ဉာဏ်ပူဇော်ခ ...

ဆရာဝန်တစ်ဦးနဲ့ ရှေ့နေ့တစ်ဦးတို့ဟာ ကောက်တေးပါတီပွဲမှာ စကားစမြည် ပြောနေကြစဉ် 
အမျိုးသားတစ်ဦးဟာ ဆရာဝန်နားကပ်လာပြီး သူ့လည်ချောင်း နာဝေဒနာအတွက် ဘာဆေး
သောက်ရ မလဲလို့မေးပြီး အကြံတောင်းခံပါတယ်။

ဆရာဝန်က ဆေးညွှန်းတချို့ပေး လိုက်ပြီးတဲ့နောက် ရှေ့နေဘက်လှည့် ကာ "လူမှုရေးပွဲတွေမှာ
ရောဂါဝေဒနာ အတွက် အကြံဉာဏ်လာတောင်းတဲ့သူ မျိုးနဲ့ ကြုံရရင် မပေးလို့လည်းမကောင်းနဲ့
ဘယ်လိုလုပ်ရမှန်းကို မသိတော့ပါဘူးဗျာ။ ဒီလိုကိစ္စမျိုးအတွက် ဉာဏ်ပူဇော်ခ တောင်းခံသင့်လား၊
မသင့်ဘူးလားဆို တာ ခင်ဗျား ..အကြံပေးပါဦးဗျာ"လို့ ပြောလိုက်ပါတယ်။
ရှေ့နေ့က ချက်ချင်းဆိုသလိုဘဲ တောင်းခံသင့်တယ်လို့ အဖြေပေးလိုက်ပါတယ်။ နောက်တစ်နေ့မှာ
ဆရာဝန်ဟာ ပါတီပွဲမှာ သူ့ဆီက ဆေးညွှန်းလာတောင်းသူ ထံ ငွေတောင်းခံလွှာပေးပို့လိုက်သလို
ရှေ့နေဆီကလည်း သူ့ထံက ငွေတောင်း ခံလွှာတစ်စောင်ကို လက်ခံရရှိလိုက်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။