပ်ခဲ့သမျှ ဆန္ဒထုတ်ဖော်ပွဲများမှာ တရားဝင်ခွင့်ပြုမိန့်ရရန် ကြိုတင်ခွင့်ပြုမိန့်တင်ကြသော်လည်း မည်သည့် အခါမှ ခွင့်ပြုမိန့် ရရှိခဲ့ခြင်းမရှိခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ယခုကာလသည် အပြောင်း အလဲကာလ ဖြစ်သည့်အတွက် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားအောင် ပြုလုပ်နေရခြင်းဖြစ်သောကြောင့် နားလည်ပေးစေလိုကြောင်း နောက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ပွဲများကို တရားဝင်ခွင်ပြုမိန့်ပေးသွားမည့် အကြောင်း မိမိ တို့အား တိုင်းအုပ်ချုပ်ရေးမှူးက တွေ့ဆုံစဉ်ကပြောကြားခဲ့ကြောင်း အမျိုးသားဒီမိုကရေစီကွန်ယက် ခေါင်းဆောင် တစ်ဦး (NDN)ဖြစ်သူ ဒေါက်တာသန်းထိုက်က ပြောသည်