Monday, August 12, 2013

9.8.2013 မှ 15.8.2013 အထိ ၇ရက်ဟောစာတမ်း

တနင်္ဂနွေ

စိတ်အလိုမလိုက်နှင့်။ ကိုယ့်စိတ်ကိုနိုင်အောင်ထိန်းပါ။ ရည်ရွယ်ချက်တွေများသော်လည်း စိတ်တိုင်းမကျ ဖြစ်နေရတတ်သေးသည်။ ခြေ၊လက်အဖျားပိုင်း ခိုက်မိမှုများ ဖြစ်နေမည်။ လူယုံမထားသင့်သေးပါ။ ဆုံးဖြတ်ချက်မြန်ဆန်မှုတွေ မပြုသင့်သေးပါ။ စကားပြောဆင်ခြင်ပါ။ စကားများရန်ဖြစ်တတ်သည်။ ရုတ်တရက်ခိုက်မိတတ်၍ ဂရုစိုက်ပါ။ အချင်းချင်းစိတ်ဝမ်းကွဲတတ်၍ စကားပြောဆင်ခြင်ပါ။ ငွေဝင်၊ငွေထွက်ကြမ်းမည်။ လူလိမ်၊ငွေလိမ် ခံရမည်။ အချစ်ရေးအတွက် စိတ်ရှုပ်ရတတ်သည်။

အကျိုးပေးဂဏန်း ၁၊၅၊၆

အထူးဟော         အတိုက်အခံများမည်။

ယတြာ               တနင်္ဂနွေနေ့နံနက်တွင် လမ်းသန့်ရှင်းရေး လုပ်ပါ။

 တနင်္လာ

ရုတ်တရက်ခရီးထွက်ရမှုများ ကြုံနေမည်။ မထင်မှတ်ဘဲ ဆောင်ရွက်မှုများဖြစ်နေမည်။ ရုတ်တရက်ထိခိုက်ရှနာမှု၊ အပူလောင်မှုများဖြစ်တတ်သည်။ စပ်တူရှယ်ယာမလုပ်သင့်ပါ။ အတိုက်အခံရန်ကြုံနေမည်။ ရစရာငွေတို့မမျှော်လင့်ဘဲ ရမည်။ ရည်ရွယ်သောချစ်သူနှင့် အဆင်မပြေဖြစ်ပြီး မရည်ရွယ်သောချစ်သူနှင့်လက်ထပ်ရန် ပေါ်ပေါက်လိမ့်မည်။ ထီ၊ မဲတို့ပေါက်ကိန်းမြင်သည်။ ငွေ၊ကြေးတို့ဝင်မည်။ စက်၊ပစ္စည်း တို့ဝင်မည်။ နေရာဒေသ ပြောင်းရွေ့ခြင်း(သို့မဟုတ်) အိမ်ပြုပြင်ခြင်း(သို့မဟုတ်) မြေရောင်း၊ဝယ်ခြင်းတို့ဖြစ်မည်။ လူယုံမထားရ။ ရောင်း၊ဝယ်ပစ္စည်းများ အဆင်ပြေမည်။

အကျိုးပေးဂဏန်း ၀၊၂၊၇

အထူးဟော         အဆင်ပြေမည်။

ယတြာ               ငါးအရှင်၁၅ကောင် တောင်အရပ်ကိုလွှတ်ပါ။

အင်္ဂါ

ငါသိငါတတ် ငါဆရာလုပ်တတ်၏။ စိတ်မြန်၏။ ဇွဲကောင်း၏။ ကွက်ကျော်မြင် အကဲခတ်ကောင်း၏။ မဟုတ်မခံတတ်ပါ။ သူများတွေလေးစားလာအောင်နေတတ်သူဖြစ်သည်။ ကံဇာတာအရ ဤ၁ပတ်အတွင်းသင်ကံကောင်းသည်။ ရှုံးမည့်ပြဿနာ ရှင်းနိုင်မည်။ အန္တရာယ်မှ ပွတ်ကာသီကာ လွတ်မည်။ ကွဲတော့မည်ဖြစ်သော အချစ်ရေး၊အိမ်ထောင်ရေး မကွဲပါ။ နေရာအသစ်ရောက်မည်။ စီးပွားရေးလုပ်ငန်းသစ်၁ခု ဖြင့်ငွေဝင်မည်။ ငယ်ချစ်ဟောင်းနှင့် ငယ်ကျွမ်းဆွေပြန်တွေ့မည်။ သင်လုပ်နေသောလုပ်ငန်းမုချ အောင်မြင်မည်။ သင်ဖြေသောစာမေးပွဲအောင်မြင်မည်။

အကျိုးပေးဂဏန်း ၃၊၆၊၉

အထူးဟော        သင်ကံကောင်းသည်။

ယတြာ              အိမ်ဘုရားကို အင်္ဂါနေ့တွင် အုန်းဆွမ်းကပ်ပါ။

ဗုဒ္ဓဟူး

တယူသန်၊ တဇွတ်ထိုးလုပ်ခြင်း၊ ရည်ရွယ်ချက်များခြင်း၊ လွတ်လပ်မှုဝါသနာပါခြင်း၊ ငါသိငါတတ် ငါဆရာလုပ်ချင်ခြင်းတို့ဖြစ်နေမည်။ မိဘ၊ သားချင်းတို့၏ အထင်လွဲခြင်း ခံရတတ်သည်။ အလုပ်အကိုင်အချို့အောင်မြင်မည်။ တချို့မှာ ကြန့်ကြာအောင်မြင်မှုတွေဖြစ်နေမည်။ စွန့်စားမှုများမပြုသင့်ပါ။ ထိတ်လန့်မှုတွေဖြစ်နေမည်။ ကျန်းမာရေးကောင်းသည်။ ဘုမ္ပိအရပ်ဖြစ်သော အနောက်မြောက်အရပ်ကိုရှောင်ပါ။ စက်၊ ပစ္စည်းများပျောက်တတ်၍ဂရုစိုက်ပါ။ စပ်တူရှယ်ယာမလုပ်သင့်ပါ။ အချစ်ရေး၊အိမ်ထောင်ရေးများအဆင်ပြေနေမည်။ အလုပ်အကိုင်တို့အောင်မြင်နေမည်။ ရစရာငွေတို့မရတတ်ပါ။ လူလိမ်ခံရမည်။

အကျိုးပေးဂဏန်း ၄၊၉၊၆

အထူးဟော         အဆင်ပြေမည်။

ယတြာ                ဗုဒ္ဓဟူးနေ့နံနက်မှာ တောင်အရပ်က လမ်းပေါ်တွင် ငွေ၁၀၀ကျပ် ပန့်သကူပြုပါ။

                         ထွက်ရော့၁၀၀ကျပ် ဝင်ငွေသိန်း၁၀၀ကျပ်ဟုဆိုပါ။

ကြာသပတေး

မာနကြီးတယ်ဟု ဆိုချင်ဆိုကြပါစေ။ ပွင့်လင်းစွာပြောဆိုပြီး သူများလေးစားလာအောင် နေခြင်းက ပိုကောင်းသောကာလပင်ဖြစ်ပါသည်။ အသုံးကြမ်းတယ်ဟု ဆိုချင်ဆိုကြပါစေ။ ပေးကမ်းစွန့်ကြဲလှူဒါန်းမှု၊ကျွေးမှု ပြုတာကောင်းပါသည်။ လူရွေးပေါင်းသည်ဟု ဆိုကြပါစေ။ ဒီကာလမှာ အပေါင်းအသင်းမှားနိုင်၍ လူရွေးပေါင်းခြင်းသည် ကောင်းပါသည်။ အပေါင်းအသင်းကို ရွေးပေါင်းရုံတင်မကပါ။ ချစ်သူကိုလည်းရွေးချယ်ခြင်း ရှိသူဖြစ်ပါသည်။ ရွေးချယ်သင့်ပါသည်။ ယခင်ရှေးအခါကတော့ တူနှစ်ကိုယ်တဲအိုပျက်မှာနေရနေရ ဆိုတာ ဖြစ်နိုင်ပေမယ့် ယခုအခါမှာတော့ ဘယ်သူမှတဲအိုပျက်နှင့် မနေနိုင်ကျတော့ အချစ်ကိုဈေးကွက်တွက်ခြင်းမှာ မှန်ပြီဟုပြောရမှာဖြစ်ပါသည်။ အဲဒီတော့ရွေးချယ်လိုက်ပါ။ ဒီတပတ်တော့သေချာပေါက်တွေ့မည်။ တွေ့လျှင်ယူရန် ဆုံးဖြတ်လိုက်ပါ။

အကျိုးပေးဂဏန်း ၅၊၆၊၇

အထူးဟော        အောင်ပြီဟုမှတ်ပါ။

ယတြာ              အိမ်ဘုရားကိုအောင်မြင်ပါရစေဟု ဆုတောင်းပြီး အောင်သပြေ၁၉ညွှန့် မွေးနေ့မှာ      လှူပါ။

သောကြာ

တစ်ယောက်မကချစ်တတ်သောစိတ်၊ တဇွတ်ထိုးတယူသန်စိတ်ရှိသည်။သံယောဇဉ်ကြီးတတ်သော စိတ်ဓာတ်ကြောင့် အိမ်ကသဘောမတူ၍ ခွဲကြမည်စိုးပြီး ဝါတွင်းကြီးမှာ အိမ်ထောင်ပြုရသည့် အဆင့်ထိ ရောက်နိုင်သည်။ဆင်ခြင်ပါ။ ဝါတွင်းတော့လုံးဝယူလို့မကောင်းပါ။ မစိုးရိမ်ပါနှင့်။ သင်ချစ်သောသူနှင့်ယူဖြစ်မှာပါ။ ခရီးဝေးယာယီတွေရောက်မည်။ အလုပ်ကိစ္စ၊ပညာရေးကိစ္စဖြင့် ခရီးဝေးတွေရောက်မည်။ ကျန်းမာရေးဂရုစိုက်ပါ။ ချူချာတတ်ပါသည်။ စပ်တူရှယ်ရာစီးပွားရေး စိတ်မကူးနှင့်၊ ဆုံးရှုံးမည်။ ထီထိုးပါ။ ၂ထိပ် ၅ထိပ်  ကို ၃ပိတ် ၄ပိတ် ဖြင့်ထိုးပါ။

အကျိုးပေးဂဏန်း ၆၊၉၊၁

အထူးဟော        စဉ်းစားပြီးမှဆုံးဖြတ်ပါ။

ယတြာ              အိမ်ဘုရားကို ထီးအနီ၇လက် သောကြာနေ့နံနက်တွင်ကပ်ပါ။ဆုတောင်းပါ။

စနေ

အောင်မြင်မှုလမ်းစလေးတွေ ရောင်ခြည်သန်းလာပါပြီ။ ကူညီပံ့ပိုးသူတွေလည်း ရှိလာပြီး ကိုယ်လုပ်သမျှတွေလည်း အဆင်ပြေစပြုလာပြီဖြစ်နေသော်လည်း ခရီးသွား၍သော်လည်ကောင်း၊နေမကောင်း၍သော်လည်းကောင်း၊ အခြားအလုပ်ရှုပ်နေ၍သော်လည်းကောင်း ၁ခုခုကြောင့် သင့်လုပ်ငန်းနှောင့်နှေးမှု၊ ခေတ္တဆိုင်းငံ့မှု၊ရပ်ဆိုင်းမှုတွေဖြစ်နေမည်။ ခရီးယာယီတွေများနေမည်။ အလုပ်ကိစ္စတွေများနေမည်။ ၁ခုပြီးမှ၁ခုလုပ်ပါ။ အောင်မြင်မည်။ သူများအရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်သည်။ လူခင်ချင်းစိတ်ဝမ်းကွဲတတ်သည်။ ပြန်ခေါ်မည်။ အချစ်ရေး၊ အိမ်ထောင်ရေးအားလုံးကောင်းသည်။

အကျိုးပေးဂဏန်း  ၂၊၄၊၇

အထူးဟော          အဆင်ပြေမည်။

ယတြာ                အိမ်ရှေ့လမ်းကို သန့်ရှင်းပါ။

ခေါက်ဆွဲခြောက်များတင်လာသည့်မော်တော် ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်

မုံရွာမြို့မှ ကချင်ပြည်နယ် ဖားကန့်မြို့နယ်သို့ ခေါက်ဆွဲခြောက်များတင်ဆောင်ထွက်ခွာလာသည့် ဟိန်းထက်အောင် အမည်ရှိ မော်တော်တစ်စီးသည် သြဂုတ် ၁၀ ရက်က ပဲ့ထိန်းတက်မ ထိန်းချုပ်မရတော့သဖြင့် ချင်းတွင်းမြစ်အတွင်း၌ တိမ်းမှောက်နစ်မြုပ်ခဲ့ရသည်။

အဆိုပါမော်တော်ပေါ်တွင် မာမားတံဆိပ်ခေါက်ဆွဲခြောက်ထုပ်များ အများအပြားတင်ဆောင်ထားပြီး ယင်းကုမ္ပဏီမှ ဝန်ထမ်း ရှစ်ဦးလည်းလိုက်ပါလာသလို၊ မော်တော်လုပ်သား ငါးယောက်လည်း ပါလာခဲ့သည်ဟု ခရိုင်ရဲတပ်ဖွဲ့၏ မှတ်တမ်းများတွင်တွေ့ရသည်။ 

မော်တော်ပေါ်ပါလာသူများတစ်ဦးမျှ သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းမရှိခဲ့သော်လည်း ငွေကျပ် ငါးသိန်းနှင့် ကျပ် ၁၁၅ သိန်းခန့်တန်ဖိုးရှိသည့် ကုန်ပစ္စည်းများပျက်စီးခဲ့ရသည်ဟု ခရိုင်ရဲတပ်ဖွဲ့၏ မှတ်တမ်းတွင်တွေ့ရသည်။ 

နစ်မြုပ်သည့်မော်တော်သည် အလျား ပေ ၉၀ ကျော်ရှိပြီး အနံ ကိုးပေကျော်ရှိကာ ရေစူးသုံးပေကျော်ရှိသည်ဟု
ရေယာဉ်တည်ဆောက်ရေးအင်ဂျင်နီယာများက တိုင်းတာစစ်ဆေးချက်မှတ်တမ်းများတွင် ဖော်ပြထားသည်။ 

ပုဂ္ဂလိကရေယာဉ်လုပ်ငန်းရှင်အသင်းဖြစ်သည့် အောင်စိုးမိုးရေယာဉ်အသင်း၏ ဥက္ကဌ ဦးအောင်ရွှေက "ဒီတစ်ကြိမ်
ရောဆိုရင် ချင်းတွင်းမြစ်ထဲမှာ ရေယာဉ်တိမ်းမှောက်နစ်မြုပ်တဲ့ဖြစ်စဉ်ပေါင်း အခုနှစ်အတွင်း ငါးကြိမ်လောက်ရှိ
နေပြီ" ဟု မဇ္ဈိမကိုပြောသည်။ 

ချင်းတွင်းမြစ်အတွင်း ပုဂ္ဂလိရေယာဉ်များ စနစ်တကျမောင်းနှင်ရေးအတွက် ယခုလ ၆ ရက်ကပြုလုပ်သည့် စစ်ကိုင်းတိုင်းလွှတ်တော်တွင်ပင် ခန္တီးမဲဆန္ဒနယ်မှ တိုင်းအမတ် ဦးမြမောင်းက တင်ပြဆွေးနွေးခဲ့ဖူးသည်။

ရွှေတိဂုံတွင် နိုင်ငံခြားသားများအတွက် ဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံမည်

လာမည့် အောက်တိုဘာ ၁ ရက်မှ စတင်ပြီး ရွှေတိဂုံစေတီတော်တွင် နိုင်ငံခြားသားများအတွက် ဇုန်ဝင်ကြေး တိုးမြှင့်
ကောက်ခံမည်ဖြစ်သည်ဟု ရွေတိဂုံဘုရားမှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က သြဂုတ် ၈ ရက်တွင် ရွှေတိဂုံဘုရားတွင် ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။

ဇုန်ဝင်ကြေး တိုးမြှင့်ရာတွင် နိုင်ငံခြားဧည့်သည် တစ်ဦးလျှင် ယခင် အမေရိကန်ဒေါ်လာ ငါးဒေါ်လာ ကောက်ခံရာမှ ရှစ်ဒေါ်လာ (ကျပ်ရှစ်ထောင်ဝန်းကျင်)သို့ တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး ၀န်ဆောင်မှုများ တိုးမြှင့်ပေးသွားမည်လည်း
ဖြစ်သည်ဟု ဆိုသည်။ ဇုန်ဝင်ကြေး ငါးဒေါ်လာ ကောက်ခံခဲ့ခြင်းမှာ ၁၉၉၅ ခုနှစ်က ဖြစ်သည်။

ဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်၍ ဦးဝင်းကြိုင်က "၀န်ဆောင်မှု ကောင်းကောင်း ပေးချင်လို့ တိုးမြှင့်
ကောက်ခံလိုက်တာပါ။ အခုတိုးချဲ့ဆောက်လုပ်နေတဲ့ ဓါတ်လှေကားကို ဇုန်ဝင်ကြေး တိုးမြှင့်ကောက်ခံတဲ့ ရက် မတိုင်မီ ပြီးစီးအောင် ဆောက်လုပ်သွားမှာပါ" ဟု ပြောသည်။

ယင်းအပြင် ရွေတိဂုံဘုရားသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များအား အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထားသော ရွှေတိဂုံဘုရားလမ်းညွှန် လက်ကမ်းစာစောင်ကိုလည်း အောက်တိုဘာ ၁ ရက် မှစတင်ကာ အခမဲ့ပေးဝေသွားမည်ဖြစ်သည်ဟုလည်း ဦးဝင်းကြိုင်က ပြောသည်။

အဆိုပါ ရွှေတိဂုံလမ်းညွှန် လက်ကမ်းစာစောင်အား ၂၀၀၀ ခုနှစ်ခန့်က ရိုက်နှိပ်ထားသည့် ပုံစံအဟောင်း နေရာတွင် အသစ် အစားထိုး ရိုက်နှိပ်သွားမည် ဖြစ်သည်။ ယင်းအပြင် တရုတ်ဘာသာ၊ ထိုင်းဘာသာများဖြင့် လက်ကမ်း စာစောင်များ ရိုက်နှိပ်ရန် အစီအစဉ်ရှိကြောင်းလည်း သိရသည်။

ရွှေတိဂုံတွင် နိုင်ငံခြားသား ဧည့်သည်များအတွက် တိုးမြှင့်ပေးသွားမည့် ၀န်ဆောင်မှုများမှာ ရင်ပြင်တော်ရှိ စေတီ ပုထိုး၊ ရုပ်ပွားဆင်းတု၊ ရုပ်ထုများနှင့် ထင်ရှားသော နေရာများတွင် အင်္ဂလိပ်ဘာသာဖြင့် ဆိုင်းဘုတ်များ ရေးသား ချိတ်ဆွဲခြင်း၊ လက်ကမ်းစာစောင်များ အခမဲ့ ဝေပေးခြင်း၊ နိုင်ငံခြား ငွေလဲလှယ်နိုင်သော ငွေလဲကောင်တာများ ဖွင့်လှစ်ပေးခြင်းနှင့် ဘုရားတောင်ဘက်မုဒ်တွင် ဓါတ်လှေကားနှစ်စင်း တိုးချဲ့တည်ဆောက်ခြင်းတို့ ဖြစ်သည်။

ဘုရားရင်ပြင်တော်ပေါ်၌ နိုင်ငံခြား ငွေလဲကောင်တာ ငါးခု ဖွင့်လှစ်ပေးသည်။

ရွှေတိဂုံဘုရားသို့ ၀င်ရောက်သော နိုင်ငံခြားသား ခရီးသွားဧည့်သည် အရေအတွက်မှာ ဇူလိုင်လတွင် ၂၄၄၆၂ ဦးရှိပြီး တစ်ရက်လျှင် ပျမ်းမျှ လာရောက်သူဦးရေ ၇၈၉ ဦးရှိသည်။ သြဂုတ်လ ၁ ရက်မှ ၇ ရက် အထိ ၅၇၁၄ ဦး ၀င်ရောက်ပြီး သြဂုတ်လအတွက် တစ်ရက်လျှင် ပျမ်းမျှ ၀င်ရောက်သူဦးရေမှာ ၈၁၆ ယောက်ရှိသည်။

လာရောက်ရာတွင် ထိုင်းနိုင်ငံမှ လာရောက်သူ အများဆုံးဖြစ်ပြီး ကိုရီးယားနိုင်ငံမှ ဒုတိယအများဆုံး ဖြစ်သည်။

ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီးအိမ် လွှတ်တော်အမတ်သားက ကားနဲ့ဝင်တိုက်

ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်ဂိတ်တံခါးကို ဆီဆိုင်မြို့နယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၏ သားဖြစ်သူ မောင်းနင်သည့် တိုယိုတာ ဟိုင်းလတ် ဆပ် ယာဉ်အမှတ် ၄စ/၄၈၂၂ က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှု သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်ဂိတ်တံခါးကို ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၏ သားဖြစ်သူ မောင်းနင်သည့် တိုယိုတာ ဟိုင်းလတ် သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဝင်တိုက်မိစဉ်။ (ဓာတ်ပုံ ဂျွန်ချစ်ငြိမ်း) ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်ဂိတ်တံခါးကို ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၏ သားဖြစ်သူ မောင်းနင်သည့် တိုယိုတာ ဟိုင်းလတ် သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဝင်တိုက်မိစဉ်။ (ဓာတ်ပုံ ဂျွန်ချစ်ငြိမ်း) ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်ဂိတ်တံခါးကို ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၏ သားဖြစ်သူ မောင်းနင်သည့် တိုယိုတာ ဟိုင်းလတ် သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဝင်တိုက်မိစဉ်။ (ဓာတ်ပုံ ဂျွန်ချစ်ငြိမ်း) ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်ဂိတ်တံခါးကို ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၏ သားဖြစ်သူ မောင်းနင်သည့် တိုယိုတာ ဟိုင်းလတ် သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဝင်တိုက်မိစဉ်။ (ဓာတ်ပုံ ဂျွန်ချစ်ငြိမ်း) ရှမ်းပြည်နယ် သတ္တုနှင့် သစ်တောဝန်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်ဂိတ်တံခါးကို ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၏ သားဖြစ်သူ မောင်းနင်သည့် တိုယိုတာ ဟိုင်းလတ် သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဝင်တိုက်မိစဉ်။ (ဓာတ်ပုံ ဂျွန်ချစ်ငြိမ်း)
တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း ပေါ်တွင် တောင်မှမြောက်သို့ ယာဉ်မောင်းဖြစ်သူ ခွန်ပြည့်စုံထွန်း
မှောင်းနှင်လာသည့် ဟိုင်းလတ် ဆပ်ယာဉ် အမျိုးအစားသည် ရှမ်းပြည်နယ် သတ္တုနှင့် သစ်တော ၀န်ကြီး ဦးစိုင်းအိုက်ပေါင်း၏ နေအိမ်အနီး အရောက်တွင် အရှိန်မထိမ်းနိုင်ဘဲ နေအိမ်ဂိတ် တံခါးမကြီးကို ၀င်တိုက်ခဲ့ခြင်းဟု
တောင်ကြီးမြို့ မြို့မရဲစခန်းမှ အမည်မဖေါ်လိုသည့် နယ်ထိန်း ရဲတပ်ဖွဲ့ဝင်က မဇ္ဈိမကို ပြောသည်။

"ယာဉ်မောင်းလာတဲ့ ကောင်လေးက အသက် ၁၆ နှစ်ပဲရှိပါသေးတယ်၊ ပန်သခွား အထကမှာ ကျောင်းတက်နေတဲ့ ၁၀တန်းကျောင်းသားပါ၊ ကားတိုက်တော့ ကားထဲကကလေအိတ်ထွက်လာတာနဲ့ သူကတော့ဘာမှ မဖြစ်ပါဘူး၊ ကားတော့ရှေ့တစ်ခြမ်း လုံးကြေပြီး၊ ဘီးလည်းကွဲသွားပါတယ် ထိခိုက်ဒဏ်ရာရသူမရှိပါဘူး" ဟု အဆိုပါ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်က ပြောသည်။

ယင်းယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သတ်၍ ယာဉ်မောင်းသူ ခွန်ပြည့်စုံထွန်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် ခေါ်ယူ
စစ်ဆေးလျက်ရှိပြီး ပျက်ဆီး ဆုံးရှုံးမှုတန်ဖိုး မသိရှိရသေးပါ။

အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် ကမ္ဘာ့နိုင်ငံကြီး အချို့က ငြင်းပယ်ထားသည့် Huawei ကုမ္ပဏီကို မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ သုံးခုက Supplier အဖြစ် ခန့်အပ်ထား

အမျိုးသား လုံခြုံရေး အကြောင်းပြချက်ဖြင့် ကမ္ဘာ့နိုင်ငံကြီး အချို့က ၎င်းတို့၏ စီမံကိန်းများတွင် ၀င်ရောက် လုပ်ကိုင်ခြင်းကို ငြင်းဆိုခံထားရသည့် တရုတ်နိုင်ငံမှ Huawei ကုမ္ပဏီကို မြန်မာနိုင်ငံမှ ဆက်သွယ်ရေး အော်ပရေတာ သုံးခုက Supplier ကုမ္ပဏီအဖြစ် လုပ်ကိုင်လျက် ရှိနေသည်။

တရုတ်နိုင်ငံ၏ နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Huawei ကုမ္ပဏီကို မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်သော Myanmar Post and Telec ommunication (MPT)၊ ရတနာပုံ တယ်လီပို့စ်နှင့် ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်ကမှ ဆက်သွယ်ရေးလိုင်စင် ပေးအပ်ရန် ရွေးချယ်ခံရသည့် တယ်လီနော် ကုမ္ပဏီတို့ အားလုံးက ၎င်းတို့၏ Supplier ကုမ္ပဏီအဖြစ် ရွေးချယ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိမည့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီက ၎င်းတို့၏ Supplier ကုမ္ပဏီကို မရွေးချယ်ရသေးကြောင်း ပြောကြားသည်။

''ကျွန်တော်တို့ရဲ့ Supplier ကုမ္ပဏီအဖြစ် အကြမ်းဖျင်းပဲ ရွေးချယ်ရပါသေးတယ်။ ရှေ့တစ်ပတ်ထဲမှာတော့ ဘယ်သူ့ကို ရွေးထားလဲဆိုတာ ထုတ်ပြန်ကြေညာမှာပါ'' ဟု အဆိုပါ ကုမ္ပဏီ၏ မီဒီယာတာဝန်ခံ ကိုစိုးသူရက ပြောကြားသည်။

လက်ရှိအချိန်တွင် Huawei ကုမ္ပဏီ အနေနှင့် Ooredoo ကုမ္ပဏီနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း Huawei ကုမ္ပဏီမှ စုံစမ်းသိရှိရသည်။

Huawei ကုမ္ပဏီနှင့် တရုတ်အစိုးရတို့ ပတ်သက်နေမှုကြောင့် ၎င်းတို့ ကုမ္ပဏီမှ တင်သွင်းသည့် ဆက်သွယ်ရေး ပစ္စည်းများဖြင့် အမေရိကန်နိုင်ငံကို လျို့ဝှက်ထောက်လှမ်းမှု ပြုလုပ်နိုင်သည်ဟု ၂၀၁၂ ခုနှစ် အတွင်းက အမေရိကန် ကွန်ဂရက်က တင်ပြခဲ့ပြီး အမေရိကန် အစိုးရနှင့် သက်ဆိုင်သော ကန်ထရိုက် စာချုပ်များတွင် လုပ်ကိုင်ခွင့် မပြုရန် တောင်းဆိုခဲ့ဖူးသည်။

Huawei ကုမ္ပဏီဘက်မှ ၎င်းတို့ကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဟု စွပ်စွဲခြင်းအပေါ် ပြန်လည် ငြင်းချက်ထုတ်ခဲ့သည်။

Huawei ကုမ္ပဏီကို သြစတြေးလျ နိုင်ငံကလည်း အမျိုးသား လုံခြုံရေးကို အကြောင်းပြကာ ၎င်းတို့၏ ဘရော့ဘန်း ကွန်ရက်အသစ်တွင် ပါဝင်မှုကို တားမြစ်ခဲ့ဖူးသည်။

''အခုလွှတ်တော်မှာ ဆက်သွယ်ရေး နည်းဥပဒေကိုလည်း ဆွေးနွေးနေပြီး တတ်နိုင်သလောက် အကာအကွယ်လည်း လုပ်နေပါတယ်။ ဒါပေမဲ့ အမေရိကန်လို နိုင်ငံမျိုးတောင် လုံခြုံမှုယူထားတာမျိုး ဆိုတော့ တိုင်းပြည်အတွက် လုံခြုံရေးအရ အရေးကြီးတဲ့ သတင်း အချက်အလက်တွေ အတွက် စိတ်မချရဘူးဆိုရင် စိတ်မချရတဲ့ ကုမ္ပဏီတွေနဲ့ ဆက်သွယ်လုပ်ကိုင်မှုကို ကန့်ကွက်သင့်ပါတယ်။ နိုင်ငံအနေနဲ့ အခုမှ တိုးတက်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ခါစ ဆိုတော့ ဒီအန္တရာယ်ကို အတော် သတိထားဖို့ လိုပါတယ်'' ဟု ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်မှု စိစစ်ရေး ကော်မတီမှ ကော်မတီဝင်ဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းက ပြောကြားသည်။

ထိုင်းတွင် မြန်မာလူကုန်ကူးဂိုဏ်း ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး မြန်မာနိုင်ငံတွင် အမှုဖွင့်ပါက မြန်မာဘက်မှလည်း အရေးယူသွားမည်

မြန်မာလူကုန်ကူး ဂိုဏ်းခေါင်းဆောင် တစ်ဦးအား ထိုင်းနိုင်ငံတွင် ဖမ်းဆီးစစ်ဆေးနေပြီး ၎င်း၏ လူကုန်ကူးခြင်း ခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသည့် လူကုန်ကူး ခံရသူများ အနေဖြင့် မြန်မာနိုင်ငံတွင် အမှုဖွင့် တိုင်ကြားပါက မြန်မာနိုင်ငံ ဘက်မှလည်း အရေးယူ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းက ပြောကြားခဲ့သည်။

လူကုန်ကူး ဂိုဏ်းခေါင်းဆောင် တစ်ဦးဖြစ်သည့် အသက် ၄၂ နှစ် အရွယ်ရှိ အောင်မျိုးမင်း(ခ)ကိုမျိုးအား သြဂုတ် ၁ ရက်တွင် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ရာဘာစိုက်ခင်း တစ်ခုတွင် ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ အဖွဲ့ များက ဖမ်းဆီးရမိခဲ့ပြီး လက်ရှိအချိန် တွင် စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

''အောင်မျိုးမင်း (ခ) ကိုမျိုးက ၂၀၁၀ ကတည်းက မြန်မာနိုင်ငံ ကော့သောင်းရဲစခန်းက လူကုန်ကူးမှုနဲ့ အလိုရှိနေတဲ့ သူအဖြစ် ကြေညာထားပြီးသား ဖြစ်ပါတယ်။ သူဟာ လူကုန်ကူးမှု သာမကဘဲ လူသတ်မှု၊ အဓမ္မပြုကျင့်မှုတွေပါ ဆက်စပ်ပတ်သက် ကျူးလွန်ထားတယ်လို့ လူကုန်ကူး ခံရသူတွေဆီက သိထားရတယ်။ ထိုင်းဘက်က တာဝန်အဖွဲ့တွေနဲ့ မြန်မာဘက်က ကျွန်တော်တို့ ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးပေါင်းဆောင်ရွက် ခဲ့တဲ့အတွက် ကိုမျိုးကို သြဂုတ် ၁ ရက်မှာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ ကိုမျိုးရဲ့ လူကုန်ကူးခြင်း ခံရသူတွေက ဒီမှာအမှုဖွင့် တိုင်ကြားလို့ ရှိရင်လည်း ကျွန်တော်တို့ဘက် က အရေးယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်'' ဟု ရဲမှူးကြီး ၀င်းနိုင်ထွန်းက ပြောကြားခဲ့သည်။

ယခုနှစ် မတ်လအတွင်းတွင် ထိုင်းနိုင်ငံ ကန်တန်မြို့တွင် မြန်မာသုံးဦးအား ငါးဖမ်းလှေများတွင် ရောင်းစားခံရကြောင်း သတင်းရရှိပြီးနောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသား လူကုန်ကူး ခံရသူ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးသူ အေးမင်းကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ကွင်းဆက်များ ဖော်ထုတ်ချက်အရ အောင်မျိုးမင်း (ခ)ကိုမျိုးပါဝင်ကြောင်း သိရသဖြင့် ထိုင်းနိုင်ငံဘက်မှ ဖမ်းဝရမ်း ထုတ်ခဲ့ကြောင်း သိရသည်။

ကျောက်စိမ်း တူးဖော်နေသော ကုမ္ပဏီများကို စိစစ်မည်ဖြစ်ပြီး ကျောက်စိမ်းနှင့် ပတ်သက်သည့် ဥပဒေတစ်ရပ် ရေးဆွဲနေ

 ကျောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီများကို စိစစ်ပြီး ကုမ္ပဏီသစ်များနှင့် သက်တမ်းကုန် ကုမ္ပဏီများကို လုပ်ကိုင်ခွင့် မပြုတော့ကြောင်းနှင့် ကျောက်စိမ်းနှင့် ပတ်သက်သည့် ဥပဒေတစ်ရပ် ရေးဆွဲနေကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက သြဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ကချင်ပြည်နယ် ဖားကန့်မြို့ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ခြင်းဖြစ်ပြီး ကျောက်စိမ်းများအား နောင်လာနောက်သား များအတွက် ကျန်ရစ်အောင် ထိန်းသိမ်းသင့်ကြောင်းကိုလည်း ပြောကြားခဲ့ကြောင်း တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဒေသခံများက ပြောကြားသည်။

ဒုတိယသမ္မတက ဘိုးဘွားဘီဘင် လက်ထက်ကတည်းက ရှိခဲ့သည့် ကျောက်စိမ်း သယံဇာတသည် ယခုအချိန်တိုအတွင်း ကုန်ဆုံးသွားပါက နောင်လာနောက်သားများ လုပ်ကိုင်စားစရာ ရှိတော့မည် မဟုတ်ကြောင်းနှင့် ထိုသို့ မကုန်ဆုံး သွားစေရန် ထိန်းသိမ်းရမည် ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံများက ကျောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီများက မြေစာများ စည်းကမ်းမဲ့ စွန့်ပစ်နေခြင်းကြောင့် ဖြစ်ပေါ်လာသည့် မြစ်ကြောင်း တိမ်ကောမှု ပြဿနာ၊ ဥရုချောင်း ရေကြီးမှုပြဿနာ၊ ဖားကန့်-မြစ်ကြီးနား လမ်းပိုင်းဆိုးရွားမှု ပြဿနာနှင့် တစ်နိုင်တစ်ပိုင် ကျောက်တူးခွင့် ကိစ္စတို့ကို တင်ပြခဲ့ကြောင်း သတင်းရရှိသည်။

သက်ဆိုင်ရာ ၀န်ကြီးများက ဥရုချောင်း ရှင်းလင်းရေးအဖွဲ့ ဖွဲ့စည်းထားကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ကုမ္ပဏီများ ပါဝင်သော အဖွဲ့အစည်း တစ်ရပ်ကိုလည်း ဖွဲ့စည်းထားကြောင်း၊ မြေစာအပါအ၀င် စွန့်ပစ်ပစ္စည်းများကို သတ္တုတွင်း ဥပဒေအရ ချောင်း၊ မြို့ရွာများနှင့် မီတာ ၃၀၀ ကျော်တွင် စွန့်ပစ်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။

ငှက်ဖျားနှင့် တီဘီဝေဒနာရှင် အမျိုးသားတစ်ဦး ဆေးဖိုးမတတ်နိုင်၍ ကြိုးဆွဲချသေဆုံး

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် အမှတ် (၄) ကျောင်းစုရပ်ကွက် မာလာလမ်းရှိ နေအိမ်တစ်လုံးတွင် သြဂုတ်လ ၈ ရက် နံနက် ၃ နာရီခွဲက အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရှိရသည်။

အဆိုပါအမျိုးသားသည် ၎င်းနေအိမ်၏ ဝရန်တာသစ်သားတန်းတွင် ခရီးဆောင်အိတ်ကြိုးကို အသုံးပြုကာ အဆုံးစီရင်ခဲ့ကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

"တစောင်းလေးပဲ တုံးလုံးလဲနေတာ။ ကြိုးကလည်း တိုတိုလေး။ ချည်တဲ့နေရာကလည်း နိမ့်နိမ့်လေး" ဟု အမှတ် (၄) ကျောင်းစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က ပြောကြားသည်။

သေဆုံးသူသည် ငှက်ဖျားရောဂါနှင့် တီဘီရောဂါဝေဒနာ ခံစားနေရပြီး အိမ်ထောင်ကွဲနေသူလည်း ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါး၍ ဆေးကုသရန် ဆေးဖိုးမတတ်နိုင်သဖြင့် ကိုယ်တိုင်အဆုံးစီရင်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းကမှတ်ချက်ပြု ပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၆/၁၃ ဖြင့် ဖွင့်လှစ်ကာ စစ်ဆေးလျက်ရှိကြောင်း ဒိုက်ဦးမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

ဒိုက်ဦးမြို့နယ် သရက်တော်ကျေးရွာတွင် မေလက အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးဖူးခဲ့ကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှ သိရှိရသည်။

မိုးနေ
The Voice Weekly

စစ်တွေမြို့မှာ ညမထွက်ရ အမိန့်သက်တမ်း ၂ လ ထပ်တိုး

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပုဒ်မ-၁၄၄ ညမထွက်ရ အမိန့်ကို မနေ့ကစတင်ပြီး နောက်ထပ် သက်တမ်း ၂ လ တိုးမြှင့်လိုက်တယ်လို့ ရခိုင် ပြည်နယ် အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကတည်းက စစ်တွေမြို့မှာ ထုတ်ပြန်ထားခဲ့တဲ့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို အခြေအနေအရ ထပ်မံ သက်တမ်းတိုး ထုတ်ပြန်တာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။

"ဒီဥပဒေက မရုပ်သိမ်းဘူးရှိနေဆဲဆိုတာကို ပြည်သူတွေသိအောင် သတိပေးရပါတယ်။ နှစ်လ တစ်ကြိမ် နှစ်လတစ်ကြိမ် ဒီဥပဒေက မရုပ်သိမ်းဘူး ရှိနေတယ်ဆိုတာကို ပြန်ပြီးတော့ ကြေညာပါတယ်"

ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာလည်း ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို နောက်ထပ်သက်တမ်း ၂ လ ထပ်တိုးကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးတွေက မြို့အနှံ့ လော်စပီကာတွေနဲ့ လိုက်လံကြေငြာပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်ကစတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြို့နယ်ပေါင်း ၁၀ ခုကျော်မှာ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

RFA Burmese

မြန်မာသံရုံးဗုံးခွဲဖို့ကြံစည်သူ ၂ ဦး အင်ဒိုနီးရှားရဲကဖမ်း

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ မြန်မာသံရုံးကို မေလတုန်းက ဗုံးခွဲရန်ကြံစည်မှုမှာ ပါဝင် ပတ်သက်တယ်လို့ သံသယရှိသူ ၂ ယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း တနင်္ဂနွေနေ့ထုတ် Jakarta Globe သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။ 

Yogyakarta မြို့လယ် Garuda Inn ဟိုတယ် ကားတွေရပ်နားတဲ့ကွင်းမှာ အီပူး ခေါ် မူဟာမက် စာအိဖူလ် စာဘာနီဝှို ကို သောကြာနေ့က ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ အီပူးလ်ဟာ ကိုရမ်ကျမ်းစာ ရွတ်တဲ့အဖွဲ့ရဲ့ဘဏ္ဍာရေးမှူးဖြစ်ပြီး ဂျားဗားအနောက်ပိုင်း Mount Salak မှာလည်း စစ်သင်တန်း တက်ဖူးသူဖြစ်တယ် လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ သူ့ရဲ့ အပေါင်းအပါ ရိုဟာဒီ ဆိုသူကိုလည်း ဖမ်းဆီးထားပြီး အင်ဒိုနီးရှားနိုင်ငံတွင်း ဗုဒ္ဓဘာသာတွေနဲ့ မြန်မာသံရုံးကို တိုက်ခိုက်ဖို့ မေလတုန်းက ကြံစည်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အီပူးလ်ရဲ့ နောက်ထပ်အပေါင်းအပါဖြစ်သူ ဘာယု ဒွီ အာဒီယန်တို ဆိုသူကိုလည်း လူသိပ်မသိတဲ့ အကြမ်းဖက် ကွန်ယက်တွေနဲ့ ဆက်နွယ်နေ တယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

ဗုဒ္ဓဘာသာ အများစုနေထိုင်ရာ မြန်မာပြည်မှာ မူဆလင် ရိုဟင်ဂျာတွေကို အကြမ်းဖက် ဖိနှိပ်နေတယ်လို့ စွပ်စွဲပြီး လက်စားချေတဲ့အနေနဲ့ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို အစွန်းရောက် အကြမ်းဖက်အဖွဲ့က ဗုံးခွဲဖို့ ကြံစည်ခဲ့ကြတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)